← Chapters

အခြေအနေများပြောင်းလဲခြင်း

Vol. 48 Ch. 671

အခြေအနေများပြောင်းလဲခြင်း

Vol. 48 Ch. 671

အနိုင်ရရန် သေချာနေပြီ ဖြစ်သောကြောင့် အားလုံးမှာ လူယုတ်မာ အကြည့်များနှင့် လေဒင်အား ကြည့်ရှုလိုက်ကြသည်။

ကောင်ငယ်လေးမှာ လျှို့ဝှက်စွာ ပြုံးလိုက်ပြီးနောက် လျှာထိပ်အားကိုက်ကာ မရင်းနှီးသော ဘာသာစကားတစ်ခုနှင့် မန္တာန်ရွတ်ဆိုလိုက်သည်နှင့် ၎င်း၏အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်သို့ ထိုးတက်သွားသည်။

သူသည် အဖြူရောင်နံရံအားတွန်းကာ အလင်းတန်းများနှင့်အတူ ပတ်ပတ်လည်တွင် ပိတ်ထားသော အဖြူရောင်အလုံးအား ပျက်စီးသွားစေသည်။

ဝုန်း.....

လေဒင်မှာ အရှိနိအဟုန်ပြင်းစွာဖြင့် အဝေးသို့ ထွက်ပြေးသွားတော့သည်။

ကတ်စီဒီ၊ မာလင်၊ ရှောင်ဇယ်နှင့် တိုဘိယတို့မှာ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို နောက်မှလိုက်သွားကြသည်။

"တီနာ....ငါ့ကိုခေါ်သွားပေး။"

အန်လင်း အော်ဟစ်လိုက်သည်။

တီနာမှာ မဆိုင်းမတွပင် အန်လင်းအားခေါ်ကာ ပျံသန်းထွက်ခွာသွားတော့သည်။

လေဒင်၏အရှိန်မှာ မြန်ဆန်လွန်းသောကြောင့် အမှီလိုက်ရန် မလွယ်ကူပေ။

"ဟမ့်.....မင်းတို့က ငါ့ရဲ့ကျင့်ကြံရေးနဲ့ တာအိုအခြေခံကို ပျက်စီးစေတယ်ပေါ့။ ကတ်စီဒီ၊ မာလင်၊ တိုဘိယ၊ ဘရိုင့်စ် မင်းတို့ကို လုံးဝခွင့်မလွှတ်ဘူး။ ငါ့အဖေကိုပြောပြီး မင်းတို့ရဲ့ အဆင့်အတန်းတွေကို အနိမ့်ဆုံးထိ လျှော့ချပစ်မယ်။ မင်းတို့တစ်ဘဝလုံး ညှင်းပမ်းနှိပ်စက်ခံစေရမယ်။"

ကောင်ငယ်လေး၏ မျက်နှာပေါ်တွင် အမုန်းတရားများကို အထင်းသား တွေ့မြင်နိုင်သည်။

"အသက်ဖင်ဆောင့်နေတာတောင် ဖအေကိုတပြီး ငိုတဲ့သူမျိုး အခုမှ တွေ့ဖူးတာပဲ။"

ရှောင်ဇယ် လှောင်ပြုံးပြုံးလိုက်သည်။

လေဒင်မှာ ရှောင်ဇယ်အား တွေ့လိုက်ပြီးနောက် ရုတ်ချည်းဆိုသလို အမှတ်ရသွားသည်။

"မင်းကိုး....ဟားဟား.....အသုံးမကျတဲ့နဂါး....မင်းကို သေမလို ဆော်ခဲ့တာတောင်မှ ငါ့ကိုပြောရဲသေးတယ်လား။"

"ငါနဲ့ထပ်တိုက်ချင်သေးလား.....ဂွေးတန်းလန်းနဲ့ ဖေဖေ့သားလေး...."

ရှောင်ဇယ်မှာ မထီမဲ့မြင် အမူအရာနှင့် လက်ခလယ် ထောင်ပြလိုက်သည်။

လေဒင်မှာ စိတ်ခံစားချက်များ ပေါက်ကွဲလာမည်ကို စိုးရိမ်သောကြောင့် ရှောင်ဇယ်အား အရေးစိုက်မနေပဲ တချိုးတည်း ထွက်ပြေးတော့သည်။

ထိုအချိန်တွင် ရှောင်ဇယ်ဘေးသို့ အဖြူရောင် အလင်းတန်းနှင့်အတူ လူငယ်တစ်ဦးနှင့် နတ်သမီးငယ်လေးတစ်ဦး ရောက်ရှိလာသည်။

တီနာမှာ ပင်ပန်းနွမ်းနယ်နေသောကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်နေလေပြီ။

"ဆရာ ဒီကိုဘာလာလုပ်တာလဲ။ လေဒင်က တိုက်ခိုက်လာနိုင်သေးတယ်။"

ရှောင်ဇယ် သတိပေးလိုက်သည်။

အန်လင်းမှာ ရှောင်ဇယ်အား မတုံ့ပြန်ပဲ အဝေးတွင် ရှိနေသော လေဒင်ကိုသာ ကြည့်ရှုလိုက်သည်။

လေဒင်မှာ အရှိန်အဟုန်ပြင်းစွာ ပျံဝဲနေရင်း ဆိုးဝါးလှသော ကံအကြောင်းတရားများအား တွေးမိကာ ဗြဲခနဲ ငိုချတော့သည်။

"ဝါး...."

သူသည် အကြိုက်ဆုံးအရုပ် ဖျက်စီးခံလိုက်ရသော ကလေးငယ်လေးအလား မျက်လုံးများ ဖူးရောင်သည်အထိ ငိုကြွေးနေလေသည်။

ထို့နောက် ချက်ချင်းပင် ဗိုက်ထဲမှ စူးခနဲ နာကျင်လာတော့သည်။

"အား....."

လေဒင်မှာ နာကျင်စွာဖြင့် ဗိုက်အားဆုပ်ကိုင်ထားသည်။

ထိုအစွမ်းအား သူလွန်စွာရင်းနှီးနေသည်။ လူအများရှေ့မှောက်တွင် အရှက်တကွဲ အကျိုးနည်းကာ စိတ်ဒဏ်ရာများ အစုလိုက်အပြုံလိုက်ရခဲ့သော အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာမိသည်။

သူဒေါသထွက်စွာ ဆက်လက်ထွက်ပြေးလိုက်သည်။

"အန်လင်း..... ငါမင်းကို သတ်ကိုသတ်ပစ်မယ်။"

"အေးပါ....ဂွေးတန်းလန်းကောင်ရဲ့ ဖေဖေလည်း မင်းကိုချစ်ပါတယ်။"

အန်လင်းမှာ မန္တာန်နှစ်ခုအား အသုံးပြုပြီးနောက် တီနာသည်လည်း အတော်ပင် အားကုန်နေပြီ ဖြစ်သောကြောင့် အနောက်တွင်သာ နေရစ်ခဲ့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏မန္တာန်နှစ်ခုကြောင့် လေဒင်၏ အမြန်နှုန်းတွင် အကျိုးသက်ရောက်မှု အနည်းငယ်ဖြစ်စေနိုင်ခဲ့သည်။

ထိုသည်မှာ တိုတောင်းလှသော အချိန်ကလေးသာ ဖြစ်ပါသော်လည်း အားလုံးအတွက် လေဒင်အား အပီသိပ်ရန် လုံလောက်ခဲ့သည်။

ရှောင်ဇယ်သည် နဂါးအဖြစ် ပြောင်းလဲသွားပြီးနောက် များပြားလှသော မိုးကြိုးလျှပ်စီးများ ဆင့်ခေါ်ကာ လေဒင့်အပေါ် ပစ်ချလိုက်သည်။

လေဒင်မှာ အမြန်ဆုံး ရှောင်ရှားလိုက်ပါသော်လည်း မိုးကြိုးအချို့ဖြင့် မီးကင်ခံလိုက်ရသေးသည်။

ထိုအချိန်မှာပင် အဖြူရောင် အလင်းအစက်အပြောက်များ တောက်ပနေသော သွေးနီရောင်ဓားမှာ လေဒင်၏ နှလုံးသားထံ ပျံဝဲလာသည်။

လေဒင်သည် ဆန်းကြယ်သော နည်းလမ်းတစ်ခုအား အသုံးပြုကာ ကျင့်ကြံရေးအား ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်သို့ တင်လိုက်နိုင်ပြီး တိုက်ခိုက်မှုအား အချိန်မှီ ရှောင်လိုက်နိုင်ပါသော်လည်း သွေးကျိန်စာကြယ်ဓားမှာ သူ၏လက်ကောက်ဝတ်အား ရှပ်ထိသွားသေးသည်။

