← Chapters

သူတို့က ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ

Vol. 28 Ch. 386

သူတို့က ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ

Vol. 28 Ch. 386

အခန်း (၃၈၆) : သူတို့က ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ

အရှေ့နဂါးပြာကုန်းမြေ၊ ယင်စန္ဒာနန်းဆောင်

အဖြူရောင်နှင့် အနက်ရောင် ရောယှက်နေသည့် ဆံပင်များဖြင့် စုယာက မျက်လုံးများမှိတ်လျက် ကျင့်ကြံနေလေသည်။ သူမက ပုံရိပ်ယောင်တစ်ခုကို ပုံဖော်နေလေ၏။ သူမက ထိုပုံရိပ်ယောင်အား အလွှာနှစ်ခု ခွဲခြားထားသည်။ ပထမတစ်ခုက ကျင့်ကြံဆင့်ရှိသည့် သူမ ဖြစ်ပြီး နောက်တစ်လွှာက သေမျိုး သူမ ဖြစ်လေသည်။ သို့သော်လည်း အလွှာနှစ်ခုလုံးတွင် စုယာ၏ ပုံစံနှစ်မျိုးလုံးက ကပ်ဘေးများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အသက်ရှင်ဖို့ရာသာ ဖြစ်၏။

သူမက သူမ၏ ပုံစံနှစ်မျိုးအား သေဆုံးအောင် နည်းလမ်းများကို ရှာဖွေနေသည်။ အချိန်တိုင်းဆိုသလို သူတို့က ထိုလက်ရှိကပ်ဘေးမှ ရှင်သန်နိုင်မည့် နည်းလမ်းတွေ့သွားသည့်အခါတိုင်း နောက်ထပ် တစ်ခုက ပေါ်ထွက်လာလေသည်။ ထိုဖြစ်စဉ်က ဆက်တိုက်သာ ဖြစ်ပွားနေလိမ့်မည်။

သူမ၏ ကျင့်စဉ်အတွင်း ပုံရိပ်အယောင်အတွင်း သေဆုံးခြင်းက အမှန်ကတယ် လက်တွေ့ဘဝတွင်လည်း သေဆုံးခြင်းသာ ဖြစ်၏။ သို့သော်လည်း ကောင်းကင်တာအို ကာကွယ်ရေးစွမ်းအားက အသက်ဝင်လာပြီး သူမအား အသက်ပြန်ရှင်စေသည်။

ဤနည်းဖြင့် စုယာက စိတ်လိုအင်ဆန္ဒထဲမှ တစ်ခုဖြစ်သည့် အသက်ရှင်သန်လိုသည့် အချက်ကို ကျင့်ကြံနေခြင်း ဖြစ်သည်။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ မျက်လုံးပွင့်လာပြီး ပင်ပန်းနွမ်းလျနေလေသည်။ သူမ၏ အကြည့်များက တောက်ပမှုအပြည့် ဖြစ်နေလေသည်။ သူမက အကျိုးအမြတ် အတော်အတန် ရရှိလိုက်ဟန်ပေါ်သည်။

“ ဝင်ခဲ့ ”

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစေခံတစ်ဦးက အခန်းအတွင်း ဝင်လာပြီး စုယာအား ဦးညွှတ်လိုက်သည်။

“ ငါ တောင်းထားတာ ရခဲ့ပြီလား”

“ ဟုတ် သခင်မလေး” အစေခံက စာအုပ်တစ်အုပ် ပေးရင်း ပြောလာသည်။

စုယာက ထိုစာအုပ်ကို ကြည့်ကာ သွေးကျိန်စာဟု ခေါင်းစဉ်ကို တွေ့လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏအကြာတွင် သူမက အရေးပါသည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုက သူမအား စောင့်ကြိုနေသည်ကို ခံစားမိလေသည်။

သို့သော်လည်း သူမက တစ်စုံတစ်ခု လုပ်လက်စ ဖြစ်နေသည့်အတွက် အပြင်သို့ မသွားနိုင်သေးပေ။ ထို့ကြောင့် သူမက ယင်စန္ဒာနန်းဆောင်မှ အကြီးအကဲများကို သွားယူခိုင်းလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ခေါင်းစဉ်အပေါ် မူတည်၍ သူမ၏ အလိုလိုအသိစိတ်က ထိုမျှလောက် အရေးကြီးပုံမပေါ်ပေ။

သူမက စာအုပ်ကို ဖွင့်ကာ အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။

“ တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ”

စုယာက မှတ်ချက်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ထိုမန္တန်သည် အသုံးပြုရာ၌ အတော်လေးကို အသေးစိတ်ဖော်ပြထားသည့်အတွက် အနည်းငယ် စိတ်ပျက်မိသွားသည်။ သို့သော်လည်း သူမအား စိတ်ပျက်ခြင်းကို စိတ်ခံစားချက်အဖြစ် အသုံးပြုနိုင်မည့် ဉာဏ်အလင်းပွင့်မှု တစ်ခုတော့ ပေးလာသည်။

“ ကျန့်ဝူရှန်းက ဘယ်မှာလဲ” စုယာက စာအုပ်ကို သိမ်းပြီးနောက် မေးလိုက်သည်။

“ ကျွန်မတို့ သူ့ကို နောက်ဆုံးမြင်တာက လွန်ခဲ့တဲ့ ရက်ပိုင်း တောင်ပိုင်းနယ်မြေမှာ အရင်မျိုးဆက် ဓားကျင့်ကြံသူတွေနဲ့ ဓားရေးတိုက်ပွဲ ဆင်နွှဲနေတာပါ”

“ သူ့ တည်နေရာကို ရှာတွေ့တာနဲ့ ငါ့ကိုပြော”

“ သခင်မလေး သူနဲ့ ထပ်တိုက်တော့မှာလား”

စုယာက ခေါင်းညိတ်လိုက်ပြီးနောက် သူမက တခြားသော ကောင်းကင်ရွေးချယ်ခံများ၏ လုပ်ဆောင်မှုများနှင့် တည်နေရာများအကြောင်း စုစည်းထားသည့် သတင်းအချက်အလက်များအား ဖတ်ရှုလိုက်ပြီး စကားနည်းနည်းပြောလိုက်သည်။

……………

အရှေ့ပိုင်းကုန်းမြေ၏ တောင်ပိုင်းနယ်မြေ

နှင်းဖုံးလွှမ်းနေသော ဂူတစ်ခုအတွင်း ကျန့်ဝူရွှမ်းက မျက်လုံးမှိတ်လျက်ရှိသည်။ သူ့ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခု ထွက်ပေါ်နေသော်လည်း ကောင်းကောင်းထိန်းချုပ်ထားသောကြောင့် ဂူအပေါ် သက်ရောက်မှုမျိုး မရှိပေ။

သူက သူ ယခင် ဆင်နွှဲခဲ့သည့် တိုက်ပွဲအားလုံးကို ပြန်လည်သုံးသပ်နေပြီး သူ့ ဓားနယ်ပယ်အား လေ့ကျင့်ပေးနေသည်။ သူက အတွေ့အကြုံအားလုံးကို အသုံးချကာ အဆုံးမဲ့ဓားချက်ဟုခေါ်သည့် ဓားကျင့်စဉ်ကို ဖန်တီးခဲ့သည်။

အကန့်အသတ်မဲ့ ကြီးထွားနိုင်သည့် တိုက်ခိုက်မှုတစ်ခု…

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ကျန့်ဝူရွှမ်းက ဓားတစ်ချောင်း ဖန်တီးလိုက်ပြီး သိမ်မွေ့နူးညံ့သွားသလို ခံစားလိုက်ရသည်။ ဤသည်က သူက အတားအဆီးတစ်ခုကို ဖြတ်သွားလိုက်သလိုမျိုး ဖြစ်၏။

သူက မျက်လုံးပွင့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်အတွင်း ဓားချီ ပေါ်ထွက်လာပြီး ကျန့်ဝူရွှမ်း၏ မျက်ဝန်းအထက် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက အကန့်အသတ်မဲ့ ကြီးထွားစေနိုင်သည့် တိုက်ကွက်ကို ဖန်တီးရာ၌ အောင်မြင်သွားသော်လည်း ထိုအဆုံးမဲ့ဓားချီကလည်း ကြီးထွားနိုင်စွမ်း ရှိလေသည်။

တိုက်ပွဲတွင်ဖြစ်စေ၊ အချိန်အရဖြစ်စေ၊ ဖြည်းဖြည်းချင်း သူ့အလိုလို ကြီးထွားလာလိမ့်မည်သာ ဖြစ်၏။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအချိန် ကျရောက်လာသည့်အခါ ကျန့်ဝူရွှမ်းက မည်မျှအားကောင်းနေမည်ကို မတွေးကြည့်နိုင်တော့ပေ။

သူ့မျက်နှာအထက် ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ သူက ဓားချီကို ဖန်တီးထားသည့် အခိုက်အတန့် သူ့ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း မငြိမ်သက်မှု ဖြစ်သွားပြီး မိုးမြေနှင့် ပေါင်းစပ်သွားသည်ကို သတိမထားမိလိုက်ပေ။

ထိုမငြိမ်သက်မှုက ကမ္ဘာရှိလူများအား အသိပေးခြင်း မရှိဘဲ လူနှစ်ဦးကသာ သိလေသည်။

နယ်မြေအနည်းငယ်အကွာတွင် ယင်ယန်သင်္ကေတပါသည့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုကျင့်ကြံသူတစ်ဦးက လမ်းလျှောက်နေလေသည်။ သူ့ခြေလှမ်း တစ်လှမ်းတိုင်းတွင် မိုင်ထောင်ချီ ရောက်ရှိသွား၏။ ရုတ်ချည်းဆိုသလို ထိုသူက ရပ်တန့်ပြီး တောင်ဘက်ကို လှည့်ကြည့်လာလေသည်။ သူ့အကြည့်က အပြာနှင့်အနီအဖြစ် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ ယင်ယန်သင်္ကေတက သူ့မျက်အိမ်အတွင်း အစားထိုးသွား၍ ဖြစ်သည်။

“ မိုးမြေကြားက ပြောင်းလဲမှုနောက်ထပ် တားမြစ်ခံတစ်ယောက် မွေးဖွားလာပြီလား။ ဘယ်သူများပါလိမ့်”

ထိုတာအိုကျင့်ကြံသူက ဖုန်းဟွမ် သို့မဟုတ် ဖုန်းဟွမ်အဖြစ် ပြောင်းလဲထားသည့် ရှစ်ဖူယွီသာ ဖြစ်၏။ သူ့အကြည့်များက ကမ္ဘာ၏ အမှန်တရားတစ်ခုလုံး ပါဝင်နေသည့်အလား ထိုမေးခွန်း၏ အဖြေကို ကြည့်လိုက်သည်။

“ ကျန့်ဝူရွှမ်လား” ထို့နောက် သူက ခေါင်းအသာခါပြီး ရေရွတ်လိုက်သည် “ အနည်းဆုံးတော့ သူက ထိပ်သီးတားမြစ်ခံတော့ မဟုတ်ဘူးပဲ။ သူက အောင်မြင်နိုင်ပြီး အသက်ရှင်နိုင်ချေ ရှိတယ်”

ဖုန်းဟွမ်က ဤမျိုးဆက်သည် တစ်ခုခုများ မှားယွင်းနေသည်လားဟု စတင် စဉ်းစားမိလာသည်။ တားမြစ်ခံများက အလွန့်အလွန် ရှားပါးသည့်သူများ ဖြစ်သော်လည်း ဤမျိုးဆက်အတွင်းမူ နှစ်ယောက်မှ သုံးယောက် … မဟုတ်သေးဘူး  … တိထျန်းပါ ပေါင်းလိုက်လျှင် လေးယောက်အထိ ဖြစ်နေလေပြီ။

သို့သော်လည်း သူက ထိုအရာများကို ဂရုမစိုက်ဘဲ သူ့ကိုယ်ပိုင်ကိစ္စကိုသာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်တွင် သူက သူ့တာအိုဗုဒ္ဓလမ်းစဉ်၏ အခြေခံကို ပြီးမြောက်သွားပြီ ဖြစ်၏။

သူ မဟာဧကရာဇ် ဖြစ်လာသည်နှင့် ဖြတ်တောက်ခံထားရသည့် ဗုဒ္ဓဘာသာ စတင်မှုကို နောက်ယောင်ခံကာ သူ့တာအိုဗုဒ္ဓဘာသာ သက်ရောက်မှုမရှိစေရန် အာမခံဖို့အတွက် အနည်းငယ် ပြောင်းလဲမှု လုပ်ပြီး ကမ္ဘာကြီးထံ ပြန်လည်ဖြန့်ဝေရမည်။

ဖုန်းဟွမ်က ထိုမှော်စွမ်းအားကို အပြည့်အဝ ဖယ်ရှားလိုသော်လည်း သူ့အနေနှင့် ထာဝရဧကရာဇ် ဖြစ်လာလျှင်ပင် သို့မဟုတ် လက်ရှိအစီအစဉ်အား ကျေနပ်အားရဖွယ် ဖြစ်နေလျှင်ပင် မဖြစ်နိုင်ကြောင်း သိထားလေသည်။

သို့သော်လည်း သူ့ အစီအစဉ် အလုပ်ဖြစ်ဖို့အတွက် ကိစ္စတချို့ လိုအပ်နေသေးသည်။ သူက တာအိုဗုဒ္ဓဘာသာ၏ ချီကံကောင်းမှုကို ဖွဲ့စည်းဖို့ ရတနာတစ်ခု လိုအပ်နေသည်။ ထို့နောက် ထိုကံကောင်းမှုကို တာအိုဘာသာ၏ ကံကောင်းမှုနှင့် ပေါင်းစပ်ရမည်။ ဤသို့ဖြင့် သူတို့က တစ်သားတည်း ဖြစ်သွားလိမ့်မည်။

တစ်ခုက ကြီးပွားသည်နှင့် နောက်တစ်ခုကပါ လိုက်လံကြီးပွားလိမ့်မည်။ တစ်ခုက ဆုတ်ယုတ်သည်နှင့် နောက်တစ်ခုကပါ လိုက်လံ ဆုတ်ယုတ်မည်ဖြစ်၏။

ဖုန်းဟွမ်က တစ်ကမ္ဘာလုံးအနှံ့ သူ့လုပ်ငန်းအား ပြီးမြောက်စေဖို့အတွက် ထူးခြားသည့် ရတနာကို လိုက်လံရှာဖွေနေသည်။ သို့သော်လည်း အောင်မြင်မည်လားဟု မသေချာပေ။ သို့သော် သူက သူ့တာဝန် အောင်မြင်ဖို့ နီးကပ်လာပြီ ဖြစ်၍ အလွယ်တကူ အရှုံးမပေးနိုင်ပေ။

………………………

အလယ်ပိုင်းကုန်းမြေ၊ မဟာဝူတိုင်းပြည်

စွင်းကျောင်းလုံက နဂါးနက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူ့ခန္ဓာကိုယ်မှ အုပ်ချုပ်သူတစ်ယောက်၏ ကြီးမြတ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေပြီး ခေါင်းငုံ့နေသည့် သူ့လက်အောက်ခံများအား ကြည့်နေသည်။

“ ရှာတွေ့ခဲ့လား”

“ အရှင် ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးပါ။ အဲဒါက မြောက်ပိုင်းကုန်းမြေက ကျယ်ပြောတော့ အချိန်တချို့ကြာမြင့်လိမ့်မယ်”

“ ငါ မင်းကို ပေးလိုက်တဲ့ အဆောင်ကရော”

“ အဲဒါက မသေချာတဲ့ တုံ့ပြန်မှုတချို့ပဲ ပြပါတယ်”

“ အဲဒါဆို ဆက်ရှာနေ။ လိုအပ်သလောက် အရင်းအမြစ်တွေ ထုတ်သုံးလိုက်။ ဒါပေမဲ့ သိသာပါစေ” စွင်းကျောင်းလုံက ပြောလိုက်သည်။ သူက ထိုလူ၏ ကျရှုံးမှုကို အပြစ်မတင်ပေ။ ထိုအရာက မလွယ်ကူမှန်း သူ သိထားလေသည်။

စွင်းကျောင်းလုံက သူ ရောက်ရှိနေသည့် လက်ရှိအခြေအနေကို သိထားလေသည်။ လူသားကံကြမ္မာဓားသည် အသင်္ချေအင်ပါယာကမ္ဘာမှ ကျင့်ကြံသူများအတွက် အလွန်အရေးပါလှပြီး တစ်ယောက်ယောက်၏ လက်ထဲ ကျရောက်ခွင့်ပေးမည် မဟုတ်ပေ။

အထူးသဖြင့် ဤသို့သော ထာဝရဧကရာဇ် ပေါ်ထွက်လာနိုင်သည့် မျိုးဆက်တွင် ဖြစ်၏။ ဤဓား၏ အရေးပါပုံက အလွန်အရေးကြီးလှသည်။ ထိုဓားက သူ့လက်ထဲ ရောက်ရှိနေသေးသည့် အကြောင်းအရင်းတစ်ချက်မှာ ဧကရာဇ်မျိုးနွယ်များ၏ ယာယီညှိနှိုင်းမှုကြောင့်သာ ဖြစ်သည်။

လူငယ်မျိုးဆက်ထံ ဓား၏ ကံကြမ္မာကို ဆုံးဖြတ်ခိုင်းလိမ့်မည်။ တခြားနည်းဖြင့် ဆိုရလျှင် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒကို နောက်ဆုံးအနိုင်ရရှိသူကသာ ဓား၏ နောက်ဆုံးပိုင်ရှင် ဖြစ်လာလိမ့်မည်။

စွင်းကျောင်းလုံက ထိုအရာကို သိကာ ကြိုတင်ပြင်ဆင်ထားလေသည်။

……………

အဆုံးမဲ့လေဟာနယ်အတွင်း ဝူဟုန်က သူမ၏ လေဟာနယ်သင်္ဘောအတွင်း တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူမက ကမ္ဘာ၏ အဆုံးတွင် တည်ရှိသည့် အစွန်အဖျားပင်လယ်ဟု ခေါ်သည့် နေရာတစ်ခုသို့ ဦးတည်နေသည်။

ကျင့်ကြံသူအများစုက အဆုံးမဲ့လေဟာနယ်သည် အကန့်အသတ်မဲ့ ဖြစ်သည်ဟု  သိထားကြသည်။ ထိုအရာက အခြေအနေတစ်ခုအထိ မှန်ကန်ပေသည်။ သို့သော်လည်း ထိုစည်းမျဉ်းက အားနည်းသူများအတွက်သာ သက်ရောက်မှု ရှိ၏။ လုံလုံလောက်လောက် အားကောင်းပါက အဆုံးမဲ့လေဟာနယ်၏ အဆုံးသတ်ကို ရောက်ရှိနိုင်လေသည်။

သူမက ရုတ်ချည်း မျက်လုံးပွင့်ကာ နေရာတစ်ခုအား လှမ်းကြည့်လိုက်သည်။

“ ဝမ်ဝေ့ရဲ့ စမ်းသပ်ချက်က စတင်နေပြီလား”

တာအိုအုပ်စိုးသူ ချင်းဝူ၏ အမွေအနှစ်ကို ရရှိပြီးသည့်နောက်တွင် သူမက အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်လာချင်မိသည်။ သို့သော်လည်း သူမက ရုတ်ချည်းဆိုသလို စိတ်ကူးပေါ်လာကာ အစွန်အဖျားပင်လယ်သို့ သွားရောက်စစ်ဆေးကြည့်လိုမိ၏။

သူမက အားကောင်းသောကြောင့် တစ်စုံတစ်ခုသည် သူမအား ထိုနေရာသို့ ခေါ်ဆောင်ဖို့ အကျိုးအကြောင်းစွမ်းအားကို အသုံးပြုထားကြောင်း သိလေသည်။ ဤသည်က သူတို့သည် သူမအား ဝမ်ဝေ့၏ စမ်းသပ်ချက်အတွင်း ဝင်ရောက် မစွက်ဖက်လိုစေသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။

ထိုအရာကို သိလျက်နှင့်ပင် သူမက ငါးစာကို ဟပ်ခဲ့သည်။

ကျင့်ကြံရေးလမ်းစဉ်က လွယ်ကူသည့် အရာ မဟုတ်ပေ။ ကျင့်ကြံဆင့်က ကောင်းကင်ကို သွေဖယ်နေခြင်း ဖြစ်ပြီး ကျင့်ကြံသူများက သူတို့ဘဝတွင် စမ်းသပ်ချက်အမျိုးမျိုးကို ကျော်ဖြတ်ကြရသည်။ ထို့ကြောင့် ဝမ်ဝေ့၏ လမ်းစဉ်က ချောမွေ့လွန်းသည့်အတွက် ယခုအခါ ပထမဆုံး တကယ့် စမ်းသပ်ချက် ခံစားရတော့မည် ဖြစ်၏။ ဝူဟုန်က ထိုအရာသည် ကျင့်ကြံသူတိုင်း ကြုံတွေ့ရမည့်အရာ ဖြစ်သောကြောင့် ဝင်ရောက်မစွက်ဖက်ပေ။

သူမ၏ ဧကရာဇ်လမ်းစဉ်အတွင်း သူမတစ်ဘဝလုံးက စမ်းသပ်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။ ဤသည်က သူမ အလွန်အားကောင်းနေရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အကယ်၍ ဝမ်ဝေ့သာ ကျရှုံးသွားလျှင် သူမက သူ့ဝိညာဉ် အစိတ်အပိုင်းတစ်ခုအား ပြန်လည်ဝင်စားပြီး ပြန်စတင်နိုင်ဖို့ လုပ်ဆောင်ပေးမည်။

ဝူဟုန်က ဦးတည်ရာသို့ ရောက်ရှိသွားသည့်အတွက် ထရပ်လိုက်သည်။ သူမက အစွန်အဖျားပင်လယ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတစ်ခုလုံးက ယခုအခါ မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေလေပြီ။

သူမ၏ မှတ်ဉာဏ်များအရ ဒီလို မဖြစ်နေသင့်ပေ။ သူမက ဤအချိန်စက်ဝန်းတွင် အပြောင်းအလဲကြီးကြီးမားမား မျှော်လင့်ထားသော်လည်း ဒီလောက်ကြီးမားလိမ့်မည်ဟု မထင်ထားမိပေ။

သူမက မြူခိုးကို ကြည့်နေရင်း အကြောင်းအရင်း နှစ်ချက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမတစ်ချက်က သူမက ထိုမြူခိုးအတွင်းမှ သတင်းအချက်အလက် သို့မဟုတ် ဇစ်မြစ်ကို မရှာဖွေနိုင်ပေ။ သူမ၏ မှတ်ဉာဏ်များမှသာမက သူမ၏ စွမ်းအားဖြင့်ပင် ဘာမှမလုပ်ဆောင်နိုင်ပေ။

နောက်ထပ်တစ်ခု ထူးခြားသည့်အရာမှာ ထိုမြူခိုးက သူမအတွက် အလွန်ရင်းနှီးနေဟန်ပေါပြီး အတွင်းကျကျသိနေသည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။

All Chapters