← Chapters

ရှေ့ဆက်ရမည့် လမ်းစဉ်

Vol. 28 Ch. 381

ရှေ့ဆက်ရမည့် လမ်းစဉ်

Vol. 28 Ch. 381

အခန်း (၃၈၁) : ရှေ့ဆက်ရမည့် လမ်းစဉ်

“ ဒီကိုလာရတာ ဝမ်းမြောက်စရာပါပဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သောကြောင့် ကုအန်းက အနည်းငယ် ရှက်ရွံ့မိသွားသည်။ ကံကောင်းစွာဖြင့် သူမဂိုဏ်းနှင့် သူမဘာသာ အရှက်မရစေရန် အမူအရာအား အလျှင်အမြန် ထိန်းချုပ်နိုင်ခဲ့၏။

စကားအပြန်အလှန် ပြောဆိုပြီးသည့်နောက်တွင် ကုအန်းက ဝမ်ဝေ့အား ထာဝရအိပ်မက်ဂိုဏ်း တည်ရှိသည့် တောင်ပေါ်သို့ ခေါ်သွားလေသည်။

ဝမ်ဝေ့က တောင်ပေါ်သို့ ခြေချလိုက်သည်နှင့် ထူးထူးဆန်းဆန်းအရာကို ခံစားမိကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သို့သော် သူက ဘာမှရှာမတွေ့ဘဲ သူ့ ခံစားချက်က မှားယွင်းနေသည်လားဟုပင် တွေးမိသွားသည်။ ထို့ကြောင့် သူက အစစ်အမှန် အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ့မျက်ဝန်းအထက် အံ့အားသင့်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

“ ဒါက အိပ်မက်ကမ္ဘာလား” သူက မေးလိုက်သည်။

“ အမွေခံသားတော် … ရှင် သတိပြုမိတယ်လား” ကုအန်းက တအံ့တဩဖြင့် မေးလိုက်သည်။

ထာဝရအိပ်မက်ဂိုဏ်း တစ်ခုလုံးက အိပ်မက်ကို ပုံပေါ်ထားခြင်း ဖြစ်၏။ အတိအကျဆိုရလျှင် တစ်စုံတစ်ယောက်က အိပ်မက်ကမ္ဘာကို ဖန်တီးကာ လက်တွေ့အဖြစ် ပုံဖော်ထားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် တောင်ပေါ်ရှိ အဆောက်အဦးများသည် တကယ့်အစစ်အမှန် မဟုတ်ဘဲ အိပ်မက်ရုပ်လုံးကြွတစ်ခုသာ ဖြစ်၏။

ထိုအဆောက်အဦးများသာ မကပေ။ အသေအချာ လေ့လာကြည့်ပါက ဂိုဏ်းအတွင်း တောင်တန်းများနှင့် ပိုင်နက်အားလုံးသည်လည်း အိပ်မက်ပုံရိပ်သာ ဖြစ်ကြသည်။ ထို့အပြင် ပတ်ဝန်းကျင်၌ အိပ်မက်စွမ်းအားကို နေရာအနှံ့တွေ့နေရပြီး ဂိုဏ်းသားများအား အိပ်မက်တာအိုကို မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်အောင် ကူညီပေးနေပြီး သူတို့၏ တိုက်ခိုက်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းများကို တိုးမြှင့်ပေးနေသည်။

ဝမ်ဝေ့က အတွေးတစ်ချက်ဖြင့် ပတ်ဝန်းကျင်မှ အိပ်မက်စွမ်းအားကို စုစည်းကာ သူ့လက်အတွင်း ထည့်သွင်းလိုက်သည်။ ရုတ်ချည်းဆိုသလို သူ့လက်က နတ်ဆိုးလက်အဖြစ် ပြောင်းလဲသွား၏။ အိပ်မက်စွမ်းအားသည် စိတ်မှ ကူးစက်ပုံပေါ်ခြင်း ဖြစ်၏။ အိပ်မက်ထဲတွင် အလိုရှိသမျှ အရာအားလုံးကို ပုံဖော်နိုင်လေသည်။ ထို့ကြောင့် သူ့လက်မောင်းအား နတ်ဆိုးလက်မောင်းအဖြစ် ဖြစ်စေလိုသောကြောင့် ဖြစ်လာခြင်း ဖြစ်၏။

