← Chapters

ငါ့ကို နာမည်ဖျက် အသရေဖျက်တဲ့ကောင်... မင်းကို သေအောင်သတ်မယ်

Vol. 41 Ch. 572

ငါ့ကို နာမည်ဖျက် အသရေဖျက်တဲ့ကောင်... မင်းကို သေအောင်သတ်မယ်

Vol. 41 Ch. 572

အခန်း (၅၇၂) ငါ့ကို နာမည်ဖျက် အသရေဖျက်တဲ့ကောင်... မင်းကို သေအောင်သတ်မယ်

ထို ခရမ်းရောင်ဆံပင်ပိုင်ရှင် အဘိုးအိုက ကောင်းကင်မိုးကြိုးခန်းမ၏ ဘိုးဘေးအကြီးအကဲတစ်ယောက်ဖြစ်ပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်သည်။ သို့သော် ယခုတော့ ရန်ကျောက်ကဲကို ထိပ်တိုက်ရင်ဆိုင်ရင်း နေ‌ရောင်ခြည်ကို တိမ်ညိုများဖုံးလွှမ်းသည့်အလား မည်သည့်အရာကိုမှ မမြင်နိုင်တော့သလို ခံစားရသည်။

ရန်ကျောက်ကဲက လေထဲမှာပင် အရှေ့သို့ လမ်းဆက်လျှောက်လာသည်။

ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအိုက သူ၏ အဆင့်မြင့်မှော်ဝင်လက်နက်ကို ဝှေ့ယမ်းလိုက်ပြီး ထပ်မံ၍ အပြင်းအထန် တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲက အရေးမစိုက်ဘဲ လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်၏။

လျှပ်စီးထက်ပင် ပိုမိုလျှင်မြန်သော ကောင်းကင်လျှပ်စီးဧကရီ” ဓားသိုင်းမှာ မိုးမြေတစ်ခုလုံးကို လွှမ်းခြုံထားသော ရန်ကျောက်ကဲ၏လက်ဖဝါးဖြင့် ဖုံးအုပ်ခံရပြီး ချက်ချင်းပင် နှေးကွေးသွားသည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က ဖြည်းညင်းစွာ ကျဆင်းလာခြင်း ဖြစ်သော်လည်း ကောင်းကင်မိုးကြိုးခန်းမမှ ဘိုးဘေးအကြီးအကဲ၏မျက်လုံးထဲတွင် လုံးဝရှောင်လွှဲမရတော့သည့်အလား စိတ်ပျက်ကြောက်ရွံ့ခြင်းကို ခံစားလာရသည်။

သူ တည်ရှိနေသော မိုးမြေတစ်ခုလုံး ပြိုကျလာသည်ဖြစ်ရာ အဘိုးအိုမှာ ကံကြမ္ဘာကို ရှောင်လွှဲရန် ခက်ခဲလှသည်။  မိုးမြေနှင့်အတူ တည်ရှိနေသော လူသားတစ်ယောက်သည် မိုးမြေပြိုကျပါက မည်သို့ ရှင်သန်နိုင်ပါမည်နည်း။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က မိုးမြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကြီးမားပြင်းထန်သော စွမ်းအားကြီးက “ကောင်းကင်လျှပ်စီးဧကရီ” ကိုယ်ခွဲကို အက်ကွဲသွားစေပြီး ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအို၏ဦးခေါင်းထက်သို့ ကြီးမားသည့်စွမ်းအားကြီးတစ်ခု ဆင်းသက်လာသည်။

ထိုအချိန်...

ကောင်းကင်မိုးကြိုးခန်းမအတွင်းမှ နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအိုကို ကူညီရန်အတွက် အကြီးအကဲတစ်ယောက် ထွက်လာခြင်းဖြစ်ပြီး ထိုသူမှာ တိုက်ပွဲမြင်ကွင်းကို တွေ့မြင်သည်နှင့် ချက်ချင်းပင်မျက်လုံးပြူးကျယ်သွားပြီး စကားပြောနိုင် ဖြစ်သွားရသည်။

ချက်ချင်းပင် တုန်တုန်ယင်ယင်ဖြစ်သွားပြီး ထွက်လာသည်ကထက်ပင် လျှင်မြန်သောအရှိန်ဖြင့် ကောင်းကင်မိုးကြိုးခန်းမအတွင်းသို့ ပြန်ပြေးသွားတော့သည်။

ထို့နောက်မှာတော့ ကောင်းကင်မိုးကြိုးခန်းမထက်ရှိ လေထုထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး စိမ်းပြာရောင်သတ္တုနန်းတော်ကြီးတစ်ခုလုံးကို လွှမ်းခြုံကာ ကြီးမားသောအစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည်။

ဤသည်က ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မအစီအရင်ဖြစ်သော “ကောင်းကင်မိုးကြိုး” အစီအရင်ကြီး အသက်ဝင်လာခြင်းပင်။ များပြားလှစွာသော လျှပ်စီးနဂါးများက မိုးကြိမ်းတိမ်တိုက်များထက်၌ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင် လီပေါင်းတစ်သောင်းမက လွှမ်းခြုံဖုံးအုပ်ထားကြသည်။

အဆုံးမဲ့မိုးကြိုးစွမ်းအား၏ အဖျက်စွမ်းအားကြောင့် ကောင်းကင်အောက် မြေပြင်သည်ပင် ပူလောင်လာပြီး အတိုင်းအဆမရှိသော မိုးကြိုးသွားရောင်ဝါများ လွှမ်းခြုံလာသည်။

“ကောင်းကင်မိုးကြိုး” ပင်မအစီအရင်စွမ်းအားက အလွန်ပြင်းထန်လေရာ ထိတ်လန့်ဖွယ်ကောင်းသော ထိုးစစ်ဆင်မှုနှင့် အဖျက်စွမ်းအားများကို မည်သူမှ ခုခံနိုင်မည် မဟုတ်ပေ။

ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များပင်လျှင် ထိုအခိုက်အတန့်တွင် သူတို့၏နှလုံးသားများ အေးခဲသွားမတတ် ခံစားလိုက်ကြရသည်။

လျှပ်စီးမိုးကြိုးသမုဒ္ဒရာထဲတွင် ရန်ကျောက်ကဲကတော့ တည်ငြိမ်လျှက်ရှိပြီး အနည်းငယ်ပင် မျက်နှာပျက်ယွင်းခြင်း မရှိပေ။

သူ့မျက်ဝန်းများက တွင်းနက်ကြီးတစ်ခုပမာ နက်ရှိုင်းနေပြီး စိမ်းပြာရောင်သတ္တုနန်းတော်တစ်ခုလုံးအတွင်း ထိုးဖောက်ဝင်ရောက်ကြည့်ရှုနေသည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲ၏အကြည့်အောက်တွင် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများအားလုံး စိတ်နှလုံးများ အေးစိမ့်တုန်ယင်သွားကြရ၏။

ရန်ကျောက်ကဲအကြည့်က အသက် (၃၀) ခန့် လူငယ်တစ်ယောက်ဆီတွင် ရပ်တန့်သွားသည်။ ထိုအကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားသည်။

ပြတ်တောက်သွားရာမှ ပြန်ဆက်ထားခဲ့သော သူ၏ ညာဘက်လက်က အသုံးပြုမရတော့သည့်တိုင် ထပ်မံနာကျင်လာသလို ခံစားရ၏။

သို့တိုင် လူငယ်က ကျောကိုမတ်မတ်ဆန့်ရင်း ရန်ကျောက်ကဲကို ပြန်လည်စူးစိုက်ကြည့်နေဆဲပင်။

“ရန်.. ကျောက်.. ကဲ”

ထိုလူငယ်က ကောင်းကင်မိုးကြိုးခန်းမ၏ လူငယ်မျိုးဆက် ၊ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်သလို ကျောက်ကျိုးနယ် ၊ ‘ရန်’ အိမ်တော်မှ၏ အထူးချွန်ဆုံး ‘ရန်ရှန်း’ ပင် ဖြစ်၏။

သူက ပါရမီရှင်တစ်ယောက်ဖြစ်သည် အမှန်ပင်။

သို့သော် ယခင်က ရန်ကျောက်ကဲလက်ချက်ဖြင့် ညာဘက်လက်ဖြတ်တောက်ခံခဲ့ရသည်။ လက်ကိုပြန်ဆက်နိုင်ခဲ့သည့်တိုင် အသုံးပြု၍ မရတော့ပေ။

သို့ပေသိ ရန်ရှန်း၏ ဇွဲရှိရှိလေ့ကျင့်ခဲ့မှုကြောင့် ဘယ်လက်ဖြင့်ဓားကို ကိုင်ဆောင်နိုင်ခဲ့ပြီး သူနှင့် သက်တူရွယ်တူများကြားတွင် စွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်နေဆဲပင်။

မည်သို့ပင် ဖြစ်စေ ကြေကွဲစရာကောင်းသည်မှာ ယခင်က သူ၏အဓိကပြိုင်ဘက်ဖြစ်သော မိုးကြိုးသခင်လေး’လင်ကျိုး’ ကို အမီလိုက်ရန် မိုးနှင့်မြေပမာ ကွာခြားနေဆဲ ဖြစ်၏။ သူ့လက်တစ်ဖက် မပြတ်ခဲ့လျှင်တောင်မှ လင်ကျိုးကို ယှဉ်နိုင်မည် မဟုတ်ပေ။

လင်ကျိုး သေဆုံးသွားပြီဖြစ်သည့်တိုင် ယခုအချိန်ထိ လင်ကျိုးမသေခင် ရောက်ရှိခဲ့သောအဆင့်သို့ ရန်ရှန်း မရောက်ရှိနိုင်သေးပေ။

အလယ်ပိုင်းကောင်းကင်ဒေသ ၊ ‘ရန်’ အိမ်တော်မှ ဆင်းသက်လာသော ၊ သူ၏လက်ကို ဖြတ်တောက်ခဲ့သဖြင့် အရိုးထိတိုင်အောင် အမုန်းကြီးမုန်းရပါသော ‘ရန်ကျောက်ကဲ’ ကတော့ သူလိုက်မမီနိုင်သည့် အမြင့်တစ်နေရာတွင် မားမားမတ်မတ် ရပ်တည်နေပြီ ဖြစ်သည်။

အရှေ့ပင်လယ် ၊ မီးတောက်မိစ္ဆာကမ္ဘာ စည်းတံဆိပ်ခတ်ခြင်းတွင် ပရမ်းပတာအဖျက်စွမ်းအားများအတွင်း ပြုတ်ကျသွားပြီး အသက် (၁၀)ချောင်းရှိလျှင်ပင် ရန်ကျောက်ကဲ အသက်မရှင်နိုင်ဟု လူတိုင်းက ကောက်ချက်ချခဲ့ကြသည်။

ထိုသတင်းကိုကြားတော့ ရန်ရှန်းနှင့် အခြားသူများ အလွန်တရာ ပျော်ရွှင်ခဲ့ကြပြီး...

“နောက်ဆုံးတော့ ကပ်ဆိုးကောင် သေပြီ”

ဟု ရွှင်မြူးစွာ ပြောဆိုခဲ့ကြသည်။

ယခု‌တော့ သေရွပြန် ရန်ကျောက်ကဲက သူတို့ နားမလည်နိုင်လောက်အောင် စွမ်းအားမြင့်မားစွာဖြင့် သူတို့ရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။

အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်။

ထိုမျှမက ကောင်းကင်မိုးကြိုးခန်းမမှ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်  ဘိုးဘေးအကြီးအကဲတစ်ယောက်ကိုလည်း အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့၏။

ရန်ကျောက်ကဲက ရန်ရှန်းကို တည်ငြိမ်စွာကြည့်ရင်း...

“စိတ်မပူနဲ့... ငါ မင်းနဲ့ စာရင်းရှင်းဖို့ စိတ်မဝင်စားဘူး ၊ ရန်ကြွေးဟောင်းကို ရှင်းချင်တယ်ဆိုရင်တောင် မင်းနဲ့ မရှင်းဘူး ၊ ကျောက်ကျိုးနယ်က ‘ရန်’ မျိုးနွယ်တွေအားလုံးနဲ့ စာရင်းရှင်းမှာ”

သူက ဆက်ပြောသည်။

“အဲဒီတုန်းက ငါတို့ အလယ်ပိုင်းကောင်းကင်ဒေသ ‘ရန်’ မျိုးနွယ်တွေ ကောင်းကင်နယ်မြေကိုသွားတဲ့လမ်းမှာ တိုက်ခိုက်ခံရတယ် ၊ ငါ့ရဲ့အဘိုးနဲ့အဘွားအပြင် လူပေါင်းများစွာ သေကြေဒဏ်ရာရခဲ့ကြတယ် ၊ အဲဒါ ဘယ်သူ့လက်ချက်လဲဆိုတာ လူတိုင်းသိတယ်”

ထိုစကားကြောင့် ရန်ရှန်း အသက်ရှူကျပ်သွားပြီး...

“မင်း…”

ထိုအချိန် ရန်ကျောက်ကဲမျက်ဝန်းများ တုန်ခါသွားပြီး...

“အိုး... သူပြန်လာပြီ...”

ကြိုတင်အရိပ်အယောင်မပြဘဲ ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲဘေးနားတွင် ပြန်ပေါ်လာသည်။

သူ၏မျက်လုံးတစ်ဖက်မှ အလင်းရောင်တစ်ချက် လင်းလက်လာပြီး ဝေဟင်ထက်တွင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

ပုံရိပ်ယောင် မြင်ကွင်းထဲတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် မြို့တစ်မြို့ပမာ ကြီးမားကျယ်ပြန့်သော အိမ်တော်ကြီးတစ်ခုထက်တွင် မတ်တတ်ရပ်လျှက် ရှိသည်။

ထို အိမ်တော်ကြီးမှာ ရန်ရှန်းတို့၏ ကျောက်ကျိုးနယ် ၊ ဘိုးဘေး ‘ရန်’ အိမ်တော်ပင် ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာ ကိုယ်ပွားက ထိုအိမ်တော်ကြီးထက်သို့ ခြေတစ်လှမ်းတည်းဖြင့် ဆင်းသက်လာပြီး သူ၏ခြေဖဝါးများက ရုတ်တရက် အဆမတန်ကြီးမားလာကာ ကျောက်ကျိုးနယ် ၊ ‘ရန်’ အိမ်တော်တစ်ခုလုံးကို နင်းချေပစ်လိုက်သည်။

အိမ်တော်ကြီးထက်မှ ပင်မအစီအရင် ဝိညာဉ်သင်္ကေတများထွန်းလင်းလာသော်လည်း အရေးမပါသော မီးခိုးငွေ့များပမာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား စုပ်ယူခြင်းကို ခံလိုက်ရသည်။

ကျောက်ကျိုးနယ်မှ ‘ရန်’ အိမ်တော်မှ အစီအရင်ကို ထိန်းချုပ်နေကြသော အကြီးအကဲများအားလုံး အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည်ကို ပုံရိပ်ယောင်မြင်ကွင်းထဲတွင် တွေ့မြင်ကြရ၏။

မြင်ကွင်းကိုကြည့်ပြီ ရန်ရှန်းမှာ ကြက်သေသေသွားရသလို ကောင်းကင်မိုးကြိုးခန်းမမှ အခြားသောသိုင်းသမားများသည်လည်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့်...

“ဒီတစ်ခါတော့ အကြွေးတွေအကုန်ရှင်းပစ်မယ် ၊ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် တစ်ယောက်မှ အလွတ်မပေးဘူး”

တစ်ချိန်တည်းမှာပင် သူ့နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့သို့ ခြေတစ်လှမ်းတက်လာပြီး မိုးကြိုးလျှပ်စီးပင်လယ်အတွင်း တိုးဝင်လာသည်။

ကောင်းကင်ထက်မှ မိုးကြိုးသွားများစွာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ ကြမ်းတမ်းပြင်းထန်စွာ ဝင်ရောက်လာသည်။ သို့သော် ထိုကိုယ်ပွား၏ ဦးခေါင်းထက်တွင် ကြီးမားကျယ်ပြန့်သော ရေခဲပင်လယ်ကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။ ကောင်းကင်ထက်မှ ပြုတ်ကျလာသည့် မိုးကြိုးလျှပ်စီးပင်လယ်မှာ ထိုရေခဲပင်လယ်ကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်သွားပြီး ရေခဲများအရည်ပျော်ကာ ပင်လယ်လှိုင်းလုံးကြီးများ အဆက်မပြတ် မြင့်တက်လာသည်။

အနည်းငယ်သော မိုးကြိုးသွားများက ရေခဲပင်လယ်အရံအတားကို ဖြတ်ကျော်ဝင်ရောက်လာသော်လည်း စောစောကလို ကမ္ဘာမြေတစ်ခွင်ကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ရာမိုးကြိုးစွမ်းအားက လွင့်ပြယ်စပြုနေပြီ ဖြစ်၏။

ပျံ့ကျဲကျလာသော လျှပ်စီးမိုးကြိုးများကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပုံရိပ်တစ်ခုအလား လှစ်ခနဲ လှစ်ခနဲ ရှောင်တိမ်းသွားသဖြင့် သူ့ကိုလုံးဝ ထိမှန်ခြင်း မရှိပေ။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်မိုးကြိုးခန်းမထက်သို့ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်မှ မဟာဂဠုန်ငှက်ကြီးဆင်းသက်လာသည့်အထား ထိုးနှက်တိုက်ခိုက်လိုက်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ကောင်းကင်မိုးကြိုးခန်းမ၏ အဓိကနန်းဆောင်ကြီး ပြင်းထန်စွာ ပြိုကျပျက်ဆီးသွားလေသည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို နောက်ပစ်လျှက် မြင်ကွင်းကိုကြည့်ရင်း...

“ချန်လီက အခုထိ ထွက်မလာသေးဘူးလား”

ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲတစ်ယောက်က သွေးများအန်ထုတ်လိုက်ရင်း...

“ခန်မသခင်သာ ဒီနေရာမှာရှိရင် မင်းဒီလောက် မောက်မာနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲ ရယ်မောလိုက်စဉ် ရုတ်တရက် သူ့စိတ်အစဉ် တုန်ခါသွားသဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

"အိုး... သူပြန်လာပြီ"

မိုးမြေတစ်ခုလုံး တုန်လှုပ်သွားစေသည့် မိုးခြိမ်းသံများ တဟုန်းဟုန်းမြည်ဟည်းလာသည်။

ထို့နောက် ခရမ်းပြာရောင် မုတ်ဆိတ်နှင့် ဆံပင်မရှိသော ခေါင်းပြောင်အဘိုးကြီးတစ်ယောက် ကောင်းကင်မိုးကြိုးခန်းမထက်ရှိ လေထဲတွင် ပေါ်လာသည်။

အခြားသူမဟုတ် ၊ ကောင်းကင်မိုးကြိုးခန်းမသခင် ‘ချန်လီ’ ပင် ဖြစ်၏။

သူက မျက်နှာတစ်ခုလုံး နီရဲနေပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“မြေကမ္ဘာနယ်မြေတိုက်ပွဲမှာ မင်းဟာမင်း ကြောက်ဒူးတုန်လို့ ထွက်ပြေးတာကို အားမရလို့... ငါ့အဘိုး ၊ ငါ့ရဲ့ ဒုတိယဆရာဦးလေးနဲ့ အနစ်နာခံခဲ့ရတဲ့လူတိုင်းကို မင်းက လှည့်စားခဲ့တာလား ၊ မင်းက အပြေးသိပ်မသန်ပါဘူး ၊ အခုရော ဘာလို့ထွက်မပြေးဘဲ ရောက်လာရတာလဲ”

ချန်လီက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အာရုံစူးစိုက်အကဲခတ်နေရင်း ရန်ကျောက်ကဲကို အေးစက်စွာကြည့်လိုက်သည်။

“မင်း ဘယ်နေရာက သိုင်းသူတော်စင်တစ်ယောက်ကို အကူအညီတောင်းလာသလဲဆိုတာ ဒီအဘိုးကြီး မသိပေမယ့်... ငါတို့ ကောင်းကင်မိုးကြိုးခန်းမက မင်းရဲ့ ရောင့်တက်စော်ကားတာကို သည်းခံမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“မင်း ဒီကို ဘာလာလုပ်တာလဲ ၊ မင်း အဆင့်နဲ့ ဒီအဘိုးကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ တန်လို့လား”

ရန်ကျောက်ကဲက ချန်လီကိုကြည့်ကာ ပြုံးလိုက်ရင်း...

“သိုင်းဂိုဏ်းတိုင်းမှာ ဆုပေးဒဏ်ပေးစနစ်နဲ့ ပွင့်လင်းမြင်သာတဲ့ တရားမျှတမှုတွေ ရှိကြတယ် ၊ ဒါကြောင့် ငါ့ကိုစော်ကားတဲ့သူက ငါတို့ဝါဒတောင်ကဆိုရင် စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းဖို့ စဉ်းစားမှာပဲ ၊ ဒါပေမဲ့ မင်းလို ဘာမှမဆိုင်တဲ့ကောင်ကိုတော့...”

ရန်ကျောက်ကဲက အေးစက်သည့်လေသံဖြင့်...

“ငါ့ကို နာမည်ဖျက် အသရေဖျက်တဲ့ကောင်... မင်းကို သေအောင်သတ်မယ် ၊ မင်းကိုထိပ်တိုက်တွေ့ဖို့ မတန်ဘူးဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ”

သူ့စကားမဆုံးခင်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ချန်လီရှေ့သို့ ရောက်ရှိလာကာ လက်သီးဖြင့် ထိုးစိုက်ချလိုက်လေတော့၏။

All Chapters