← Chapters

ထွက်ခွာခြင်း

Vol. 28 Ch. 379

ထွက်ခွာခြင်း

Vol. 28 Ch. 379

အခန်း (၃၇၉) : ထွက်ခွာခြင်း

လော့ချန်က နိုးထလာပြီးသည့်နောက်တွင် စိတ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရင်း ခဏကြာ ကြောင်အမ်းနေမိသည်။ သူ မှတ်မိသည့် နောက်ဆုံးအရာက သူ သဘာဝလွန်အဆင့်ကို တက်လှမ်းဖို့အတွက် လိုအပ်နေသည့် သီးသန့်ဆေးပင်ကို ဝယ်ယူရန် လူတစ်ယောက်နှင့် သွားရောက်တွေ့ဆုံခြင်း ဖြစ်ပေသည်။ သို့သော်လည်း မမျှော်လင့်ထားသည့် တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့၏။

သူက ကိစ္စများကို ရှင်းရှင်းလင်းလင်း မှတ်မိဖို့ ကြိုးစားနေစဉ် သူ့စိတ်ထဲ မှတ်ဉာဏ်အမြောက်အများ ပြေးဝင်လာကာ သူ့ဆေးဝါးအဖွဲ့အစည်း၏ အဖွဲ့ခွဲသို့ သွားသည့်ရက်ကတည်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား ရှင်းပြနေလေသည်။

ထို့နောက်တွင် လော့ချန်က စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း တစ်စုံတစ်ယောက်က သူ့အစား နေထိုင်နေခဲ့သည့်အချက်ကို မည်သူကမှ သတိမပြုမိခြင်းက သူ့အား ဝမ်းနည်းစေလေသည်။

ထိုလူက သူ့ဘဝအား သူ့ထက်ပင် ပို၍ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့လေသည်။ သူ့မှတ်ဉာဏ်များမှတဆင့် လော့ချန်က သူ အောင်မြင်ရရှိခဲ့သည့် အရာများကို သိလိုက်သည်။

အတိအကျဆိုရလျှင် သူ့အိပ်မက်များနှင့် ရည်မှန်းချက်များက ပြီးပြည့်စုံသွားပြီး အားကောင်းကာ လေးစားခံရသည့် ဆေးဝါးပညာရှင် ဖြစ်နေပြီဖြစ်၏။ သူက သူ့ဆရာနှင့် ဆရာတူမောင်နှမများဆီမှလည်း လေးစားမှုကို ရရှိထားပြီး သူ့အစ်မ(၃)ကလည်း ခံစားချက်အချို့ ထုတ်ပြလာပြီ ဖြစ်၏။

နောက်ဆုံးတစ်ခုက ပြင်ပအကူအညီကြောင့် ဖြစ်သော်လည်း လော့ချန်အနေနှင့် အောင်မြင်ခဲ့ကြောင်း သိလေသည်။

မည်သို့ပင်ဆိုစေကာမူ သူက မပျော်ရွှင်ပေ။

အကြောင်းမှာ သူ့ဘဝကြီးကို သူ့ဆီမှ ခိုးယူသည့်အတွက် စော်ကားခံရသည်ဟု ခံစားလိုက်ရရုံသာမက သူက ထိုအရာအားလုံးကို သူကိုယ်တိုင် အောင်မြင်နိုင်အောင် လုပ်နိုင်ပါ့မလားဟု ဆက်တိုက် တွေးတောနေမိသည်။ သူက တစ်လျှောက်လုံး အလားအလာ ရှိခဲ့သော်လည်း ဘယ်သောအခါမှ သတိမပြုမိခြင်းလားဟုလည်း စဉ်းစားမိနေသည်။

ထို့ကြောင့် သူက ဝမ်ဝေ့၏ အောင်မြင်မှု အကြောင်းအရင်းကို နက်နက်နဲနဲ စဉ်းစားကြည့်ပြီး ကိစ္စတစ်ခုက သေချာသွားလေသည်။ ပင်ကိုစွမ်းရည် ဖြစ်၏။ ထိုအရာက ကြီးထွားနိုင်စွမ်း ရှိသည့် စွမ်းရည် ဖြစ်ပေသည်။

သို့သော်လည်း ထိုလူက သူ့ခန္ဓာကိုယ်အား ရယူပြီးသည့်နောက်တွင် ဤမျိုးဆက်၏ အငယ်ဆုံး သူတော်စင်အဆင့် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာနိုင်အောင်အထိ တိုးတက်အောင် လုပ်ပေးခဲ့သည်။