ထို့နောက် သူက အိပ်မက်စွမ်းအားကို ထိန်းချုပ်ကာ တခြားသော အရာများအား ကြိုးစားကြည့်လိုက်သည်။ ပထမဦးစွာ သူက ကျောက်တုံး၊ ပန်းပွင့်၊ သစ်သား၊ ဓားကဲ့သို့ ရိုးရှင်းသည့်အရာများကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူက ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အိမ်များ၊ တောင်တန်းများ၊ မြစ်များနှင့် လူများကဲ့သို့ ရှုပ်ထွေးသည့် အရာများကိုပင် စတင်ပုံဖော်ခဲ့သည်။

ထိုစဉ် ကုအန်းနှင့် ထာဝရအိပ်မက်ဂိုဏ်းရှိ တခြားလူများက တအံ့တဩ အမူအရာမျိုး ဖြစ်နေကြလေသည်။ ဂိုဏ်းအတွင်း တည်ရှိတည့် အိပ်မက်စွမ်းအားက တပည့်များအား ကူညီဖို့ ရှိနေသော်လည်း သူတို့ မြင်ရုံဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။

ထိုသို့ လုပ်ဖို့ရာအတွက် နှစ်များစွာ လေ့ကျင့်မှုနှင့် လေ့လာမှုတို့ လိုအပ်ပေသည်။ ထိုအရာက သူတို့၏ သူတော်စင်မလည်း အပါအဝင်သာ ဖြစ်၏။ သို့သော် အိပ်မက်တာအိုကို မလေ့လာဖူးသည့် ကြုံရာကျပန်း လူတစ်ယောက်က သူတို့ဂိုဏ်းသို့ ရောက်လာကာ အိပ်မက်စွမ်းအားကို သူ့အိမ်ကဲ့သို့ ထိန်းချုပ်နေလေသည်။ ဤသို့သော ပါရမီမျိုးက အမှန်တကယ် ကြောက်ဖို့ကောင်းလှပေသည်။

“ အော် သိပြီ။ ဒီအိပ်မက်ကမ္ဘာကလည်း တကယ်တော့ အစီအရင်တစ်ခုပါပဲလား” ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်ကို လျစ်လျူရှုထားရင်း စိတ်နစ်မြောနေလေသည်။

ထိုစဉ် သူက အိပ်မက်များမှ ဖန်တီးထားသည့် ဖန်ဆင်းမှုစွမ်းအားကို သဘောကျမိပြီး သူ့ကံကြမ္မာစွမ်းအားကို ထိုသို့လုပ်နိုင်မည်လားဟု စဉ်းစားနေမိသည်။

သူ ရရှိလာသည့်အဖြေကား အကြွင်းမဲ့လုပ်နိုင်ခြင်းသာ ဖြစ်၏။

အကယ်၍ သူသာ အရာအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ခဲ့လျှင် သူ့အတွက် အရာများကို ဖန်တီးဖို့အတွက် အလွန်လွယ်ကူပေလိမ့်မည်။ သို့သော်လည်း ဤသည်က ကံကြမ္မာ၏ စွမ်းအားအစစ်အမှန်တော့ မဟုတ်ပေ။

အကယ်၍ တစ်ရက်ကျ သူသာ မဟာတာအို အားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။ ထိုအခါ စည်းမျဉ်းအားလုံး၊ တာအို သို့မဟုတ် တည်ရှိနေသည့် သဘောတရား အားလုံးက သူ့စိတ်တိုင်းကျ ပြောင်းလဲလှုံ့ဆော်ပေးနိုင်သည့် ရုပ်သေးရုပ်များမှအပ ဘာမှထူးခြားမည် မဟုတ်တော့ပေ။

ထိုစဉ် သူက တည်ရှိမှု သဘောတရားထက် ကျော်လွန်သွားသည့် တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။

ထိုအရာကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့က သူ့ရှေ့ဆက်ရမည့် လမ်းစဉ်ကို ရုတ်ချည်း သဘောပေါက်သွားသည်။ တစ်ရက်ကျ သူက သူ့ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်ပြီး အနှောင်အဖွဲ့ကင်း လွတ်မြောက်ဖို့ အတွေးကို တွေးမိသွားသည်။

သူက သူ့ပုခုံးမှ ဝန်ထုပ်ကြီး ပေါ့သွားပြီး စိတ်ဝိညာဉ်ကလည်း ကြယ်တစ်လုံးကဲ့သို့ တောက်ပလာသည်ကို ခံစားမိလိုက်သည်။ သူ့အနေနှင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ဖို့အတွက် ရှိနေသည့် စိတ်ပူပန်မှုအားလုံးက ကင်းစင်သွားလေသည်။

သူက ရှေ့ဆက်ရမည့် လမ်းစဉ်အပေါ် နားလည်မှုသည် နောက်အဆင့် တက်လှမ်းနိုင်ချေအား ဆယ်ရာခိုင်နှုန်း တိုးမြှင့်သွားစေကြောင်း သိလိုက်၏။ အကယ်၍ သူ့စံပြဝိညာဉ် အရည်အသွေး ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ယခုချက်ချင်းဆိုသလို သူ့ဝိညာဉ်အား ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်။

“ အမွေခံသားတော် ဉာဏ်အလင်းပွင့်သွားတဲ့အတွက် ဂုဏ်ယူပါတယ်” ကုအန်းက အားကျစွာ ပြောလိုက်သည်။ ထိုလူများ၏ အသိဖြင့် ဝမ်ဝေ့သည် ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားကြောင်း ပြောနိုင်လေသည်။ သူ့အရှိန်အဝါက အားကောင်းလာရုံသာမက မိုးမြေနှင့် အလွယ်တကူ ပေါင်းစပ်သွားသောကြောင့် သူ့အနေနှင့် အတော်အတန် အကျိုးအမြတ် ရရှိလိုက်လိမ့်မည်။

“ ကျေးဇူးပါ”

“ မင်း အိပ်မက်တာအိုကို လေ့ကျင့်ဖို့ တွေးဖူးလား။ မင်းက အရမ်းကို ပါရမီထူးချွန်တယ်” ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

“ ချန်ရှီရှန်း … မင်းက ငါတို့ အမွေခံသားတော်ကို ခိုးချင်နေတာလား” ယန်းချန်က ထိုလူအား ကြည့်ရင်း ပြောလိုက်သည်။

“ ကျွန်မက ဒီအတိုင်းပြောရုံပါ။ သူ့ပါရမီနဲ့ အိပ်မက်တာအိုကို မလေ့ကျင့်တာ အရမ်းကို နှမြောဖို့ ကောင်းလွန်းတယ်။”

“ ငါတို့သခင်လေးက ဘာမဆို အကုန်ထူးချွန်တယ်။ အိပ်မက်တာအိုက သူ ထူးချွန်တဲ့ အရာထဲကတစ်ခု ဖြစ်နေရုံပဲ”

ချန်ရှီရှန်းက ထိုအရာကို ကြားပြီး သီးလုမတတ် ဖြစ်သွားလေသည်။ ဤကမ္ဘာ၌ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ထူးချွန်နေဖို့ ကောင်းချီးပေးခံထားရသည့် ပါရမီရှင်များစွာ ရှိခဲ့ဖူးလေသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေခံသားတော်က တစ်ဦးတည်းဖြစ်နေမည် မဟုတ်သလို နောက်ဆုံးဖြစ်နေမည်လည်း မဟုတ်ပေ။

ထို့ကြောင့် ချန်ရှီရှန်းက ထိုအကြောင်းကို ထပ်မပြောတော့ဘဲ သက်ပြင်းချလိုက်သည်။

ဝမ်ဝေ့အတွက်မူ သူက အစစ်အမှန်အုပ်ချုပ်သူ ယန်းချန် ပြောသလောက် ပါရမီကောင်းသည်ဟု မထင်မိပေ။ သူ အိပ်မက်စွမ်းအားမှ အရာများစွာ ဖန်တီးနိုင်သည့် အကြောင်းအရင်းမှာ သူ့ဝိညာဉ်က အိပ်မက်စွမ်းအားကို ထိန်းချုပ်ဖို့ အလွယ်တကူ ထိန်းချုပ်ဖို့ အားကောင်းနေ၍ ဖြစ်သည်။

