← Chapters

သွေးမျိုးနွယ်စုအစေခံများ၏တိုးတက်မှု

Vol. 48 Ch. 663

သွေးမျိုးနွယ်စုအစေခံများ၏တိုးတက်မှု

Vol. 48 Ch. 663

အန်လင်းနှင့် တီနာတို့မှာ မြင့်မြတ်သောကုန်းမြေမှ ထွက်ခွာလာခဲ့ကြသည်။ ထိုအဖြူရောင်ဘောလုံးမှလွဲ၍ အခြားသော ရတနာများမှာ စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးပင်များသာဖြစ်ပြီး အင်မော်တယ်အဆင့် မရှိကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေပြင်၏ ပျိုးထောင်မှုဖြင့် အင်မော်တယ်အဆင့် ရောက်ရှိလာနိုင်သောကြောင့် ၎င်းတို့မှာ ထိုရတနာများအား မရယူခဲ့ကြပေ။

အချိန်စီးဆင်းမှုအား လျင်မြန်ထားရသော တီနာသည် အတော်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သောကြောင့် အန်လင်းနှင့်အတူ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ထွက်ခွာလာကြသည်။

မူးနောက်နောက် ခံစားချက်အား ရရှိလိုက်ပြီးနောက် အန်လင်း မျက်လုံးဖွင့်လိုက်သောအခါ မြို့နံရံအား တွေ့လိုက်ရပြီး သူ၏ပတ်ပတ်လည်တွင် အကာအကွယ် ဝင်္ကပါတစ်ခုပါ ရှိနေသေးသည်။

အနီးတွင်လည်း ကျောက်စိမ်းဝတ်စုံနှင့် အလွန်လှပသော မိန်းမငယ်လေးတစ်ဦးရှိပြီး သူမသည် အဝေးသို့ တွေဝေငေးမောကာ ဆွဲဆောင်မှုရှိလှသော ဆံနွယ်ရှည်များကို ဆော့ကစားနေသည်။

အန်လင်းသည် ထိုအမျိုးသမီးလေးအား အချိန်အတန်ကြာ ငေးကြည့်နေပြီးနောက်တွင်မှ မတ်တပ်ရပ်ဖြစ်တော့သည်။

အန်လင်းအား တွေ့လိုက်ရသည်နှင့် စုရှောင်လန်မှာ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။

သူမ အန်လင်းအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"နင်ပြန်လာပြီပဲ။ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲကို ခန္ဓာကိုယ်အစစ်နဲ့ ဝင်ရတာ ဘယ်လိုနေလဲ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"အရမ်းမိုက်တယ်။ ရှေးဟောင်းထိုက်ချူးကုန်းမြေကို သွားရသလိုပဲ။ မတူတာတစ်ခုက နာလေးရှိနေတော့ လုပ်ချင်ရာ လုပ်လို့ရတယ်လေ။ နာလေးက ကမ္ဘာနှစ်ခုကြား ရွှေ့ပြောင်းရတာကို ပိုအသားကျလာရင် မင်းတို့အားလုံးကိုပါ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲ ခေါ်သွားပေးမယ်တဲ့။ အဲ့ကမ္ဘာက တကယ်ထူးခြားတယ်။"

"ကောင်းတာပေါ့။ ငါလည်းသွားချင်နေတာ။"

စုရှောင်လန်သည်လည်း အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာအား အမှန်တကယ် စိတ်ဝင်စားနေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ကမ္ဘာသစ်တစ်ခုပင် မဟုတ်လော။

"ဟုတ်သားပဲ။ ဒီတစ်ခါ ကိုသွားတာ ဘယ်လောက်ကြာလဲ။"

"နှစ်ရက်ခွဲ..."

