← Chapters

အစေခံများရောက်ရှိလာခြင်း

Vol. 48 Ch. 665

အစေခံများရောက်ရှိလာခြင်း

Vol. 48 Ch. 665

ကျောင်းသားများမှာ အသင့်ပြင်ထားကြသောကြောင့် ပေါက်ကွဲမှု ဖြစ်သည်နှင့် ခုခံကာကွယ်ရေးမျိုးစုံကို ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့သည် လုံလောက်သော အကွာအဝေးတွင်သာ နေရာယူထားကြသောကြောင့် ပေါက်ကွဲမှု၏ အဖျားခတ်ဒဏ်ကိုသာ ခံရလေသည်။

ပေါက်ကွဲမှု၏ အလယ်တွင် ရှိနေသော အန်လင်းမှာ သေလောက်အောင် ကြောက်လန့်သွားပါသော်လည်း လှုပ်ရှားမှု မြန်ဆန်စွာဖြင့် ဖရိုဖရဲ သတ္ထုအုတ်ခဲ၏နောက်တွင် ပုန်းလိုက်နိုင်သည်။

ပေါက်ကွဲမှုမှာ မျက်စိတမှိတ်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

စောင့်ကြည့်နေသော ကျောင်းသားများ တဖန်ပြန်လည် ကြည့်ရှုလိုက်ကြသောအခါ ရွှမ်းယွမ်ချန်မှာ မှိုပွင့်သဏ္ဍာန် တိမ်တိုက်ကြီးကိုပင် ဖယ်ရှားပစ်လိုက်ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ရွှမ်းယွမ်ချန်၏ မျက်နှာမှာလည်း ဖုတ်ထားသလို မည်းတူနေကာ အဖြူရောင် အဝတ်အစားမှာလည်း စုတ်ပြဲညစ်ပတ်နေပြီး စိုးရိမ်နေသော အမူအရာဖြင့် အန်လင်းထံ ရောက်ရှိလာသည်။

"အတန်းဖော်အန်လင်း အဆင်ပြေရဲ့လား။"

ဖရိုဖရဲ သတ္ထုအုတ်ခဲနောက်မှ ခေါင်းထောင်ကြည့်လာသော အန်လင်းမှာ မျက်နှာတစ်ခုလုံး မည်းတူးနေပါသော်လည်း မည်သည့်ဒဏ်ရာမှ ရှိမနေပေ။

"ကျွန်တော် အဆင်ပြေပါတယ်။ အစ်ကိုကြီးချန်ရော..."

ရွှမ်းယွမ်ချန် ပြုံးကာပြောလိုက်သည်။

"ငါတိုက်နိုင်ပါသေးတယ်။"

အန်လင်း မျက်စိမျက်နှာ ပျက်သွားရသည်။

"တိုက်ချင်နေသေးတာလား။"

"အဟွတ်....အဟွတ်....."

ထိုအချိန်တွင် ချောင်းဆိုးသံအချို့အား ကြားလိုက်ရသည်။

အန်လင်းနှင့် ရွှမ်းယွမ်ချန်မှာ ထိတ်လန့်သွားပြီး မီတာအနည်းငယ်သို့ လှမ်းကြည့်လိုက်သောအခါ အနီရောင်ဝတ်စုံနှင့် လူသုံးဦးအား တွေ့လိုက်ရသည်။

"မင်းတို့က ဘယ်သူတွေလဲ။"

၎င်းတို့အား ရှင်းလင်းသဲကွဲစွာ မမြင်ရသောကြောင့် အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် ချိန်ရွယ်ထားလိုက်သည်။

ထို့နောက် ရုတ်ချည်းဆိုသလို ၎င်းတို့နှင့် ဆက်နွယ်မှုတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ အစောပိုင်းတွင် ရွှမ်းယွမ်ချန်ကိုသာ အပြည့်အဝ အာရုံစိုက်နေရသောကြောင့် ထိုသည်ကို သတိမထားမိခဲ့ပါသော်လည်း ထိုသုံးဦးသည် သူနှင့်ဆက်နွယ်နေသူများ ဖြစ်သည်။

"ကျွန်မတို့ပါ မြင့်မြတ်ခေါင်းဆောင်...."

ပေါက်ကွဲမှုအား ခံထားရပါသော်လည်း ညှို့ငင်အားပြင်းနေသေးသော အမျိုးသမီးတစ်ဦးမှ မတ်တပ်ထရပ်ကာ အဝတ်များကို ဖုန်ခါလိုက်သည်။

"မတွေ့ရတာ ကြာပြီနော် မြင့်မြတ်ခေါင်းဆောင်....ဒီမှာတွေ့ရတာ ဝမ်းသာစရာပဲ။"

မာလင်သည်လည်း ပြုံးကာနှုတ်ဆက်လာသည်။ သို့သော် သူ၏အပြုံးမှာ မဲနက်မှုများဖြင့်ပြည့်နှက်နေ၏။

"တိုက်ဆိုင်လိုက်တာ မြင့်မြတ်ခေါင်းဆောင်ရယ်။ ကျွန်တော်တို့ကို မီးရှူးမီးပန်းတွေနဲ့ ကြိုဆိုပေးတာ ကျေးဇူးတင်ပါတယ်။"

တိုဘိယလည်း စိတ်ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်သည်။

"မင်းတို့က ဒီကိုဘာလာလုပ်တာလဲ။"

.........

အစေခံသုံးဦး ရောက်ရှိလာသောကြောင့် ရွှမ်းယွမ်ချန်နှင့် လေ့ကျင့်တိုက်ခိုက်ခြင်းမှာ အဆုံးသတ်သွားခဲ့သည်။

ဟွမ်းချန်မြို့တော်၏ အဓိက ဥယျာဉ်တော်၌

တပိုင်၊ ရှောင်ချိုး၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် အခြားသူများမှာ သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးအား စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။

"နင်တို့က အန်လင်းနဲ့ အစေခံစာချုပ် ချုပ်ထားတဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေလား။"

စုရှောင်လန်၏ မျက်ဝန်းများတွင် သြဇာအာဏာ၏ အငွေ့အသက်များကို အနည်းငယ် တွေ့မြင်နိုင်သည်။

"ဟုတ်ပါတယ်။ ကျွန်မနာမည်က ကတ်စီဒီပါ။ မြင့်မြတ်သခင်မကို ဂါရဝပြုပါတယ်။"

"ကျွန်တော်က မာလင်ပါ။ မြင့်မြတ်သခင်မကို လေးစားပါတယ်ခင်ဗျ။"

"ကျွန်တော်က တိုဘိယပါ။ မြင့်မြတ်သခင်မကို အရိုအသေ ပေးပါတယ်။"

သုံးဦးလုံးမှာ စုရှောင်လန်အား အတူတကွ နှုတ်ဆက်လိုက်ကြသည်။

"မြင့်မြတ်သခင်မဆိုတာ ဘာကြီးလဲ။"

စုရှောင်လန် မျက်လုံးပြူးသွားရသည်။

"မြင့်မြတ်ခေါင်းဆောင် အန်လင်းက ကျွန်မတို့ရဲ့ သခင်ပါ။ အဲ့ဒါကြောင့် မမလေးက မြင့်မြတ်သခင်မ ဖြစ်ရမှာပေါ့။ မြင့်မြတ်ခေါင်းဆောင်နဲ့ မြင့်မြတ်သခင်မက နတ်ဖတ်တဲ့ဖူးစာပါပဲ။"

ကတ်စီဒီ လေးနက်စွာ ရှင်းပြလိုက်သည်။

စုရှောင်လန် ရှက်သွေးဖြာသွားကာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။

ဓားအင်မော်တယ်လင်းရှောင်မှာ မျက်ခုံးနှိပ်နေရလေပြီ။

"မင်းတို့တွေက သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော်တွေမလား။ အန်လင်းနဲ့ စုရှောင်လန်ကို အခုလိုခေါ်လို့ အဆင်ပြေရဲ့လား။ နည်းနည်းတစ်မျိုး ဖြစ်နေသလိုပဲ။"

မြင့်မြတ်ခေါင်းဆောင်၊ မြင့်မြတ်သခင်မနဲ့ မြင့်မြတ်တမာန်တော်......မြင့်မြတ်မိသားစုကြီး လုပ်တော့မလို့လား.....

"ထွီ....မြင့်မြတ်သောတမာန်တော်ဆိုတာ ဘာမှသုံးစားမရတဲ့ နာမည်တစ်ခုပဲ။ ကျုပ်တို့က သခင်ရဲ့ အစေခံဖြစ်ရတာ ပိုပြီးတော့ဂုဏ်ယူတယ်။"

တိုဘိယ စကားဆိုလိုက်သည်။

"ဝါး...."

အားလုံးမှာ အသက်ရှူသံများ မြန်သွားရသည်။

အန်လင်းရဲ့ အစေခံဖြစ်ရတာ အဲ့လောက်တောင် ကောင်းတာလား....

ဓားအင်မော်တယ်လင်းရှောင်သည်ပင် မယုံကြည်နိုင် ဖြစ်သွားရလေသည်။

သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော်သည် သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် အသိအမှတ်ပြုထားခြင်းဖြစ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်ပင် တန်းတူဆက်ဆံခံရပါသော်လည်း ထိုနေရာသည် အန်လင်း၏ အစေခံအဖြစ်မျှ အသုံးမဝင်ကြောင်း ဆိုနေသည်။

ရွှမ်းယွမ်ချန်တို့သည်လည်း သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော်များအား အန်လင်း၏ အစေခံအဖြစ် တွေ့လိုက်ရသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

အန်လင်း ပြုံးကာပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး မြင့်မြတ်သောတမာန်တော် ဖြစ်လာတာ ကောင်းတာပဲ။"

ကတ်စီဒီ ညုတုတု စကားဆိုလိုက်သည်။

"ကျွန်မတို့ ကောင်းကောင်းလုပ်နိုင်ခဲ့မှတော့ ဆုလေးဘာလေး မပေးချင်ဘူးလား မြင့်မြတ်ခေါင်းဆောင်..."

မာလင်နှင့် တိုဘိယတို့လည်း မျက်လုံးများ တောက်ပလာကာ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"ဟုတ်တယ်.....ဟုတ်တယ်။"

အန်လင်းမှာ ၎င်းတို့လိုချင်သည်ကို သိရှိနေပါသော်လည်း အနည်းငယ် တွေဝေနေသည်။

"မဟူရာအဆိပ်သခင် သေသွားတာ မင်းတို့သိလား။"

"မြင့်မြတ်ခေါင်းဆောင်ပဲ သတ်လိုက်တာ မဟုတ်ဘူးလား။"

ကတ်စီဒီ တုံ့ပြန်လိုက်သည်။

"မဟုတ်ဘူး။ သူကငါ့သွေးကြောင့် သေသွားရတာ။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ကတ်စီဒီ: ".... "

မာလင်နှင့် တိုဘိယ: "..... "

"မဟူရာအဆိပ်သခင်က အရမ်းအားနည်းလို့ မဖြစ်နိုင်ဘူးလား။"

တိုဘိယ ခက်ခဲစွာ မေးမြန်းလိုက်သည်။

"ငါကအရမ်း သန်မာလာလို့ ဖြစ်နိုင်တယ်။"

အန်လင်း ရှင်းပြလိုက်သည်။

"ငါ့ရဲ့သွေးသန့်စင်မှုကလည်း အရမ်းအားကောင်းလာတော့ မင်းတို့တောင် ခံနိုင်ရည် ရှိပါ့မလားဆိုတာ မသေချာဘူး။"

သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးမှာ အသက်နှင့်ဆိုင်သော ကိစ္စဖြစ်နေသဖြင့် တိတ်ဆိတ်သွားရသည်။

"အရင်ဆုံး စမ်းသပ်ဖို့ လူရှာသင့်တယ်။"

မာလင် အကြံပေးလိုက်သည်။

"မဟူရာအဆိပ်သခင်က ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ဆိုတော့ စမ်းသပ်ဖို့အတွက် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဒါမှမဟုတ် အထွဋ်အထိပ် အဆင့်ကို ရှာရမယ်။"

တိုဘိယ သုံးသပ်နေသည်။

"အံ့ဖွယ်အဖွဲ့ချုပ်မှာ သင့်တော်တဲ့ လူတချို့ရှိတယ်။"

အန်လင်းသည်လည်း သူ၏သွေးအကြောင်း သိရှိချင်နေသောကြောင့် သဘောတူလိုက်သည်။

"ဒီလိုဆိုရင်ရော....ကတ်လေးနဲ့ မာလေးတို့ကို သွေးငါးမီလီလီတာဆီ ပေးလိုက်မယ်။ တိုဘိယကတော့ ဆယ်မီလီလီတာ ယူလိုက်ပေါ့။ မင်းတို့ဘာသာ စမ်းသပ်ကြည့်ရင်းနဲ့ ကံကောင်းရင် ငါလည်းအစေခံတချို့ ထပ်ရတာပေါ့။"

ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့မှာ ပျော်ရွှင်လွန်းသောကြောင့် ခန္ဓာကိုယ်များပင် တုန်ခါလာရသည်။

"မြင့်မြတ်ခေါင်းဆောင် အတွက်ဆိုရင် အသက်ပါ ပေးရဲပါတယ်။"

မြင့်မြတ်သွေးစက်များစွာ ရရှိလိုက်ခြင်းမှာ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေသည်။

ဓားအင်မော်တယ်လင်းရှောင်နှင့် အခြားသူများမှာ ၎င်းတို့၏ အပြန်အလှန် စကားဝိုင်းအား မည်သူကမှ သေသေချာချာ နားမလည်နိုင်ကြပေ။ စကားလုံးများအား သိရှိနေပါသော်လည်း ဆိုလိုရင်းအား သဘောမပေါက်နိုင်ပေ။

မြင့်မြတ်သွေးစက်နဲ့ အစေခံအသစ်က ဘာတွေလဲ.....

"ဟုတ်သားပဲ။ မြင့်မြတ်ခေါင်းဆောင်ကို ပြောစရာ ရှိသေးတယ်။"

ကတ်စီဒီ စကားဆိုလိုက်သည်။

"ဘာပြောစရာ ရှိလို့လဲ။"

"လေဒင်အကြောင်းပါ။ သူက တော်တော်အခြေအနေ ဆိုးနေပြီးတော့ နှင်းခရမ်းပြာတောင်တန်းမှာ အနားယူနေတယ်။"

အားလုံးမှာ ထိုစကားကြောင့် နှလုံးခုန်သံများ မြင့်တက်လာသည်။

လေဒင်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်သည့်အပြင် ဟွမ်းချန်မြို့အား လက်တစ်ဖက်တည်းဖြင့် ဖျက်စီးနိုင်သူဖြစ်ပြီး အားလုံးကို အိမ်မက်ဆိုးများ မက်စေခဲ့သည်။ ရှောင်ဇယ်နှင့် အန်လင်းတို့ကြောင့်သာ မဟုတ်ပါက ၎င်းတို့သည်လည်း လေဒင်၏ လက်ချက်ကြောင့် ဘဝကူးနေလောက်ပြီပင်။

အန်လင်းသည် အရှုံးကို လက်မခံနိုင်သောကြောင့် ရှောင်ဇယ်အတွက် လေဒင်အား လက်စားချေရန် ဆုံးဖြတ်ထားသည်။

"မြင့်မြတ်ခေါင်းဆောင် ဘာလုပ်မှာလဲ။"

တိုဘိယမှာ အန်လင်း၏ အတွေးအား သိလိုမိသည်။

"ဟားဟား.....ဒါက လက်လွှတ်လို့ မရတဲ့ အခွင့်အရေးပဲ။"

အန်လင်း၏ မျက်ဝန်းများမှာ တိုက်ပွဲစိတ်ဆန္ဒများနှင့် တောက်ပနေတော့သည်။

All Chapters