ငါဆိုရင်ရော ငါ့ပါရမီကို အဲလောက်အထိ လုပ်နိုင်မှာလား

သူ ရရှိလာသည့်အဖြေက မဖြစ်နိုင်ဘူးဟူ၍သာ ဖြစ်သည်။ သို့သော်လည်း လော့ချန်က ထိုအတွေးကို မြန်မြန်ဖယ်ရှားလိုက်သည်။ သူ့အနေနှင့် ပင်ကိုစွမ်းရည်အား ထိုမျှအထိ ရောက်ရှိဖို့ ဖြစ်နိုင်လေသည်။ ထိုအရာက သူ့တစ်ဘဝလုံး ကုန်ဆုံးမည်ဆိုလျှင်ပင် သူက အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထို့နောက် မီးတောက်ဧကရာဇ် စစ်ဆေးမှုအကြောင်းကို စဉ်းစားမိသွားသည်။ လော့ချန်က သူ့ပါရမီဖြင့် ပထမစစ်ဆေးမှုကို အောင်မြင်နိုင်ရုံမျှသာ ဖြစ်ပြီး ဘာဆုလာဘ်မှ ရရှိမည် မဟုတ်ကြောင်း သိလေသည်။

ပင်ကိုဆေးလုံး နည်းစနစ်အတွက်မူ သူ့အနေနှင့် ထိုသို့သော အရာမျိုးကို ဖန်တီးနိုင်စွမ်းရှိသည်ဟု မထင်မိပေ။ ပြောရလျှင် ထိုအရာများကို လက်တွေ့ပုံပေါ်လာအောင် လုပ်နိုင်ဖို့လည်း မဖြစ်နိုင်ပေ။

ထိုအရာအားလုံးကို နက်နက်နဲနဲ စဉ်းစားကြည့်ပြီးသည့်နောက်တွင် လော့ချန်က ကံကြမ္မာသည် မတရားကြောင်း ညည်းညူလိုက်သည်။ လူအများကြားရှိ ကွာခြားချက်က တစ်ခါတစ်ရံတွင် အရမ်းကို ကြီးမားလွန်းတတ်သည်။

သူက ပါရမီ မကောင်းကြောင်း လက်ခံထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း သူက အလုပ်ကြိုးစားမှု၊ လုံ့လစိုက်ထုတ်မှုဖြင့် ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားဆဲ ဖြစ်သည်။ ထိုအရာက မှန်ကန်သော်လည်း ပါရမီကောင်းသူများက သူ့လောက် အလုပ်ကြိုးစားနေလျှင် မည်သို့ဖြစ်မည်နည်း။

သူက သူတို့ကို ကျော်လွှားနိုင်ဦးမည်လား။

သူက သက်ပြင်းချပြီးသည့်နောက် မှတ်ဉာဏ်ထဲတွင် နောက်ထပ် သီးသန့်မှတ်ဉာဏ်တစ်ခု တွေ့လိုက်သည်။ ထိုအရာက သူ့အား စိတ်အခုစေဆုံး အရာဖြစ်၏။ ဤသည်က ဝမ်ဝေ့သည် သူ့အစ်မ(၃)အား စိတ်ကြွဆေးမှ ကယ်လိုက်သည့် မှတ်ဉာဏ် ဖြစ်၏။

လော့ချန်က အကယ်၍ သူသာ ထိုအခြေအနေတွင် ရှိနေလျှင် ထိုအဆိပ်ကို ခံနိုင်ရည် ရှိမည်မဟုတ်ဘဲ သူ့အစ်မ(၃)အား ထိခိုက်စေလိမ့်မည်။ သူမ အကြောင်းကို သိထားသောကြောင့် ထိုအရာကို လုပ်မိသွားသည်နှင့် သူမက တန်ဖိုးကို ထိန်းသိမ်းဖို့အတွက် သူ့အား လက်ထပ်ဖို့ ဆုံးဖြတ်လိမ့်မည်။

