အပိုင်း (၃၀၁)
Vol. 21 Ch. 301
ဝေ့ဖန့်က တုချီအားရပ်တန့်ရန်လှမ်း
အော်လိုက်ပြီး ဆီးလ်တံဆိပ်ပုံစံတစ်ခုအား ပုံဖော်ထားသော သူမ၏လက်များအား ရုတ်ခြည်းပြောင်းလဲလိုက်သည်။ သူမ၏လက်များက လက်ဖဝါးပုံစံသို့ပြောင်းလဲသွားပြီး တုချီ၏ အသက်စွမ်းများအားလောင်မြိုက်စေမှုကို ကြားဖြတ်တားဆီးရန်အတွက် သူမဘေးရှိ တုချီအား တိုက်ခိုက်လိုက်သည်။
သို့သော် ဝေ့ဖန့်၏ လက်ဖဝါးက တုချီအားထိမှန်သွားသော အခါတွင် သူမ၏လက်ဖဝါးက တုချီ၏ကိုယ်အား တည့်တည့်ပင် ဖြတ်သန်းသွားသည်ကို သူမသဘောပေါက်လိုက်သည်။
ယင်းမှာသူမ၏ ဘေးတွင် တုချီချန်ရစ်ထားခဲ့သော ပုံရိပ်ယောင်တစ်ခုသာဖြစ်လေသည်။
ဝေ့ဖန့်၏ အမူအယာက
ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားသည်။ သူကောင်းကင်ထဲသို့ကြည့်လိုက်ပြီး အစစ်အမှန်တုချီက ဝေ့ဖန့်၏ အထက်၌ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။
တုချီမှာ ဝေ့ဖန့်ကသူ့အား မော့ ကြည့်နေသည်အားတွေိ့လိုက်ရသောအခါတွင် သူက လွတ်လပ်သွားသော
သူတစ်ယောက်ကဲ့သို့ သူမအားပြုံးပြလိုက်သည်။
“နှုတ်ဆတ်ပါတယ် ဖန့် မင်းအနေနဲ့ ငါနဲ့ဖျောင်ရှဂိုဏ်းအတွက် ကောင်းကောင်းမွန်မွန် အသက်ရှင်ရမယ်”
“မဟုတ်ဖူး အဖိုးကြီး….ရှင်ဒီလိုလုပ်မှာကို ကျွန်မခွင့်မပြုနိုင်ဘူး.. ရှင်ထွက်ခွာသွားရင် ကျွန်မကဘယ်လိုလုပ်ပြီးတော့ အသက်ဆက်ရှင်ရတော့မှာလဲ”
ဝေ့ဖန့်က ကောင်းကင်ထဲသို့ သူ့ရှိသမျှအသားကုန် အော်ဟစ်လိုက်သည်။ သူကလျှင်မြန်စွာကောင်း
ကင်ထဲသို့ထိုးတက်လိုက်ပြီး
တုချီထံသို့ ဦးတည်လိုက်သည်။
သို့သော် ဤအချိန်တွင် တုချီက သူ၏ မျက်လုံးတို့အား ဖြည်းညှင်းစွာပိတ်လိုက်သည်။ သူ့ကိုယ်အတွင်းရှိနေသော အသက်စွမ်းအားများက ဝေးသို့ဆုတ်ယုတ်သွားသည့်ပုံပေါ်သည်။ သူရုတ်ခြည်းနှစ်ပေါင်းများ
စွာစာအိုမင်းသွားသည်။ သူ၏ပုံကအားနည်းနေပြီး အစွမ်းမဲ့သည့်ပုံဖြစ်နေကာ ဆွေးမြေ့နေသောသစ်သား အပိုင်းအစတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ၏ကိုယ်က အောက်သို့ပြုတ်ကျလာသည်။
တုချီ၏သေဆုံးခြင်းက သူတော်စင်ဖျောင်ရှ၏ ဖောက်ထွင်း မြင်နိုင်သောကိုယ်အား ဖြည်းဖြည်းချင်းကျစ်လစ်လာစေသည်။ သူ၏အရှိန်အဝါကလည်း တစ်ဟုန်ထိုးမြင့်တက်လာသည်။ သူ၏အနက်ရောင်လက်ညိုးမှ နတ်ဆိုးချီတို့ကလည်း
ပို၍ပင်သိပ်သည်းလာ၏။
“အား…..”
ဝေ့ဖန့်ကသူမ၏ခေါင်းအား
ကောင်းကင်ထဲသို့မော့၍
ပူဆွေးသောကများဖြင့် အော်ဟစ်လိုက်သည်။ သူမက ကျဆင်းလာသော တုချီ၏ကိုယ်အားဖမ်းထားလိုက်သည်။ သူ၏အသက်စွမ်းအားများအားပေးခဲ့သည့် တုချီတစ်ယောက် လုံးဝသေဆုံးသွားခဲ့ပြီဖြစ်သည်ကို ဝေ့ဖန့် အာရုံခံမိပြီးဖြစ်သည်။
“အား..အား…အား….အား….အား…”
ဤအခိုက်အတန့်တွင် ဝေ့ဖန့်၏ ပုံစံမှာ သူမအနေဖြင့် လုံးဝကိုရူးသွပ်သွားသကဲ့သို့ပင်ဖြစ်သည်။
သူမကောင်းကင်ထက်သို့မော့၍ အောဟစ်နေသည်။ ထို့နောက်မကြာခင် ဝေ့ဖန့်က ခေါင်းကိုငုံ့လိုက်ပြီး ရှစ်ဖုန့်ထံသို့ တိုက်ရိုက်ပင်ကြည့်လိုက်သည်။ သူမ၏အရေးအကြောင်းများ
ဖြင့်ပြည့်နေသောမျက်နှာမှာ
မှတ်မိရန်ခက်ခဲလောက်အောင်ပင် ရှုံ့မဲ့နေပြီး နှိုင်းပြ၍မရနိုင်လောက်သည်အထိ ကြမ်းကြုတ်ခက်ထန်လာသည်။ ၎င်းမှာဒင်းကြောင့်ဖြစ်သည်။ အားလုံးက ဒင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ ဒင်းက တုချီအားသတ်ခဲ့သူဖြစ်ပြီး ဖျောင်ရှဂိုဏ်း၏ တပည့်ငါးရာကျော်ကိုလည်း
သတ်ပစ်ခဲ့သည့်သူဖြစ်သည်။
“သေလိုက်စမ်း”
ဝေ့ဖန့်က အော်ဟစ်လိုက်သည်။ သူတောင်စင်ဖျောင်ရှ၏ အကြွင်းအကျန်ဝိညာဉ်က ဝေ့ဖန့်၏ ခံစားချက်များအား လက်ခံရရှိသည်ပုံပေါ်သည်။ လင်းယုန်တစ်ကောင်က ကြက်ကလေးအား ဖမ်းဆီးရန်လာသကဲ့သို့ ၎င်းက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။ ၎င်း၏ ညာလက်တွင်ရှိနေသော အနက်ရောင်လက်ညိုးက နှိုင်းယှဉ်ပြ၍မရနိုင်သော
သိပ်သည်းကျစ်လစ်သည့် အနက်ရောင်အလင်းတို့တောက်ပနေပြီး ရုတ်တရက်အောက်သို့ ထိုးညွှန်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်က သွေးနီရောင်မီးတောက်တစ်
ခုအားထုတ်လွှတ်လိုက်ပြီး ၎င်းကမြေကွက်လပ်တစ်ခု
လုံးအားဖြတ်သန်းပျံ့နှံ့သွားကာ ဖျောင်ရှဂိုဏ်းမှတပည့်ငါးရာကျော်တို့၏ အလောင်းများအား လောင်ကျွမ်းသွားသည်။ သွေးနီရောင်မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် ဖျောင်ရှဂိုဏ်း၏တပည့်များမှာ ချက်ချင်းပဲ ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ မီးရှို့ပြာချခံလိုက်ရသည်။ ထို့နောက်တွင် ကောင်းကင်မီးတောက်က တပည့်များ၏ သိုလှောင်လက်စွပ်များနှင့် သွေးတို့ကို ယူဆောင်ပြီးရှစ်ဖုန့်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
ရှစ်ဖုန့်ကဘာကိုမျှအလာဟဿ
မဖြစ်စေရဟူသောစည်းမျဉ်းအတိုင်းပင် ၎င်းတို့၏အသက်စွမ်းအားများ
အားဆုံးရှုံးလိုက်ရပြီးနောက် ၎င်းတို့၏သေခြင်းစွမ်းအင်တို့နှင့်ဝိညာဉ်တို့အားဝါးမျိုခဲ့သည်။ပြင်းထန်စွာတောက်
လောင်နေသောသွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်ဆီသို့ပြန်
လည်ရောက်ရှိလာသည်။ ကောင်းကင်မီးတောက်က ကျင့်ကြံသူငါးရာကျော်တို့၏
သွေးကို ဝါးမျိုခဲ့သည်။
“ကောလဟာလတွေအရ ဒီပုဂ္ဂိုလ်ဟာ အပြစ်မဲ့တဲ့သူတွေကို အစုလိုက်အပြုံလိုက်သတ်ရတာကို တမင်ကို ကျူးလွန်တာတဲ့….သူ့လက်ထဲမှာသေရတဲ့သူတွေကလည်း ခွင့်လွှတ်ပေးမှုကိုမခံရဘူးတဲ့….
ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်ပုံပဲ….”
အဝေးမှနေ၍ တောင်ထိပ်ပေါ်ရှိ တိုက်ပွဲအားကြည့်နေသော
ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
ဖျောင်ရှဂိုဏ်း တပည့်ငါးရာကျော်တို့၏ သွေးအားဝါးမျိုပြီးသည့်နောက်တွင်
ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး သူတော်စင်ဖျောင်ရှ၏ အရှိန်အဝါက မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းကသူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည်။
အနက်ရောင်နတ်ဆိုးလက်ချောင်း၏ စွမ်းအားက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်အဆင့်သို့ မရောက်ရှိသေးသော်လည်း နီးကပ်နေပြီဖြစ်သည်။
သို့သော်ရှစ်ဖုန့်၏ အမူအယာကတော့ ပြောင်းလဲခြင်းမရှိ ရှိနေဆဲပင်ဖြစ်သည်။
သူက လူအိုကြီးတုချီ၏သေဆုံးမှုကို
အာရုံခံမိသည်ဖြစ်သည်။ တုချီ၏သေခြင်းစွမ်းအင်နှင့် ဝိညာဉ်အားဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန်ကသူ၏ကိုယ်ပေါ်ရှိ သွေးချပ်ဝတ်အား အသက်သွင်းလိုက်သည်။
ရုတ်တရက် ချပ်ဝတ်က မျက်စိကျိန်းလောက်သော
နတ်ဆိုးဆန်သည့် သွေးနီရောင်အလင်းတို့တောက်ပလာသည်။ မကြာခင်တွင်သိပ်သည်း
ထူထပ်သောသွေးနီရောင်အလင်းတစ်ခုက ပစ်လွှတ်သလိုထွက်သွားပြီး သူတော်စင်ဖျောင်ရှထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူတော်စင်ဖျောင်ရှနှင့် အနက်ရောင်နတ်ဆိုးလက်ချောင်းတို့မှာ
၎င်း၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ တိုက်ပွဲအားအဝေးမှနေ၍
စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ သွေးနီရောင်အလင်းတန်းအတွင်းရှိ အခြေအနေများအား မမြင်တွေ့နိုင်ကြပေ။ သူတို့အနေဖြင့် ဟင်းလင်းပြင်ထဲ၌ လွင့်မျောရပ်တည်နေဆဲဖြစ်ပြီး သူတော်စင်ဖျောင်ရှအား
ထိန်းချုပ်နေသည့် ဝေ့ဖန့်ကိုသာ မြင်တွေ့နိုင်သည်ဖြစ်ပြီး ရုတ်တရက်
ဝေ့ဖန့်က ပါးစပ်အပြည့်အနီရောင်
သွေးတစ်ပွက်အားအန်ထုတ်လိုက်ရသည်ကို တွေ့လိုက်ကြရသည်။
“သူမဒဏ်ရာရသွားပြီ…
ဝေ့ဖန့်တကယ်ကြီးကို ဒဏ်ရာရသွားပြီ… “
အချို့သောကျင့်ကြံသူများက ကြယ်နှစ်ပွင့်သူတော်စင်နယ်
ပယ်စွမ်းအားနှင့်နီးကပ်နေသော သူတော်စင်ဖျောင်ရှက သွေးနီရောင်အလင်း၏ထိမှန်ခြင်း
ကိုခံလိုက်ရပြီးသည့်နောက်တွင် ဝေ့ဖန့်က တကယ်ကြီး ထိခိုက်ဒဏ်ရာရသွားသည်ကို တွေ့လိုက်ကြရသည်။ ယင်းမှာ ဝေ့ဖန့်ထိန်းချုပ်နေသော ဖျောင်ရှသူတော်စင်၏ အကြွင်းအကျန်ဝိညာဉ်က သွေးနီရောင်အလင်းတန်းကြောင့် များစွာသောထိခိုက်ဒဏ်ရာများ ဖြစ်သွားသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ဝေ့ဖန့်အတွက်မူ သူမအနေဖြင့် တန်ပြန်ထိခိုက်မှုအားခံစားခဲ့ရခြင်းဖြစ်သည်။
“သူ့မျက်နှာပေါ်က အဲ့ပစ္စည်းကဘာလဲ”
အချို့သောကျင့်ကြံသူများက ရုတ်တရက်ရှစ်ဖုန့်၏ မျက်နှာထက်ရှိ ငိုခြင်းရယ်ခြင်းပုံစံရှိသော တစ္ဆေမျက်နှာဖုံးတစ်ခုအား တွေ့လိုက်ကြရသည်။မျက်နှာဖုံး
အားသူတို့တွေ့လိုက်ရသောအခါတွင်
၎င်းက ထူးဆန်းသည်ဟုခံစားရပြီး သူတိ့၏ဆံပင်များအား အဆုံးထိ ထောင်မတ်သွားစေသည်။
သူတော်စင်ဖျောင်ရှတစ်ဟုန်ထိုး ထိုးဆင်းလာသောအခါတွင် နတ်ဆိုးလက်ချောင်းအားခုခံရန်အတွက် ရှစ်ဖုန့်က သွေးနီရောင်ချပ်ဝတ်ပေါ်ရှိ အလင်းတန်းကိုသာ အသုံးပြုခဲ့ရုံမက အကြွင်းအကျန်ဝိညာဉ်၏အပေါ်တွင် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို
လည်းအသုံးပြုခဲ့သည်။
ရှစ်ဖုန့်၏ဝိညဉ်စွမ်းအားက အဆင့်ခြောက်အစောပိုင်းသို့
ရောက်ရှိနေခဲ့ပြီးဖြစ်သည်။တစ္ဆေမျက်နှာဖုံးအားဝတ်ဆင်ပြီးသည့်နောက်တွင် သူ၏ ဝိညာဉ်စွမ်းအားက အဆင့်သေးလေးတစ်ခု
တိုးတက်သွားခဲ့သည်။ တုန်လှုပ်စေခြင်းနှင့်အတူ သူက အကြွင်းအကျန်ဝိညာဉ်အား တိုက်ရိုက်ဒဏ်ရာရစေခဲ့သည်။
ချက်ချင်းပဲ ငရဲဘုံကိုးခု ပညာရပ်အား စတင်၍ လှည့်ပတ်လိုက်ပြီး အကြွင်းအကျန်ဝိညာဉ်အား ဝါးမျိုလိုက်သည်။ မည်သူမျှ ဖောက်ထွင်းမမြင်နိုင်သော သွေးနီရောင်အလင်းတန်းအတွင်းတွင် သူတော်စင်ဖျောင်ရှ၏ အကြွင်းအကျန်ဝိညာဉ်မှာ စတင်၍ တွန့်လိမ့်လာပြီး အစိမ်းရောင်မီးခိုးအမျှင်စုလေး
တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းကရှစ်ဖုန့်ထံသို့အရှိန်အ
ဟုန်ဖြင့်ရောက်ရှိလာခဲ့ပြီးနောက်
ရှစ်ဖုန့်၏ မျက်ခုံးနှစ်ခုကြား
သို့စုပ်ယူခံလိုက်ရပြီး သူ့ဝိညဉ်၏ အားဆေးတစ်ခုဖြစ်လာသည်။
ဤအချိန်၌ အမျိုးသမီးအိုကြီး ဝေ့ဖန့်မှာ အံ့ဩတုန်လှုပ်ကြောင်အမ်းအမ်းဖြစ်နေပြီး သွေးနီရောင်အလင်းတန်းထံသို့ ဗလာနတ္ထိစိုက်ကြည့်နေမိသည်။သူမ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။သွေးနီရောင်အလင်းတန်းအတွင်း၌ရှိနေသော ဖျောင်ရှသူတော်စင်၏ အကြွင်းအကျန်ဝိညာဉ်က သူမနှင့်ချိတ်ဆက်ထားမှု လုံးဝဆုံးရှုံလိုက်ရသည်ကိုသူမ
အာရုံခံမိလေသည်။ ၎င်းမှာ သူတော်စင်ဖျောင်ရှအနေဖြင့် ကွယ်ပျောက်သွားသကဲ့သို့ပင်ဖြစ်သည်။
ယင်းမှာ သူတော်စင်ဖျောင်ရှ၏ အကြွင်းအကျန်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တုချီက သူ၏အသက်စွမ်းအားအား သူမအတွက် လောင်ကျွမ်းစေခဲ့ပြီး အချည်းအနှီးသေဆုံးသွားခဲ့ရသည်။ ထိုထက်ပိုသည်ကား ဖျောင်ရှဂိုဏ်း၏ တပည့်ငါးရာကျော်သည်လည်း အချည်းအနှီးသေဆုံးသွားခဲ့ရသည်ဖြစ်သည်။
ဤရိုက်ချက်က သူမအတွက် လက်သင့်ခံနိုင်ရန်ခက်ခဲလေသည်။ သူမအနေဖြင့်ယင်းအားလုံး
ဝလက်သင့်မခံနိုင်ပေ။
“မဟုတ်ဖူး”
ဝေ့ဖန့်က သူမ၏လက်သည်း
များကိုဖွင့်ဟပြီး ဝေ့ယမ်းလိုက်ကာကောင်းကင်ထဲသို့ အော်ဟစ်လိုက်သည်။ သူမအနေဖြင့်လုံးဝယိုယွင်းပြိုလဲ
လုနီးနီးဖြစ်နေပြီဖြစ်သည်။
“ဝေ့ဖန့်ရူးသွားပြီ”
“ဝေ့ဖန့်တော့ ရူးသွားတဲ့ပုံပဲ…ဒီလိုသာဆိုရင်တော့..
ဆိုလိုတာက….”
“ထျန်းမြောင်အင်ပါယာမှာ နှစ်ထောင်ပေါင်းများစွာမြင့်မြင့်
မားမားနဲ့ရပ်တည်ခဲ့တဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ဖျောင်ရှဂိုဏ်းက ဒီမွန်းစတား ပါရမီရှင်ကြောင့်ဒီနေ့မှာ
ဒီလိုအခြေအနေမျိုးကို ကျရောက်သွားခဲ့တယ်…. အခြားတစ်ဖက်မှာတော့ ဒီမွန်းစတားပါရမီရှင်က တစ်လျှောက်လုံးကို တည်ငြိမ်နေခဲ့တယ်…. ကြည့်ရတာ သူ့ရဲ့ စွမ်းအားအပြည့်အဝကိုတောင်
မှသုံးခဲ့တဲ့ပုံမပေါ်ဘူး”
“တကယ့်ကို သူကသူ့ရဲ့ စွမ်းအားအကုန်အသုံးမပြုခဲ့ဘူး….
သူသွေးကျောက်ပြားကိုအသုံး
မပြုရသေးတာကို မင်းမမြင်ခဲဘူးလား..
သွေးကျောက်ပြားကိုအသုံးပြုတဲ့
အခါမှာရာသီဥတုတွေပြောင်းလဲသွားပြီး မြေပြင်ပါ တုန်ခါတယ်လို့ ဒဏ္ဍာရီရှိတယ်…အဲ့ကျောက်ပြားကမှ ဒီလူငယ်လေးရဲ့ ဝှက်ဖဲကဒ်ပဲ”
“နာရီအနည်းငယ်အတွင်းမှာ ဖျောင်ရှဂိုဏ်းကငါ့တို့ထျန်း
မြောင်အင်ပါယာကနေ ရှင်းလင်းခံရတော့မဲ့ပုံပဲ..
ဒီလိုမျိုးကြောက်လန့်ဖို့ကောင်းတဲ့ လူငယ်တစ်ယောက်မွေးဖွားလာမှုနဲ့အတူ အကယ်၍ဖျောင်ရွယ်ယွဲ့ရောက်လာခဲ့မယ်ဆိုရင်တောင် သူမမှာ ဒီရလဒ်ကိုပြောင်းလဲပစ်နိုင်မဲ့ စွမ်းအားမျိုးရှိမှာမဟုတ်ဖူး..
ငါတို့ထျန်းမြောင်အင်ပါယာရဲ့ သမိုင်းမှာ အနက်ရောင်သေခြင်းနတ်ဘုရားရဲ့နမည်က မှတ်တမ်းတင်ခံရလိမ့်မယ်”
“ရှစ်ဖုန့် …အနက်ရောင်သေခြင်းနတ်ဘုရား… ဟူး…သူဖျောင်ရှဂိုဏ်းက ဖျက်ဆီးပြီးတဲ့နောက်မှာ ဒီသွေးဆာပြီးရက်စက်တဲ့
လူငယ်ရဲ့နောက်ပစ်မှတ်က ဘယ်သူဖြစ်မလဲဆိုတာကိုငါလည်းမသိဘူး”
ထိုကျင့်ကြံသူ၏စကားက မရေတွက်နိုင်သောသူများအား နိုးနိုးကြားကြားဖြစ်သွားစေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE