စမ်းသပ်မှု
Vol. 28 Ch. 383
အခန်း (၃၈၃) : စမ်းသပ်မှု
သူမ၏ တပည့်က အလိုမရှိသည့်အပြင် အမွေခံသားတော်ကလည်း စိတ်မဝင်စားသည့်အတွက် ထန်ကျစ်ချန်းအနေဖြင့် ဖိအားမပေးတော့ပေ။ ပြောရလျှင် သူမတပည့် ပြောသည်ကလည်း မှန်ကန်ပေသည်။ သူမ၏ အပြုအမူများက ဂိုဏ်းနှစ်ခုကြားဆက်ဆံရေးကို သက်ရောက်မည် မဟုတ်ပေ။
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကျမ်းခန်းမဆောင်မှ ထွက်လာလေသည်။ သူက ပြန်ဖို့အချိန် ကျရောက်လာပြီ ဖြစ်ကြောင်း သိလိုက်၏။ သူ့အခန်းသို့ သွားနေစဉ် တပည့်များစွာက စုဝေးပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကြားလိုက်ရသည်။
သူက တပည့်များ၏ မျက်နှာထားမှ မပျော်ရွှင်ကြောင်း ပြောနိုင်လေသည်။ ထိုစဉ် သူတို့ရှေ့မှ ကုအန်းသည် စိတ်တိုနေဟန်ပေါ်၏။ တစ်ချိန်တည်းဆိုသလို စိတ်ကြီးဝင်ဟန်ပေါ်သည့် လူငယ်တစ်ဦးက အဖွဲ့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည်။
ချက်ချင်းဆိုသလို သူက ထိုလူကို တန်းမှတ်မိလိုက်သည်။
ထိုသူက ကျောင်းတော်၏ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးပွဲတွင် အဆင့် ၃၀မြောက် ရှောင်စုန့်ရှီ ဖြစ်၏။ သူက အထွတ်အထိပ်အဆင့် တိုင်းပြည်မှ ဖြစ်သော်လည်း သူ့ကို မွေးဖွားပြီးပြီးချင်း သူ့အမေအား စွန့်ပစ်သွားသည့် သူ့အဖေအရင်းကမူ ပင်လယ်မျိုးနွယ်မှ ဧကရာဇ်မျိုးဆက် ဖြစ်သည်ဟု ကောလဟာလများ ရှိဖူးသည်။ သို့သော်လည်း ထိုကောလဟာလများကို အတည်မပြုနိုင်သေးပေ။
ဝမ်ဝေ့က အဝေးမှ သူတို့ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်နေရင်း အခြေအနေကို အကဲခတ်နေသည်။ ရှောင်စုန့်ရှီက ကုအန်းအား သူ့ဇနီးဖြစ်လိုသော်လည်း သူမက ငြင်းဆန်ခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ သူက ဇွဲလုံ့လကောင်းလှပြီး သူမ၏ အာရုံကို ဖမ်းစားဖို့ ဟိတ်ဟန်ကြီးသည့် နည်းလမ်းကို အသုံးပြုခဲ့ပြီး သူမအား စိန်ခေါ်ခဲ့ပြီး ဖိနှိပ်ခဲ့သည်။ သူ့အနေဖြင့် စွမ်းအားကြီးကာ လွှမ်းမိုးနိုင်သည့် သဘာဝကို ပြသနိုင်သရွေ့ သူမက စိတ်ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်ထားလေသည်။ သူ့အတွက် ကံဆိုးသည်မှာ သူက သူမထက် အားကောင်းသော်လည်း ဤသည်က ထာဝရအိပ်မက်ဂိုဏ်း၏ ပိုင်နက် ဖြစ်ပေသည်။ ဂိုဏ်း၏ သူတော်စင်မ တစ်ယောက်အနေနှင့် သူမက နေရာမှ အိပ်မက်စွမ်းအား အမြောက်အများ ထိန်းချုပ်နိုင်သည့်သူလည်း ဖြစ်နေသည်။
