အပိုင်း(၂၉၈)
Vol. 20 Ch. 298
ဖျောင်ရှတောင်ထိပ်ပေါ်တွင်
တုချီနှင့် ဝေ့ဖန့်တို့၏ အမိန့်ပေး
မှုအောက်၌ ငါးရာသော ဖျောင်ရှဂိုဏ်း၏ တပည့်များက သူတို့၏ လက်များဖြင့် ဆီးလ်တံဆိပ်များကို ပုံဖော်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်း၏
လက်တို့တွင် “ဖျောင်ရှ”ဟူသော အင်းစာလုံးတန်းများမျောလွင့်နေပြီး
လေထဲ၌ ဝဲ့ပျံနေသည်။ ယင်းမှာ စကားလုံးပင်လယ်တစ်ခုကဲ့သို့ဖြစ်ပြီး
လေထဲ၌ စုစည်းနေကြသည်။
“ဖွင့်စမ်း”
တစ်ချိန်တည်းတွင် တုချီနှင့်ဝေ့ဖန့်တို့၏ လက်ဆီးတံဆိပ်များကလည်း ရုတ်ခြည်းပြောင်းလဲသွားပြီး တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
သူတို့၏အော်သံများနောက်သို့ လိုက်ပါ၍ ရှေးဟောင်းစကားလုံးပင်လယ်က ကောင်းကင်ထဲ၌ စတင်၍ တွန့်လိမ့်လာပြီး စကားလုံးဝဲတစ်ခုကဲ့သို့ လည်ပတ်နေသည်။ ရုတ်ခြည်း၎င်းက ဆွတ်ဆွတ်ဖြူသောဧရာမ အဖြူရောင် တိမ်တိုက်နှင့်မြူ ဝဲတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် ၎င်းက တိမ်နှင့်မြူတို့ဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်သီးကြီးတစ်ခုအဖြစ် သိပ်သည်းဖွဲ့စည်းသွားသည်။
ရုတ်တရက်၎င်းက တောင်ထိပ်ပေါ်သို့ လောင်ကျွမ်းလာတော့မည့် သွေးနီရောင် မီးတောက်ပင်လယ်ထံသို့ ပြင်းထန်စွာထိုးနှက်ချလိုက်သည်။
လက်သီးချက်၏စွမ်းအားအား ရှစ်ဖုန့်ခံစားမိနိုင်လေသည်။
ထိုလက်သီးမှာ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
သို့ရောက်ရှိနေခဲ့ပြီဖြစ်သော ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ပင်ဖြစ်သည်။ ရှစ်ဖုန့်က သွေးမီးတောက်ပင်လယ်
အတွင်းတွင်ရပ်နေသည်။ သူကခေါင်းမော့လိုက်ပြီး
ကောင်းကင်ထဲရှိ အစီအရင်က အသက်ဝင်လာသည်ကိုသူတွေ့လိုက်ရသည်။ စွမ်းအားများဖြင့်ဖွဲ့စည်းထားသော ဧရာမလက်သီးကြီးက ပြင်းထန်စွာကျဆင်းလာသည်။ သူကသူ၏ပခုံးပေါ်တွင်ရှိနေသော ရှစ်လင်အားမေးလိုက်သည်။
“ညီမလေးကြောက်လား…လင်အာ”
ရှစ်လင်၏ မျက်လုံးကြီးနှစ်လုံးက ကောင်းကင်ထဲရှိဧရာမလက်
သီးကြီးကိုစိုက်ကြည့်နေသည်။ သူမခေါင်းခါယမ်းလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကိုကြီး ညီမလေးမကြောက်ဘူး”
“အနာဂတ်မှာ ကိုကြီးရှိနေသ၍ ကိုကြီးရဲ့လင်အာလေးကို ထိခိုက်နာကျင်စေတဲ့သူ ဒါမှမဟုတ် ထိခိုက်နာကျင်အောင်လုပ်
ရဲတဲ့သူတွေဘယ်သူ့ကို မဆို ကိုကြီး ခြေမွပစ်မယ်”
ရှစ်ဖုန့်စကားပြောနေရင်း သူညာလက်ရှိ လက်ခလယ်တွင်ရှိနေသော သွေးဓား၏ ဓားအမှတ်အသားက
သွေးနီရောင်အလင်းတစ်ခု ဖျက်ခနဲလင်းလက်လာသည်။
သွေးဓားက သူ၏နဂိုပုံစံပြန်ဖြစ်သွားပြီး ရှစ်ဖုန့်၏လက်ထဲ၌ ကိုင်ဆောင်ထားသည်။ ဓားတစ်ခုလုံးက ရုတ်တရက် အဖြူရောင်တို့စွန်းထင်းသွားသည်။
ထို့နောက် ဓားကလေကို ထိုးခွင်းသွားခဲ့သည်။
ထက်ရှသောအဖြူရောင်ဓား
အလင်းတစ်ခုက တောက်ပနေသောအဖြူရောင် ဥက္ကာခဲတစ်ခုကဲ့သို့ ကောင်းကင်အားထိုးခွင်းဖြတ်သန်းပြီး ကျဆင်းလာသော ဆွတ်ဆွတ်ဖြူသည့် အဖြူရောင်လက်သီးကြီးနှင့် တွေ့ဆုံလိုက်သည်။ စွမ်းအားနှစ်ခုတွင်တစ်ခုက
အရွယ်အစားကြီးမားပြီး တစ်ခုက သေးသွယ်သည်။ ရုတ်တရက် ၎င်းတို့က အားလုံး၏မျက်လုံးများရှေ့မှောက်တွင်ပင် အပြင်းအထန် ပစ်ဆောင့်မိကြသည်။
“ဝုန်း”
ကောင်းကင်ထဲတွင် စွမ်းအားကြီးလှသောအားနှစ်ခု၏
အပြင်းအထန် ပစ်ဆောင့်မိမှုကြောင့် ရုတ်တက်လုံးဝထင်မှတ်မထား
သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်တစ်ခွင်ကိုပင် လှုပ်ခါသွားစေသည်။ ဤကျယ်လောင်သောဆူညံသံ၏
အောက်တွင် မိုးကောင်းကင်ပင် ပေါက်ကွဲထွက်သွားသလိုထင်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စတင်၍ တုန်ယင်လာပုံရပြီး ဖျောင်ရှတောင်တစ်ခုလုံးကတော့ ကြီးမားသော မြေငလျှင်တစ်ခုအားတွေ့
ကြုံရပုံရသကဲ့သို့ ပြင်းထန်စွာလှုပ်ခါသွားသည်။
ပြင်းထန်စွာလှုပ်ခါနေသော ဖျောင်ရှတောင်ထဲတွင်ရှစ်ဖုန့်က ရပ်တန့်နေသည်။ သူ၏ကိုယ်က တောင်နှင့်အတူယှဉ်တွဲ၍
လှုပ်ခါနေသော်လည်း သူ၏မျက်နှာက တော့
ပြောင်းလဲခြင်းမရှိချေ။ သူ့အနေဖြင့် လုံးဝသက်ရောက်မှုကိုမခံ
ရသကဲ့သို့ပင်ဖြစ်သည်။ ထိုဓားချက်ပြီးသည့်နောက်တွင် သူကကောင်းကင်အား
ထပ်ပြီးကြည့်ရှုခြင်းမရှိတော့ပေ။ သူကကျောက်လှေကားများအတိုင်း ဆက်လျှောက်လိုက်ပြီး
တောင်ထိပ်ပေါ်သို့ တက်လှမ်းလိုက်သည်။
စောင့်ကြည့်နေကြသောလူများ၏ မျက်လုံးများအောက်တွင်ပင် ဆွတ်ဆွတ်ဖြူသောအဖြူရောင်
လက်သီးကြီးနှင့် အပြင်းအထန်ပစ်ဆောင့်မိသော အဖြူရောင်ဓားအလင်းက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်၏စွမ်းအားမျိုးအား ပိုင်ဆိုင်ထားသည်ကို ကျင့်ကြံသူများ တွေ့လိုက်ကြရသည်။
မြည်ဟိန်းသည့်အသံများပြီး
သွားသည့်နောက်တွင် ၎င်းက ကောင်းကင်နှင့်မြေပြင်အား တုန်ခါသွားစေသည်။ ထို့နောက်ချက်ချင်းပဲ တိမ်တိုက်နှင့်မြူတို့ဖြင့်ဖွွဲ့စည်းထားသည့် ဆွတ်ဆွတ်ဖြူသော ဧရာမအဖြူရောင်လက်သီးကြီးမှာ ကောင်းကင်ထဲရှိ တကယ့်အစစ်
အမှန်တိမ်တိုက်
နှင့်မြူများအတွင်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ထို့နောက်သိမ်မကြာခင်မှာပင် ကောင်းကင်နှင့်မြေပြင်က နောက်တစ်ကြိမ်ထပ်မံ၍ ပြန်လည်တိတ်ဆိတ်ကာ ငြိမ်သက်သွားသည်။
“……….အစတုံးက ကောလဟာလတွေက အတုအယောင်တွေလို့ငါထင်နေခဲ့တာ…
အခုတော့ငါ့ရဲမျက်လုံးတွေနဲ့ကိုယ်တိုင် မြင်တွေ့ရပြီ ဒါကမှန်တယ်ဆိုတာကိုငါသိသားပဲ.. ကြယ်ကိုးပွင့်ဘိုးဘေးနယ်
ပယ်တစ်ယောက်ရဲ့စွမ်းအား..
ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ရဲ့စွမ်းအား….. အဲ့တာကတကယ့်ကို အဲ့နတ်ဆိုးရဲ့ ဓားတစ်ချက်တည်းနဲ့ ကျိုးပျက်သွားခဲ့တယ်”
ကောင်းကင်ထဲသို့ တွေဝေစွာစိုက်ကြည့်နေမိကြသော အချို့သောကျင့်ကြံသူများမှာ ပြန်လည်၍ တည်ငြိမ်မှုရလာကြသည်။ သို့သော် အစောပိုင်းကမြင်ကွင်းဖြစ်သည့် စွမ်အားကြီးစွမ်အားမှုထုတ်လွှတ်သော အရှိန်အဝါက သူတို့၏နှလုံးသားအတွင်း၌ နက်ရှှိင်းစွာ တုန်လှုပ်စေမိနေဆဲဖြစ်သည်။
“ဓားရဲ့စွမ်းအားက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ရဲ့ စွမ်းအားကိုရောက်ရှိနေခဲ့ပြီ….
သူတော်စင်နယ်ပယ်အစွမ်းရှိတဲ့
ဒဏ္ဍာရီလာ သွေးနီရောင်ကျောက်ပြားကို
ထပ်ပေါင်းလိုက်ရင် ငါတို့ရဲ့ထျန်းမြောင်အင်ပါယာမှာ
ဒီနတ်ဆိုးရဲ့ သတ်ဖြတ်မှုတွေကို ဘယ်သူကများတားဆီးနိုင်တော့မှာလဲ…
ဒီနေ့ပြီးသွားတဲ့နောက်မှာဖျောင်ရှဂိုဏ်းဟာ သမိုင်းတစ်ခုဖြစ်လာပြီးနောက်ပိုင်းကျ သမိုင်းထဲကနေပါ တလိပ်လိပ်တက်လာတဲ့ လှိုင်းလုံးတွေနဲ့အတူ
ပျောက်ကွယ်သွားမှာကို ငါကြောက်မိတယ်”
“ဟုတ်တယ် အမှန်ပဲ..အခုကစပြီးတော့ အကယ်၍များ လူတိုင်းကနောက်ပိုင်းမှာ ဖျောင်ရှဂိုဏ်း အကြောင်းကို ပြောကြတဲ့အခါကြရင် နံပါတ်တစ် ဂိုဏ်းလို့မခေါ်ကြတော့မှာကို
တောင်ငါကြောက်မိတယ်..
အဲ့အစားအဲ့တာက ဒီမွန်းစတားရဲ့ သူ့နမည်ကို သမိုင်းမှာမှတ်တမ်းတင်ဖို့အတွက် ခြေနင်းတုံးတစ်ခုသာ ဖြစ်လာလိမ့်မယ်”
ဟင်းလင်းပြင်ထဲတွင် မင်းသမီးကျိယွင်၏ ဘေး၌ ရပ်နေဆဲဖြစ်သော ချီလင်ဘုရင်မှာ သူ၏မျက်နှာထက်၌
တုန်လှုပ်အံ့အားသင့်သော အမူအယာများဖြစ်ပေါ်နေသည်။
သူက မင်းသမီးကျိယွင်ကိုပြောလိုက်သည်။
“ဒီကောင်လေးက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ…
အဖေအစတုံးက ကောလ
ဟာလတွေအရ သူ့အနေနဲ့ဒီလိုမျိုး ကြီးမားတဲ့တိုက်ပွဲစွမ်းအား
တွေရှိနေတာက ဒဏ္ဍာရီလာကောင်းကင်မီးတောက်နဲ့ သမီးပြောတဲ့ သွေးကျောက်ပြားလက်နက်
ကြောင့်လို့ ထင်ထားခဲ့တာ..ဒါပေမဲ့ ဒီကောင်လေးရဲ့ ဓားပညာရပ်ကလည်း ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်
မှာသူရှိတဲ့အချိန်နဲ့တင် ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ရဲ့ စွမ်းအားမျိုးကို ချခင်းပြသနိုင်လိမ့်မယ်လို့ အဖေမမျှော်လင့်ထားခဲ့မိဘူး…
ကြောက်ဖို့ကောင်းတယ်..အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်… ဒါကဘယ်လိုဓားပညာရပ်
အမျိုးအစားမျိုးလဲ”
“အိုး အဖေ သမီးအဖေ့ကို
ပြောဖို့မေ့နေတာ..”
ချီလင်ဘုရင်၏ အံ့အားသင့်စွာအော်ပြောသံ
အားကြားလိုက်ရသောအခါတွင် မင်းသမီးကျိယွင်က ရုတ်တရက် တစ်စုံတစ်ခုကိုသတိရလိုက်သည်။
သူမက ချီလင်ဘုရင်ကိုပြောလိုက်သည်။
“ဒီလူက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ ဆက်ခံသူတစ်ယောက်ပဲ”
“ဘာ..”
မင်းသမီးကျိယွင်၏ တိုတောင်းလှသော စကားက ချီလင်ဘုရင်အား
ပို၍ပင် တုန်လှုပ်အံ့အားသင့်သွားစေသည်။
“အဖေသိပြီ..အဖေသိပြီ…ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အမွေဆက်ခံသူ ဒီဓားပညာရပ်…ဒါကအရမ်း
စွမ်းအားကြီးနေရတာကို
မအံ့ဩတော့ပါဘူး… ဒီကောင်လေးရဲ့ အနာဂတ်အောင်မြင်မှုတွေက စိတ်ကူးလို့တောင်မရနိုင်ဘူး…
ကောင်မလေး..သမီးဒီကောင်လေးကို လွယ်လွယ်နဲ့ လက်လျော့လို့မဖြစ်ဖူး…
ဒီလိုမျိုးပါရမီအဆင့်အတန်းနဲ့ဆိုရင် အနာဂတ်မှာ ကမ္ဘာတစ်ခုလုံးမှာဝင့်ကြွား
စွာမရပ်တည်နိုင်ဘူးဆိုရင်တောင် သူကထျန်းဟန်တိုက်ကြီးထဲက အရှင်သခင်တစ်ယောက်
တော့ဖြစ်လာနိုင်သေးတယ်”
“အဖေကလည်း ဘာတွေပြောနေတာလဲ”
ချီလင်ဘုရင်က မင်းသမီးကျိယွင်အား ရှစ်ဖုန့်ကို လက်မလွှတ်ရန်အတွက် တောင်းဆိုသောအခါတွင်ျ မင်းသမီးကျိယွင်၏မျက်နှာလေးမှာ နီရဲသွားသည်။
“ဟားဟား..”
တုန်လှုပ်အံ့အားသင့်နေရာမှ အခြေအနေကောင်းမွန်လာသော
ချီလီဘုရင်က သူပြောခဲ့သည်များအားပြန်အ
မှတ်အရလိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ထို့နောက်တွင် သူကဖျောင်ရှတောင်၏ ဆူညံပွက်လောရိုက်မှုများအား
ဆက်လက်၍ ကြည့်လိုက်သည်။ သို့သော်ချီလင်ဘုရင်အားသူ့စိတ်အား ဆုံးဖြတ်ချက်တို့ချမှတ်ထားပြီးဖြစ်လေသည်။
ဤအချိန်တွင် ဖျောင်ရှတောင်
ခြေမှစတင်ကာ ထိပ်ဆုံးသော
နေရာမှလွဲ၍ တောက်ထွတ်တစ်ခုလုံးမှာ မြက်ပင်တစ်ပင်ပင်လျှင်
လက်ညိုးထိုးပြစရာ မရှိလောက်အောင် လောင်ကျွမ်းနေခဲ့သည်။
တောင်ထွတ်တစ်ခုလုံး မီးလောင်ကျွမ်းမှုကိုခံရပြီး ပိန်းပေါက်အောင်မဲမှောင်နေသည်။
မူလက အင်မော်တယ်များနေထိုင်ရာ
ဘုံဗိမာန်ကဲ့သို့ တိမ်များမြူခိုးများဖြင့်ဝန်းရံနေ
ခဲ့သောဖျောင်ရှတောင်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်
၎င်းမှာလုံးဝကို တူညီမှုမရှိသော တောင်နှစ်ခုကဲ့သို့ပင်ဖြစ်သည်။
အကယ်၍ ဤတောင်၏နမည်ကို မသိသောသူတစ်ယောက်က
ယခုမှ၎င်းအား မြင်တွေ့ရမည်ဆိုလျှင် ၎င်းမှာဖျောင်ရှတောင်နှင့်
ဆက်နွယ်သည်ဟု ပြောရန်ပင်ခက်ခဲလိမ့်မည်ဖြစ်သည်။ ဤအချိန်၌ ၎င်းအား တောင်မည်း၊ မီးတောင်နက် သို့မဟုတ်
တစ္ဆေနက်တောင်ဟု ခေါ်သင့်သည်ဖြစ်သည်။
သွေးနီရောင်မီးတောက်အားလုံးက
ရှစ်ဖုန့်ထံသို့ တလိပ်လိပ် တစ်ဟုန်ထိုးပြန်လည်၍ဝင်ရောက်လာသည်။ တောက်လောင်နေသောမီး
တောက်များအားလုံးအားပြန်
လည်၍စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ခြေထောက်အောက်၌
တက်လှမ်းရန် ကျောက်လှေကားတစ်ထစ်သာ
ကျန်ရစ်တော့သည်။ ဖျောက်ရှတောင်ထိပ်ပေါ်သို့ ရှစ်ဖုန့် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က လူအုပ်များတစ်စုတစ်စည်း
ထဲရှိနေကြသော မြေပြင်ဆီသို့ ဆက်လက်၍လျှောက်လှမ်း
သွားလိုက်သည်။တစ်လှမ်းချင်း
လျှောက်လှမ်းရင်းသူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခုက တွဲခိုနေသည်။
ဤကဲ့သို့အရေးကြီးသော
အခိုက်အတန့်တွင် ဖျောင်ရှဂိုဏ်း၏ တပည့်ငါးရာလုံးက သူတို့၏
အကြည့်များအား ဖြည်းညှင်းစွာချဉ်းကပ်လာနေသော အနက်ရောင်ပုံရိပ်ထံသို့စုစည်းလိုက်သည်။ သူတို့ကသူတို့ထံသို့ လျှောက်လှမ်းလာနေသောငယ်ရွယ်ပြီး တင်းမာခက်ထန်သည့်မျက်နှာနှင့်
လူငယ်အားကြည့်နေကြသည်။
“ထပ်..ထပ်..ထပ်..ထပ်..ထပ်..ထပ်..”
ခြေတစ်လှမ်းစီတိုင်းမှထွက်လာသော ပေါ့ပါးသည့်အသံက ၎င်းကသူတို့၏နှလုံးသားအတွင်း တစ်လှမ်းချင်းလျှောက်လှမ်းနေသကဲ့သို့ သူတို့၏ရင်ဘက်အား လှောင်ပိတ်မွန်းကျပ်မှုတို့ကို ဖြစ်စေသည်ဖြစ်သည်။
ဖျောင်ရှဂိုဏ်း၏အမှန်တ
ကယ်ကြီးမားသောဘေး
အန္တရာယ်ကပ်ဆိုးကြီးက တကယ်ကိုကျရောက်လာ
ခြင်းများဖြစ်နိုင်မည်လော။
များပြားလှသောတပည့်များ
မှာသူတို့၏နှလုံးသားအတွင်းရှိ တွေးတောနေမှုများအား
မထိန်းထားနိုင်ကြချေ။
ဆက်ရန်…
ဘာသာပြန်သူ-ARISE