← Chapters

နယ်ရုပ်

Vol. 28 Ch. 384

နယ်ရုပ်

Vol. 28 Ch. 384

အခန်း (၃၈၄) : နယ်ရုပ်

ရှောင်စုန့်ရှီက ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အား လက်သီးတစ်ချက်ဖြင့် သတ်လိုက်ပြန်သည်။ သူက အကြိမ်ရာချီ ဆက်တိုက် အသတ်ခံနေရ၏။

ဝမ်ဝေ့က ထိုလူအား မျက်မှောင်ကြုတ်လျက်ကြည့်ရင်း ထိုကာကွယ်ရေး စွမ်းအားအကြောင်း အနည်းငယ် တွေ့ရှိသွားလေသည်။ သူက ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ကို ဖျက်ဆီးပစ်စေကာမူ သူက စိတ်အခြေအနေ အပါအဝင် အရာအားလုံး အကောင်းအတိုင်း ပြန်လည်ရှင်သန်လာလိမ့်မည်သာ ဖြစ်၏။

ခုခံမှုမရှိဘဲ အကြိမ်ရာချီ ဆက်တိုက် သေဆုံးထားသူအနေနှင့် အကြောက်တရား၊ စိတ်ပျက်မှု၊ ဒေါသ သို့မဟုတ် အဆိုးမြင် ခံစားချက်တချို့တော့ ရှိသင့်ပေသည်။ သို့သော်လည်း ရှောင်စုန့်ရှီက အကောင်းအတိုင်း ရှိနေ၏။

ဝမ်ဝေ့က ထိုလူ၏ အားကောင်းလွန်းလှသည့် စိတ်စွမ်းအားက အဆင်ပြေအောင် ပြုလုပ်ထားသည်ဟု မထင်မိပေ။ သူ အသက်ပြန်ရှင်လာသည့်အခါ ကောင်းကင်တာအို၏ ကာကွယ်ရေးက သူ့စိတ်အခြေအနေနှင့် ခံစားချက်ထံ အန္တရာယ်များကို ရှင်းထုတ်ပေးလိုက်လေသည်။ ဤနည်းဖြင့် သူက အကောင်းအတိုင်း ရှိနေခြင်း ဖြစ်၏။

ထိုကာကွယ်ရေးစွမ်းအားမှ သူ သင်ယူထားသလောက် ထိုအရာသည် ကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများအား တစ်ယောက်နှင့် တစ်ယောက် အတားအဆီး မရှိဘဲ တိုက်ခိုက်နိုင်ဖို့အတွက် ခွန်အားပေးဖို့ ဖန်တီးထားခြင်း ဖြစ်ပေသည်။ ထိုအခါမှ အားကောင်းသည့် မဟာဧကရာဇ်များကို ဖန်တီးနိုင်လိမ့်မည်။

သို့သော်လည်း နှစ်များစွာ ကြာမြင့်လာပြီးသည့်နောက်တွင် လူများက ထိုနည်းလမ်းအား အသုံးပြုခြင်း ရပ်တန့်လိုက်ကြပြီး ထိုအကြောင်းကို သိပ်ဂရုမစိုက်ကြတော့ပေ။

အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့က ထိုမသေမျိုးစွမ်းရည်ကို အနည်းငယ် အားကျမိ၏။ အကယ်၍ သူ့တွင် ရှိထားလျှင် ကံကြမ္မာမြစ်ကြောင်းထဲ လက်ပစ်ကူးကာ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေနိုင်လေသည်။ သူ့ နားလည်နိုင်စွမ်းနှင့် မသေနိုင်စွမ်းတို့ဖြင့် သူ ဘာတွေသင်ယူနိုင်မလဲဆိုတာ ကောင်းကင်ဘုံကသာ သိလိမ့်မည်။

ကောင်းကင်တာအိုက ငါ့နာမည်ကို အဲဒီမှာ မထားစေချင်တဲ့ အကြောင်းအရင်းများ ဖြစ်နေမလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း သူက ထိုနောင်တများကို စိတ်ထဲမှ ဖယ်ရှားလိုက်၏။ ပြောရလျှင် အတိတ်ထဲ ပိတ်မိနေလို့ အကျိုးမရှိပေ။

သူ့အလိုလိုသိစိတ်က သူ့နာမည်ကို ထိုစာအုပ်ပေါ်တွင် ရေးထားလိုက်သည်နှင့် ထိခိုက်နိုင်ကြောင်း ပြောနေလေသည်။ သူက ယနေ့အထိ အကြောင်းအရင်းကို မသိသော်လည်း ဆုံးဖြတ်ချက် မှန်ကန်သည်ဟုသာ ယုံကြည်နေမိသည်။

ထိုအတွေးများက ဝမ်ဝေ့၏ စိတ်အတွင်း စက္ကန့်ပိုင်းအတွင်း ဖြတ်ပြေးသွားလေသည်။ သူက ကာကွယ်ရေးစွမ်းအားကို စမ်းသပ်နေခြင်း မပြီးဆုံးသေးသလို များများစားစားလည်း မသင်ယူရသေးပေ။ ထို့ကြောင့် သူ့စမ်းသပ်မှုကို ထပ်မံလုပ်လိုက်သည်။

သူက ရှောင်စုန့်ရှီဆီ တစ်ခေါက်ပျံသန်းသွားလိုက်သည်။

ဤတစ်ကြိမ် ထိုလူက အနည်းငယ်မျှ တုံ့ပြန်လိုက်ပြီး ခန္ဓာကိုယ်အား ကာကွယ်ဖို့အတွက် အနက်ရောင်အလွှာတစ်ခု ထွက်ပေါ်လာသည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ လက်က ထိုအကာအကွယ်အား အလွယ်တကူ ချိုးဖောက်ကာ သူ့ခေါင်းမှ ဆွဲကိုင်လိုက်သည်။

လက်က သူ့မျက်နှာအပေါ် ကျရောက်လာသည်နှင့် ရှောင်စုန့်ရှီက သူ့အား ခေတ္တမျှ အင်အားမဲ့သွားစေသည့် ဖိအားမျိုးကို ခံစားမိလိုက်ပြီး သူ့ မူလအဆီအနှစ်၊ ကျင့်ကြံဆင့်နှင့် ဝိညာဉ်ပင် ဖိနှိပ်ခံလိုက်ရသည်။

ထို့နောက် သူ့နောက်တွင် အာကာပြင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဆွဲသွင်းခံလိုက်ရသည်။

ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာ၏ အပြင်ဘက် လေဟာနယ်အတွင်း မျောလွင့်နေလေသည်။ သူက မျက်မှောင်ကြုတ်လျက် လက်ဗလာအား ကြည့်လိုက်သည်။ ယခုလေးတင် သူက ရှောင်စုန့်ရှီအား ကမ္ဘာအပြင်သို့ ဆွဲခေါ်ကာ ထိုကာကွယ်ရေးစွမ်းအားက အသက်မဲ့ပြီး သူ့အား သတ်နိုင်လားဟု ကြည့်ချင်မိသည်။

သို့သော်လည်း လမ်းတစ်ဝက်တွင် ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အာကာပြင် မငြိမ်သက်မှု ဖြစ်ပေါ်လာပြီး သူ့အား အထဲသို့ ပြန်လည်ဆွဲခေါ်သွားလေသည်။ ဝမ်ဝေ့က အထဲသို့ ပြန်လာပြီး သူ့အပေါ် ချန်ထားခဲ့သည့် အမှတ်အသားအတိုင်း ခြေရာခံလိုက်သည်။

ထို့နောက် သူက အပြင်ဘက်သို့ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်မျှကြိုးစားစေကာမူ သူက ကျရှုံးနေဆဲသာ ဖြစ်၏။

ခေတ္တမျှစဉ်းစားလိုက်ပြီးသည့်နောက်တွင် သူ့ အစီအစဉ်က မူလ မဟုတ်ကြောင်း သဘောပေါက်သွားသည်။ မသေနိုင်စွမ်းက ကျင့်ကြံသူအားလုံး အလိုရှိသည့်အရာ ဖြစ်ပေသည်။ သူက လူများစွာသည် ထိုစာအုပ်ပေါ်ရှိ ကောင်းကင်ရွေးချယ်ခံများကို နှစ်များစွာ လေ့လာခဲ့ပြီးသားဖြစ်မည်မှန်း သေချာသည်။

သူတို့၏ မသေမျိုးစွမ်းအားသာမက သူတို့ကို သတ်ဖို့ နည်းလမ်းလည်း ရှာဖွေခဲ့ကြလိမ့်မည်။ သူတို့ကို ကောင်းကင်တာအို၏ လွှမ်းမိုးမှု အပြင်ဘက်သို့ ရောက်ဖို့ ကြိုးစားခြင်းက ထိုလူများကို သတ်ဖို့ အဖြစ်နိုင်ဆုံး နည်းလမ်း ဖြစ်ပေသည်။ သို့သော် ထိုအရာကို အောင်မြင်သည်ဟု သတင်းအချက်အလက် မရှိခဲ့ဖူးပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က လက်မလျှော့ခင် နောက်ဆုံးတစ်ခု ကြိုးစားကြည့်ချင်မိသည်။

သူက ဂိုဏ်းမှ ထိုလူများအပေါ် ပြုလုပ်ထားသည့် စမ်းသပ်မှုများအကြောင်း ဖတ်ရှုသည်က ပို၍သက်ရောက်မှုရှိမှန်း သိထားလေသည်။ လျှို့ဝှက်မှတ်တမ်းခန်းတွင် မှတ်တမ်းများ ရှိသင့်ပေသည်။

သူက လက်ဝှေ့လိုက်သည့်အခါ ဧဝရတ်တောင်ထက် ဆယ်ဆမက ကြီးမားသည့် တောင်ကြီးတစ်လုံး ပေါ်ထွက်လာပြီး ရှောင်စုန့်ရှီအပေါ် ကျရောက်သွားသည်။ ထို့နောက် တောင်ပတ်လည်တွင် သင်္ကေတများစွာ ပေါ်လာပြီး စည်းတံဆိပ် ဖြစ်သွားလေသည်။

သူက ရှောင်စုန့်ရှီအား စည်းပိတ်ချင်လို၏။ အကယ်၍ သူက ထိုသူအား မသတ်နိုင်လျှင်ပင် စည်းပိတ်နိုင်လားဟု သိချင်မိသည်။ အဖြေက အဆိုးဘက်မှ ဖြစ်လေသည်။ မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် ရှောင်စုန့်ရှီဆီမှ အာကာပြင် မငြိမ်သက်မှုတစ်ခု ထွက်ပေါ်လာပြီး တောင်ရှေ့တွင် ပြန်လည်ပေါ်ထွက်လာလေသည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် ပုတီးစေ့ငယ်တစ်လုံး ပေါ်ထွက်လာသည်။ ထိုအရာက ကမ္ဘာငယ်တစ်ခုပါဝင်သည့် ကမ္ဘာငယ်တစ်ခု ဖြစ်ပြီး အထွတ်အထိပ်အဆင့် ဖြစ်ပေသည်။

ထိုသူက ရှောင်စုန့်ရှီအား အထဲသို့ စုပ်ယူဖို့ ကြိုးစားလိုက်ပြီး ကောင်းကင်တာအိုနှင့် ထပ်မံ ခွဲခြားလိုက်သည်။ အထဲရှိ ကမ္ဘာက နောက်ထပ် မိုးမြေဟု ယူဆနိုင်လေသည်။

ထို့အပြင် အထဲရှိကမ္ဘာက စည်းပိတ်ခြင်း ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် ထိုအစီအစဉ်ကလည်း ကျရှုံးသွားကာ ရှောင်စုန့်ရှီက မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ရှေ့မှောက် အကောင်းအတိုင်း ပေါ်ထွက်လာသည်။

ဤတစ်ကြိမ် ဝမ်ဝေ့က မတိုက်ခိုက်တော့ဘဲ ထိုလူအား တစ်ချက်ကြည့်ပြီးနောက် ထာဝရအိပ်မက်ဂိုဏ်းသို့ ပြန်သွားလေသည်။

ထိုစဉ် ရှောင်စုန့်ရှီက ကောင်းကင်အား စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။ အကြောင်းမှာ သူ ဆက်တိုက် သေဆုံးရသလို စည်းပိတ်ခံရခြင်းကြောင့် မဟုတ်ဘဲ အင်အားကွာခြားချက်ကြောင့် ဖြစ်၏။

သူ့ပြိုင်ဘက်က သူ့အား ဆော့ကစားနေသော်လည်း သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိတော့ပေ။ အကယ်၍ ကောင်းကင်တာအို၏ ကာကွယ်ရေးကြောင့်သာ မဟုတ်လျှင် ဘာမှပင် မတုံ့ပြန်နိုင်ပဲ ချက်ချင်း သေဆုံးသွားလိမ့်မည်။

ဤသို့သော အင်အားမဲ့မှုနှင့် ကူကယ်ရာမဲ့မှုတို့က ရှောင်စုန့်ရှီအား စိတ်ပျက်စေပြီး အနာဂတ်အတွက် မျှော်လင့်ချက် မရှိအောင် လုပ်နေလေသည်။

“ ငါက မဟာဧကရာဇ်ဖြစ်လာပြီး အဲဒီလူ ငါ့အမေအပေါ် လုပ်ခဲ့တဲ့အရာကို လက်စားချေဖို့ အခွင့်အရေး မရှိတော့ဘူးလား”

သူက ကောင်းကင်ကို ငေးမောတွေဝေစွာ ကြည့်နေရင်း အရာအားလုံးက အဓိပ္ပာယ်မဲ့ကြောင်း ကြိုးစားနေသည့် အရာအားလုံးက အသုံးမဝင်ကြောင်း ခံစားလာမိသည်။ ထိုစဉ် သူ့ခေါင်းထဲ အသံများစွာ ပေါ်ထွက်လာပြီး လက်လျှော့ဖို့ မဟာယဲ့တိုင်းပြည်၏ နောက်အုပ်ချုပ်သူ ဖြစ်ဖို့ရာသာ အာရုံစိုက်ထားဖို့ ပြောဆိုနေသည်။

“ မဟုတ်သေးဘူး။ ငါ့အတွက် အခွင့်အရေး ရှိရမယ်” ရှောင်စုန့်ရှီက ရေရွတ်လိုက်သည်။

“  ငါ့ကိုငါ ရန်သူရဲ့ စွမ်းအားနဲ့ တိုးမြင့်အောင် လုပ်ပြီး သူတို့ကို ဖျက်ဆီးပစ်ရမယ်”

သူ့ခေါင်းထဲတွင် ရူးမိုက်သည့် အစီအစဉ်တစ်ခု ပေါ်ထွက်လာသည်။

ငါ ပိုင်ကျယ်မျိုးနွယ်ကို ပြန်ပြီးတော့ သူတို့ရဲ့ အရင်းအမြစ်တွေနဲ့ ငါ့ရဲ့ သွေးမျိုးဆက်ကို အားကောင်းအောင် လုပ်မယ်။ ငါ မဟာဧကရာဇ်ဖြစ်လာတာနဲ့ သူတို့မျိုးနွယ်ကို ဖျက်ဆီးပစ်ပြီးတော့ အဲဒီလူကို ငါ့အမေရဲ့ အုတ်ဂူရှေ့မှာ တစ်သက်လုံး ဒူးထောက်ခိုင်းမယ်။

သူ့မျက်ဝန်းအထက် ရက်စက်သည့် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက အစာကျွေးသည့် လက်ကို ပြန်ကိုက်သည့်အကြောင်း၊ ကျေးဇူးတရားအကြောင်းကို ဂရုမစိုက်ပေ။ သူသာ သူ့အမေအတွက် လက်စားချေပေးနိုင်သရွေ့ အရာအားလုံး အဆင်ပြေလေသည်။

ထိုအစီအစဉ်အား ချမှတ်ပြီးသည့်နောက်တွင် ရှောင်စုန့်ရှီက ထွက်ခွာသွားသည်။

………..

နောက်တစ်ရက်တွင် ဝမ်ဝေ့က ထိုအချက်ကို သတိထားမိကာ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာလေသည်။

ကြည့်ရတာ ငါ့အစီအစဉ်က အလုပ်ဖြစ်ပုံပဲ … မနေ့ညက လှုံ့ဆော်မှုအပြီးမှာ ရှောင်စုန့်ရှီက ပိုပြီးအားကောင်းလာချင်စိတ် ပေါ်ထွက်လာတယ်။ အကောင်းဆုံးနည်းလမ်းက သူ့ခန္ဓာကိုယ်ထဲက ပင်လယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို အသက်သွင်းဖို့ပဲ။ အဲဒါကြောင့် သူ့ရဲ့ ဇစ်မြစ်ဆီ ပြန်သွားရလိမ့်မယ်။

ဤသည်က သူ့တာအိုနှလုံးသားကို ကျိုးပဲ့သွားစေပြီး ဧကရာဇ်လမ်းစဉ် အဆုံးသတ်သွားနိုင်ချေလည်း ရှိပေသည်။ သို့သော်လည်း ထိုသို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုးတွင် ကြီးထွားလာပြီးသည့်နောက် ထိုလူက အသက်ရှင်သန်ခဲ့သည်။ သူ့တာအိုနှလုံးသားက သာမန်လူများနှင့် မယှဉ်နိုင်ပေ။