ဒုတိယအနေဖြင့် ပတ်ဝန်းကျင်တွင် အိပ်မက်စွမ်းအား ပေါကြွယ်ဝနေပြီး ထိန်းချုပ်ဖို့ ခုခံနေခြင်း မရှိပေ။ အထူးသဖြင့် ဂိုဏ်း၏ မဟာအကြီးအကဲက တပည့်များအား ကူညီဖို့ လုပ်ဆောင်ထားဟန်ပေါ်သည်။

ဝမ်ဝေ့အနေဖြင့် ထိန်းချုပ်ဖို့ရာအတွက် အိပ်မက်စွမ်းအားကို ထုတ်လွှတ်နေဖို့ မလိုအပ်ပေ။ ထို့ကြောင့် ဖြစ်စဉ်က ပို၍ ရိုးရှင်းလေသည်။

နောက်ဆုံးအနေဖြင့် သူ ဖန်တီးထားသည့် ပစ္စည်းများက တကယ့်အရာနှင့် တူသော်လည်း အနှစ်သာရ ကင်းမဲ့နေလေသည်။ နမူနာအားဖြင့် သူ ဖန်တီးထားသည့် လူများတွင် လူသားသွင်ပြင်သာ ရှိပြီး စိတ်ဝိညာဉ် သို့မဟုတ် လူသားအစစ်အမှန်၏ ဝိညာဉ်မျိုး မရှိပေ။

ထိုသို့သော အဆင့်မျိုးကို ဖန်တီးနိုင်မှသာ အိပ်မက်စွမ်းအားကို ထိန်းချုပ်နိုင်သည်ဟု သတ်မှတ်နိုင်လိမ့်မည်။ ဝမ်ဝေ့အနေဖြင့် သူ့ထက် အချိန်တိုအတွင်း ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည့် လူတစ်ယောက်ကို သိလေသည်။ ထိုလူက ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း တွေ့ရှိခဲ့သည့် သုံ့လီဖန်း ဖြစ်၏။ သူမ၏ အိပ်မက်သဏ္ဌာန်ဝိညာဉ်ဖြင့် ဂိုဏ်း၏ အိပ်မက်နေရာက သူမအတွက် ကောင်းကင်ဘုံတမျှ ဖြစ်နေလိမ့်မည်။

ဝမ်ဝေ့က သူမတွင် ကျင့်ကြံဆင့် မရှိလျှင်ပင် အိပ်မက်ကမ္ဘာအတွင်း ရှိနေပြီး ထိုသို့သော ပေါကြွယ်ဝသည့် အိပ်မက်စွမ်းအားများဖြင့် သူတော်စင်အဆင့်အား တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လိမ့်မည်။ သူမ၏ သေမျိုးခန္ဓာကိုယ်က ရေရှည်ခံနိုင်မည် မဟုတ်သော်လည်း မိနစ်ပိုင်းအကြာတော့ တိုက်ခိုက်နိုင်လိမ့်မည်။

“ ကျုပ် တာအိုက သတ်မှတ်ပြီးပြီဆိုတော့ အခုချိန် ပြောင်းဖို့ နောက်ကျနေပါပြီ။ ဒါပေမဲ့ အိပ်မက်နဲ့ ပတ်သက်ပြီး ဉာဏ်ကွန့်မြူးမှုတချို့တော့ ရလိုက်တယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဂိုဏ်းက ကျမ်းတချို့နဲ့ အိပ်မက်အကြောင်း သဘောတရားတွေကို ဖတ်ကြည့်လို့ရမလား”

ဝမ်ဝေ့က ထိုစကားများအား လောကွတ်ချော်ကာ ပြောလိုက်ခြင်း မဟုတ်ပေ။ ဤအိပ်မက်ကမ္ဘာကို မြင်တွေ့ပြီးသည့်နောက်တွင် မဟာဧကရာဇ် ဖြစ်လာပြီးနောက် သူ့အစီအစဉ်တစ်ခုအား ကူညီပေးနိုင်ကြောင်း သဘောပေါက်သွားလေသည်။ ထို့ကြောင့် သူက နောင်အတွက် အခြေခံအုတ်မြစ် ကြိုချထားလိုသည်။