အရိုးသားဆုံးပြောရလျှင် လော့ချန်က ထိုအကြောင်းကို စဉ်းစားပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူသည် လန်လင်းနှင့် အမှန်တကယ် အခွင့်အရေး ရှိလာမည်ဟု တစ်ခါမှမတွေးခဲ့ဖူးသည့်အတွက် အဝေးမှ ကြည့်နေရုံနှင့် ကျေနပ်နေခဲ့သည်။ သို့သော်လည်း ထိုနည်းလမ်းဖြင့် သူမကို ရရှိနိုင်မည်ဆိုလျှင် သူ့အနေနှင့် ပျော်ရွှင်ရမည်လား၊ ဝမ်းနည်းရမည်လား မသိတော့ပေ။

နောက်ဆုံးတွင် လော့ချန်က သက်ပြင်းချလိုက်ပြီးနောက် သူ့ဂူထဲမှ သူစိမ်းအား ကြည့်လိုက်သည်။

ဝမ်ဝေ့က စက္ကန့်ပိုင်းအတွင်း အမျိုးမျိုး ပြောင်းလဲနေသည့် လော့ချန်၏ အမူအရာများကို ကြည့်နေသည်။ ထိုလူက အမူအရာပေါင်းစုံ ဖြတ်ကျော်နေသည်မှာ သိသာလှ၏။ ထို့ကြောင့် သူက သူ တည်ငြိမ်သည်အထိ စောင့်နေလိုက်သည်။

“ မင်း ဘယ်လိုနေသေးလဲ” သူက မေးလိုက်သည်။

“ ကျုပ်ကို သတ်မှာလား” လော့ချန်က ပြန်တုံ့ပြန်လိုက်သည်။

“ ငါသာ သတ်ချင်ရင် မင်း ဘယ်တော့မှ နိုးထလာမှာ မဟုတ်ဘူး” ဝမ်ဝေ့က သူ့အား သတ်ဖို့ ဘယ်သောအခါမှ မကြံစည်ထားသော်လည်း သူ လိုချင်သည့်အချိန် ရောက်ရှိပြီးသည့်နောက်တွင် ရှုပ်ထွေးသော အခြေအနေဖြင့် ထားရှိဖို့ စီစဉ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက လော့ချန်အား ချမ်းသာမှု၊ အဆင့်အတန်းနှင့် တာအိုလက်တွဲဖော်ပင် ပေးထားပြီ မဟုတ်ပါလော။ သူ့အနေနှင့် ထိုအရာအားလုံးကို ထိန်းသိမ်းဖို့က သူ့အားထုတ်မှုနှင့် စွမ်းဆောင်ရည်အပေါ်သာ မူတည်နေလေသည်။

သို့သော်လည်း မီးတောက်ဧကရာဇ် ပေါ်ထွက်လာမှုက သူ ထွက်သွားသည့်အခါ ပို၍ သတိထားဖို့ ပြုလုပ်နေလေသည်။ ထို့အပြင် သူ့အနေနှင့် ထိုသူသည် လော့ချန်အား စောင့်ကြည့်နေလားဟု သိချင်မိ၏။

“ အဲဒါဆိုတော့ ကျုပ် အသိစိတ်ကို ဘာလို့နှိုးလိုက်တာလဲ”

“ ငါ ဘယ်သူလဲဆိုတာကိုသိလား” ဝမ်ဝေ့က မေးလိုက်သည်။

“ ခင်ဗျားက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေခံသားတော်ပဲ” လော့ချန်က သူ့ဆရာသည် ကျောင်းတော်ပြိုင်ပွဲအား ကြည့်ဖို့ အတင်းဖိအားပေးခဲ့ဖူးသည်။ ထိုအရာထဲတွင် ကျီစုန့်နှင့် နောက်ဆုံးတိုက်ပွဲလည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် သူက ခဲဖြူရောင် ဆံပင်နှင့် မျက်ဝန်းပိုင်ရှင်အား မှတ်မိလေသည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ မင်းကို ရှင်းပြရမဲ့ ကိစ္စတချို့ရှိတယ်။ ငါ ထွက်သွားပြီးတဲ့နောက်မှာ မင်းဆရာကို ငါ့အကြောင်း အပါအဝင် မင်းတို့ဂိုဏ်းကနေ ဧကရာဇ်ကျမ်း ခိုးယူ အဟမ်း… ငှားယူခဲ့တဲ့ကိစ္စကိုလည်း အမှန်အတိုင်း ပြောလို့ရတယ်။ ပြီးတော့ ငါက သူ့အပေါ် ကံကြမ္မာဝဋ်ကြွေး ရှိထားတယ်လို့ ပြောလိုက်။ ငါ မဟာဧကရာဇ် ဖြစ်လာတာနဲ့ သူ့ဆီ ပြန်ပေးဆပ်မယ်”

“ တကယ်လို့ ခင်ဗျားက မဟာဧကရာဇ် ဖြစ်မလာခဲ့ရင်ရော” လော့ချန်က ရုတ်ချည်းမေးလိုက်သည်။ ထို့နောက် သူ့စကားများအား နောင်တရသွားလေ၏။ သူ့ ရှေ့မှ လူသည် လက်တစ်ချောင်းဖြင့် သူ့အား သတ်နိုင်စွမ်း ရှိသောကြောင့် သူ့စကားများက သူ့အား ဒေါသထွက်သွားစေခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။

“ ဒီလိုဆိုရင် တာအိုအခွင့်အလမ်းဂိုဏ်းက တာအိုဝဋ်ကြွေးကို ပြန်လည်ပေးဆပ်လိမ့်မယ်။ နောင်ကျရင် မင်းတို့ ဂိုဏ်းက တစ်ခုခုလိုတာနဲ့ သူတို့က ကူညီပေးလိမ့်မယ်”

လော့ချန်က ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။

ထို့ကြောင့် ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ ပြီးတော့ မင်းရဲ့ဆရာက ငါက ဒီကျမ်းတွေအကြောင်းကို တခြားလူကို မပြောဘူးဆိုတာကို ကတိပေးတယ်လို့ပြောလိုက်” ဝမ်ဝေ့က ခေတ္တမျှတုံ့ဆိုင်းပြီး ထပ်ပြောလိုက်သည် “ နောက်ထပ် တစ်ယောက်တော့ ပါသေးတယ်။ သူမကလည်း သူမရဲ့ မျိုးဆက်အပါအဝင် ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဘူးဆိုတာ ကျိန်ဆိုထားလိမ့်မယ်”

သူက ကံကြမ္မာဝဋ်ကြွေးကြီး တစ်ခု ရှိထားပြီဖြစ်သည့်အတွက် အနည်းငယ်လောက် ထပ်တိုးလိုက်သည်က ကိစ္စမရှိပေ။

လော့ချန်က သူ မည်သူ့ကို ရည်ညွှန်းသည်မှန်း နားမလည်သည့်အတွက် စိတ်ရှုပ်ထွေးနေမိသည်။ သို့သော် သူက ထိုကိစ္စကို မသိသည့်အတွက် ဘာမှမတွေးနိုင်ပေ။

ဝမ်ဝေ့၏ ကတိအတွက်မူ သူက ယုံကြည်လေသည်။

သူ့လို ကောင်းကင်ရွေးချယ်ခံများက ကတိစကားကို အတည်တကျ မှတ်ယူကြပြီး ချိုးဖောက်ခြင်းက သူတို့၏ စိတ်အခြေအနေနှင့် ဧကရာဇ်လမ်းစဉ်ကိုပင် အဆိုးဘက်မှ လွှမ်းမိုးသက်ရောက်ခံရနိုင်သည်။

ဝမ်ဝေ့က သူ့အား ကိစ္စတချို့ ရှင်းပြပြီးသည့်နောက်တွင် နောက်ရက်သတ္တပတ် အနည်းငယ်အထိ လော့ချန်အား သူ့ ပင်ကိုစွမ်းရည် အသုံးပြုပုံနှင့် သူတော်စင်အဆင့် ဆေးဝါးဖော်စပ်မှုများအကြောင်း သင်ပြပေးလိုက်သည်။

ဤနည်းဖြင့် သူ ထွက်သွားပြီးသည့်နောက်တွင် မည်သူကမျှ မူမမှန်မှုကို သတိထားမိမည် မဟုတ်ပေ။ ထိုဖြစ်စဉ်အတွင်း အရာအားလုံးက ချောမွေ့နေလေ၏။ အချိန်တိုအတွင်း လော့ချန်က သူ့ခန္ဓာကိုယ်နှင့် မြန်မြန်နေသားကျသွားပြီး သူ လိုအပ်သည့်အရာများကို သင်ယူနိုင်ခဲ့သည်။

သူတော်စင်အဆင့် ဆေးလုံးဖြစ်စေ သို့မဟုတ် ပင်ကိုဆေးလုံး နည်းစနစ်ကို အသုံးပြုခြင်းဖြစ်စေ သူက မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွားလေသည်။ ထိုအရာက နှစ်များစွာ လေ့ကျင့်ထားသော ကြွက်သားများ အသားကျနေသည့် ခန္ဓာကိုယ်ကြောင့် မကပေ။ မီးတောက်ဧကရာဇ်ကြောင့် သူ့ ပါရမီမြင့်တက်မှုလည်း အပါအဝင် ဖြစ်၏။ လော့ချန်၏ ပါရမီက ယခုအခါ ဖူချိုက်ယွင်ထက် မသာလျှင်ပင်  ယှဉ်နိုင်နေပြီ ဖြစ်၏။

ထိုသင်ကြားမှု ဖြစ်စဉ်အတွင်း ဝမ်ဝေ့က လော့ချန်၏ ခန္ဓာကိုယ်အား တိတ်တဆိတ် စစ်ဆေးသော်လည်း ဘာမှမတွေ့ရှိပေ။ သူ့ အသိစိတ်ပင်လယ်ကို တိတ်တဆိတ် စစ်ဆေးပြီးသည့်နောက်တွင်ပင် မီးတောက်တစ်သောင်း ပညာရပ်က စည်းပိတ်ထားဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့အဆင့်ဖြင့် စံပြတစ်ယောက်၏ အကွက်ချမှုကို မှန်းဆဖို့အတွက် အလကား ဖြစ်နေသည်။ ထို့ကြောင့် သူက လော့ချန်အဖြစ် နောက်ဆုံးတစ်ကြိမ် ပြောင်းလိုက်ပြီးနောက် မူလဆေးလုံးတာအိုဂိုဏ်းမှ ထွက်လာလိုက်သည်။

သူက ဆေးလုံးအဖွဲ့အစည်း တည်ရှိရာမြို့သို့ ရောက်ရှိသည့်အခါ ထိုလူဆီမှ ကွဲထွက်လိုက်သည်။ ထိုဖြစ်စဉ်အတွင်း အနီးနားမှ တိတ်တဆိတ် စောင့်ရှောက်ပေးသည့် အစစ်အမှန်အုပ်ချုပ်သူပင် ဘာမှသတိမထားမိလိုက်ပေ။ နောက်ဆုံးတွင် ဝမ်ဝေ့က ကြုံရာကျပန်း ဆေးဝါးပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲကာ မူလဆေးလုံးတာအိုဂိုဏ်း၏ ပိုင်နက်ထဲမှ ထွက်လာလိုက်သည်။

ထိုစဉ် လော့ချန်က ဂိုဏ်းသို့ အမြန်အဆန် ပြန်သွားလေသည်။ သူက ဖူချိုက်ယွင်သည် သူ့အား လုပ်ကြံဖို့ အကွက်ချထားကြောင်း သိလေသည်။ အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်က သူ့အား တိတ်တဆိတ် ကာကွယ်ပေးနေသည်ဟု အကြောင်းကြားထားသော်လည်း လော့ချန်က ဂိုဏ်းအတွင်း၌သာ ဘေးကင်းသည်ဟု ခံစားရသည်။

ဂိုဏ်းအတွင်း ပြန်လာပြီးသည့်နောက်တွင် သူ့ဆရာအား သွား၍ တွေ့ဆုံလိုက်သည်။ သို့သော်လည်း သူ့ဆရာက နောက်တစ်ပတ်အထိ သီးသန့်လေ့ကျင့်နေမည် ဖြစ်ကြောင်း သတင်းကို ရရှိလိုက်ရ၍ သူ့ဂူသို့သာ ပြန်လာလိုက်သည်။

သူထိုနေရာသို့ ရောက်ရှိသည်နှင့် တရားထိုင်ကာ အသိစိတ်ပင်လယ်အတွင်းမှ အတားအဆီးကို စစ်ဆေးကြည့်လိုက်သည်။ ထူးထူးဆန်းဆန်း သူ အတားအဆီးကို ထိလိုက်သည်နှင့် တခြားသော သတင်းအချက်အလက်များနှင့်အတူ မီးတောက်တစ်သောင်း ပညာရပ်ကို လက်ခံရရှိလိုက်သည်။

ထိုအရာကို နားလည်အောင် ကြိုးစားပြီးနောက် လော့ချန်က တုန်လှုပ်မှုအပြည့်ဖြင့် မျက်လုံးပွင့်လာသည်။

“ တာအိုသက်သေပြ ဆေးလုံးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

All Chapters