ထို့ကြောင့် သူက ရှုံးနိမ့်သွားလေသည်။ အတိအကျဆိုရလျှင် သူက သေသည်အထိ ရိုက်နှက်ခံလိုက်ရသည်။ ကံကောင်းစွာဖြင့် ရှောင်စုန့်ရှီ၏ နာမည်က ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်ပေါ်တွင် ရေးထိုးထားသည့်အတွက် မသေနိုင်ပေ။
သူက ထိုအချက်ကို အသုံးချကာ ကုအန်းအား နေ့တိုင်းလိုလို ဆက်တိုက် စိန်ခေါ်နေပြီး သူ့မသေနိုင်စွမ်းဖြင့် သူမအား အနှောင့်အယှက်ပေးနေလေသည်။
ဝမ်ဝေ့က ထိုအခြေအနေကို သိကာ အဖွဲ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နေရာသို့ ပြန်သွားလေသည်။ ကုအန်းနှင့် မတူဘဲ သူက ကိစ္စများစွာကို မြင်တွေ့နိုင်ပြီး တွက်တတ်ချက်တတ်သည့် သဘာဝကို ပိုင်ဆိုင်ထားလေသည်။
စာအုပ်ထဲတွင် နာမည်ရေးထိုးထားပြီး အဆင့်အတန်း နိမ့်ကျသည့် ကောင်းကင်ရွေးချယ်ခံများက သူတို့၏ မသေနိုင်စွမ်းကို အသုံးပြုကာ နေရာတိုင်းတွင် ပြဿနာ လိုက်ရှာနေကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းတွင်ပင် လူတချို့က လာရောက်စိန်ခေါ်ခဲ့ပြီး လီကျွင်းက ဖြေရှင်းလိုက်ရသေးသည်။
ဤသည်က အသင်္ချေအင်ပါယာကမ္ဘာ၏ မျိုးဆက်များစွာတိုင် ဖြစ်ပေါ်နေသည့် ပုံမှန်ကိစ္စရပ် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူများကို သတ်ဖို့ မဖြစ်နိုင်သော်လည်း သူတို့ကို ဖြေရှင်းနိုင်သည့် နည်းလမ်းများစွာ ရှိနေသေး၏။
သူတို့နောက်မှ လူများအား ခြိမ်းခြောက်ကာ သူတို့ ကောင်းကောင်း ပြုမူလာအောင် သတိပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ထာဝရအိပ်မက်ဂိုဏ်းက ရှောင်စုန့်ရှီ၏ နောက်ကွယ်မှ အထွတ်အထိပ်တိုင်းပြည်ကို သွားရောက်ပြောလျှင် ထိုလူက ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်သည်။ သို့သော် ထိုသို့မဟုတ်လျှင် ဆိုလိုရင်းက သုံးခု ဖြစ်နိုင်သည်။ ပထမတစ်ခုက မဟာယဲ့တိုင်းပြည်က သူတို့ကို ထောက်ပံ့ပေးနေသည့် တစ်စုံတစ်ယောက် ရှိနေသောကြောင့် ထာဝရအိပ်မက်ဂိုဏ်း၏ သတိပေးချက်ကို မကြောက်ပေ။
နောက်ထပ် တစ်ချက်ကမူ ရှောင်စုန့်ရှီက မဟာယဲ့တိုင်းပြည်နှင့် ရင်ဆိုင်ဖို့ ဂိုဏ်း၏ လက်ကို ငှားထားလိမ့်မည်။ ဝမ်ဝေ့ သိထားသလောက် ထိုသူနှင့် သူ့အဖေ၏ ဆက်ဆံရေးက မကောင်းလှပေ။