ချန်ရှီရှန်းက ဝမ်ဝေ့၏ တောင်းဆိုချက်အား သဘောတူလာလေသည်။ ပြောရလျှင် ထိုကိစ္စက ကြီးကြီးမားမား မဟုတ်ပေ။ ထိုလူက သူတို့ဂိုဏ်း၏ ကျင့်စဉ်များ တောင်းဆိုနေခြင်း မဟုတ်ဘဲ အတိတ်မှ ဘိုးဘေးများနှင့် ပညာရှင်များ၏ ကျမ်းများကိုသာ ဖြစ်၏။

ဤသို့သော အရာမျိုးက အဖိုးတန်သော်လည်း လဲလှယ်ရလောက်အောင်အထိ မဟုတ်ပေ။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ဖြစ်ပြီး ကျမ်းများ အပါအဝင် ကျင့်စဉ်များကိုပင် လဲလှယ်ထားကြောင်း ထည့်မပြောရသေးပေ။

ထို့ကြောင့် အဖွဲ့က ဝမ်ဝေ့အား ဂိုဏ်းချုပ်နှင့် တွေ့ဖို့ ခေါ်ဆောင်သွားလေသည်။ ဤသည်က ထန်ကျစ်ချန်းဟု အမည်ရှိသည့် မိန်းမလှတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးက ကောင်းမွန်သည့် စကားဝိုင်းရှိခဲ့သော်လည်း ဝမ်ဝေ့က ဂိုဏ်းချုပ်သည် အမြဲလိုလို သူ့အဖေအကြောင်းကိုသာ မေးနေသည်ကို တိတ်တဆိတ် သတိထားမိလိုက်၏။

အရှင်းဆုံးပြောရလျှင် ဝမ်ဝေ့က သူ့အဖေ၏ ဆွဲဆောင်မှုကို အံ့ဩမိလေသည်။ ကြည့်ရသည်မှာ သူ့မျိုးဆက်၏ မိန်းမလှတိုင်းက သူ့အပေါ် ကြွေသွားတာမျိုး သို့မဟုတ် ခံစားချက်တချို့ ရှိနေဟန်ပေါ်၏။

သူက သူ့အမေသည် နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာသည့်အတွက် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။ သူတို့က စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ယောက်ျားတစ်ယောက်ဆီ မည်သို့ ကျရှုံးသွားရသနည်း။

သူ့ကို ကြည့်လိုက်ပါဦး။ သူက သူ့အဖေထက် ပိုပြီးတော့ ရုပ်ချောတယ်။ သူ့အသက်အရွယ်ထက် ပိုပြီးတော့လည်း အားကောင်းတယ်။ ဒါပေမဲ့လည်း သူ့ကို ကြွေကျတဲ့ အမျိုးသမီးတွေဆိုတာ မမြင်ရဘူး …

သူ့မျိုးဆက်တိုင်းမှာရှိတဲ့ အမျိုးသမီးတွေအားလုံးက မဟာဧကရာဇ်ဖြစ်လာဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာပဲ အရမ်းကို အာရုံစိုက်ထားပြီးတော့ ရူးသွပ်လွန်းကြတယ် …

တခြားနည်းနဲ့ ပြောရရင် သူတို့က သူ့ကို သတ်ဖို့ နည်းလမ်းများကိုသာ တွေးနေကြလိမ့်မည်။

ဝမ်ဝေ့သည် ထိုအရာများသည် တရားမမျှတကြောင်း တွေးကာ ငိုချင်မိသွားသည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်နှင့် စကားပြောဆိုပြီးသည့်နောက်တွင် သူက အနားယူသည့်အခန်းသို့ ရောက်ရှိသွားလေသည်။

နောက်တစ်ရက်တွင် ကုအန်းက သူ့အား ကျမ်းခန်းမဆောင်သို့ လိုက်လံပို့ဆောင်၏။

All Chapters