အပိုင်း(၃၀၀)
Vol. 20 Ch. 300
လက်သင့်မခံနိုင်သော
အော်ဟစ်သံများအလယ်တွင် ဖျောင်ရှဂိုဏ်း၏တပည့်များ၏ အသက်စွမ်းအင်များက အရှိန်အဟုန်ဖြင့်ဆုတ်ယုတ်လာသည်။
သူတို့သည် ဖျောင်ရှဂိုဏ်း၏ တပည့်များဖြစ်သည်။သူတို့သည် ဖျောင်ရှဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်လာ
ကြသည့်အတွက်သူတို့ကိုယ်သူတို့ ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ သို့သော် ယင်းကသူတို့အသက်ရှင်
နေစဉ်ကာလအောက်တွင်ရှိသော အခြေအနေတွင်ဖြစ်သည်။ အကယ်၍သူတို့သာထိုးကျွေး
ခံများအဖြစ်သေဆုံးခဲ့ရပြီး နတ်ဆိုးအားသုတ်သင်ရှင်းလင်းရန်အတွက် သူတို့ကိုယ်သူတို့ စတေးပြီး
နောက်တွင်တော့ ဖျောင်ရှဂိုဏ်း၏ ဂုဏ်ကျတ်သရေထွန်းပြောင်မှုများ၊
ဖျောင်ရှဂိုဏ်း၏ အနာဂတ်နှင့်
ဖျောင်ရှဂိုဏ်းက နတ်ဆိုးအားသုတ်သင်ရှင်း
လင်းပစ်နိုင်သည်မနိုင်သည်က သူတို့အတွက်ဘာမျှအရေးမပါတော့ချေ။
“မဟုတ်ဖူး”
“အကြီးအကဲတု ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော့်ကိုလွှတ်ပေးပါ… ဒီတစ်ကြိမ်အတွက် ကျွန်တော်ကိုယ်တိုင် အကြီးအကဲရဲ့ ဆီးအိုးကိုသွန်ပေးပါ့မယ်”
သို့သော် ဖျောင်ရှဂိုဏ်း၏တပည့်များက အမျိုးမျိုးတောင်းပန်ကြသော်ငြားလည်း တုချီနှင့်ဝေ့ဖန့်တို့ကတော့ ပြောင်းလဲခြင်းမရှိပေ။
အကြီးအကဲနှစ်ဦး၏ လျှို့ဝှက်ပညာရပ်အောက်တွင်
ငါးရာသော ဖျောင်ရှဂိုဏ်းတပည့်များ၏ အသက်စွမ်းအင်များက အရှိန်အဟုန်ဖြင့် ဆုတ်ယုတ်နေဆဲဖြစ်သည်။
“ငရဲကိုသွားလိုက်စမ်း”
ဖျောင်ရှဂိုဏ်း၏ တပည့်များကသူ့အားရင်
ဆိုင်ရန်အတွက် လျှို့ဝှက်ပညာရပ်တစ်ခုအား
အသုံးပြုနေသည်ကို တွေ့ရသောအခါတွင် ပင်ကိုယ်အားဖြင့်သူသည်၎င်းတို့အား ယင်းကို ခွင့်ပြုမပေးထားနိုင်ပေ။ သူကသူ၏ သွေးဓားဖြင့် ခုတ်ပိုင်းချလိုက်ပြီး ဧရာမလမ်းခြမ်းကွေးသဏ္ဍန် အဖြူရောင်ဓားချီက ဘေးချင်းယှဉ်၍ရပ်နေသော တုချီနှင့်ဝေ့ဖန့်တို့ထံသို့ ဦးတည်ဝင်ရောက်သွားသည်။
သို့သော်ထိုအခိုက်အတန့်တွင် ခပ်ရေးရေးမြင်ရသော ဖောက်ထွင်းမြင်ရနိုင်သည့် ဝိညာဉ်ကဲ့သို့ခန္ဓာကိုယ်တစ်ခုက ဟင်းလင်းပြင်ထဲတွင်ဖွဲ့စည်း
ဖြစ်ပေါ်လာသည်။
ဖောက်ထွင်းမြင်ရသောခန္ဓကိုယ်မှာ အဖြူရောင်ဝတ်ရုံ ၊အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်မွှေးတို့ရှိသော လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူ့၌ ကောင်းကင်ဘုံနှင့်သက်ဆိုင်
