← Chapters

မယှဉ်နိုင်ခြင်း

Vol. 28 Ch. 391

မယှဉ်နိုင်ခြင်း

Vol. 28 Ch. 391

အခန်း (၃၉၁) : မယှဉ်နိုင်ခြင်း

လီကျွင်းက အာကာပြင် လမ်းကြောင်းမှ လွင့်ထွက်လာသည့်နောက် လက်ကို ဆန့်ထုတ်လိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလေသည်။ သူက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ကိုယ်သူ သလင်းကျောက်အလွှာ အပြင်ဘက် ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။

သူက တစ်စုံတစ်ခုကို တွေးမိကာ အထဲသို့ ပြေးဝင်သွားသော်လည်း သလင်းကျောက်အလွှာမှ ပြန်ကန်ထွက်လာပြီး အထဲသို့ မဝင်ရောက်နိုင်ပေ။

ဝမ်ဝေ့၏ အဘိုး ဝမ်ချန်က သူ့အနားတွင် ပေါ်ထွက်လာလေ၏။

“ ဘာဖြစ်တာလဲ”

“ ကျွန်တော် မသိဘူး။ အစ်ကိုကြီးက ကျွန်တော်တို့ကို ရုတ်ချည်း အပြင်ထုတ်လိုက်တာ။ အခု ပြန်ဝင်လို့ မရတဲ့ပုံပဲ”

ဝမ်ချန်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်မှ လူတချို့ကို ဆက်သွယ်ကာ အထဲသို့ဝင်ဖို့ ကြိုးစားကြည့်ခိုင်းခဲ့သော်လည်း ကျရှုံးခဲ့၏။

အဆုံးသတ်တွင်မူ သူက သူ့သားအား ဆက်သွယ်ကာ ဝမ်ဝေ့၏ ဝိညာဉ်မီးအိမ်အား စစ်ဆေးကြည့်ခိုင်းလိုက်သည်။ သူ အန္တရာယ်ရှိနေလား မရှိနေလား သိရှိဖို့ရန် ဖြစ်၏။

ထိုစဉ် ကောင်းကင်ဘုံဗိမာန် ကမ္ဘာအတွင်း

ဝမ်ဝေ့က သူ့ရှေ့အထက် မျောလွင့်နေသည့်လူကို စိုက်ကြည့်လိုက်သည်။ သူက လေးနက်သော အမူအရာမျိုး ရှိနေ၏။

“ ငါ့နည်းလမ်းက မင်းရဲ့ အလိုလိုသိစိတ်ကို အပြည့်အဝ မဖယ်ထုတ်နိုင်ဘူးဆိုတာ မယုံခဲ့မိဘူး” တိထျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ ငါ ဒီမှာရောက်နေတာ ဘယ်လိုလုပ် သိတာလဲ” ဝမ်ဝေ့က ဝေဟင်အား ကြည့်ရင်း မေးလိုက်သည်။ သူက တစ်ကမ္ဘာလုံးသည် အားကောင်းသည့် အစီအရင် တစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို ခံစားမိလိုက်၏။ ထို့အပြင် သူက ထိုအစီအရင်၏ ဇစ်မြစ်ကို မမှန်းဆနိုင်ပေ။

“ မင်းရဲ့ အပြုအမူ သေးသေးလေးက ငါ့အိပ်စက်သူတွေဆီကနေ လွတ်မြောက်မယ်များ ထင်နေလား။ သူတို့က ထာဝရဧကရာဇ်တွေရဲ့ လက်အောက်မှာတောင် ရှင်သန်လာကြတာ။ မင်းလိုလူမျိုးဆို ထည့်ပြောစရာတောင် မလိုဘူး”

“ အဲလိုဆိုတော့လည်း အဲလိုပေါ့” ဝမ်ဝေ့က ထိုစကားများကို လုံးဝမယုံသည့်အလား ပြောလိုက်သည်။ ပြောရလျှင် တစ်ဖက်လူက သူ့လူများကို သံသယဖြစ်စေဖို့ ပြောနေခြင်းသာ ဖြစ်၏။

ဤသည်က ကောင်းကင်ရွေးချယ်ခံများသည် တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရာတွင် အသုံးပြုကြသည့် စိတ်နည်းဗျူဟာ တစ်ခု ဖြစ်ပေသည်။

တိထျန်းက သူ့အား စိုက်ကြည့်လိုက်သည်။ ဝမ်ဝေ့က ဘာမှမလုပ်နိုင်ခင် အက်သံတစ်ခု ထွက်ပေါ်လာလေ၏။ အားကြီးလွန်းသည့် စွမ်းအားတစ်ခုက သူ့ရင်ဘတ်ပေါ် ကျရောက်သွားလေသည်။

ဘန်း

သူက လွင့်ထွက်သွားလေ၏။ နာနိုစက္ကန့်ပိုင်းအတွင်း သူ့ ခန္ဓာကိုယ်က အသံအတားအဆီးကို ချိုးဖောက်ကာ လွင့်ထွက်သွားသည်။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ခဏအကြာတွင် သူ့မြင်ကွင်းက ပြောင်းလဲသွား၏။

သူ့ဘေးရှိ အရာအားလုံးက အင်မတန် နှေးကွေးသွားဟန်ပေါ်သည်။ သူ့အသက်ရှူနှုန်း၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှု၊ သူ့အဝတ်စုတ်ပြဲမှုနှင့် သူ့အတွေးများပင် အပါအဝင် ဖြစ်၏။

ဝမ်ဝေ့က ဤသည်မှာ သူ လွင့်ထွက်သွားခြင်းက အလင်းနှုန်းထက် မြန်ဆန်နေ၍ ဖြစ်ကြောင်း သိလိုက်သည်။ သူက အရာအားလုံးကို လျှော့ချဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ သူက အပြည့်အဝ လွှမ်းမိုးခံထားရ၏။

ထို့ကြောင့် နယ်မြေသုံးခုကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က မြေကမ္ဘာနယ်မြေရှိ မြို့ကြီးတစ်ခုထံ ကျရောက်သွားသည်။

ဝုန်း…

သူ ဆင်းသက်ရာမှ အားကောင်းသည့် လှိုင်းများ ပေါ်ထွက်လာလေ၏။ ထို့နောက် လမ်းကြောင်းရှိ အရာအားလုံးက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားပြီး အိမ်များက ပြိုလဲသွားကာ သစ်ပင်များက အမြစ်မှ ကျွတ်ထွက်လာပြီး သက်ရှိအရာအားလုံးက အပိုင်းအစအဖြစ် ပေါက်ကွဲထွက်သွားသည်။

ကလေးများ၊ အမျိုးသမီးများ၊ တိရစ္ဆာန်များနှင့် အကြီးအကဲများ အပါအဝင် အရာအားလုံးက ချက်ချင်း အသတ်ခံလိုက်ရသည်။ ထိုမြို့တွင် နေထိုင်ကြသည့် နတ်ဘုရားများသည်လည်း မခုခံနိုင်ဘဲ အသတ်ခံလိုက်ရသည်။

ထိုလှိုင်းက လူသန်းချီကို ဖျက်ဆီးပြီးသည့်နောက်တွင်ပင် မရပ်တန့်သွားသေးပေ။ ဆက်လက် ပျံ့နှံ့နေဆဲသာဖြစ်၏။ ကံကောင်းသည်က ဝမ်ဝေ့က သူ့ ဝိညာဉ်စွမ်းအားဖြင့် ဆက်လက် ပျံ့နှံ့ခြင်းကို တားဆီးလိုက်သည်။

ထိုစဉ် မြေချိုင့်အတွင်း ဝမ်ဝေ့က ခွေးကိုက်ထားသလို ဖြစ်နေသည့် သူ့လက်နှစ်ဖက်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့အရိုးများက ကျိုးနေပြီး ကြွက်သားများ၊ အရေပြားများ၊ သွေးများနှင့်အတူ ထွက်ပေါ်နေသည်။

သူ့မျက်နှာမှ ဒွါရာများ၊ နံရိုးများနှင့် အတွင်းအင်္ဂါများမှ သွေးများ စီးထွက်နေကာ ထိုလက်သီးချက်ကြောင့် ပျက်စီးသွားလေသည်။ အကယ်၍ သူသာ အလိုလိုသိစိတ်ဖြင့် ထိုလက်သီးချက်၏ ခွန်အားကို တားဆီးဖို့ မလုပ်ဆောင်နိုင်ခဲ့လျှင် အခြေအနေက ပို၍ ဆိုးရွားသွားနိုင်သည်။

သူက ဒဏ်ရာပြင်းထန်မှုကို သတိပြုမိကာ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။ သူက သူ့ကုသစွမ်းရည်ကို နှောင့်နှေးစေသည့် ရင်းနှီးသော စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ အခြေအနေက အန္တရာယ်များကြောင်း သိကာ သူက ချက်ချင်းဆိုသလို သေခြင်းရှင်ခြင်းစက်ဝန်း စွမ်းရည်ကို အသက်သွင်းလိုက်ပြီး သူ့ ပြန်ကောင်းမွန်နှုန်းအား မြှင့်တင်လိုက်သည်။

ထိုစဉ် သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ကုသနိုင်လိုက်ပြီး သူ့လက်များက သူ့နံရိုးများ၊ အတွင်းအင်္ဂါများနှင့်အတူ ပြန်လည်ပေါက်ရောက်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူက မပျော်ရွှင်ပေ။ တစ်ဖက်လူက ရုတ်တရက် တိုက်စစ်ဆင်လာသော်လည်း သူ့အနေနှင့် တုံ့ပြန်ဖို့ အချိန်မရခဲ့ပေ။ ထို့အပြင် ထိုလက်သီးချက်က ခန္ဓာကိုယ်သက်သက်၏ ခွန်အားချည်းသာဖြစ်ပြီး မန္တန်များ သို့မဟုတ် နည်းစနစ်များ မပါဝင်သေးပေ။

သူက သူ့ဝိညာဉ်ရှိ စိတ်ဝိညာဉ်အမှုန်များအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ထိုအရာအား လုပ်ဆောင်ပြီးသည်နှင့် တိထျန်းက သူ့ဆီ အနှိုင်းမဲ့အလျင်ဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။

သေစမ်း …

ဝမ်ဝေ့က တစ်ဖက်လူအား အရှိန်ဖြင့် မယှဉ်နိုင်သေးကြောင်း သဘောပေါက်သွားသည့်အခါ ကျိန်ဆဲမိလိုက်သည်။ သူက သူ့လှုပ်ရှားမှုကို မြင်သည့်အခါ တုံ့ပြန်နိုင်ရုံမျှသာ ဖြစ်၏။ ထို့ကြောင့် သူက ပင်ကိုဒိုင်းကို ကာကွယ်ကာ အသက်သွင်းလိုက်သည်။ ကံဆိုးစွာဖြင့် သူ ဂုဏ်ယူရပြီး မဟာကမ္ဘာ၏ ပေါက်ကွဲမှုကိုပင် ခုခံနိုင်သည့် ဒိုင်းကာက တိထျန်းရှေ့တွင် စာရွက်လို ပါးလျနေသည်။

လက်သီးချက်က ထိုကာကွယ်ရေးဒိုင်းအား အလွယ်တကူ ဖျက်ဆီးပစ်ပြီး သူ့ခေါင်းပေါ်သို့ ကျရောက်လာသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဒိုင်းက တိုက်ကွက်အား နာနိုစက္ကန့်မျှ နှောင့်နှေးအောင် လုပ်နိုင်ခဲ့၏။ ထိုအချိန်ကို အသုံးချကာ ဝမ်ဝေ့က ချက်ချင်းဆိုသလို သူ့ဦးနှောက်အား ဝိညာဉ်နှင့်အတူ ခေါင်းမှ ခန္ဓာကိုယ်အတွင်း ရွှေ့ပြောင်းထားလိုက်သည်။

ထို့နောက် သူ့ခေါင်းက ဘောလုံးတစ်ခုလို ပေါက်ကွဲထွက်သွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ သွေးပြန့်ကျဲသွားသည့်နေရာတွင် ချက်ချင်းဆိုသလို ပန်းများ၊ သစ်ပင်များ ပေါက်ရောက်လာ၏။ ပြောရလျှင် သွေးထဲတွင် ပါရှိနေသည့် အသက်ဓာတ် အမြောက်အများကြောင့် ဖြစ်သည်။

ထိုစဉ် တစ်ဖက်လူက အသက်ရှင်နေသေးသည်ကို သတိပြုမိနေသည့် တိထျန်းက ဝမ်ဝေ့၏ ခေါင်းမဲ့နေသည့် ခန္ဓာကိုယ်အား ကန်ထုတ်လိုက်ပြီး လွင့်ထွက်သွားစေသည်။ ခေါင်းမဲ့နေသည့် ခန္ဓာကိုယ်က အနီးနားရှိ မြို့များဆီ ပျံသန်းသွားလေ၏။

လီကျွင်း၏ ကြိုးစားမှုဖြင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ လူဦးရေသည် လူသန်းပေါင်းများစွာ နေနိုင်သည့် မြို့ကြီးများအဖြစ် နယ်မြေများအနှံ့တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဝမ်ဝေ့က လွင့်စင်သွားစဉ် သူ့ခန္ဓာကိုယ်နှင့် ထိတွေ့မိထားသည့် အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။

သူက သူ ဝင်တိုက်မိပြီးသည့်နောက်တွင် အသင်္ချေလူများက ချက်ချင်းဆိုသလို သွေးမြူအဖြစ် ပေါက်ထွက်သွားသည်ကို ခံစားမိလေ၏။ တောင်များ၊ မြစ်များ၊ တောအုပ်များနှင့် အရာအားလုံးကလည်း သူ့လမ်းကြောင်းတွင် အငွေ့ပျံသွားလေသည်။

သေစမ်း

ဝမ်ဝေ့က ထပ်မံ ကျိန်ဆဲလိုက်သည်။ သူက တစ်ဖက်လူကို အားကောင်းသည့် သူ့ခန္ဓာကိုယ်အား အသုံးချကာ အနိုင်ကျင့်ခဲ့ဖူးသည်။ ယခုအခါ သူ့အလှည့် ကျရောက်လာပြီ ဖြစ်၏။ ထိုအချက်က သူ့အား ဒေါသထွက်စေသည်။

သို့သော်လည်း သူ့ခေါင်း ပြန်လည်ပေါက်နေသည့် အချိန်အတွင်း စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနေရသည်။ သူက ဒေါသထွက်ခြင်းသည် သူ့လက်ရှိအခြေအနေအား ပို၍ ဆိုးရွားသွားစေနိုင်ကြောင်း သိထားသည်။

လက်ရှိပြဿနာက သူ ရင်ဆိုင်နေရသည့်သူက တုံ့ပြန်ဖို့အတွက် အလွန်မြန်ဆန်နေခြင်း ဖြစ်၏။ သူက သူ မယှဉ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပါ ထည့်ပေါင်းလိုက်သည့်အခါ အခြေအနေက ပို၍ ဆိုးရွားသွားသည်။

ဝမ်ဝေ့က သူ့လက်ရှိအနေအထားနှင့် ပတ်သက်ပြီး ဖြေရှင်းနည်းကို ရှာဖွေနေစဉ် တိထျန်းက သူ့ခန္ဓာကိုယ်အား မြေဖြိုစက်တစ်ခုအဖြစ် အသုံးပြုနေသည်။ သူ့ခန္ဓာကိုယ်ကို ဝေ့ယမ်းရင်း အိမ်များ၊ အဆောက်အဦးများကို ဖျက်ဆီးပစ်နေသည်။

သူက အသားဆော့စ်လိုမျိုး ဖြစ်အောင်အထိ ထိုးနှက်လိုက်ပြီး သခွားသီးလိုမျိုး ပိုင်းဖြတ်လိုက်သည်။

ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့၏ ပါးစပ်မှ အသံတစ်သံပင် ထွက်မလာပေ။ သူ ပြန်လည်ကောင်းမွန်သည့်အချိန်တိုင်း သူက အသက်ရှင်သန်လိုသည့် စိတ်ဆန္ဒဖြင့် တောက်ပနေလျက် ရှိသည်။

စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ကင်းမဲ့သည့် အရိပ်အယောင်မျိုးကို မမြင်ရပေ။

တိထျန်းက ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ငါ သူ့စိတ်ကို ချိုးဖောက်ဖို့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ အရှက်ခွဲမှုတွေ အသုံးပြုတာ ကျရှုံးသွားပုံပဲ။ သူက ဧကရာဇ်ငယ် တစ်ပါးဆိုတော့လည်း ဒီလောက်တော့ ထင်ထားပြီးသားပါ။ သူ့ တာအိုနှလုံးသားနဲ့ စိတ်ဝိညာဉ်က ဘယ်လိုလုပ် အလွယ်တကူ ပြိုကွဲသွားနိုင်ပါ့မလဲ…

တိထျန်းက သူ အောင်မြင်မည်လား၊ ကျရှုံးမည်လား ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဘာမှမဆုံးရှုံးပေ။ သူက တစ်ဖက်လူကို အမေပင် မမှတ်မိအောင်အထိ ရိုက်နှက်နိုင်သည့်အတွက် ကျေနပ်နေမိသည်။

ထိုစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ မျက်စိနှင့် မမြင်နိုင်သည့် ခဲဖြူရောင် ကြိုးများစွာ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဖြင့် ဆက်နွယ်နေသည်။ ထို့နောက် ဝေဟင်အထက် ပုံရိပ်ယောင် မြစ်တစ်စင်းအဖြစ် ပေါ်ထွက်လာလေ၏။

“ ကံကြမ္မာ မြစ်ကြောင်း” တိထျန်းကို ထိုမရေတွက်နိုင်သည့် ကြိုးမျှင်များဖြင့် ပြုလုပ်ထားဟန်ပေါ်သည့် မြစ်တစ်စင်းကို ကြည့်လိုက်သည် “ သူက ဒီကမ္ဘာရဲ့ တစ်ဦးတည်းသော အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေနဲ့ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်ဖို့ လုပ်နေတာပဲ”

တိထျန်းက ဘာမှမပြောဘဲ ဝမ်ဝေ့ဆီ ပြေးသွားကာ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ကိစ္စများက ဤတစ်ကြိမ် ကွဲပြားသွားလေပြီ။

ဝမ်ဝေ့က မတားဆီးဘဲ တိထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဘန်း

သူ့ညာဖက်လက်က အမှုန်သန်းပေါင်းများစွာ အဖြစ် ပေါက်ကွဲထွက်သွားပြီး ကီလိုမီတာရာချီ လွင့်ထွက်သွားလေသည်။ ထို့နောက် သူက ပြန်လည်ရပ်တန့်ကာ သူ့ဘာသာသူ ထိန်းချုပ်လိုက်၏။

စိတ်ဝင်စားစရာပဲ…

တိထျန်းက တစ်ဖက်လူသည် အချိန်တိုအတွင်း သူ့တုံ့ပြန်နှုန်းအား မည်သို့ အမီလိုက်နိုင်သည်ကို စဉ်းစားရင်း ရပ်တန့်သွားသည်။

All Chapters