အပိုင်း(၂၉၉)
Vol. 20 Ch. 299
တောင်ထိပ်ပေါ်သို့ရောက်ရှိပြီး
သည့်နောက်တွင် သွေးစွန်းသောတိုက်ပွဲတစ်ခုက ရှောင်လွှဲ၍မရနိုင်သည်ကို
ရှစ်ဖုန့်သိလိုက်သည်။ ရှစ်ဖုန့်က အစကတည်းက ကမ္ဘာမြေပေါ်ရှိ ငရဲမြင်ကွင်းတစ်ခုကို အလိုရှိခဲ့ပြီး အလောင်းများအားမြေပြင်တွင်ပုံစေ၍ သွေးများအားမြစ်ကဲ့သို့စီး
ဆင်းစေလိုသည်ဖြစ်သည်။ ထို့ကြောင့်လည်းသူက ရှစ်လင်အား အမှောင်နေရာလွတ်ထဲသို့ပို့လိုက်ပြီး သူမအားဂရုစိုက်ပေးရန် ဟုန်ယွဲ့ ၊ လုံမုန့်နှင့် စံပယ်လေးတို့ထံသို့ လက်လွှဲပေးလိုက်သည်။
သူကလူအုပ်ထံသို့ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။
ဖျောင်ရှဂိုဏ်း၏တပည့်များက ဖျောင်ရှဂိုဏ်း၏ကာကွယ်ရေးအ
စီအရင်အားအသက်သွင်းထားပြီး အားလုံး၏စွမ်းအားများအားစုပေါင်းကာ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်၏ တိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့သောကြောင့် အကြီးအကဲနှစ်ယောက်ဖြစ်ကြသည့်
တုချီနှင့် ဝေ့ဖန့်တို့မှလွဲ၍ ကျန်သောတပည့်များအားလုံးမှာ
အသက်ကို ဟောဟဲဆိုက်အောင် ရှူနေကြရသည်။သူတို့၏ ခန္ဓာကိုယ်များအတွင်းရှိ စွမ်းအားများအားလုံးနီးပါးမှာ ခန်းခြောက်သွားခဲ့ပြီးဖြစ်သည်။
အကယ်၍ ဤနတ်ဆိုးသာ ဆက်လက်၍ချဉ်းကပ်လာမည်ဆိုလျှင် သူတို့အနေဖြင့် အစုလိုက်အပြုံလိုက်အသတ်ခံရရန် စောင့်ဆိုင်းနေရသကဲ့သို့ပင်ဖြစ်နေ
လိမ့်မည်ဖြစ်သည်။
လျှောက်လှမ်းလာနေသော အနက်ရောင်နတ်ဆိုး၏ပုံရိပ်အား ကြည့်ရင်း သဏ္ဍာန်မဲ့ ဖိအားနှင့် အစီအရင်အား ချိုးဖျက်ခဲ့သည့် ဓား၏ ခြိမ်းခြောက်မှုတို့က လူများအား ထိန်းထားနိုင်ခြင်းမရှိဘဲ ဆုတ်ခွာစေလိုက်သည်။
“ဖထပ်”
နောက်ဆုံးသောအသံနှင့်အတူ ရှစ်ဖုန့်က ရပ်တန့်လိုက်ပြီး ဖျောင်ရှဂိုဏ်း၏ကျင့်ကြံသူအုပ်စုအား ကြည့်ရှုလိုက်သည်။ သူက ထူးမခြားနားသောလေသံဖြင့်
ပြောလိုက်သည်။
“မင်းတို့ထဲက ဝေ့ဖန့်ဆိုတာ ဘယ်သူလဲ…ဒီသခင်လေးရှေ့
ကိုထွက်လာခဲ့စမ်း… “
သူ၏လေသံက ထူးခြားမှုမရှိသော်လည်း ပြတ်သားပြီး မည်သူ့ကိုမျှ ငြင်းဆန်ခွင့်မပြုသည့် အသံမျိုးဖြစ်သည်။
လင်အာအား ထိုအကြီးအကဲ ဝေ့ဖန့်ဆိုသူက တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်ကို ရှစ်ဖုန့် အလိုအလျောက်မှတ်မိသည်ဖြစ်သည်။
ရှစ်ဖုန့် စကားပြောပြီးပြီးချင်း ကျင့်ကြံသူတပည့်များက
ထိန်းမထားနိုင်ကြပဲ အမျိုးသမီးအိုကြီးထံသို့ကြည့်လိုက်ကြသည်။
ဤအချိန်၌ အမျိုးသမီးအိုကြီး၏ အရေးအကြောင်းများဖြင့်ပြည့်
နှက်နေသောမျက်နှာတွင် ဒေါသတို့ဖြင့််ပြည့်နှက်နေသည်။
သူမသည်ဖျောင်ရှဂိုဏ်း၏ မြင့်မားပြီး အရှိန်အဝါကြီးမားသောညာလက်ရုံး အကြီးအကဲတစ်ယောက်ဖြစ်သည်။ မည်သူကမျှသူမ၏နမည်အား တပ်ခေါ်ရဲခြင်းမရှိသကဲ့သို့ သူမအားဤကဲ့သို့သောနည်းလမ်း
မျိုးဖြင့်နှိမ့်ချရှုမြင်ရဲခြင်းလည်းမရှိပေ။
ထိုထက်ပိုသည်ကား သူ၏လေသံက အမိန့်ပေးသည့်ပုံစံပေါက်နေခြင်းဖြစ်သည်။
“သေနာလေး….နင့်ကိုယ်နင်သိပ်ပြီးတော့ ဟုတ်လှပြီထင်မနေနဲ့..ငါ့ရဲ့ဖျောင်ရှဂိုဏ်းက နင်အရှက်ခွဲချင်တိုင်းခွဲ
လို့ရတဲ့နေရာမဟုတ်ဖူး…”
ဝေ့ဖန့်မှာအရမ်းကိုဒေါသ
ထွက်ရသောကြောင့် သူမ၏အိုမင်းသောမျက်နှာကရှုံ့မဲ့နေသည်။ သူမ၏အမူအယာကကြမ်းကြုတ်ခက်ထန်နေသကဲ့သို့ အံကိုတင်းတင်းကြိတ်ရင်း ရှစ်ဖုန့်အားရင့်ရင့်သီးသီးပြောဆိုလိုက်သည်။
“အိုး…အဲ့လိုဆိုရင်…မင်းကဝေ့ဖန့်ဆိုတာပဲဖြစ်ရမယ်”
တစ်စုံတစ်ယောက်က စကားပြောနေပြီး ထိုသူက တကယ့်ကို ကြယ်ခုနှစ်ပွင့်ဘိုးဘေးနယ်ပယ် တစ်ယောက်ဖြစ်နေရာ ၎င်းက အတုတော့ဖြစ်မည့်ပုံမပေါ်ပေ။
“ရိုင်းစိုင်းလိုက်တာ”
ဝေ့ဖန့်၏ဘေးတွင်ရပ်နေသောတုချီမှာ ဆက်ပြီးတော့ ရပ်ကြည့်မနေနိုင်တော့ပေ။
ယခုဝေ့ဖန့်ကဘယ်လိုပုံစံဖြစ်နေသည်ဖြစ်ပါစေ တုချီ၏နှလုံးသားထဲတွင် သူမသည်သူနှလုံးသား၏ထာဝရ နတ်ဘုရားမတစ်ပါးဖြစ်သည်။ သူမကသူ့အတွက် ထာဝရတင်သာမက ထာရဝထက်တစ်ရက်ပိုစွာပင် ပြည့်စုံမှုရှိသောသူဖြစ်နေ
လိမ့်မည်သာဖြစ်သည်။
တုချီက တစ်ဟုန်ထိုးပြေးသွားပြီး
ရှစ်ဖုန့်အား ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သော်လည်း ဝေ့ဖန့်ကသူ့အားနောက်ပြန်
ဆွဲထားလိုက်ပြီးတီးတိုးပြောလိုက်သည်။
“စိတ်လိုက်မာန်ပါ မလုပ်နဲ့”
တုချီလည်းအသိပြန်ဝင်လာသည်။ သူကဝေ့ဖန့်အားကြည့်၍ ခေါင်းညိမ့်ပြလိုက်သည်။
“ဒီနေ့မင်းတို့ဖျောင်ရှဂိုဏ်းက
တစ်ယောက်မှ အသက်ရှင်လျက်ထွက်မသွားရဘူး.”
ဖျောင်ရှဂိုဏ်း၏ ငါးရာသောတပည့်များအား
ကြည့်လိုက်ပြီးရှစ်ဖုန့်၏အသံက
ထူးမခြားနားပုံစံဖြင့်ပင် သူတို့အားပြောလိုက်သည်။သို့သော် ဤထူးမခြားနားသောအသံက သတ်ဖြတ်ခြင်းအတွက် အမိန့်တစ်ခု
သူ၏ အသံမှတစ်ဆင့် လူအများအပြားမှာ အေးစက်မှုနှင့် သတ်ဖြတ်ခြင်း
စိတ်ဆန္ဒတို့ကို ခံစားရနိုင်သည်ဖြစ်သည်။ ဤအသံအားနားထောင်ရင်း
သူတို့အနေဖြင့် သေခြင်းတရားအတွက်သေ
မိန့်ပြစ်ဒဏ်အား ချမှတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“ပီးတော့မင်းဆိုတဲ့ စုန်းမအိုကြီး”
ရှစ်ဖုန့်က သွေးဓားဖြင့် ဝေ့ဖန့်အားထိုးညွှန်လိုက်သည်။ သူကခဏရပ်တန့်လိုက်ပြီး
နောက်သူ၏မျက်နှာကအေးသည်ထက်အေးစက်လာသည်။ သူ၏သတ်ဖြတ်ခြင်း
အရှိန်အဝါက ရုတ်ခြည်း ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
“ဒီသခင်လေးကိုယ်တိုင် မင်းကို အရှင်လတ်လတ် အရေခွံနွာပစ်မယ်”
“စော်ကားရဲတင်းလိုက်တာ”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ဝေ့ဖန့်က ဒေါသတကြီး
အော်ဟစ်လိုက်သည်။
“နင်က ဖျောင်ရှဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကိုသတ်ခဲပြီးတော့ ဖျောင်ရှဂိုဏ်းက နှစ်ပေါင်းများစွာ ပျိုးထောင်ထားခဲ့တဲ့ ပါရမီရှင်တွေကိုလည်း သတ်ခဲ့တဲ့အပြင် ဖျောင်ရှဂိုဏ်းကိုလည်းစော်ကား အရှက်ခွဲနေသေးတယ်… နင်သာဒီနေ့မသေဘူးဆိုရင်
ဖျောင်ရှဂိုဏ်းက အနာဂတ်မှာထျန်းဟန်တိုက်ကြီး
ပေါ်မှာဘယ်လိုမျိုး မြင့်မြင့်မားမားနဲ့ရပ်တည်
နေနိုင်တော့မှာလဲ…..ဒီနေ့နင်
သေကိုသေရမယ်”
“မင်းသေကိုသေရမယ်”
တုချီ၏ မျက်နှာကလည်း ကြမ်းကြုတ်ခက်ထန်နေပြီး ဝေ့ဖန့်၏စကားလုံးများကို
ဆက်ပြောလိုက်သည်။
“မင်းတို့က ဒီသခင်လေးကိုသေစေချင်တာလား….
ဒါဆိုလည်း မင်းတို့သက်ကြား
အိုကြီးနှစ်ကောင် ဘယ်လိုတွေစွမ်းဆောင်နိုင
်မလဲဆိုတာကိုကြည့်ကြတာပေါ့….”
ရှစ်ဖုန့်က ၎င်းတို့၏စကားလုံးများအား
ကြားပြီးသည့်နောက်တွင်
အထင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်သည်။
ဝေ့ဖန့်နှင့် ရှစ်ဖုန့်တို့က ရှစ်ဖုန့်၏အပေါ်တွင်ထပ်မံ၍ အာရုံစိုက်ခြင်းမရှိတော့ချေ။
ထိုအစား သူတို့၏အကြည့်များအား ဖျောင်ရှဂိုဏ်း၏တပည့်များ
အပေါ်သို့ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်
ယောက်ကြည့်လိုက်ကြပြီး တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည်။ သူတို့၏အမူအယာက ဆုံးဖြတ်ချက်အားပြုလုပ်ပြီးသွားသကဲ့သို့ လေးနက်သောအမူအယာတစ်ခုဖြစ်လာသည်။
ထို့နောက်တွင်တုချီက သူ၏သိုလှောင်လက်စွပ်အတွင်း
မှသေးငယ်သော အနက်ရောင်ကျောက်စိမ်း
သေတ္တာလေးကိုထုတ်ယူလိုက်သည်။ ကျောက်စိမ်းသေတ္တာအား အဝါရောင် လက်ဖွဲ့အဆောင်များဖြင့်ဖုံးကာထားသည်။ အဆောင်တစ်ခုစီတိုင်းတွင် ဆန်းကြယ်ပြီး ရှေးကျသော ရေးဆွဲမှုများဖြင့်ပြည့်နှက်နေသည်။
ဤကျောက်စိမ်းသေတ္တာအား မြင်တွေ့လိုက်ရသောအခါတွင်
၎င်းအတွင်းမှ ရင်းနှီးပြီးထူးဆန်းသော အရှိန်အဝါတစ်ခုကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
ထို့နောက်တွင်ဝေ့ဖန့်နှင့်
တုချီတို့၏ လက်များက ထူးဆန်းသောလက်ဆီးလ်
သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်။ တုချီ၏လက်အတွင်းရှိ ကျောက်စိမ်းနက်သေတ္တာလေးက
ရုတ်တရက် အပေါ်သို့ ပျံတက်သွားသည်။
“ဒါက”
ဖျောင်ရှဂိုဏ်း၏ ကျင့်ကြံသူများမှာ တုချီလက်အတွင်းရှိ ကျောက်စိမ်းသေတ္တာငယ်လေး
အားကြည့်လိုက်ပြီး သံသယဖြစ်စွာဖြင့်မေးလိုက်သည်။
“အဲ့တာက ဒဏ္ဍာရီတွေထဲကတစ်ခုများ
ဖြစ်နေနိုင်မလား”
ကျင့်ကြံသူတစ်ယောက်က ရုတ်တရက်တစ်စုံတစ်ခုကို
တွေးမိလိုက်သည်။
“ဒဏ္ဍာရီတွေက တကယ်ပဲ အမှန်တကယ်ဖြစ်နေတာများလား”
အံ့အားသင့်သောအသံများ
ကတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
“နတ်ဆိုးနတ်ဘုရားရဲ့လက်ချောင်း”
တစ်စုံတစ်ယောက်က တုန်လှုပ်အံ့အားသင့်စွာဖြင့်
အော်ပြောလိုက်သည်။ ရုတ်တရက် ဘန်းဆိုသောအသံနှင့်အတူ ပျံသန်းနေသော ကျောက်စိမ်းသေတ္တာက ရုတ်တရက် ပေါက်ကွဲသွားပြီး သိပ်သည်းသော အနက်ရောင်နတ်ဆိုးချီတို့က
ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။
“ဒါကတကယ့်ကိုအဲ့အရှိန်အဝါပဲ”
ရှစ်ဖုန့်က ကောင်းကင်ထဲရှိ နတ်ဆိုးချီတို့ထံသို့ကြည့်လိုက်သည်။ နတ်ဆိုးချီလာရာအရင်းအမြစ်က အနက်ရောင် လက်ညိုးတစ်ချောင်းဖြစ်သည်။ ထိုနတ်ဆိုးချီက လုံအောင်၊လီလျိုရှင်း၊ လီရူနှင် သွေးကမ္ဘာအတွင်းယခင်က ရှစ်ဖုန့်တွေ့ခဲ့သေ မိုရှင်းတို့၏ အရှိန်အဝါနှင့်အတူတူပင်ဖြစ်သည်။
“တပည့်တွေ နားထောင်ကြစမ်း ..မင်းတို့ရဲ့ အသက်စွမ်းအားတွေကို လွှဲပေးပြီးတော့ နတ်ဆိုးနတ်ဘုရားလက်ချောင်းကို
ထိန်းချုပ်ဖို့အတွက် ဖျောင်ရှဂိုဏ်းဘိုးဘေးရဲ့ စွမ်းအားကို ဆင့်ခေါ်ကြ “
ဤအချိန်တွင် တုချီ၏ ပုံရိပ်က ကောင်းကင်ထဲ၌ လွင့်မျောရပ်တည်နေပြီဖြစ်သည်။ သူ၏လက်တို့က ဆီးတံဆိပ်သင်္ကေတ
တို့အား ဖွဲ့စည်းထားဆဲဖြစ်ပြီး
ဖျောင်ရှဂိုဏ်း၏ တပည့်များအား အော်ပြောလိုက်သည်။
ထို့နောက်ဝေ့ဖန့်သည်လည်း တုချီ၏ ဘက်ခြမ်းသို့ ပျံသန်းသွားလိုက်သည်။သူ၏ ဆီးလ်တံဆိပ်များက အဆက်မပြတ်ပြောင်းလဲနေပြီး ပုံရိပ်များကိုသာချန်ရစ်ထားခဲ့သည်။
တုချီ၏ အော်သံအားကြား
လိုက်ရသောအခါတွင် ဖျောင်ရှဂိုဏ်းရှိတပည့်များ၏
အမူအယာများက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။ သူတို့၏အသက်စွမ်းအင်များကို
လွှဲပေးရခြင်း၊ ယင်းက သူတို့အားသေခိုင်းခြင်းဟု
ဆိုလိုခြင်းပင်ဖြစ်သည်။
ဖျောင်ရှဂိုဏ်းတွင် ဖျောင်ရှဂိုဏ်း၏ကာကွယ်ရေး
အစီအရင်ထက် ဖျောင်ရှဂိုဏ်း၏ဘိုးဘေးများက အခြားနည်းလမ်းတစ်ခုအား ချန်ရစ်ထားခဲ့သေးသည်။သူကသူ၏ဝိညဉ်တစ်စိတ်တစ်ပိုင်းနှင့်စွမ်းအားအားတောင်ထိပ်ပေါ်တွင်ဆီးလ်ခတ်ခဲ့သည်။ ဖျောင်ရှဂိုဏ်း၏ လျှို့ဝှက် ပညာရပ်က ဖျောင်ရှဂိုဏ်းတပည့်များ၏ အသက်စွမ်းအင်အားစုစည်း၍ ဝိညာဉ်အကြွင်းအကျန်နှင့်စွမ်းအားအား နိုးထစေနိုင်လေသည်။
ဤပညာရပ်အားတစ်ခါ အသုံးပြုလျှင် တန်ကြေးအဖြစ် ဖျောင်ရှဂိုဏ်းတပည့်များ၏ အသက်အားပေးဆပ်ရသည်ဖြစ်သည်။ လုံးဝမလိုအပ်သောအခြေအ
နေတစ်ခုမဟုတ်သ၍ ဖျောင်ရှဂိုဏ်းက ထိုနည်းလမ်းအား ပင်ကိုယ်အားဖြင့် အသုံးပြုလိမ့်မည်မဟုတ်ပေ။
ဖျောင်ရှဂိုဏ်းက နှစ်ထောင်ပေါင်းများစွာကတည်းက ထျန်းမြောင်အင်ပါယာတွင်
ရပ်တည်ခဲ့ပြီး ယင်းစွမ်းအားအား လုံးဝအသုံးမပြုခဲ့ပေ။ ယခုအခါ၌ ကြီးမားသောရန်သူကရောက်
ရှိလာခဲ့ပြီးဖျောင်ရှဂိုဏ်းဖျက်ဆီးခံရနိုင်သည်ဖြစ်သည်။ ဖျောက်ရှဂိုဏ်းသေဆုံးရလိမ့်မည်ဖြစ်၏။
ယခုအခါ၌သူတို့အနေဖြင့် ဤနတ်ဆိုး၏ အသက်အတွက် ဤတပည့်များ၏ အသက်စွမ်းအင်အား အလဲအလှယ်အဖြစ် အသုံးပြုရလိမ့်မည်ဖြစ်သည်။ နတ်ဆိုးသေသွားသည်နှင့် ဖျောင်ရှဂိုဏ်း၌ တုချီ၊ဝေဖန့်တို့ရှိနေအုံးမည်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ဖြစ်သော ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်ကျောက်တုံးကလည်း
ရှိနေသေးသည်ဖြစ်သည်။ သူတို့သာအသက်ရှင်နေသေးသ၍ ဖျောင်ရှဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာသော အမွေအနှစ်များက ရှိနေအုံးမည်သာဖြစ်သည်။
“ဟင့်အင့်အကြီးအကဲ..ဒီလိုလုပ်လို့မရဘူး..ကျွန်တော်မသေချင်သေးဘူး”
ဖျောင်ရှဂိုဏ်း၏တပည့်များကသူတို့၏ အခြေအနေအားနားလည်သွားသည့်နောက်တွင် တပည့်တစ်ယောက်က လက်သင့်မခံနိုင်စွာဖြင့် အော်ပြောလိုက်သည်။
တစ်စုံတစ်ယောက်ကထအော်
လိုက်သည်နှင့်အခြားသော
သူများကလည်းနောက်မှလိုက်ပါ၍ အော်ဟစ်လိုက်ကြသည်။
“ဟင့်အင်း ကျွန်တော်မသေချင်သေးဘူး…ကျွန်တော် ဖျောင်ရှဂိုဏ်းကနေ ထွက်သွားချင်တယ်..အခုကစပြီး ကျွန်တော်က ဖျောင်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက်မဟုတ်
တော့ဘူး…အား…ငါမသေချင်သေးဘူး”
ဆက်ရန်..
ဘာသာပြန်သူ-ARISE