← Chapters

အပိုင်း(၂၉၆)

Vol. 20 Ch. 296

အပိုင်း(၂၉၆)

Vol. 20 Ch. 296

“အင်း”

ရှစ်လင်၏ စကားတို့အား

ကြားရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ရှစ်ဖုန့်သည်

ယနေ့တွင် ဖျောင်ရှဂိုဏ်း၏ သွေးဖြင့်သွားရောက်၍ ခြေဆေးမည်ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့်

ဤအစေခံများကိုတော့ လွှတ်ပေးနိုင်သည်။ ထိုထက်ပိုသည်ကား သူတို့ထဲက အချို့မှာ ရှစ်လင်၏ အပေါ်တွင်  တော်တော်လေးသဘော

ကောင်းကြသောကြောင့်ဖြစ်သည်။

သို့သော် လူအုပ်၏ နောက်ကျော်ဘက်၌ ဒူးထောက်နေသော  လူငယ်တစ်ယောက်အား ရှစ်ဖုန့်  တွေ့လိုက်သည်။ သူ့ထံ၌ စဉ်းလဲသောမျက်လုံးများရှိပြီး

ရှစ်ဖုန့်ရှိရာ ဘက်သို့ ဆက်တိုက်ဆိုသလိုဖျက်ခနဲဖျက်ခနဲ ကြည့်နေသည်။ ထို့နောက်ဒူးထောက်နေရင်း  သူ၏ခြေထောက်များက နောက်ဘက်သို့ ဆက်လက်၍ ဆုတ်ခွာနေ၏။

သူနှင့်ပက်သက်ပြီး တစ်ခုခုတော့ရှိနေရမည်ဖြစ်သည်။

ရှစ်ဖုန့်၏ ညာလက်က လက်သည်းပုံစံပြုလုပ်လိုက်သည်။ ရုတ်တရက်  အဖြူရောင်တစ္ဆေလက်သည်းတစ်ခုက ဒူးထောက်နေသောလူအုပ်၏

နောက်ကျောဘက်တွင်ပေါ်လာသည်။

၎င်းက ထိုလူငယ်အားဆုပ်ကိုင်လိုက်ပြီး လေထဲသို့၎င်းအားဆွဲမလိုက်သည်။

“အား..အား”

သူ၏ကိုယ်က ရုတ်တရက် အားကောင်းလှသော အားဖြင့် ဆုပ်ကိုင်ခံလိုက်ရပြီး

ထိုလူငယ်အား  အလန့်တကြားဖြစ်သွားစေကာ အကြိမ်ကြိမ်ငယ်သံပါအောင်

အော်ဟစ်စေသည်။ ၎င်းအား ဆုပ်ကိုင်ထားသည်က အဖြူရောင်တစ္ဆေလက်သည်း

တစ်ခုဖြစ်သည်ကို သူမြင်တွေ့လိုက်ရသောအခါတွင်  သူ၏မျက်နှာက ကြီးကြီးမားမားပြောင်းလဲသွားခဲ့သည်။

“ကျွန်တော့်ကိုလွှတ်ပေးပါ…ကျွန်တော်တောင်းပန်ပါတယ်.. လွှတ်ပေးပါ…လင်အာလေး”

ထိုလူကရှစ်ဖုန့်အားချမ်းသာပေးပါရန် တောင်းပန်လိုက်သည်။ ထို့နောက်  သူရှစ်လင်အား အသနားခံသော

အမူအယာဖြင့် ကြည့်လိုက်သည်။

“ကိုကြီး ..သူပဲ… ညီမလေး  ဗိုက်ဆာရတဲ့ ‌ အကြောင်းပြချက်က  သူကညီမလေးရဲ့ ရေနွေးငွေ့ဘန်းမုန့်တွေကိုခိုးစားပစ်လိုက်လို့.. သူကညီမလေးကို  မေမေငယ်ငယ်လေးကတည်းက ဝတ်ပေးထားခဲ့တဲ ကျောက်စိမ်း

ဆွဲသီးကိုလည်း   ခိုးသွားသေးတယ်..”

ရှစ်လင်က သူမ၏လက်ချောင်းသေးသေး

လေးကိုအသုံးပြု၍  တစ္ဆေလက်သည်းဖြင့်ဖမ်းချုပ်ထားသော လူအားထိုးညွှန်ပြပြီး  နှုတ်ခမ်းလေးကိုစူထား၍ ရှစ်ဖုန့်အားပြောလိုက်သည်။

“ကျွန်တော်မှားပါတယ်..လင်အာလေး …ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ…. ကျွန်တော်ထပ်ပြီးတော့ မလုပ်တော့ပါဘူး… “

လူငယ်က နောင်တရမှုတို့ ပြည့်နှက်နေသော မျက်နှာဖြင့်  ဆက်လက်၍

တောင်းပန်နေသည်။

သို့သော်  ယင်းက သူ့အမှားသူသိ၍မဟုတ်ပဲ  နောင်တရမိရုံသက်သက်သာဖြစ်သည်။

ဤကိစ္စကထိုသို့ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။ ထို့နောက်တွင် အဖြူရောင်တစ္ဆေလက်သည်းကြီးက လူငယ်နှင့်အတူ  ဟင်းလင်းပြင်ထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ထို့နောက်တွင် နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော စိတ်မချမ်းမြေ့ဖွယ်

ငယ်သံပါအောင်သံက  မမြင်နိုင်သော လေထုအတွင်းမှထွက်ပေါ်လာသည်။

“အား”

ထို့နောက်သိပ်မကြာခင်  ခြံဝန်းတစ်ခုလုံးနောက်တစ်ကြိမ်ထပ်မံ၍   တိတ်ဆိတ်သွားသည်။

ထိုလူငယ်၏သေဆုံးခြင်းက အလွန်ဝမ်းနည်းဖို့ကောင်းသောကြောင့် ရှစ်ဖုန့်က ရှစ်လင်အား ကြောက်လန့်မသွားစေလိုပေ။

ထို့ကြောင့်သူက တစ္ဆေလက်သည်

အားထိုလူကို ဟင်းလင်းပြင်ထဲသို့ခေါ်သွားစေပြီး သေသည်အထိခြေမွပစ်စေ

လိုက်ခြင်းဖြစ်သည်။

ထို့နောက် တွင်မိုးပြာရောင် ကျောက်စိမ်းဆွဲသီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာသည်။ ရှစ်ဖုန့် သူ၏လက်ကိုဆန့်ထုတ်၍  ကျဆင်းလာသော ဆွဲသီးအားဖမ်းယူလိုက်သည်။

ကျောက်စိမ်းဆွဲသီးပြား၏

ရှေ့ဘက်တွင် “လင်”ဟူသောစကားလုံးအား ရေးထွင်းထားသည်။ ဤကျောက်စိမ်းဆွီသီးက ပုယွဲ့တစ်ယောက် ရှစ်လင်အား တောင်ပေါ်မှကြုံကြိုက်တွေ့

ဆုံစဉ်ငယ်ငယ်လေးကတည်းက  သူမ၏ လည်ပင်း၌ ဝတ်ဆင်ထားသော

အရာဖြစ်သည်။ ဤကျောက်စိမ်းဆွဲသီးပေါ်ရှိ ထူးဆန်းသော အင်းစာလုံး “လင်”ကြောင့်လည်း သူမမိခင်ဖြစ်သူက သူမအားရှစ်လင်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

ရှစ်ဖုန့်က ကျောက်စိမ်းဆွဲသီးကို ဖမ်းယူလိုက်ပြီး ၎င်းအားသူ့ညီမဖြစ်သူ၏  လည်ပင်းတွင်ပြန်လည်၍ ဝတ်ဆင်ပေးလိုက်သည်။ ရှစ်လင်ကလည်းနာခံစွာဖြင့်ပူး

ပေါင်းပြီးသူမ၏ခေါင်းလေး

ကိုငုံ့ပေးလိုက်သည်။

ဤကျောက်စိမ်းဆွဲပြားက သူ့ညီမဖြစ်သူအတွက်အရမ်း

အရေးကြီးသည်ကို ရှစ်ဖုန့်သိလေသည်။ ၎င်းကသူမအတွက်အနာဂတ်တွင် တကယ့်အစစ်အမှန်မိသားစုအား

ရှာဖွေရန်အတွက် သဲလွန်စတစ်ခုပင်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်က  ခြံဝန်းအတွင်းရှိ အစေခံများအား ဆက်လက်

၍ကြည့်လိုက်သည်။ သူကရှစ်လင်ကိုမေးလိုက်သည်။

“တစ်ခြားဘယ်သူတွေ ညီမလေးကိုအရင်က အနိုင်ကျင့်ကြသေးလဲ”

ရှစ်လင်က သူမရှေ့တွင်ဒူးထောက်နေသော  လူများအား  ငုံ့ကြည့်လိုက်သည်။  သူမက အားလုံးအားသိမ်းကျုံးကြည့်လိုက်သကဲ့သို့ အကြည့်ခံရသူထဲကအချို့မှာ အလန့်တကြားဖြစ်သွားပြီး  သူတို့၏ကိုယ်များကရုတ်တရက်

တုန်ယင်လာသည်။ ဤလူများက အစောပိုင်းကလူကဲ့သို့ ရှစ်လင်အား တိုက်ရိုက်အနိုင်မကျင့်ခဲ့ကြသော်လည်း ထိုအချိန်က ရှစ်လင်မှာ ဖျောင်ရှဂိုဏ်း ၏အဆင့်အတန်းမြင့်မားသော တပည့်တစ်ယောက် အဖြစ်မှာ အစေခံအဖြစ်သို့ နိမ့်ပါးကျဆင်းလာခဲ့သူဖြစ်သည်။

ဤလူများက ရှစ်လင်အား တစ်ချိန်က လှောင်ပြောင်သရော်ခဲ့ကြဖူးသည်။

ဤလူများမှာသူတို့ဖျောင်ရှဂိုဏ်းသို့ ဝင်ရောက်လာကြစဉ်ကတည်းက အစေခံများဖြစ်ကြသည်။ သူတို့ကကျွန်များဖြစ်ကြပြီး  အဆင့်အတန်းမြင့်မားသော တပည့်များအားနေ့စဉ်အလုပ်

အကျွေးပြုကြရသည်။ ပင်ကိုယ်အားဖြင့် သူတို့၏နှလုံးသားများက ညစ်နွမ်းကြပြီး  နာလိုခံခက်မှုကိုခံစားကြရသည်။ သူတို့ရှစ်လင်အားတွေ့ရသောအခါတွင် တူညီစွာခံစားကြရသည်ဖြစ်သည်။

သို့သော် ရှစ်လင်၏မြင့်မားသော အဆင့်အတန်းအားတွေးမိသောအခါတွင်ပင် နာလိုခံခက်မှုအား ခံစားကြရဆဲဖြစ်သည်။

ဤလူများအားကြည့်ပြီးသည့်နောက်တွင် ရှစ်လင်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကိုကြီး ထပ်ပြီးတော့ မရှိတော့ဘူး”

ရှစ်လင်၏အကြည့် ဤလူများအားဖြတ်သန်းသွားသောအခါတွင် လူအုပ်ထဲတွင်ရှိနေကြသောသူအချို့က ထူးဆန်းစွာပြုမူနေကြသည်ကို ရှစ်ဖုန့် ပင်ကိုယ်အား ဖြင်သိသည်ဖြစ်သည်။

သို့သော် ဤမိန်းကလေးက သဘောထားကြီးမားပြီး  ဤလူများနှင့်ဘာမဟုတ်တာလေးအတွက် ငြင်းခုန်မနေချင်ပေ။သူမ၏မျက်လုံးထြတွင် ဤလူများက ပုရွတ်ဆိတ်လေးများသာဖြစ်သည်။

ရှစ်လင်၏စကားအားကြားပြီး

သည့်နောက်တွင်  စိတ်အိုက်နေကြသောလူ

အချို့မှာချက်ချင်းပဲ စိတ်သက်သာရာရစွာဖြင့်  သက်ပြင်းချမိလိုက်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် ရှစ်ဖုန့်၏ပခုံးထက်၌ရှိနေသော ရှစ်လင်အား ကျေးဇူးတင်ရှိမှုများဖြင့်ပြည့်နှက်နေသည်။

“သွားစို့ “

ရှစ်ဖုန့်က ရှစ်လင်အား ညင်သာစွာပြောလိုက်သည်။

“ကောင်းပါပြီ”

ရှစ်လင်ကနာခံစွာခေါင်းညိမ့်လိုက်သည်။

သူမက သူ၏လက်လေးကိုဆန့်ထုတ်လိုက်ပြီး ရှစ်ဖုန့်၏လည်ပင်းအားဖက်ထားလိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်က လှည့်ထွက်လိုက်ပြီး လေထဲသို့ခုန်တက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းသူက လူအုပ်ထဲမှ တစ်ဟုန်ထိုးထွက်သွားပြီး  အစေခံများ၏မျက်လုံးအတွင်းမှ ပျောက်ကွယ်သွားသည်။

အစေခံအုပ်စုမှာ လူနှစ်ယောက်ပျောက်ကွယ်သွားသော ဦးတည်ချက်ဘက်သို့  တွေဝေစွာစိုက်ကြည့်နေမိကြသည်။

“ဘုရားရေ..ရှစ်လင်ရဲ့ အကိုဖြစ်သူက မြေလျှိုးမိုးပျံနိုင်တဲ့ ဒဏ္ဍာရီလာကျင့်ကြံသူတစ်ယောက်ပဲ..”

အစေခံတစ်ယောက်က အံ့အားသင့်စွာဖြင့် အလန့်တကြားအော်ပြောလိုက်သည်။

“ဖျောင်ရှဂိုဏ်းထဲမှာနှစ်ပေါင်းများစွာ ငါနေထိုင်ခဲ့တာတောင်  ဒီလိုမျိုးလုပ်ဆောင်နိုင်တဲ့  ပါရမီရှင်တပည့်တွေကိုအများ

ကြီးငါမတွေ့ဖူးဘူး”

“ဒါပေမဲ့ ဖျောင်ရှဂိုဏ်းက ဖျောင်ရှဂိုဏ်းပဲ….လင်အာရဲ့ အကိုက ဖက်တီးမကြီးကိုသတ်ခဲ့တယ်..

ဖျောင်ရှဂိုဏ်းက သူတို့ကို အမဲလိုက်လိမ့်မယ်မလား”

တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်သောမျက်နှာဖြင့်ပြောလိုက်သည်။ ထိုလူက ဦးလေးလီဖြစ်သည်။ သူကရှစ်လင်အလွန်ဆာ

လောင်နေသည်ကိုတွေ့ခဲ့ပြီး သူ၏ဘန်းမုန့်အချို့အားပေးခဲ့သည်ဖြစ်သည်

“ဟူး..ဘယ်သူသိမှာလဲ… ကျင့်ကြံသူတွေရဲ့ကမ္ဘာဆိုတာက ငါတို့လိုလူတွေ ဝင်ပြီးစွတ်ဖတ်လို့ရနိုင်တဲ့ အရာမဟုတ်ဖူး..ငါတို့တွေအနေနဲ့  ငါတို့ကိုယ်ငါတို့ပဲ ဂရုစိုက်ပြီးတော့ အနာဂတ်မှာဘာလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားရမှာ”

……………………………..

ရှစ်ဖုန့်နှင့် ရှစ်လင်က ဖျောင်ရှတောင်ပေါ်သို့ဦးတည်သည့် ကျောက်လှေကားများပေါ်၌ ဆင်းသက်လိုက်သည်။ သူတို့၏အထက်တွင်  တောင်ထပ်ပေါ်သို့ရောက်

သည်အထိဆက်သွယ်ထားသော ကျောက်လှေကားများစွာရှိလေသည်။

ရှစ်ဖုန့်က ရှစ်လင်ကိုပခုံးပေါ်တင်၍ တောင်ထိပ်သို့ရောက်သည်အထိ ကျောက်လှေကားများပေါ်သို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားလိုက်သည်။ သိပ်မကြာခင် ရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲတောက်လောင်လာပြီး ဘယ်ညာအထက်သို့ ပျံ့နှံ့ထွက်သွားသည်။ ဤနေရာမှစတင်၍ ရှစ်ဖုန့်က

ဖျောင်ရှတောင်နှင့်

ဖျောင်ရှဂိုဏ်းအားမီးလောင်

တိုက်သွင်းပစ်ရန် အဆင့်သင့်ဖြစ်နေသည်။

ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က ဤနယ်မြေဧရိယာတွင် လျှင်မြန်စွာထွန်းတောက်သွားပြီး  နတ်ဆိုးဆန်သော သွေးမီးတောက်ပင်လယ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ပြင်းထန်သောမီးတောက်တို့က ဆက်လက်၍ အကြီးအကျယ်ဗြောင်း

ဆန်အောင်ဖျက်ဆီးပစ်နေပြီး  ဦးတည်ချက်အနှံ့သို့ ဆက်လက်၍

ပျံ့နှံ့နေသည်။

မီးပင်လယ်အတွင်းလျှောက်လှမ်း

ရင်း ရှစ်ဖုန့်က လှေကားထစ်များပေါ်သို့ဆက်

တက်လှမ်းလိုက်သည်။ လမ်းလျှောက်နေစဉ် ရှစ်ဖုန့်၏ပခုံးထက်တွင်ထိုင်နေသော ရှစ်လင်က  သူ၏လည်ပင်းအား သူမ၏လက်သေးသေးလေးများဖြင့် တင်းကျပ်စွာဖတ်ထားသည်။

ဤကဲ့သို့ပြင်းထန်သော မီးပင်လယ်တစ်ခုအောက်၌ သူတို့လမ်းလျှောက်နေခြင်း

အားတွေ့ရပြီးသည့်နောက် ဤအသေးလေးအနေဖြင့် ကြောက်လန့်နေမိသည်ကို ရှစ်ဖုန့် ရှင်းရှင်းလင်းလင်း ခံစားမိနိုင်လေသည်။

“လိမ္မာတယ်ကောင်မလေး…မကြောက်နဲ့နော်လင်အာ…ဒါကညီမလေးကိုကြီးရဲ့ မီးတောက်ပဲ..ဒါက လူဆိုးတွေကိုပဲလောင်ကျွမ်းစေတာ တို့ကိုမဟုတ်ဖူး.ပြီးတော့ လင်အာကိုလည်း သေချာပေါ် မထိခိုက်စေဘူး…”

ရှစ်ဖုန့်က လင်အာကိုပြောလိုက်သည်။

“ကောင်းပါပြီ”

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက််ရသောအခါတွင် ရှစ်လင်က

နာခံမှုရှိစွာဖြင့် သူမ၏ခေါင်းလေးအားညိမ့်လိုက်သည်။ ထို့နောက်သူမက ရှစ်ဖုန့်လည်ပင်းတစ်ဝိုက်ရှိသူမ

၏လက်သေးသေးလေး

တို့အားဖြည်းဖြည်းချင်း

ဖြေလျော့လိုက်ပြီးပြောလိုက်သည်။

“ကိုကြီးကသာအကောင်းဆုံးဆိုတာကို ညီမလေးသိသားပဲ…ညီမလေးငယ်ငယ်လေးကတည်းက အခြားသူတွေက ညီမလေးကိုအနိုင်ကျင့်တိုင်းကိုကြီးပဲ ညီမလေးကိုအမြဲကူညီခဲ့တာ…

ဒါကအခုလည်းတူတူပဲ…”

ဤအသေးလေး၏နှလုံးသား

ထဲတွင်သူမအကိုဖြစ်သူ ရှစ်ဖုန့်ကသာ သူမ၏ကောင်းကင်ပြင်ကြီးဖြစ်သည်။ သူမ၏အကိုဖြစ်သူသာရှိနေသ၍ အကယ်များ မိုးကောင်းကင်ကြီးပြိုကျလာ

လျှင်တောင်သူမအကိုဖြစ်သူက သူမအား ထေက်ပံ့ကူညီပေးလိမ့်မည်ဖြစ်သည်။

သွေးနီရောင်မီးတောင်ပင်လယ်က

ပို၍ပို၍ ပြင်းထန်စွာ တောက်လောင်လာသည်။

မျက်စိတစ်မှိတ်အတွင်း၎င်းက တောင်တစ်ဝက်ခန့်အားလောင်ကျွမ်းပစ်ခဲ့ပြီးဖြစ်သည်။ တောင်ထိပ်ပေါ်ရှိ

မြေကွပ်လပ်ထဲတွင် ငါးရာကျော်သော ဖျောင်ရှဂိုဏ်း ၏တပည့်များက ကောင်းကင်ထဲရှိ အမှောင်အလင်းမှန်အား  စိုက်ကြည့်နေကြဆဲဖြစ်သည်။

သူတို့က မှန်အတွင်းရှိ နတ်ဆိုးဆန်သောသွေးနီရောင်

မီးပင်လယ်ကိုကြည့်နေမိကြပြီး

မီးပင်လယ်က လူနှစ်ယောက်အားရှေ့နောက်

ပိတ်ဆို့ကာဆီးထားသည်။ သူတို့ကတောင်ထိပ်ပေါ်တွင်ရှိနေကြသော်လည်း တောင်တစ်ဝက်လောက်မှလာနေသည့် ထူးဆန်းသောအအေးဓာတ်နှင့် နှလုံးအားတစ်ဆက်ဆက်

တုန်ယင်စေသော စွမ်းအားတို့ကို အာရုံခံမိကြပြီးဖြစ်သည်။

“ဒီစွမ်းအား…မီးတောက်နဲ့ အခြားအဆင့်တွေ…အနည်း

ဆုံးမြေကမ္ဘာမီးတောက်အဆင့်

ခြောက်အဆင့်ပဲ.. ဒီလူငယ်က တကယ့်ကို အဆင့်ခြောက်မြေမီးတောက်

တစ်ခုကိုပိုင်ဆိုင်ထားတာပဲ..”

အမှောင်အလင်းမှန်အား ကြည့်နေဆဲဖြစ်သည့် တုချီက  အံ့အားသင့်စွာပြောလိုက်သည်။ ထျန်းမြောင်အင်ပါယာအတွင်း

တွင်ပင်မြေမီးတောက်အား ပိုင်ဆိုင်ထားသောသူဟူ၍ သုံးယောက်ထက်ပိုပြီး

ရှိလိမ့်မည်မဟုတ်ပေ။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters