← Chapters

အပိုင်း (၂၉၇)

Vol. 20 Ch. 297

အပိုင်း (၂၉၇)

Vol. 20 Ch. 297

မြေမီးတောက်။

ထျန်းမြောင်အင်ပါယာ

အတွင်း၌ပင်လျှင် ၎င်းအားပိုင်ဆိုင်ထားသောသူမှာ သုံးဦးသာရှိလေသည်။ သူတို့ထဲကတစ်ယောက်မှာ

ဖျောင်ရှဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့ဖြစ်ပြီး  ဖျောင်ရှမြေမီးတောက်ကိုပိုင်

ဆိုင်ထားလေသည်။ ၎င်းအား

ဖျောင်ရှဂိုဏ်း၏ တည်ထောင်သူ ဖျောင်ရှကျွင်းလက်လွှဲပေးခဲ့

ခြင်းဖြစ်သည်ဟု ပြောကြသည်။

ဒုတိယမြေမီးတောက်အား ချီလင်   မြေမီးတောက်ဟုခေါ်သည်။ ကောလဟာလများအရ ၎င်းမှာ ခန္ဓာကိုယ်အတွင်း၌ ချီလင် တစ်ကောင်၏သွေးရှိနေသော သန္ဓေပြောင်းနတ်ဆိုးသာရဲတစ်ကောင် ထံမှလာသည်ဟုဆိုသည်။သို့သော် ထိုသားရဲမီးတောက်က အံ့ဖွယ်သရဲ သန္ဓေပြောင်းမှုဖြစ်သွားပြီး မြေမီးတောက်တစ်ခုအဖြင့် တက်လှမ်းသွားလိမ့်မည်ဟုတော့

မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။

ထိုမြေမီးတောက်အားပိုင်

ဆိုင်ထာသည့်သူ့အား ကျိထျန်းဟုခေါ်လေသည်။ သူသည် ကြယ်ကိုးပွင့် ဘိုးဘေးနယ်ပယ် တစ်ယောက်ဖြစ်ပြီး

ထျန်းမြောင်အင်ပါယာ၏

ဧကရာဇ်ဖြစ်သူက သူ့အား ချီလင်ဘုရင်ဟူသည့်ဂုဏ်ပုဒ်

အားချီးမြှင့်ထားလေသည်။  သူသည် ရှစ်ဖုန့်သွေးနီရောင်ကမ္ဘာအတွင်း၌ တွေ့ဆုံခဲ့သည့် မင်းသမီးကျိယွင်နှင့် သားအဖတော်စပ်သည်ဖြစ်သည်။

တတိယမြောက်မြေမီးတောက်အား ကောလဟာများအရ  နဂါးမြေမီးတောက်ဟုခေါ်သည်။၎င်းမှာ ထျန်းမြောင်အင်ပါယာ၏တော်ဝင်မိသားစုမှ မျိုးဆက်တစ််ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းအမွေပေးလာခဲ့သော အရာတစ်ခုဖြစ်သည်။

ပင်ကိုယ်အားဖြင့်၎င်းက  ထျန်းမြောင်အင်ပါယာ၏

ဧကရာဇ်မင်းမြတ်မြင့် သက်ဆိုင်သည်ဖြစ်သည်။ ထျန်းမြောင်အင်ပါယာ၏

ဧကရာဇ်မင်းမြတ်၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားပဲ ကြယ်တစ်ပွင့်အင်ပါယာ

နယ်ပယ်သာရှိသော်လည်း  သူကအဆင့်မြင့်မြေမီးတောက်

တစ်ခုအားပိုင်ဆိုင်ထားသည်ဖြစ်သည်။ ကောလဟာလများအရ သူသည်ကြယ်ကိုးပွင့် ဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုးဖြင့် နှိုင်းယှဉ်နိုင်လောက်သည်ဟုဆို၏။

ထျန်းမြောင်အင်ပါယာဧကရာဇ်မင်း၏  ကျင့်ကြံမှုအခြေခံနှင့်ပါရမီက ယခင်မျိုးဆက်များလောက် မကောင်းမွန်လှသော်လည်း မျိုးဆက်တစ်ဆက်မှတစ်ဆက်

သို့လက်ဆင့်ကမ်းပေးလာသည့် မြေမီးတောက်ရှိနေခြင်းကြောင့်

ဧကရာဇ်မင်း၌ အကြွင်းမဲ့ အာဏာရှိနေပြီး  ကမ္ဘာကြီးအားအမိန်ပေးနိုင်လေသည်။

မြေမီးတောက်တစ်ခုဖြစ်သော

နဂါးမီးတောက်မှာ အင်ပါယာ၏  တော်ဝင်ဆီးလ်တံဆိပ်တစ်ခု

ကဲ့သို့ပင်ဖြစ်သည်။

ထို့ကြောင့်လည်း ဒဏ္ဍာရီလာမြေမီးတောက်တစ်ခုနှင့် တောင်ထိပ်ပေါ်သို့ပျံ့နှံ့တက်လာသည့် ချောက်ချားဖွယ်အအေးဓာတ်

အားခံစားရချိန်တွင် သူသတိုမည်ကဲ့သို့ တုန်လှုပ်အံ့အားသင့်မှု

မရှိဘဲနေနိုင်ပါမည်နည်း။

အကယ်၍ ရှစ်ဖုန့်၌ရှိနေသောသွေး

နီရောင်မီးတောက်က မြေမီးတောက်မဟုတ်ပဲ ဒဏ္ဍာရီလာကောင်းကင်မီး

တောက်ဆိုသည်အားသူတို့သိရှိခဲ့လျှင် သူတို့၏အမူအယာများ မည်ကဲ့သို့ဖြစ်ပျက်သွားနိုင်ပါမည်နည်း။

……………………………………………

မျက်စိတစ်မှိတ်အတွင်း ပြင်းထန်စွာလောင်ကျွမ်း

နေသောသွေးနီရောင်မီးတောက်ပင်လယ်က တောင်တစ်ဝက်တိတိကိုဖုံးလွှမ်းသွားပြီး   ဆက်လက်၍တစ်ဟုန်ထိုး ချဲ့ထွင်လာကာ တောင်ထိပ်ပေါ်သို့ဦးတည်သွားသည်။

ဖျောင်ရှဂိုဏ်းဘက်ရှိ ဝရုန်းသုဉ်းကားဖြစ်ပျက်မှုများက ကျင့်ကြံသူအားလုံးအား သတိပေးလိုက်သလိုဖြစ်

သွားပြီးဖြစ်သည်။ဤအချိန်၌  ဖျောင်ရှတောင်နှင့်သိပ်မဝေးလှသော ကောင်းကင်နှင့်မြေပြင်ထက်တွင် ကျင့်ကြံသူများကတစ်ယောက်ပြီး တစ်ယောက်ရပ်နေကြာ အကွာအဝေးတစ်ခုအတွင်းမှနေ၍ ကြည့်နေကြသည်။သွေးနီရောင်မီး

တောက်အောက်တွင်  ဖျောင်ရှတောင်အားနှစ်

ပတ်လည်ဝန်းရံထားသည့်တိမ်တိုက်တို့မှာ  အငွေ့ပျံသွားခဲ့သည်။

သူတို့၏မျက်လုံးရှေ့တွင်  သွေးနီရောင်မီးတောက်များ တောက်လောင်နေသော ဖျောင်ရှဂိုဏ်းကပေါ်လာသည်။

“ဖျောင်ရှဂိုဏ်းကို မီးလောင်တိုက်သွင်းတယ်…

ထျန်းမြောင်အင်ပါယာမှ ဒီစကားလုံးတွေကိုပြောဖို့ဆိုတာက တားမြစ်ချက်တစ်ခုလိုဖြစ်နေပြီ…

ယွင်လိုင်အင်ပါယာကလာတဲ့ ဒီမွန်းစတားကတော့တကယ်ကို ဘာမဆိုလုပ်ရဲတာပဲ

“ဘာများကြီးကျယ်သွားလို့လဲ..

သူကတောင်ကို မီးလောင်

တိုက်သွင်းတာကို

ထားလိုက်အုံး လင်ထျန်းရန်ကိုတောင်

သတ်ရဲတဲ့သူပဲဟာ”

“ဒါပေမဲ့ ဖျောင်ရှဂိုဏ်းရဲ့

ခေါင်းဆောင်ဖြစ်တဲ့သူ  ဖျောင်ရွှယ်ယွဲ့က ပျောက်ဆုံးနေတာ နှစ်တော်တော်ကြာနေပီလို့ ငါကြားထားတယ်..အခုဆိုရင်

ဖျောင်ရှဂိုဏ်းမှာ အစွမ်းထက်ဆုံးလူဆိုလို့ ဘယ်လက်ရုံးအကြီးအကဲ တုချီနဲ့ ညာလက်ရုံးအကြီးအကဲ ဝေ့ဖန်တို့ပဲရှိတော့တယ်…

ဒီနှစ်ယောက်အပြင်ဖျောင်

ရှဂိုဏ်းရဲ့တပည့်တွေဖြစ်တဲ့ ကျင့်ကြံသူရာပေါင်းများစွာ

ကိုထပ်ပေါင်းလိုက်မယ်ဆိုရင်

သူတို့တွေသာ ဖျောင်ရှဂိုဏ်းရဲ့ခုခံကာကွယ်

ရေးအစီအရင်ကို အသက်သွင်းနိုင်ခဲ့ရင် သူတို့တွေဒီမွန်းစတားကို

ရင်ဆိုင်နိုင်မလားဆိုတာကို ငါသိချင်မိတယ်”

“သူတို့စကားတွေအရအခြေခံရမယ်ဆိုရင် ဖျောင်ရှဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်က ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ် လောက်ကိုပဲ အများဆုံး စွမ်းအားတွေခင်းကျင်းနိုင်မှာပဲ…

ချင်းဖျင်မြို့အပြင်မှာအဲ့မွန်းစတားပြသခဲ့တဲ့ စွမ်းအားက ဒဏ္ဍာရီလာသူတော်စင်နယ်

ပယ်တစ်ယောက်ရဲ့ စွမ်းအားမျိုးရောက်ရှိနေပြီလို့

ပြောတယ်…အကယ်၍ ဖျောင်ရွှယ်ယွဲ့သာ  မပေါ်လာသေးဘူးဆိုရင်  ဖျောင်ရှဂိုဏ်းဟာ သမိုင်းစာမျက်နှာတစ်ခုဖြစ်သွားပြီး ထျန်းမြောင်အင်ပါယာထဲ

ကနေဖယ်ရှားခံရလိမ့်မယ်”

ပွဲကြည့်ပရိတ်သတ်လုပ်နေကြသော ထျန်းမြောင်အင်ပါယာ၏ကျင့်ကြံသူများက တက်တက်ကြွကြွဖြင့်ဆွေးနွေး

မှုများကိုပြုလုပ်နေကြသည်။

ကောင်းကင်ထဲတွင်ပုံရိပ်နှစ်ခ

ကရပ်တန့်နေသည်။ဤနှစ်ယောက်မှာ

ယောက်ျားတစ်ယောက်နှင့်

မိန်းမတစ်ယောက်တို့ ဖြစ်ကြသည်။  အမျိုးသားဖြစ်သူမှာအသက်

လေးဆယ်ခန့်အရွယ်ဖြစ်သည်။

သူကသူ၏လက်တို့အားနောက်တွင်ပစ်ထားပြီး  ရွှေရောင်ချီလင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏နဖူးကကျယ်ပြန့်ကာ သူ့၌ ခံ့ညာသောမျက်နှာတစ်ခုရှိသည်။

သူကောင်းကင်ထဲတွင် ခံစားချက်မဲ့စွာဖြင့် ဆိုင်းငံ့နေပြီး  သူ၏ကိုယ်မှာ သာလွန်မြင့်မြတ်သောပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါတို့ကို ထုတ်လွှတ််နေသည်။ ဤပုဂ္ဂိုလ်မှာ ထျန်းမြောင်အင်ပါယာ၏ နောက်ထပ်ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ် ချီလင်ဘုရင်ဖြစ်သည်။

ချီလင်ဘုရင်၏ဘေးတွင် အမျိုးသမီးတစ်ယောက်က

ဝင့်ကြွားစွာရပ်နေသည်။ သူမ၏မျက်နှာက လှပပြီး အေးစက်မှုအသွင်ရှိသည်။ သူမက ခရမ်းရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ရဲစွမ်းသတ္တိရှိသော အသွင်ရှိသည်။

သူမသည် ချီလင်ဘုရင်၏သမီးဖြစ်သူ မင်းသမီးကျိယွင်ပင်ဖြစ်လေသည်။

ပြင်းထန်သောသွေးနီရောင်မီးတောက်တို့ ဝါးမျိုးခြင်းကိုခံနေရသည့်  ဖျောင်ရှတောင်ကိုကြည့်၍ ချီလင်ဘုရင်က မင်းသမီးကျိယွင်ကို မေးလိုက်သည်။

“ဒီပုဂ္ဂိုလ်က သမီးအဖေ့ကို

ပြောတဲ့ပုဂ္ဂုလ်လား”

“အင်း”

မင်းသမီးကျိယွင်ကသူမခေါင်း

အားပေါ့ပါးစွာပင် ညိမ့်ပြလိုက်သည်။

ချီလင်ဘုရင်က သွားပေါ်အောင်ရယ်မော၍ ပြောလိုက်သည်။

“ကြည့်ရာ ငါတို့မိသားစုရဲ့သမီးလေးက  ဒီတစ်ကြိမ်တော့တကယ့်ကို အရွယ်ရောက်ကြီးပြင်းလာတဲပုံပဲ…

အစတုံးကအဖေကသမီးကို ယောက်ျားတွေကိုသဘောမကျဘူးထင်နေတာ..အဲ့အသုံးမကျတဲ့ အမှိုက်တွေကို သမီးမကြိုက်တာမှန်း အဖေမမျှော်လင့်ထားခဲ့မိဘူး…….ဒီလိုပါရမီရှင်မျိုးကမှပဲ ငါချီလင်ဘုရင်ရဲ့ သမီးဖြစ်သူနဲ့ ထိုက်တန်တဲ့ပုံပဲ”

“အဖေ..”

ချီလင်ဘုရင်၏စကားတို့အား

ကြားလိုက်ရသောအခါတွင်  အစကအေးစက်သောမျက်နှာထားဖြင့်မင်းသမီးကျိယွင်၏မျက်နှာမှာ  နီမြန်းသွားပြီး ရှက်ရွံ့စွာဖြင့်သူမ၏ခေါင်း

လေးအားငုံ့လိုက်သည်။

ထို့နောက်မင်းသမီးကျိယွင်က  တိုးဖျော့စွာပြောလိုက်သည်။

“အဖေရဲ့သမီးဖြစ်သူက

သူနဲ့မထိုက်တန်မှကိုပဲ သမီးကြောက်မိတယ်”

“ဒီပုဂ္ဂိုလ်ရဲ့ တကယ့်ကျင့်ကြံမှုအဆင့်က ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်ပဲရှိတယ်… သူ့ရဲ့တိုက်ပွဲစွမ်းအားက သမီးပြောတဲ့ သွေးကျောက်ပြားထက် ဒီသွေးနီရောင်မီးတောက်ပဲဖြစ်မယ်… သူ့မီးတောက်ရဲ့အဆင့်က ဒဏ္ဍာရီလာမီးတောက်ပဲဖြစ်နိုင်လောက်တယ်”

ချီလင်ဘုရင်ကပြောလိုက်သည်။

“ဒဏ္ဍာရီလာမီးတောက်…အဲ့တာကဘာလဲ”

မင်းသမီးကျိယွင်က တစ်တောင်လုံးနီးပါးလောင်

ကျွမ်းလုဖြစ်နေပြီး တောင်ထိပ်ပေါ်သို့ရောက်တော့မည့် သွေးနီရောင်မီးတောက်

အားကြည့်လိုက်သည်။ ရုတ်တရက် မင်းသမီးကျိယွင်အသိပြန်ဝင်လာပြီး ပြောလိုက်သည်။

“အဖေ…အဖေပြောနေတာ ကောင်းကင်မီးတောက်လား…”

နောက်ဆုံးစကားနှစ်ခွန်းအားပြောချိန်တွင် မင်းသမီးကျိယွင်၏မျက်လုံးတို့ ပြူးကျယ်သွားသည်။ သူမ၏ဖခင်ဖြစ်သူ၌ ချီလင်မြေမီးတောက်ရှိသည်ဖြစ်သည်။ အကယ်၍သူမဖခင်ဖြစ်သူကသာ ဒဏ္ဍာရီလာမီးတောက်ဟု

ပြောသည်ဆိုလျှင်ယင်းက   ကောင်းကင်မီးတောက်တစ်ခု

တည်းသာဖြစ်နိုင်သည်။

သို့သော် ကောင်းကင်မီးတောက်မှာ ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုဖြစ်သည်။ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးတွင်ပင်  ကျော်ကြားသည့် ကြီးမြတ်သောဧကရာဇ်အချို့တွင်သာ ကောင်းကင်မီးတောက်ရှိ

သည်ဟုပြောနိုင်လေသည်။

“အဲ့တာပဲဖြစ်ရမယ်”

ချီလင်ဘုရင်က တိုးဖျော့စွာရယ်မောလိုက်ပြီးပြောလိုက်သည်။

“ဘာလို့ဆိုရင် အဖေ့ကိုယ်ထဲက ချီလင်မြေမီးတောက်က စပြီး တုန်ယင်နေတယ်..အဲ့တာကကြောက်နေတာကို အဖေခံစားမိတယ်…ဒါကပိုပြီး

အဆင့်မြင့်တဲ့မီးတောက်ရဲ့ ဖိနှိပ်မှုကိုခံရတယ်လို့ဆိုလိုတာပဲ”

“တကယ်ကြီး သမီးသူ့ကို ဖောက်ထွင်းမမြင်နိုင်တော့ဘူးပဲ…… သမီးသူ့ကိုပိုပြီးနားလည်လာလေ…

သမီးတို့နှစ်ယောက်ကြားထဲက  ကွာခြားချက်ကပိုပြီးကြီးမား

လာလေဆိုတာကို  သဘောပေါက်လာတယ်”

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက်တွင်  မင်းသမီးကျိယွင်က သွေးနီရောင်မီးတောက်များကိုကြည့်၍ ခါးသီးစွာပြုံးလိုက်သည်။ ထို့နောက်သူမက စိတ်ပျက်မှုနှင့်အတူ ခေါင်းခါယမ်းလိုက်သည်။

ချီလင်ဘုရင်က သူ့ဘေးတွင်ရှိနေသော

သမီးဖြစ်သူကိုကြည့်လိုက်ပြီး  သူမစိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို တွေိ့လိုက်သည်။သူကသူမအား နှစ်သိမ့်၍ ပြောလိုက်သည်။

“အကယ်၍ဒီလူကို အဖေ့ကလေးက ဒီလောက်သဘောကျနေတယ်ဆိုရင်  သူသာ သမီးကိုအနာဂတ်မှာ စစ်မှန်တဲ့သဘောထားနဲ့

ဆက်ဆံပါ့မယ်လို့ကတိပေးတာနဲ့  သူ့ကိုအဖေ့မှာရှိတဲ့အရာအားလုံးကို အဖေပေးပစ်နိုင်တယ်”

“အဖေ..အဖေဆိုလိုချင်တာက…”

ချီလင်ဘုရင်၏စကားတို့

အားကြားပြီးသည့်နောက်တွင် မင်းသမီးကျိယွင်တစ်ယောက်

တုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက်သူမကခေါင်းခါ

ယမ်းပြီးပြောလိုက်သည်။

“သမီးဘယ်လိုလုပ်ပြီးတော့ဒါကိုလုပ်နိုင်မှာလဲ..ဒါကသမီးတို့ရဲ့အခြေခံအုပ်မြစ်လေ”

“အဖေ့အတွက်တော့ သမီးကသာအဖေ့ရဲ့ စစ်မှန်တဲ့ရတနာတစ်ပါးပဲ… ချီလင်မြေမီးတောက်ဆိုတာက လောကီလက်ဝယ်ပိုင်ဆိုင်ထား

တဲ့ပစ္စည်းတစ်ခုသက်သက်ပဲ..

သမီးသာပျော်ရွှင်ရမယ်ဆိုရင် အားလုံးကထိုက်တန်မှုရှိတယ်”

“အဲ့လူနဲ့ပက်သက်ပြီးအဖေ

ကြောက်မိတာကဘာလဲဆိုရင်  သူ့ရဲ့မိစ္ဆာဆန်တဲ့ ရည်ရွယ်ချက်ကိုပဲ .. အကယ်၍သူ့ရဲ့မီးတောက်က အဖေ့ရဲ့ ချီလင်မီးတောက်ကို ဝါးမျိုခဲ့ရင်တောင် သူသမီးကို ဟန်ဆောင်မှုမရှိစိတ်ရင်း

အတိုင်းမဆက်ဆံမှာကို အဖေစိုးရွံ့မိတယ်…”

ချီလင်ဘုရင်ကပြောလိုက်သည်။

သူမအနေဖြင့် ဤလူအနှင့်သိသည်မှာ

ကြာမြင့်နိုင်သော်လည်း သူ၏ ပင်ကိုဗီဇအားမသိနိုင်ပေ။

ထို့ထက်ပိုသည်ကား သူ၏သမီးဖြစ်သူသူ့အား ပြောပြထားသည်များအပြင်  ဤလူနှင့်ပက်သက်၍များပြားလှသော ကောလဟာလများရှိနေသည်ဖြစ်သည်။ ဤလူကသွေးဆာပြီး ရက်စက်မိစ္ဆာဆန်ကာ အကြင်နာမဲ့သည်ဟုဆိုသည်။

ဤကောလဟာလများက ပုံကြီးချဲ့ထားမှန်းကို ချီလင်ဘုရင်သိသည်ဖြစ်သော်လည်း ဤလူ၏ဇတ်ရုပ်နှင့်ပက်သက်၍ ဘာကောင်းကြောင်းဖော်ပြချက်ကိုမှ သူမကြားရပေ။ ထို့ကြောင့်သူ့သမီးဖြစ်သူ၏

အနာဂတ်အတွက် ဖခင်တစ်ယောက်နေဖြင့်ချီလင်ဘုရင် မစိုးရိမ်နိုင်ပဲ မည်ကဲ့သို့နေပါမည်နည်း။

………………………

“တပည့်တွေအားလုံး မင်းတို့ရဲ့စွမ်းအားတွေကို စုစည်းပြီးတော့  ဖျောင်ရှအစီအရင်ကို ဖွင့်လိုက်”

ဖျောင်ရှဂိုဏ်း၏တောင်ထိပ်

ပေါ်တွင် တုချီနှင့် ဝေ့ဖန့်တို့ကကျယ်လောင်စွာ

အော်ပြောလိုက်ကြသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters