← Chapters

မယှဉ်နိုင်ခြင်း

Vol. 28 Ch. 392

မယှဉ်နိုင်ခြင်း

Vol. 28 Ch. 392

အခန်း (၃၉၂) : မယှဉ်နိုင်ခြင်း

ကံကြမ္မာမြစ်ကြောင်းနှင့် ဆက်နွယ်နေသော ကြိုးမျှင်များကို ကြည့်ကာ တိထျန်းက ဝမ်ဝေ့သည် သူ့တုံပြန်နိုင်စွမ်းကို မြှင့်တင်ဖို့ ကံကြမ္မာစွမ်းအားကို အသုံးပြုခဲ့ကြောင်း ခန့်မှန်းမိသွားသည်။ ထိုမြစ်တွင် ဤကောင်းကင်ဘုံ ဗိမာန်ကမ္ဘာကို စတင် ဖန်တီးစဉ်ကတည်းက တည်ရှိသည့် လူအားလုံး၏ ဘဝများ ပါဝင်နေ၏။

ရှေးခေတ်အချိန်မှ ယခုလက်ရှိအချိန်အထိ လူအရေအတွက်သည် သေမျိုးများ၏ သက်တမ်းတိုတောင်းမှုဖြင့် မရေတွက်နိုင်တော့ပေ။

ထိုလူများက ဝမ်ဝေ့၏ တုံ့ပြန်မှုအား စောင့်ကြည့်ပေးနေမှုသည် မရေတွက်နိုင်သည့် လူများစွာက ကြည့်ရှုနေသကဲ့သို့ ဖြစ်သောကြောင့် သူ့ တုံ့ပြန်နှုန်းအား တိုးမြင့်လာစေသည်။

တစ်ခုတည်းသော ကန့်သတ်ချက်က သူ့ခန္ဓာကိုယ် ခံနိုင်ရည်ရှိသည့် စွမ်းအား ဖြစ်၏။

တိထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ တစ်ဖက်လူက သူ့တိုက်ခိုက်မှုကို အချိန်မီတုံ့ပြန်နိုင်တော့ရော ဘာဖြစ်လဲ။ ဤသည်က သူတို့ခွန်အားကြားမှ ကွာခြားချက်ကို မပြောင်းလဲပေးနိုင်ပေ။

သူက တစ်ဖက်လူဆီ သွားကာ လက်သီးဖြင့် ထိုးချလိုက်သည်။ လက်သီးနှစ်ချက် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ထူးဆန်းသည့် စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားမိလိုက်၏။ ဤသည်က ရုပ်ပိုင်းဆိုင်ရာ ခွန်အား မဟုတ်ဘဲ တခြားအရာတစ်ခု ဖြစ်၏။

သူ မတုံ့ပြန်နိုင်ခင် သူ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ အတင်းအကြပ် တွန်းလွှတ်ခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအရာကို ပြန်သွင်းဖို့ ကြိုးစားနေသည့် သံကြိုးများစွာ ရှိသော်လည်း အသုံးမဝင်ပေ။

ထို့နောက် တိထျန်းက နောက်ထပ် လက်သီးသုံးချက်နှင့် ကန်ချက်တစ်ခုကို ပြုလုပ်လာသည်။

ယခင်တစ်ခုက ဝမ်ဝေ့၏ ညာဖက်လက်အား ပျက်သုဉ်းလုနီးပါး ဖြစ်သွားစေသော်လည်း ကျန်တိုက်ကွက် သုံးခုကမူ သူ ကျန်ရှိနေသည့် လက်မောင်းနှင့် ခြေနှစ်ဖက်အား ပျက်စီးသွားစေသည်။ ထိုစဉ် သူ့ ကမ္ဘာဦးစိတ်ဝိညာဉ်၏ အထက်တွင် အနက်ရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာပြီး အရာအားလုံးအား အမှုန့်အဖြစ် စတင်တိုက်စားခြေဖျက်နေလေသည်။

သူ့စိတ်ဝိညာဉ် အမှုန်ပေါင်းသန်းပေါင်းများစွာက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလေ၏။ ဝမ်ဝေ့က သူ့ဝိညာဉ်သည် အမှုန့်အဖြစ် ပျက်သုဉ်းသွားသည်နှင့် သေဆုံးသွားမည် ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက သူ့စိတ်ဝိညာဉ် အမှုန်များအား ပြန့်ကျဲစေလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ဆဲလ်များမှ ပြန်လည် ပေါက်ရောက်စေလိုက်သည်။

ထိုစဉ် ဝမ်ဝေ့၏ မျက်ခုံးနှစ်ခုကြားမှ ကြိုးမျှင်တစ်ခု ပေါ်ထွက်လာလေသည်။ ထိုကြိုးမျှင်က တိထျန်းနှင့် ဆက်နွယ်ထားပြီး သူ့ဝိညာဉ်၊ သက်တမ်းနှင့် အတိတ်အပါအဝင် သူ့ကံကြမ္မာကိုပါ ဆွဲယူဖို့ ကြိုးစားနေသည်။

သို့သော်လည်း တိထျန်းက ခပ်တည်တည်ဖြင့် သူ့လက်ကို ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ထိုကြိုးမျှင်အား အလွယ်တကူ ဖြတ်တောက်လိုက်၍ ဝမ်ဝေ့က တန်ပြန်သက်ရောက်မှုကြောင့် သွေးအန်လိုက်ရသည်။

ဝမ်ဝေ့က သူ သေခြင်းရှင်ခြင်းစက်ဝန်း စွမ်းရည်အား အသုံးပြုကာ သူ့ခန္ဓာကိုယ်အား အလျင်အမြန် ကုစားနေစဉ် ဝမ်ဝေ့၏ အနောက်ဘက်မှ ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး ပင့်ကူအိမ်သဖွယ် ဖြစ်လာပြီး သူ့အား တခြားနယ်မြေသို့ မလွင့်စင်နိုင်အောင် တားဆီးပေးထားသည်။

သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသည့် စက္ကန့်အပိုင်းအတွင်း သူက ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် ပင့်ကူအိမ်အပေါ် ရပ်လိုက်ပြီး တွန်းအားအဖြစ် အသုံးပြုကာ မီးခိုးရောင်သက်တန့်အဖြစ် ပြောင်းလဲလိုက်ပြီး တိထျန်ဆီ ပြေးဝင်သွားသည်။

တိထျန်းရှေ့တွင် သူက ကမ္ဘာချိုးဖောက် လက်သီးကို ထိုးချလိုက်၏။

သူ့အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါ၊ ဆဲလ်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်မှ စိတ်ဝိညာဉ် အမှုန်ပေါင်းသန်းပေါင်းများစွာမှ တုန်ခါမှုဖြစ်ပေါ်လာသည်။ ထို့အပြင် သူက ကံကြမ္မာမြစ်ကြောင်းကို ပြုလုပ်ထားသည့် ကြိုးမျှင်များကလည်း တုန်ခါလာပြီး သူ့တိုက်ကွက်အား အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ပေးလေသည်။

ဤလက်ရှိတိုက်ကွက်က ဝမ်ဝေ့၏ ခန္ဓာကိုယ်အဆင့်နှင့် ကျင့်ကြံဆင့်၏ အမှန်တကယ် ပေါင်းစပ်ထားမှု ဖြစ်ပေသည်။ သူက အသင်္ချေကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်းအဆင့် အချို့သာ ဤတိုက်ကွက်ကို အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလေသည်။

သူက ထိုလက်သီးချက် ထိုးချပြီးသည့်နောက်တွင် ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ နယ်မြေငါးခုလုံးက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလေသည်။ တုန်ခါမှုက ကွမ်တန်အဆင့်အထိ အရာအားလုံးကို ပျက်သုဉ်းသွားစေသည်။ ထိုတိုက်ကွက်က ထိုနယ်မြေအတွင်း တည်ရှိသည့် သဘောတရားများကိုပင် ချန်ရစ်မထားဘဲ အကုန်ပျက်သုဉ်းသွားစေသည်။

ဝုန်း

ထိုလက်သီးချက်က တိထျန်း၏ ခန္ဓာကိုယ်ကို ထိသွားပြီး သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ဖုန်မှုန့်များ ထသွားစေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လေပြေ တိုက်ခိုက်သွားသောကြောင့် ဖုန်များက ပြန်လည်ရှင်းလင်းသွား၏။

သူက အကောင်းအတိုင်းရှိနေပြီး သူ့အဝတ်များပင် ခြစ်ရာ မရှိပေ။

သူ့အေးစက်စက်နှင့် မထူးမခြားနားသည့် အကြည့်များက ဝမ်ဝေ့အား တည်ငြိမ်စွာ ကြည့်နေလေ၏။ သူက လက်မြှောက်လိုက်သည့်အခါ အနက်ရောင် မီးခိုးတိမ်တိုက်တစ်ခု ပေါ်ထွက်လာသည်။

ဝုန်း

ဝမ်ဝေ့ထံ ကြောက်မက်ဖွယ် သေခြင်းတရား အငွေ့အသက် လွှမ်းခြုံသွား၏။ သူ့ အလိုလိုသိစိတ်က သူ သေဆုံးတော့မည်ဟု ခံစားချက် ရနေသည်။ သူ မည်မျှပင် လုပ်စေကာမူ တစ်ခုတည်းသော ရလဒ်က သေခြင်းတရားသာ ဖြစ်၏။

ပထမဆုံးအကြိမ်အဖြစ် သူ့စိတ်ထဲ လွှမ်းမိုးလာသည့် အကြောက်တရား ခံစားချက်ကို ခံစားမိလိုက်သည်။ သူက ဤတိုက်ကွက်တွင် အသက်မရှင်နိုင်ကြောင်း သိလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူက အားကောင်းသည့် စိတ်ဆန္ဒကို အသုံးပြုကာ အကြောက်တရားကို ဖိနှိပ်ထားသည်။ ဤသည်က ထိုသို့ ကြောက်လန့်နေရမည့် အချိန်မျိုး မဟုတ်ပေ။ သူက တာအိုသက်သေပြ ပစ္စည်းကို ကြေးမုံအဖြစ် အသက်သွင်းလိုက်သည်။

သူက အငမ်းမရ ဝါးမျိုရေးကျမ်းမှ ဝါးမျိုရေးစွမ်းအားကို ထည့်သွင်းလိုက်ပြီး ထိုတိုက်ကွက်၏ စွမ်းအားကို စုပ်ယူစေလိုက်သည်။ နောက်ဆုံးတွင် သူက ကြိုးမျှင်တစ်ချောင်းဖြင့် သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်ကာ လေဟာနယ်တစ်ခုအတွင်း အပေါက်တစ်ခု ဖန်ဆင်းပြီး ထိုလက်ချောင်းအား ကောင်းကင်ဘုံဗိမာန်ကမ္ဘာရှိ တခြားနယ်မြေသို့ ပို့ဆောင်လိုက်သည်။

ထိုအရာအားလုံးက နာနိုစက္ကန့်ပိုင်းအတွင်း ဖြစ်ပွားသွားခြင်း ဖြစ်၏။

တိထျန်း၏ လက်သီးချက်က ဝမ်ဝေ့၏ ခန္ဓာကိုယ်အပေါ် ကျရောက်လာပြီးသည့်နောက်တွင် အနက်ရောင် စက်ဝန်းတစ်ခု လွှမ်းခြုံသွားပြီး ကြေးမုံကလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က နှစ်များစွာ သေဆုံးထားသကဲ့သို့ ပုပ်သိုးကာ ဆွေးမြေ့သွားသည်။

စက္ကန့်ပိုင်းအတွင်း သူ့အရိုးများသာ ကျန်ရှိတော့၏။ သိပ်မကြာခင် သူတို့သည်လည်း ပျောက်ကွယ်သွားကြသည်။ ကြေးမုံသည်လည်း အဆုံးသတ် အတူတူသာ ဖြစ်၏။ အမှုန်အမွှားများအဖြစ် ပျောက်ကွယ်မသွားခင် သံချေးတက်ကာ ပျောက်ကွယ်သွားသည်။

တိထျန်းက ထိုအရာကို မြင်ကာ ထိုလူသည် မသေဆုံးသေးကြောင်း သိလိုက်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဝမ်ဝေ့၏ တည်နေရာအား ရှာဖွေသော်လည်း ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုက သူ့ရှာဖွေမှုအား တားဆီးထားဟန် ပေါ်သည်။

“ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုလား” သူ့အနေနှင့် ဤကမ္ဘာ၏ တစ်ဦးတည်းသော နတ်ဘုရားတစ်ပါးဖြစ်သည့် ဝမ်ဝေ့တွင် ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းရှိထားကြောင်း နားလည်လေသည်။ သို့သော်လည်း တိထျန်းက ဂရုမစိုက်ပေ။ ထိုအရာက စက္ကန့်ပိုင်းမျှသာ နှောင့်နှေးနိုင်စေသည်။

ထိုစဉ် သေခြင်းတရား နယ်မြေအတွင်း ဝမ်ဝေ့၏ လက်ချောင်းငယ်လေးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေ၏။ ထိုလက်ချောင်းက အချိန်မဖြုန်းဘဲ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်စုပ်ယူလိုက်သည်။

ကျန်ရှိနေသည့် နတ်ဘုရားများက သူတို့ကမ္ဘာ ပြိုကွဲသွားသည့်အတွက် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ ထိုနေရာအတွင်း နေထိုင်သည့် ယုံကြည်ကိုးကွယ်သူများကလည်း သွေးမြစ်အဖြစ် ပြောင်းလဲသွားကာ လက်ချောင်း၏ စုပ်ယူမှုကို ခံလိုက်ရသည်။

သူတို့၏ ဝိညာဉ်၊ သက်တမ်းနှင့် သွေးစွမ်းအားများကို လက်ချောင်းမှ စုပ်ယူသွားပြီး ဝမ်ဝေ့၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် ကြီးထွားလာသည်။ ယခင်က ကောင်းကင်ဘုံဗိမာန်များသည် အလွယ်တကူ စီမံနိုင်ဖို့အတွက် အတူတကွ ပေါင်းစပ်ထားလေသည်။ ထို့ကြောင့် ထိုကပ်ဘေးအတွင်း သေခြင်းတရားနယ်မြေ၏ နတ်ဘုရားအားလုံးနှင့် ယုံကြည်သက်ဝင်သူအားလုံးက အသတ်ခံလိုက်ရသည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို ပြန်လည် ပေါက်ရောက်လာပြီးသည့်နောက်တွင် မရပ်တန့်သေးပဲ ကမ္ဘာငယ်တစ်ခုဟု ယူဆလို့ရသည့် နယ်မြေတစ်ခုလုံးကို စုပ်ယူလိုက်သည်။

နှစ်များစွာ တစ်လျှောက်လုံး ဝမ်ဝေ့က သူ့သေခြင်းရှင်ခြင်းစက်ဝန်း စွမ်းရည်ကို အသုံးမပြုခဲ့ခြင်းမှာ အသုံးပြုစရာ မလို၍ ဖြစ်သည်။ သို့သော်လည်း သူ့အနေနှင့် လေ့ကျင့်ပေးထားခဲ့သည်။ သူက စွမ်းအင်ပုံသဏ္ဌာန်အမျိုးမျိုး သို့မဟုတ် အစွမ်းပုံသဏ္ဌာန် အမျိုးမျိုးကို စုပ်ယူပြီး သူ့အား သူ့ဘာသာသူ ကုသနိုင်လေသည်။

ယနေ့တွင် ထိုစွမ်းရည်က အသုံးဝင်လာခဲ့၏။

နောက်ဆုံး တိုက်ခိုက်မှုကို တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က သေခြင်းတရားနှင့် အမှန်တကယ် နီးကပ်သွားသည့်အတွက် ကြောက်လန့်သွားလေသည်။ သူက သွေးတစ်စက်ဖြင့် ပြန်လည်ရှင်သန်ထမြောက်ခြင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း အလွန်နီးကပ်နေပြီ ဖြစ်၏။

ထို့ကြောင့် နောက်ဆုံးမိနစ်ပိုင်းအတွင်း သူက ထိုအကြံအစည်ကို အသက်ရှင်ဖို့အတွက် တွေးလိုက်မိသည်။

ယခင် အခြေအနေကို စဉ်းစားမိကာ သူ့မျက်နှာတွင် အပြုံးတစ်ချက် ပေါ်ထွက်လာသည်။ သူက စိတ်လှုပ်ရှားနေမိ၏။ သူ့ ကျင့်ကြံရေးလမ်းစဉ်က ချောမွေ့လွန်းသည့်အတွက် ထိုအားကောင်းသည့် ရန်သူမျိုးနှင့် မရင်ဆိုင်ဖူးပေ။ မဟုတ်သေးဘူး … ထိုသို့ လွှမ်းမိုးနိုင်သည့်သူမျိုးနှင့် ရင်မဆိုင်ဖူးပေ။

သူကသာ ရန်သူများကို အနိုင်ကျင့်လာနေကျ ဖြစ်၏။ သူ့အနေနှင့် အားကောင်းသည့်သူများကို မတိုက်ခိုက်ဖူးခြင်းတော့ မဟုတ်ပေ။ သူ့အဖေနှင့် ဝူဟုန်က သူ စိတ်ကြီးဝင်လာသည့်အခါတိုင်း သူ့နေရာသူသိအောင် ပညာပြလေ့ရှိသည်။

သို့သော်လည်း ထိုလူများက သူ့အား ယခုလိုမျိုး အမှန်တကယ် သတ်ဖြတ်ဖို့ မကြိုးစားခဲ့ဖူးကြပေ။ ထို့ကြောင့် ဤသည်က သူ စိတ်ဝိညာဉ်ခရီးလမ်း အပြီးတွင် ပထမဆုံး သေခြင်း၊ ရှင်ခြင်းတိုက်ပွဲကို ကြုံတွေ့ရခြင်း ဖြစ်၏။

ဝမ်ဝေ့က ကောင်းကင်ဘုံဗိမာန်အား အသုံးပြုကာ အချိန်အနည်းငယ် ဆွဲပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာသည်။ သူက သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည့် တိထျန်းအား ကြည့်လိုက်၏။

“ အရင်က သံသယရှိရုံပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတိုက်ကွက်အပြီးမှာ ငါ သံသယကို အတည်ပြုလိုက်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည် “ မင်းက ရှေးဟောင်း ခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံထားတာပဲ”

သူက တိထျန်း၏ ခန္ဓာကိုယ်သည် သူနှင့် ဆင်တူကြောင်း ခံစားမိလေသည်။ ထို့အပြင် သူက ပင်ကိုချီကိုလည်း ခံစားမိလေ၏။ တိထျန်းက သူ့ခန္ဓာကိုယ်ထက် ပိုများသည့် ပင်ကိုပစ္စည်းများ ရှိထားဟန်ပေါ်သည်။

ထိုလူ၏ အိပ်စက်သူများအကြောင်း သိထားသလောက် ဂိုဏ်းများကို ကျူးကျော်ကာ ကျမ်းများကို ရယူနိုင်လေသည်။ သူ မူလဆေးလုံးတာအိုဂိုဏ်းကို ပြုလုပ်ခဲ့သလိုမျိုး ဖြစ်၏။

“ မင်း ပြောတာမှန်တယ်” တိထျန်းက ပြောလိုက်သည် “ ငါ မြင်ဖူးတဲ့ ခန္ဓာကိုယ်သန့်စင်ကျမ်းတွေ အားလုံးထဲမှာ ဒီဟာက အတော်လေး ထူးခြားတယ်။ ဒါက ဘက်စုံသုံးနိုင်လို့ပဲ။ ဒါပေမဲ့ ဒီဟာရဲ့ ဂုဏ်ကျက်သရေကိုတော့ အလိမ်အညာတွေအပေါ်မှာ တည်ဆောက်ထားတာ တကယ်ကို အရှက်ရစရာပဲ”

“ မင်းက ဘာကို ပြောချင်တာလဲ”

“ ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်က ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ဒီနည်းစနစ်ကို ကြာခုနစ်ပွင့်ဧကရာဇ်နဲ့ တိုက်ဖို့ မသုံးခဲ့ဖူးဘူး”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုကျမ်းနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက် တစ်ခုရှိနေမည်ဟု အမြဲတမ်းလိုလို ခံစားချက်ရနေမိ၏။ သူက ထိုအရာကို ကျင့်ကြံသည်မှာ ပြီးမြောက်ဖို့ နီးကပ်လာပြီ ဖြစ်၏။ သူ သိထားသလိုမျိုး ကျင့်စဉ် ပြီးဆုံးသွားသည်နှင့် မဟာဧကရာဇ်များကိုပင် တိုက်ခိုက်နိုင်လိမ့်မည်ဟု မခံစားမိပေ။

“ အဲဒါဆို ဘာဖြစ်ခဲ့တာလဲ” သူက မေးလိုက်သည်။

“ ဝမ်ချုံးက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ဖန်တီးပြီးလိုက်တာနဲ့ သူက ဗလာခေတ်ကာလက ကမ္ဘာဦးနတ်ဘုရားရဲ့ ခုန်နေတဲ့ နှလုံးသားတစ်ခုကို တွေ့လောက်အောင် ကံကောင်းခဲ့တယ်။ ပြီးတော့ အဲဒါကို စုပ်ယူခဲ့တယ်။

အဲဒီနောက်မှာ သူက ကြာခုနစ်ပွင့်ဧကရာဇ်ကို ထပ်ပြီးတော့ စိန်ခေါ်ခဲ့တယ်။ တကယ်တမ်း ဟိုဧကရာဇ်က တတိယအဆင့် မဟာဧကရာဇ်လောက်ပဲ ရှိပေမဲ့ သူက အလွယ်လေး ရှုံးနိမ့်သွားတုန်းပဲ။ ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့ မဟာဧကရာဇ်ရဲ့ ကွာခြားချက်က အတော်လေးကို မယှဉ်နိုင်ဘူး”

ဝမ်ဝေ့က သူ့အဖိုးသည် အရက်မူးကာ ဧကရာဇ်တစ်ပိုင်းအဆင့်သည် စကြဝဠာကြီးထဲ၌ အကြီးမားဆုံး ဟာသပြက်လုံး တစ်ခုဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို ရုတ်ချည်း အမှတ်ရသွားသည်။

ထိုစဉ် ဝမ်ဝေ့က သူ့အား မေးခဲ့သော်လည်း သူ့ကျင့်ကြံဆင့်သာ အားနည်းနေသည်ဟု အကြောင်းပြချက်အောက်တွင် အဖြေမရခဲ့ပေ။ ထိုအရာက အချိန်ကြာမြင့်လှပြီဖြစ်သည့်အတွက် ဝမ်ဝေ့က ထပ်မံ မပြောလိုပေ။

သို့သော်လည်း လတ်တလော သူက လျှို့ဝှက်မှတ်တမ်းခန်းသို့ ဝင်ခွင့်ရရှိပြီးသည့်နောက်တွင် ထိုအရာ၏ နောက်ကွယ်မှ အကြောင်းအရာကို ဖြည်းဖြည်းချင်း နားလည်လာခဲ့၏။

ယခုတွင် တိထျန်းက တူညီသည့်အရာကို ပြောပြနေလေသည်။

“ မင်း ပြောတာက အမှန်ဆိုရင် ကြာခုနစ်ပွင့်ဧကရာဇ်က ငါ့ဘိုးဘေးအတွက် ကံကြမ္မာကို ဘာလို့ ဖြတ်တောက်ပေးခဲ့တာလဲ။ အဲဒါကိုရော သူက ညာခဲ့တာလား” ဝမ်ဝေ့က မေးလိုက်သည်။

ထိုကျမ်း နာမည်ကျော်ရခြင်း၏ အကြောင်းအရင်းတစ်ချက်မှာ လုံလုံလောက်လောက် ကျင့်ကြံပြီးသည့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်သည် မဟာဧကရာဇ် တစ်ပါး၏ စွမ်းအားကို ရရှိလိမ့်မည်ဟူသော ကောလဟာလကြောင့် ဖြစ်၏။

“ ကြာခုနစ်ပွင့်ဧကရာဇ်က ဘယ်လောက်ပဲ အားနည်းနည်း စေ့စပ်ညှိနှိုင်းနေမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူက ဝမ်ချုံးနဲ့ အပေးအယူ လုပ်ခဲ့တယ်။ သူက သူ့ကံကြမ္မာကို ဖြတ်တောက်ပေးပြီးတော့ ဒီကျမ်းရဲ့ ကောလဟာလကို အသိအမှတ်ပြုပေးမယ်။ အပြန်အလှန်အနေနဲ့ သူက သူ့စွမ်းအားကို မြှင့်တင်ဖို့ ကမ္ဘာဦးနတ်ဘုရားရဲ့ သွေးစက် တချို့ကို လိုချင်တယ်။

အဲဒါနဲ့ ကောလဟာလတွေ ပြန့်လာတာပဲ။ အဖြေကတော့ ရှင်းပါတယ်။ အဲဒီအချိန်တုန်းက တာအိုအခွင့်အလမ်းဂိုဏ်းက ထာဝရဧကရာဇ် ဆိုရင်တောင်  မဟာဧကရာဇ်နှစ်ပါးပဲ ရှိသေးတဲ့ ဂိုဏ်းငယ်လေးတစ်ခုပဲ ရှိသေးတာလေ။

ဝမ်ချုံးက အဲဒီကောလဟာလကို အသုံးပြုပြီးတော့ နောက်အနာဂတ် မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ချင်တာနေမှာပေါ့။ သူတို့က မဟာဧကရာဇ်နဲ့ တိုက်နိုင်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်တွေကို တိတ်တဆိတ် မွေးထုတ်ပေးနိုင်တယ်ဆိုပြီးတော့ တွေးမိအောင်ပေါ့။ ပြီးတော့ ဒီနည်းလမ်းက အောင်မြင်သွားခဲ့တယ်”

ဝမ်ဝေ့က ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်၏ အစီအစဉ်ကို နားလည်လိုက်သည်။ သို့သော်လည်း သူက ကိစ္စများသည် ထိုသို့ရိုးရှင်းသည်ဟု မထင်မိပေ။ အဖြစ်နိုင်ဆုံးက ထိုကျမ်းသည် သူ မသိသေးသည့် အကြောင်းအရာတချို့ ရှိနေဟန်ပေါ်၏။

“ အခု မင်းက ကောင်းသွားပြီလား” တိထျန်းက အေးစက်စက်အကြည့်ဖြင့် မေးလိုက်သည်။

“ ငါ့ကို အချိန်ပေးတာ ကျေးဇူးပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်ပြီးနောက် အားအကောင်းဆုံး အခြေအနေသို့ ဝင်ရောက်ဖို့ ပြင်ဆင်ရင်း စတင် အသွင်ပြောင်းလိုက်သည်။

All Chapters