သည့်ကိုယ်နှုတ်အမူအယာမျိုးနှင့်
ခံ့ညားသော မျက်နှာတစ်ခုရှိလေသည်။ ဖျောင်ရှဂိုဏ်း၏ တပည့်များမှာ ဖျက်တောက်ခံရသော
မြက်ပင်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်
လဲကျသွားပြီး သူ၏ကိုယ်မှ စွမ်းအားကြီးအရှိန်အဝါတစ်ခု
အားထုတ်လွှတ်နေသည်။
ဖျောင်ရှကျွင်း၏ အသွင်အပြင်ကပေါ်လာပြီး တုချီနှင့်ဝေ့ဖန့်တို့၏ ရှေ့၌
ကာဆီးလိုက်ကာ လခြမ်းကွေးသဏ္ဍာန်အဖြူ
ရောင်ဓားချီလမ်းကြောင်းအား တားဆီးလိုက်သည်။ဖျောင်ရှကျွင်းကသူ၏ လက်ချောင်းအား အဖြူရောင်ဓားချီထံသို့
ထိုးညွှန်လိုက်သည်။ သူ၏လက်ချေင်းအောက်တွင် ကြယ်ကိုးပွင့်ဘိုးဘေးနယ်
ပယ်တစ်ယောက်၏စွမ်းအားမျိုးရှိသော လခြမ်းကွေးသဏ္ဍာန်ဓားချီက
ချက်ချင်းပဲ ဖျက်ဆီးခံလိုက်ရသည်။
“ဘိုးဘေးကို ကြိုဆိုပါတယ်”
ဟင်းလင်းပြင်ထဲ၌ လူအိုကြီးပေါ်လာသည်ကို မြင်တွေ့ရသောအခါတွင်
တုချီနှင့်ဝေ့ဖန့်တို့က ဟင်းလင်းပြင်ထဲ၌ပင်ဒူးထောက်ချလိုက်ပြီး လူအိုကြီးအား ဂါရဝပြုလိုက်သည်။
သို့သော်ထိုလူအိုကြီးက ဖျောင်ရှဂိုဏ်း၏တည်ထောင်သူ
သူတော်စင် ဖျောင်ရှကျွင်းမှ ချန်ရစ်ထားခဲ့သည့် တစ်ပိုင်းတစ်စသော ဝိညာဉ်သာဖြစ်သည်။ သူသည်သူ၏ကိုယ်ပိုင်အတွေးများမရှိသည့် အကြွင်းအကျန်ဝိညာဉ်တစ်ခုသာဖြစ်သည်။ ဤအကြွင်းအကျန်ဝိညာဉ်၏စွမ်းအားမှာ သူတော်စင်ဖျောင်ရှကျွင်းက နတ်ဆိုးလက်ချောင်းအား အသုံးပြုရန်အတွက် ချန်ရစ်ထားခဲ့သည့်စွမ်းအားသာဖြစ်သည်။ တုချီနှင့်ဝေ့ဖန့်တို့၏
ဂါရဝပြုမှုအားလက်ခံရင် သူသည်ပင်ကိုယ်အားဖြင့် အသက်မပါဖြစ်နေသည်။
အကြွင်းအကျန်ဝိညာဉ်အား မြင်တွေ့လိုက်ရသောအခါတွင် သူတော်စင်နယ်ပယ်တစ်ယောက်
ချန်ရစ်ထားခဲ့သည့် အကြွင်းအကျန်ဝိညာဉ်က သွေိးနတ်ဆိုးချန်ရစ်ထားခဲ့
သောစွမ်းအားကြီးဝိညာဉ်နှင့်
နှိုင်းယှဉ်၍မရနိုင်သည်ကို
ရှစ်ဖုန့်သိလိုက်သည်။
ဤအချိန်တွင် သူတော်စင်ဖျောင်ရှက အစောပိုင်းကရှစ်ဖုန့်၏ဓား
ချီအားဖျက်ဆီးပစ်လိုက်သည့် သူ၏လက်ညိုးအား ကောင်းကင်ထဲသို့ထိုးညွှန်ထားသည်။
ကျောက်စိမ်းသေတ္တာအတွင်းမှထွက်လာသော နတ်ဆိုးနတ်ဘုရား၏ လက်ချောင်းက တစ်စုံတစ်ခုအားအာရုံခံမိပုံရပြီး အလျှင်အမြန်ပဲ သူတော်စင်ဖျောင်ရှထံသို့ကျဆင်းလာသည်။ အနက်ရောင်နတ်ဆိုးနတ်
ဘုရားလက်ချောင်းကလည်း လက်ညိုးတစ်ခုပင်ဖြစ်ပြီး သူတော်စင်ဖျောင်ရှ၏ အကြည်ရောင်လက်ညိုးပေါ်
သို့ကျဆင်းသွားကာ ၎င်းနေရာ၌ နေရာယူလိုက်သည်။
ဤအချိန်၌ သူတော်စင်ဖျော်ရှ၏ တစ်ကိုယ်လုံးကဖောက်ထွင်း
မြင်နိုင်သောအကြည်ရောင်ဖြစ်သည်။ သူ၏လက်ညိုးတစ်ခုတည်းကသာ လျှင်အနက်ရောင်တို့စွန်းထင်းနေပြီး နတ်ဆိုးချီတို့အားဆက်လက်၍ ထုတ်လွှတ်နေသည်။
ဘိုးဘေးဖြစ်သူဖျောင်ရှကျွင်းက နတ်ဆိုးနတ်ဘုရား၏ လက်ချောင်းဖြင့်ပေါင်းစည်း
သွားသည်ကိုတွေ့ရသောအခါတွင် တုချီနှင့်ဝေ့ဖန့်တို့က ဟင်းလင်းပြင်ထဲ၌ပင် လေးစားစွာဖြင့် ဆက်လက်၍ ဂါရဝပြုလိုက်သည်။ သို့သော်သူတို့၏လက်များကတော့ နောက်ထပ်ဆန်းကြယ်သော
လက်ဆီးလ်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်။ သူတို့၏အမိန့်ပေးမှုအောက်တွင် လေထဲ၌လွင့်မျောနေသော
သူတော်စင်ဖျောင်ရှ၏ ကိုယ်က ထပ်မံ၍လှုပ်ရှားလာသည်။ နတ်ဆိုးနတ်ဘုရားလက်ချောင်း
အားသိပ်မဝေးသောနေရာရှိ မြေပြင်တွင်ရပ်နေသောရှစ်ဖုန့်ထံသို့ ထိုးညွှန်လိုက်သည်။
အနက်ရောင်နတ်ဆိုးချီအလင်း
တန်းတစ်ခုက ထူးဆန်းသောအနက်ရောင်
ဥက္ကာပျံတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကိုဖြတ်သန်းပြီး ပတ်ဝန်းကျင်ရှိလေထုအား
တစ်ရှဲရှဲအသံများထွက်ပေါ်သွားစေသည်။ ၎င်း၏အသံက စွမ်းအားကြီးသောအားတစ်ခုဖြင့်
ဆုတ်ဖြဲခြင်းခံရသောအသံကဲ့သို့ပင်ဖြစ်သည်။ ထိုအနက်ရောင်အလင်းက ရှစ်ဖုန့်ထံသို့ ပစ်လွှတ်ဝင်ရောက်လာသည်။ အနက်ရောင်အလင်းတန်း၏ စွမ်းအားက အနည်းဆုံးကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုးရှိသည်ကိုရှစ်ဖုန့် ခံစားမိနိုင်သည်ဖြစ်သည်။
“ချပ်ဝတ်ထွက်လာခဲ့”
ရှစ်ဖုန့်ရုတ်တရက်အတွေး
တစ်ခုရသွားသည်။သူ၏ကိုယ်ကရုတ်တရက်သွေးနီရောင်အလင်းတစ်ခုတောက်ပလာသည်။ သွေးနီရောင်ချပ်ဝတ်တစ်ခုကရုတ်တရက် ရှစ်ဖုန့်၏ကိုယ်အားဖုံးကာသွားသည်။
သွေးနီရောင်ချပ်ဝတ်အပေါ်တွင်
သွေးနီရောင်အလင်းတန်းက ဆက်လက်၍ တောက်ပစွာလင်းလက်နေဆဲဖြစ်သည်။ ဤအချိန်၌ရှစ်ဖုန့်မှာသွေးနီ
ရောင်နေအငယ်စားလေး
တစ်ခုကဲ့သို့ပင်ဖြစ်သည်။အလင်းတို့က ဦးတည်ချက်အနှံ့သို့ အရှိန်အဟုန်ဖြင့်ပျံ့နှံ့ထွက်သွားသည်။ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်ပစ်ဝင်လာနေသော အနက်ရောင်နတ်ဆိုးချီအလင်းမှာ သွေးနီရောင်အလင်း၏
အောက်တွင်ဖြည်းဖြည်း
ချင်းမှေးမှိန်သွားသည်။
၎င်းကရှစ်ဖုန့်ထံသို့ မရောက်ရှိခင် သွေးနီရောင်အလင်း၏
သက်ရောက်မှုအောက်၌ လုံးဝဖျက်ဆီးခံလိုက်ရသည်။
သွေးနတ်ဆိုးတစ်ခါပြောပြခဲ့ဖူးသည့် သွေးချပ်ဝတ်အကြောင်း
အားမေ့နေခဲ့မိသည်။၎င်းတွင်
နတ်ဆိုးနတ်ဘုရားအား ထိန်းချုပ်ရာ၌ အထူးအလေးထားသုံးပြုရန်အတွက် လျှို့ဝှက်ပညာရပ်တစ်ခုပါရှိသည်ဖြစ်သည်။ ယခုရှစ်ဖုန့်အားစွမ်းအားအား
အသက်သွင်းလိုက်မှုအောက်တွင် နတ်ဆိုးနတ်ဘုရားလက်ချောင်း၏ စွမ်းအားမှာလျှင်မြန်စွာ ကွယ်ပျောက်သွားသည်။ ၎င်းကရှစ်ဖုန့်၏ ခန္ဓာကိုယ်အနားသို့ပင် ကပ်နိုင်ခဲ့ခြင်းမရှိပေ။
“ဘယ်လိုဖြစ်ပြီးတော့ ……….ဒီလိုမျိုးဖြစ်နိုင်ရတာလဲ”
တုချီနှင့်ဝေ့ဖန့်တို့က နတ်ဆိုးနတ်ဘုရားလက်ချောင်း၏ စွမ်းအားအားမြင်တွေိ့လိုက်ရသောအခါတွင် ယင်းက ဒဏ္ဍာရီလာ သူတော်စင်နယ်ပယ်အဆင့်
သို့ရောက်နေပြီဖြစ်ကြောင်း
ကိုသဘောပေါက်မိကြသည်။
ထိုစွမ်းအား၏အောက်၌ သူတို့နှစ်ယောက်ပင်လျှင် လုံးဝခုခံနိုင်ရန်အစွမ်းမရှိပေ။ သူတို့က သေသည်အထိအလွယ်တ
ကူနင်းခြေဖျက်ဆီးခံရနိုင်
သောပုရွတ်ဆိတ်များကဲ့သို့ပင်ဖြစ်သည်။
သို့သော်ဤကဲ့သို့သောစွမ်းအားမျိုးက ဤပုဂ္ဂိုလ်၏ အနားသို့ပင်
ကပ်နိုင်ခဲ့ခြင်းမရှိပေ။ သူတို့အနေဖြင့် ဘယ်လိုလုပ်အံ့အားမသင့်ပဲနေနိုင်ပါမည်နည်း။ ယင်းကပင်သူတို့လက်သင့်မခံနိုင်သော အချက်ဖြစ်လေသည်။
ဝေ့ဖန့်တို့ပင် တုန်လှုပ်အံ့အားသင့်ကြရခြင်းမဟုတ်ပေ။ အဝေးမှနေ၍ ကြည့်နေကြသော
ကျင့်ကြံသူများ၏မျက်နှာထက်တွင်ပင် တုန်လှုပ်အံ့အားသင့်မှုနှင့် ထိတ်လန့်မှုအမူအယာများဖြစ်ပေါ်နေသည်။ အနက်ရောင်အလင်းက ထိုးညွှန်ထွက်ပေါ်လာချိန်တွင် ဤမိစ္ဆာကြယ်အနေဖြင့် ဤလက်ချောင်း၏အောက်၌ ကျဆုံးသွားမည်ဟုသူတို့ ယုံကြည်ကြခြင်းမရှိသော်လည်း ဤမိစ္ဆာကြယ်အတွက် ၎င်းအားတားဆီးရန်မ
လွယ်ကူလောက်ဟုတော့
သူတို့ယုံကြည်မိကြသည်ဖြစ်သည်။ အချို့သောကျင့်ကြံသူများဆိုလျှင် သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုးထုတ်လွှတ်နိုင်သော
သွေးကျောက်ပြားပေါ်လာမည်ကိုပင် သူတို့၏မျက်လုံးများအတွင်း၌ ကြိုတင်၍မြင်ယောက်မိထားကြသည်။
သို့သော သွေးကျောက်ပြား
ကပေါ်မလာခဲ့ပေ။ သွေးနီရောင်ချပ်ဝတ်တစ်ခုသာ ရှစ်ဖုန့်၏ကိုယ်တွင်ပေါ်လာပြီး အနက်ရောင်အလင်းအားလုံး
ဝတားဆီးသွားခဲ့သည်။ အနက်ရောင်အလင်းကရှစ်ဖုန့်
၏ကိုယ်အနားသို့ပင် သီနိုင်ခဲ့ခြင်းမရှိပေ။ ဤတိုက်ခိုက်မှုတွင် ရှစ်ဖုန့်က အပေါ်စီးမှရှိနေသည်မှာသိသာသည်။
“အဲ့ချပ်ဝတ်က ဘယ်လိုရတနာမျိုးလဲ”
“သွေးနီရောင်ချပ်ဝတ်..အဲ့တာက သွေးနီရောင်ကမ္ဘာကနေ အဲ့နတ်ဆိုးရလာတာပဲဖြစ်ရမယ်.. ဘာလို့လဲ..ဘာလို့ သူပဲ အကျိုးအမြတ်အားလုံးကို
တစ်ယောက်တည်းရသွားရတာလဲ”
“သွေးကျောက်ပြားနဲ့ သွေးချပ်ဝတ်.. ဘုရားရေ… အခုငါတို့
ထျန်းမြောင်အင်ပါယာမှာ ဒီနတ်ဆိုးကိုဖက်ပြိုင်နိုင်တဲ့သူ ဘယ်သူရှိသေးလဲ.. ဒီနေ့တော့ဖျောင်ရှဂိုဏ်း ဂြိုလ်ဆိုးဝင်တဲ့ပုံပဲ”
“ဒီကောင်လေး..သူငါ့သား
မက်ဖြစ်ကိုဖြစ်ရမယ်.. အကယ်၍သူသာ
ငါ့သားမက်ဖြစ်လာခဲ့ရင်……..”
ချီလင်ဘုရင်ကလည်းသွေးနီရောင်အလင်းတို့ထုတ်လွှတ်နေသော ပုံရိပ်အားစိုက်ကြည့်နေသည်။ ထို့နောက်သူက သူ၏လှပပြီးအေးစက်သော
မျက်နှာနှင့်သူ့ဘေးရှိသမီး
ဖြစ်သူအားကြည့်လိုက်သည်။
“စုန်းမအိုကြီး..နင့်မှာဘာလှည့်ကွက်လေးတွေထပ်ရှိအုံးမလဲကြည့်တာပေါ့.
ဒီသခင်လေးအပေါ် အကုန်သုံးစမ်း..အဲ့လိုမဟုတ်ရင်တော့ ဒီသခင်လေးနင့်ရဲ့ အရေခွံကို နွှာပြီး အရွတ်တွေကိုစွဲထုတ်မှာကိုစောင့်နေလိုက်”
ရှစ်ဖုန့်၏မျက်နှာထက်တွင်
သရော်မှုများဖြင့်ပြည့်နှက်နေသည်။
ထို့နောက်သူကလှုပ်ရှား
လိုက်ပြီးကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ သူကနတ်ဆိုးနတ်ဘုရား
လက်ချောင်းရှိရာ သူတောင်စင်ဖျောင်ရှ၏ အကြည်ရောင်ဝိညာဉ်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“လောင်ကျွမ်းစမ်း ငါ့အသက်စွမ်းအားတွေ”
ဤအချိန်တွင် ဝေ့ဖန့်၏ဘေးတွင်ရှိနေသော တုချီက ရုတ်တရက်
အော်ပြောလိုက်သည်။ ဤအသံအား ကြားလိုက်ရသောအခါတွင်ဝေ့ဖန့်မှာ ကြီးစွာအလန့်တကြားဖြစ်သွားရသည်။
သူတော်စင်ဖျောင်ရှ၏ပို၍
အားကောင်းသောတိုက်ခိုက်မှုအားထုတ်ဖော်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ရန် တုချီက သူ၏အသက်စွမ်းအင်တို့အား လက်ဆီးလ်သင်္ကေတတို့အား
ပုံဖော်၍ စတင်လောင်
ကျွမ်းမှုပြုလိုက်သည်ကို သူမမြင်တွေိ့လိုက်ရသည်။
“တုချီ..အဘိုးကြီး ရပ်လိုက်”
ဝေ့ဖန့်က မျက်လုံးများ
ပြူးကျယ်စွာဖွင့်ဟ၍ တုချီထံ
အော်ပြောလိုက်ပြီး တုချီ၏လက်တို့အားလက်သီး
ဖြင့်ထိုးလိုက်ကာ တုချီ၏ အသက်စွမ်းအင်များအား
လောင်ကျွမ်းနေမှုကို ကြားဖြတ်ဟန့်တားလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ- ARISE