"ဟူး....နှစ်ကုန်စာမေးပွဲက အချိန်တဝက်လောက် ကုန်သွားပြီပဲ။"

"ဘာပဲဖြစ်ဖြစ် ငါတို့လည်း ထွေထွေထူးထူး လုပ်စရာမှ မရှိတာ။ စာမေးပွဲကာလ မပြီးမချင်း ဒီမြို့မှာ နေနေရုံပဲဟာ။"

"အင်း....မာလေးတို့ရော ဘယ်လိုနေလဲ မသိဘူး။"

"နင့်ရဲ့ သွေးမျိုးနွယ်စု အစေခံတွေကို ပြောတာလား။ ငါလည်းသူတို့နဲ့ တွေ့ချင်တယ်။"

.....

အန်လင်းနှင့် စုရှောင်လန်မှာ အချိန်အတော်ကြာ စကားပြောနေခဲ့ပြီး တိုက်ခတ်လာသော ညလေပြေမှာ ၎င်းတို့အား အေးချမ်းသွားစေသည်။

ထိုအချိန်တွင် အနက်ရောင်စိမ့်တော၏ ဗဟိုဒေသ၌

ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်အလား ကောင်းကင်ထက်တွင် ဝုန်းဒိုင်းကြဲနေပြီးနောက် ခေတ္တအကြာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။

သွေးနီရောင် စင်မြင့်ထက်တွင် ရှိနေသော ရွှေရောင်ဆံပင်တိုနှင့် ချောမောခန့်ညားသော အမျိုးသားမှာ ပျော်ရွှင်စွာ မတ်တပ်ထရပ်လိုက်သည်။

"မြင့်မြတ်ခေါင်းဆောင်ရဲ့သွေးက တကယ်အကျိုးရှိတာပဲ။ သွေးမိစ္ဆာမိုးကြိုးကပ်ဘေးကိုတောင် ရှောင်လိုက်နိုင်တယ်။"

"မာလင်..."

ကတ်စီဒီ ပြုံးပျော်စွာ ရောက်ရှိလာသည်။

"မိုးကြိုးကပ်ဘေးကို အောင်မြင်သွားလို့ ဂုဏ်ယူပါတယ်။"

"ဂုဏ်ယူတယ်ကွာ။"

တိုဘိယလည်း ချီးကျူးစကားဆိုလိုက်သည်။

မာလင်သည်လည်း ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားလေပြီ။

သူသည် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအင်များကို ခံစားကာ စိတ်လှုပ်ရှားနေသည်။

"အရင်ကနဲ့ လုံးဝမတူတော့ဘူး။ ငါ့ရဲ့တည်ရှိမှုက သန့်စင်သွားပြီဆိုတော့ အဆင့်နိမ့် သွေးမျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ ခြားနားသွားပြီပဲ။"

"ရှူး....အသံသိပ်မကျယ်နဲ့။"

ကတ်စီဒီ သတိပေးလိုက်သည်။

၎င်းတို့ ရောက်ရှိနေသောနေရာသည် သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ကျင့်ကြံခဲ့ဖူးသော ကြီးမြတ်သောနယ်မြေ ဖြစ်သည်။

ထိုနေရာသည် သွေးမျိုးနွယ်စု ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိပြီး မြင့်မြတ်သောတမာန်တော်များသာ ဝင်ရောက်ခွင့်ရှိသည်။ မာလင်သည်လည်း ထိုနေရာတွင် ဉာဏ်အလင်းပွင့်ခဲ့ပြီးနောက် ခန္ဓာကိုယ်ထဲတွင်ရှိသော မြင့်မြတ်သွေးစက် အစွမ်းဖြင့် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

"ငါအဆင့်တက်နေတဲ့ ရက်တွေတုန်းက တစ်ခုခု ဖြစ်သေးလား။"

မာလင် ရယ်ရမ်းသွေးကာ မေးလိုက်သည်။

"ကိစ္စကထိပ်ဝပဲဟေ့။ ပြဿနာက အကြီးကြီးကိုဖြစ်တာ။"

ကတ်စီဒီ မျက်မှောင်ကျုံ့ကာ ရှင်းပြလိုက်သည်။

"ဧကရာဇ်အန်းမန်နဲ့ ကောင်းကင်ဘုံခုံရုံးက ဧကရာဇ်ထျန်းဟောင်တို့ အနက်ရောင်စိမ့်တောမှာ အသေဆော်ကြတယ်လေ။ ဘယ်သူက လက်သည်တရားခံလည်းသိလား။"

မာလင် အသက်ရှူသံများ မြန်လာရသည်။ တာအိုပေါင်းစည်းခြင်းအဆင့်များ၏ တိုက်ပွဲသည် ရာစုနှစ်ချီသည့်တိုင် တစ်ပွဲဖြစ်ရန် မလွယ်ကူပေ။ ထိုပြဿနာ အရင်းခံမှာ အတော်ပင် ကြီးမားပေလိမ့်မည်။

"ငါ့ကိုမြန်မြန်ပြောပြစမ်းပါ။"

"ပြဿနာက မဟူရာအဆိပ်သခင် ဂန့်သွားရာက စတာပဲ။ အဲ့ဒါနဲ့ လေဒင်က ဟွမ်းချန်မြို့ကိုသွားပြီး လက်စားချေဖို့ လုပ်တယ်လေ။ ဟွမ်းချန်မြို့မှာ ရှေးဟောင်းနဂါးတစ်ကောင်နဲ့ အုတ်ခဲနက်စီးတဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေးတစ်ယောက်ကို ဆော်ရတော့တာပဲ။"

ကတ်စီဒီ ဖြည်းညင်းစွာ စကားဆိုနေသည်။

ထိုစကားကြောင့် မာလင်မှာ အသက်ရှူသံများပင် မမှန်ချင်တော့ပေ။

တိုဘိယမှာ စကားပြောသူနေရာအား လွှဲပြောင်းရယူလိုက်သည်။

"ဟွမ်းချန်မြို့နားမှာရှိတဲ့ ထောက်လှမ်းရေးတွေ ပြောစကားအရ အဲ့တိုက်ပွဲက လေဒင်အတွက် အရမ်းဆိုးခဲ့တာတဲ့။ ချီးပါချမိတဲ့အပြင် ကလေးလိုလို၊ ခွေးလိုလိုလည်း ငိုသေးတယ်။ လေဒင်က ရူးသွားပြီဆိုတဲ့ ကောလဟလတွေတောင်ရှိတယ်။ သူရဲ့ဂုဏ်သိက္ခာကလည်း ကုန်းကောက်စရာတောင် မရှိတော့ဘူးလေ။"

တိုဘိယမှာ လေဒင်အတွက် စိတ်မကောင်းဖြစ်နေပုံ ရပါသော်လည်း မျက်နှာအမူအရာမှာ ပြုံးစိစိ ဖြစ်နေသည်။

"အဲ့ဒါပြီးတော့ ဧကရာဇ်ထျန်းဟောင်က လေဒင်ကို ကီလိုမီတာ သောင်းနဲ့ချီ လိုက်ကြုံးတာ။ သူလွတ်သွားပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တဲ့အပြင် တာအိုအခြေခံလည်း ထိခိုက်သွားတယ်။ အခု သူအနားယူနေတုန်း ငါတို့တစ်ခုခု လုပ်ရင်ကောင်းမလား။"

ကတ်စီဒီမှာ ငါးမွှေထိုးလုပ်ရန် မစောင့်နိုင်တော့ပေ။

"ဒါဆို မြင့်မြတ်ခေါင်းဆောင် လက်ချက်ပဲ။ ဘုန်းတန်ခိုးကြီးမားပါစေ မြင့်မြတ်ခေါင်းဆောင်..."

မာလင်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူအား ချက်ချင်းပင် သိရှိလိုက်ပြီးနောက် အလွန်စိတ်လှုပ်ရှားသွားသည်။

အနက်ရောင်အုတ်ခဲအား စီးနင်းသည့်အပြင် ရှေးဟောင်းနဂါးလည်း ရရှိထားသူဖြစ်ပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်နှင့်ပင် လေဒင်အား ပန်းကမ္ဘာထဲ ရောက်စေနိုင်ခဲ့သူမှာ မြင့်မြတ်ခေါင်းဆောင် အန်လင်းမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

"မင်းတို့မှာရော ဘာအကြံရှိလဲ။ ငါတို့လေဒင်ဆီ သွားကြမလား။"

တိုဘိယ၏ မျက်ဝန်းများမှာ တောက်ပနေသည်။

"ဟုတ်တယ်။ အဲ့ကောင်က မြင့်မြတ်ခေါင်းဆောင်ကို အငြှိုးထားနေမှာပဲ။ နောက်ကြရင် ပြဿနာမတက်ရအောင် အဲ့လိုကောင်မျိုး ကြိုရှင်းထားသင့်တယ်။"

ကတ်စီဒီမှာ အနည်းငယ် တွေးတောပြီးနောက် ထိုထက်ပိုကောင်းသောနည်းကို စဉ်းစားမရပေ။

မာလင် ခေါင်းခါပြလိုက်သည်။

"အလျင်မလိုနဲ့။ လေဒင်အဖေ သိသွားရင် ဘယ်လိုလုပ်မလဲ။ သူက ဧကရာဇ်ရိတန်း အချစ်ဆုံး သားတော်ပဲ။ ငါတို့သာ ဒင်းကိုသတ်လိုက်တာကို ဧကရာဇ်ရိတန်း သိသွားခဲ့ရင် ငါးပါးမှောက်ပြီ။ အရင်ဆုံး မြင့်မြတ်ခေါင်းဆောင်နဲ့ ဆွေးနွေးသင့်တယ် ထင်တာပဲ။"

"ငါတို့ဒီကနေထွက်ပြီး သက်ဆိုင်ရာ ဂိုဏ်းသားပုံစံ ဟန်ဆောင်ပြီး မြင့်မြတ်ခေါင်းဆောင်ကို သွားတွေ့မယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ။"

တိုဘိယ အကြံပေးလိုက်သည်။

"အကြံကောင်းပဲ။ သွေးကျိန်စာကြယ်ဓားကို သွားယူလိုက်ဦးမယ်။"

ကတ်စီဒီ ခေါင်းညိတ်သဘောတူလိုက်သည်။

"ငါလည်း ဝိဉာဉ်ဖျက်စီးခြင်းပုတီးစေ့ကို ယူခဲ့မယ်။"

မာလင်လည်း ထိုအကြံအား လက်ခံသည်။

မြင့်မြတ်သောတမာန်တော်များ ဖြစ်သောကြောင့် ၎င်းတို့သုံးဦးလုံးမှာ ကြီးမြတ်သောနယ်မြေတွင် အခွင့်အရေးများစွာ ရရှိထားကြသည်။

ထို့ကြောင့် ရရှိထားသော ရတနာများအား သယ်ဆောင်ကာ အန်လင်းနှင့် သွားရောက်တွေ့ဆုံကြမည်ပင်။

............

အနက်ရောင်စိမ့်တော၏ နှင်းခရမ်းပြာတောင်တန်း၌

ကြီးမားလှသော သွေးဝင်္ကပါကြီးမှာ ကီလိုမီတာ တစ်ရာတိုင် လွှမ်းမိုးထားသည်။

ကိုယ်တုံးလုံးနှင့် အမျိုးသားတစ်ဦးမှာ ဝင်္ကပါအလယ်တွင် ရှိနေပြီး သွေးစွမ်းအင်များမှာ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေပြီး သန့်စင်သော အံ့ဖွယ်ယန်တာအိုမှာ ဒဏ်ရာဒဏ်ချက်များကို ကုသပေးနေသည်။

သူသည် ယခုအခြေအနေသို့ရောက်အောင် လုပ်ခဲ့သောသူ၏ အချက်အလက်များအား ရရှိထားပြီပင်။

"အန်လင်း.....ငါမင်းကိုသတ်မယ်။"

All Chapters