ဤသည်က ဝမ်ဝေ့ အစကတည်းက အလိုရှိသည့်အရာ ဖြစ်၏။

ရှောင်စုန့်ရှီနှင့် ပင်လယ်မျိုးနွယ်၏ ဆက်နွယ်မှု…

တည်နေရာကြောင့် ပင်လယ်မျိုးနွယ်အကြောင်း သိထားသည့် အရာမှာ သူတို့က လူသူများနှင့် ဆက်ဆံရသည်ကို မကြိုက်သည့်သူများဟုသာ သိထားကြလေသည်။

နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းများက နည်းလမ်းအမျိုးမျိုးသုံးကာ ကျူးကျော်ဖို့ ကြိုးစားခဲ့ကြသည်။ သူလျှိုဖြစ်စေ၊ အရင်းအမြစ်များ ဖလှယ်ခြင်းဖြစ်စေ အကုန်ပါဝင်လေသည်။ သို့သော် မည်သူကမှ ပင်လယ်မျိုးနွယ်ကြား အားအကောင်းဆုံး မျိုးနွယ်ထံ မကျူးကျော်နိုင်ခဲ့ကြပေ။

ဝမ်ဝေ့အတွက်မူ သူက သူတို့အကြောင်း စုံစမ်းရသည်ကိုလည်း စိတ်ဝင်စားလေသည်။ အထူးသဖြင့် သူတို့မျိုးနွယ်၏ ကောင်းကင်ရွေးချယ်ခံများနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။ သူက ပင်လယ်အောက်ရှိ အရင်းအမြစ်များကိုလည်း စိတ်ဝင်စားမိသည်။

သူ့အဖေ၏ ပြောစကားအရ ပင်လယ်သည် အလယ်ပိုင်းကုန်းမြေထက်ပင် အရင်းအမြစ် ပို၍ ကြွယ်ဝလေသည်။ မဟာဧကရာဇ်များက ပင်လယ်ထဲ သူတို့၏ တာအိုအရင်းအမြစ်ကို သန့်စင်ပြီး ဧကရာဇ်သတ္တု .သို့မဟုတ် ဆေးပင်ကို ပြုစုပျိုးထောင်နိုင်ဖို့ ပစ္စည်းများ သွားရောက်ရှာဖွေစူးစမ်းကြသည်။

ကံဆိုးစွာဖြင့် ရေမြေအနေအထား၊ ပင်လယ်မျိုးနွယ်နှင့် ပင်လယ်၏ ကျယ်ပြန့်မှုကြောင့် ထိုနေရာရှိ အရင်းအမြစ်များကို ရှာဖွေဖို့ ခက်ခဲလာသည်။ ထို့အပြင် လူများစွာက သူတို့ကို အတားအဆီး မရှိဘဲ လွှတ်ပေးထားလျှင် တစ်ရက်ကျ ပင်လယ်မျိုးနွယ်သည် လူသားမျိုးနွယ်အတွက် အန္တရာယ် ဖြစ်လာလိမ့်မည်ဟု ကြိုတင်မြင်ထားကြသည်။

ဒီရှောင်စုန့်ရှီက အသုံးဝင်တဲ့ နယ်ရုပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်

ဝမ်ဝေ့နှင့် ယန်းချန်တို့က ဂိုဏ်းချုပ် ထန်ကျစ်ချန်းအား နှုတ်ဆက်ပြီးနောက် အိမ်ပြန်သွားကြလေသည်။ သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာသို့ တန်းမသွားဘဲ မိသားစုနှင့်အတူ တစ်နှစ်တာ အချိန်ကုန်ဆုံးလိုက်သည်။

သူက သူတို့နှင့် မတွေ့ရသည်မှာ နှစ် နှစ်ရာစုလောက်ရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူက စိတ်ကို လျှော့ထားကာ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ မတက်လှမ်းခင် အကောင်းဆုံးအခြေအနေဖြစ်အောင် ပြုလုပ်လိုက်သည်။ ထိုအချိန်အတွင်း သူက သူ့အမေဘက်မှ အဘိုး၊ အဘွားများနှင့် စကားပြောဆိုခဲ့ပြီး သူ အဆင့်တက်လှမ်းပြီးသည့်နောက်တွင် ယုမျိုးနွယ်သို့ လာရောက် တွေ့ဆုံမည်ဟု သတိပေးထားခဲ့သည်။

ထို့နောက် ဝမ်ဝေ့က သူ့ဝိညာဉ်သည် ဘာမှစိုးရိမ်ခြင်း မရှိဘဲ ငြိမ်းအေးနေသည်ကို ခံစားမိသည်နှင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာသို့ ထွက်ခွာသွားတော့သည်။

All Chapters