နောက်ထပ်တစ်ခု ဖြစ်နိုင်ချေ ရှိသေး၏။ ဂိုဏ်းချုပ် ထန်ကျစ်ချန်းက ရှောင်စုန့်ရှီ၏ ပင်လယ်မျိုးနွယ်နှင့် ပတ်သက်မှုကို စိတ်ဝင်စားနေခြင်း ဖြစ်လိမ့်မည်။
ဝမ်ဝေ့က ရှောင်စုန့်ရှီအား အကြောင်းအရင်းတချို့ကြောင့် စိတ်ဝင်စားမိသော်လည်း ယခုအချိန်ကား တွေ့ဆုံဖို့ အကောင်းဆုံး မဟုတ်သေးပေ။
ထို့ကြောင့် ညပိုင်းတွင် သူက ကုအန်း အယောင်ဆောင်၍ တောင်နှင့် မိုင်သိန်းချီနေရာတွင် တွေ့ဖို့ စာပို့ခဲ့သည်။
ဝမ်ဝေ့က လက်ထဲတွင် သေရည်ခရားကို ကိုင်ရင်း လွင်ပြင်တွင် ရပ်နေသည်။ သူက ကောင်းကင်ကို ကြည့်ရင်း သေရည်သောက်နေ၏။ သူက သူ့နောက်မှ လူကို အသာခေါင်းစောင်းကြည့်လိုက်သည်။
“ မင်းကို ဖိတ်ခေါ်တာ ကုအန်း မဟုတ်လို့ အံ့ဩသွားတဲ့ပုံ မပေါ်ဘူးပဲ”
“ သူက ငါ့ကို ဒီလောက်မုန်းနေတာ ဘယ်လိုလုပ် သီးသန့်တွေ့ဖို့ ပြောပါ့မလဲ။ အထူးသဖြင့် ဂိုဏ်းက ဝေးရင် သူမရဲ့ အင်အားက ငါ့ထက် အတော်လေး အားနည်းနေတဲ့ အခါမျိုးပေါ့” ရှောင်စုန့်ရှီက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ မှတ်စုကို ရရှိစဉ်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေသည်မှန်း သိလိုက်ပေသည်။ ဝမ်ဝေ့အတွက်မူ ထိုသူက ဉာဏ်များသည့်သူမှန်း သိလိုက်သည်။
ထိုသူက သွေးသားဆက်ဆံရေးသည် စာရွက်ဖြူလောက် ပါးလွှာသည့် အုပ်ချုပ်သူမိသားစုတွင် မွေးဖွားလာခဲ့သည်။ ထို့အပြင် သူ့အဖေနှင့် မိသားစုများက သူ့အား မုန်းတီးနေကြသေးသည်။ သူနှင့် သူ့အမေက မိသားစုနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများမှ ဖယ်ကျဉ်ခံထားရသည်။
ရှောင်စုန့်ရှီက အသက်ရှင်ကျန်ပြီး မဟာယဲ့တိုင်းပြည်တွင် အာဏာတချို့ ဖမ်းဆုပ်ထားနိုင်လေသည်။ ဤသူက ဉာဏ်များပြီး ရည်မှန်းချက် ကြီးမားသူမှန်း သိသာလှလေသည်။
“ ဘာပဲဖြစ်ဖြစ် မင်း ဒီရောက်နေပြီပဲလေ”
“ အဲဒါဆိုတော့ အမွေခံသားတော်က ငါ့ကို ဘာလို့များ ခေါ်လိုက်တာလဲ” ရှောင်စုန့်ရှီက လေးနက်စွာ ပြောလိုက်သည်။ သူ ယုံကြည်ချက်အပြည့်ဖြင့် ရောက်ရှိလာသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သေခြင်းတရားကို မကြောက်ရွံ့၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူတို့၏ မသေမျိုးစွမ်းအားကို ဦးနှောက်မရှိ အသုံးချနေသည့် တခြားသော ကောင်းကင်ရွေးချယ်ခံများနှင့် မတူပေ။ ထိုမသေမျိုးတစ်ပိုင်း စွမ်းရည်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိသာ ကြာရှည်လိမ့်မည်။
ထိုအရာကို ရရှိထားသည့် လူအယောက်သုံးဆယ်အနက် ပထမဦးဆုံး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ရှိသည်နှင့် တခြားသူများအတွက် အချိန်နောက်ပြန်ရေတွက်ခံရသလို ပြီးဆုံးချိန် နီးကပ်လာလိမ့်မည်။
မှတ်တမ်းများအရ အကယ်၍ အယောက် သုံးဆယ်လုံးက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ အချိန်နှောင့်နှေးထားကြလျှင် ကောင်းကင်တာအိုက အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ယူဆောင်သွားဦးမည်သာ ဖြစ်၏။
“ ငါက မင်းရဲ့ မသေမျိုးစွမ်းအားကို စမ်းသပ်ဖို့ စိတ်ဝင်စားတယ်” ဝမ်ဝေ့က သေရည်ပုလင်းကို သိမ်းဆည်းရင်း ပြောလိုက်သည်။
ရှောင်စုန့်ရှီက ထိုအကြောင်းကို ကြားလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော်လည်း ခေတ္တအကြာတွင် သူ့မျက်ဝန်းအထက် တိုက်ခိုက်လိုစိတ် ပေါ်ထွက်လာ၏။
သူက ဝမ်ဝေ့နှင့် ကျီစုန့်တို့၏ တိုက်ပွဲကို ကြည့်ခဲ့ဖူးလေသည်။ ထိုစဉ်အချိန်က သူနှင့် ထိပ်တန်းဆယ်ယောက်ကြားက ကွာခြားချက်ကို သိလေသည်။ ထိုတိုက်ပွဲအပြီးတွင် သူက ထိုလူများ၏ စွမ်းအားအကြောင်းကို တွေးကာ ခေတ္တမျှ လမ်းပျောက်သွားခဲ့သေးသည်။ ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲပြီး အခွင့်အရေးအတွက် လျှို့ဝှက်ဖုံးကွယ်ထားသည့် တခြားသော ပါရမီရှင်များအကြောင်း ထည့်မပြောရသေးပေ။
ထိုစဉ် သူက ဧကရာဇ်လမ်းစဉ်အား လက်လျှော့ပြီး မဟာယဲ့တိုင်းပြည်ကိုသာ အုပ်ချုပ်လိုတော့သည်။ သို့သော်လည်း ထိုအမျိုးသားအပေါ် အမုန်းတရားနှင့် သူနှင့် သူ့အမေအပေါ် လုပ်ခဲ့သည့် လုပ်ရပ်များကြောင့် သူ့စိတ်ဝိညာဉ်က တဖန် တောက်လောင်လာရသည်။
အကယ်၍ သူ လက်စားချေပြီး ထိုအမျိုးသားကို သူ့အမေရှေ့ထိ ဆွဲခေါ်လာပြီး တောင်းပန်ခိုင်းလိုလျှင် သူ့ကို အနိုင်ယူဖို့ စွမ်းအားတစ်ခုတည်းဖြင့် လုံလောက်မည် မဟုတ်ပေ။ သူ့အနေဖြင့် သူ့နောက်ကွယ်ရှိ လူများကိုလည်း ဖိနှိပ်ဖို့ စွမ်းအားလိုအပ်သည်။
ရှောင်စုန့်ရှီက တိုက်ပွဲအတွက် ပြင်ဆင်ရင်း တိုက်ခိုက်သည့်ပုံစံကို ပြင်လိုက်သည်။ သူ့အနေနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကောင်းကင်ရွေးချယ်ခံ ထိပ်တန်း ဆယ်ယောက်နှင့် ကွာခြားချက်က မည်မျှနီးကပ်လာပြီလဲဟု သိချင်မိသည်။
ဝမ်ဝေ့က အသာပြုံးလိုက်သည်။ ထို့နောက် ထိုလူက မတုံ့ပြန်နိုင်ခင် သူက ပြောင်းရွေ့စွမ်းရည်ကို ထုတ်သုံးလိုက်သည့်အလား ထိုသူ့ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာ၏။ ထို့နောက် သူက မျက်နှာကို လက်တစ်ဖက်တည်းဖြင့် ဆွဲမကာ ကောင်းကင်ဆီ အနှိုင်းမဲ့အလျင်ဖြင့် ပျံသန်းသွားလေသည်။ သူက သူ ပျံသန်းသည်က မြန်ဆန်လွန်းသည့်အတွက် ဂြိုလ်တစ်ခု၏ လေထုထဲ ဥက္ကာပျံ ဝင်ရောက်လာသလို ဖြစ်၏။ သူ့အလျင်ကြောင့် ဖြစ်လာသည့် တိုက်စားမှုနှုန်းက ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်အား ပြာမှုန့် ဖြစ်သွားစေသည်။
ဝမ်ဝေ့က ဝေဟင်ထဲ မီတာသန်းချီ ရောက်ရှိသည့်အခါ ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်က ပြာဖြစ်သွားပြီး သူ့လက်ထဲ၌ လောင်ကျွမ်းထားပြီးသော အရေပြားတချို့သာ ကျန်ရှိတော့သည်။ သူက လက်ကို ဆုပ်ထားလိုက်သည့်အခါ ထိုအရာက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွား၏။
သူက အဝေးတစ်နေရာတွင် စုစည်းနေသည့် အမှုန်အမွှား သန်းပေါင်းများစွာကို ကြည့်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အကောင်းပကတိ ရှောင်စုန့်ရှီက ပေါ်ထွက်လာလေ၏။ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုး ရှိနေသည်။
ရှောင်စုန့်ရှီက တိုက်ပွဲအတွက် ပြင်ဆင်ခါစ ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း မျက်နှာမှ ဆွဲခံလိုက်ရသည်ကိုသာ သိလိုက်သည်။ သူက ဘာမှမတုံ့ပြန်နိုင်ခင် ပြာအဖြစ် လောင်ကျွမ်းသွားလေသည်။
ဝမ်ဝေ့က ထိုလူ၏ စိတ်ရှုပ်ထွေးမှုကို ဂရုမစိုက်ပေ။ သူက လက်ညှိုးဖြင့် ဆတ်ခနဲလှမ်းထိုးလိုက်သည်။
ဤတစ်ကြိမ် ရှောင်စုန့်ရှီက ချက်ချင်းဆိုသလို တုံ့ပြန်လိုက်၏။ သူ့နောက်တွင် စိတ်အာရုံ ရုပ်လွှာ ရုတ်ချည်းပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံးကို ဝါးမျိုတော့မည့် ဧရာမမြွေကြီး တစ်ကောင် ပေါ်ထွက်လာသည်။
သူက ထိုအမျိုးသား၏ သွေးမျိုးဆက်မှ စွမ်းအားကို အသုံးမပြုလိုသော်လည်း ရှောင်စုန့်ရှီအနေဖြင့် မည်သည့်အချိန်တွင် ခေါင်းမာပြီး မည်သည့်အချိန်တွင် လက်လျှော့ရမည်ကို ကောင်းကောင်း သိထားလေသည်။
ဤစိတ်အာရုံ ရုပ်လွှာအပြင် အံ့ဖွယ်ခန္ဓာကိုယ်၏ ကောင်းကင်အဆင့် ဒုတိယအလွှာကြောင့် မိုးမြေစွမ်းအားကို အသုံးပြုကာ သူ့ခွန်အားအား ၂၇ဆ တိုးမြှင့်နိုင်လိမ့်မည်။
ထိုသို့ဖြင့် သူက ထိုအရာကို တားဆီးပြီး ပြန်လည်တိုက်ခိုက်နိုင်ဖို့ အချိန်လုံလောက်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။ ကံဆိုးစွာဖြင့် သူ မှားယွင်းသွားခဲ့၏။ ကြီးကျယ်ခမ်းနားသည့် မိုးမြေစွမ်းအားက သူ့ ကာကွယ်ရေးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်ပြီး နောက်ထပ် အားကောင်းသည့် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုက သူ့ဝိညာဉ်အတွင်း ကျရောက်လာကာ ဖျက်ဆီးပစ်လေသည်။
ထို့နောက် ဝမ်ဝေ့က ရှောင်စုန့်ရှီ၏ ဝိညာဉ်သည် ဘာမှမဖြစ်သကဲ့သို့ ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်နေလိုက်၏။ သူက ကောင်းကင်တာအိုသည် သူ့ဝိညာဉ်ကို အပြီးတိုင် သုတ်သင်ခံရခြင်းမှ ကာကွယ်လိုက်သည်လား သို့မဟုတ် ရှောင်စုန့်ရှီ၏ မှတ်ဉာဏ် သို့မဟုတ် အင်အားနှင့် တစ်ပုံစံတည်း တူညီသည့် တစ်ယောက်ကို ဖန်တီးလိုက်သည်လားဟု စဉ်းစားနေသည်။
အကယ်၍ ရှေ့ကိစ္စသာ ဖြစ်နေခဲ့လျှင် အဆင်ပြေသေးသည်။ အကယ်၍ နောက်အရာသာ ဖြစ်နေပါက ကိစ္စများက ရှုပ်ထွေးသွားနိုင်သည်။ သူ့အဖေနှင့် အဘိုးတို့သည်လည်း ထိုစာအုပ်အပေါ်တွင် နာမည်ရေးထိုးခဲ့ကြဖူးသည်။ သူတို့က မသေမျိုးစွမ်းအား၏ အရေးသာချက်ကို အသုံးပြုကာ သူတို့၏ အကျိုးအမြတ်ကို မြှင့်တင်ခဲ့ကြလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်၏။
အကယ်၍ သူတို့၏ လက်ရှိဝိညာဉ်က ကောင်းကင်တာအိုမှ ပြုလုပ်ထားသော မှတ်ဉာဏ်အတူတူ ရှိသည့် ပုံပွားဖြစ်နေလျှင် ဆိုးရွားသွားနိုင်သည်။ ဆိုလိုသည်မှာ ကောင်းကင်တာအိုက ထိုစာအုပ်ဖြင့် တစ်စုံတစ်ခု စီစဉ်နေခြင်းသာ ဖြစ်၏။
သို့သော်လည်း ခဏတာ စဉ်းစားပြီးသည့်နောက်တွင် မဖြစ်နိုင်ကြောင်း စဉ်းစားမိသွားသည်။ ပြောရလျှင် ဧကရာဇ်ခုံက ထိုစာအုပ်ကို ပြုလုပ်ရာတွင် ထိုအချက်ကို စဉ်းစားခဲ့မိပြီးသား ဖြစ်လိမ့်မည်။ ထို့အပြင် တခြားသော မဟာဧကရာဇ်များကလည်း သူတို့နာမည်ကို ရေးထွင်းခဲ့ထားခဲ့ပြီး အဆင်ပြေနေခဲ့သည် မဟုတ်ပါလော။
နာမည်ရေးထိုးသူများက ပြဿနာ ရှိနေလျှင်ပင် ထိုသို့မလုပ်ဆောင်သူများက ဘာမှရှာတွေ့မည် မဟုတ်သလို သံသယဝင်မိမည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဝေ့က ထိုအတွေးများအား ဖယ်ရှားလိုက်ပြီး ရှောင်စုန့်ရှီအပေါ် စမ်းသပ်ချက်ကိုသာ အာရုံစိုက်ထားလိုက်သည်။