"ဟမ့်.....မင်းတို့က ငါ့ကိုသတ်ချင်နေတာလား။ အိမ်မက်မက်နေလိုက်။ ငါကမင်းတို့ထက် ဘယ်နေရာမှ နိမ့်ကျမနေဘူး။ ငါ့အဖေသာ ဒါကိုသိသွားတာနဲ့ မင်းတို့ကတော့ ကိုယ့်ဘဝကိုယ် တွေးထားပေတော့။"

လေဒင်၏ မျက်ဝန်းများတွင် ကြောက်ရွံ့သော အမူအရာမျှ ရှိမနေပေ။

မြင့်မြတ်သောတမာန်တော်များသည် အဘယ့်ကြောင့် အန်လင်းနှင့် ပူးပေါင်းနေသည်ကို မသိရပါသော်လည်း လူသားတစ်ဦးနှင့် မိတ်ဖွဲ့ကာ သွေးမျိုးနွယ်စု ကျင့်ကြံသူ အချင်းချင်း လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကြောင့် ၎င်းတို့၏ မြင့်မြတ်သောတမာန်တော် ရာထူးမှ ဖြုတ်ချခံရကာ တာအိုပေါင်းစည်းခြင်းအဆင့် ဧကရာဇ်ထံမှ အပြစ်ပေးနှိပ်စက်ခြင်းကို ခံယူရပေလိမ့်မည်။

သွေးမျိုးနွယ်စုအား သစ္စာဖောက်ခြင်းမှာ ခွင့်လွှတ်မရနိုင်သော ပြစ်မှုပင်။

သို့သော် ကတ်စီဒီတို့မှာ သူ၏စကားအား အရေးပင် မစိုက်သောကြောင့် လေဒင် အူကြောင်ကြောင် ဖြစ်သွားရသည်။

ဒီကောင်တွေ ဘာဖြစ်နေတာလဲ......

"လေဒင် နင်ပြေးချင်ရင် သုံးမိနစ်လောက် ဆက်ပြေးဦးလေ။"

ကတ်စီဒီ ပြုံးကာပြောလိုက်သည်။

"ဘာ...."

လေဒင် မျက်မှောင်ကျုံ့သွားရသည်။

"မြင့်မြတ်သွေးစက်နဲ့ အပြစ်ပေးတာကို မင်းခံရတော့မယ်။"

တိုဘိယ ရက်စက်စွာ ပြုံးလိုက်သည်။

လေဒင်မှာ စိတ်မသက်မသာ ဖြစ်လာရသည်။

မြင့်မြတ်သွေးစက်နဲ့ အပြစ်ပေးတာ.....ဘာတွေလဲ.....

မည်သို့ပင်ဆိုစေကာမူ ကတ်စီဒီတို့မှာ လိမ်ညာနေသသည့်ပုံ မပေါ်ပေ။

ကတ်စီဒီမှာ သွေးကျိန်စာကြယ်ဓားအား ပြန်လည်ဆင့်ခေါ်လိုက်ပြီးနောက် ဓားသွားအား လျှာဖြင့်ယက်လိုက်သည်။

"ဒီလက်နက်မှာ သေစေနိုင်လောက်တဲ့အဆိပ် သုတ်ထားတယ်။"

သူမသည် သွေးကျိန်စာကြယ်ဓားအား အန်လင်း၏သွေး သုတ်ထားခဲ့သည်။

မြင့်မြတ်သွေးစက်သည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သို့ ကျင့်ကြံရေးအဆင့် ကျထားသော လေဒင်အတွက် အဆိပ်အတောက် ဖြစ်နေမည်ဖြစ်ပြီး မည်သို့မှ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

ဆိုင်ရယ်မှာ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်။

တစ်မိနစ်ခန့် ကြာပြီးနောက်......

ဒုန်း...ဒုန်း....ဒုန်း.....

အဖျက်စွမ်းအင်များကြောင့် လေဒင်၏ နှလုံးခုန်နှုန်းမှာ အလွန်လျင်မြန်နေလေပြီ။

"အား...."

လေဒင်သည် ရင်ဘတ်အား လက်ဖြင့်ဆုပ်ကာ အော်ဟစ်နေရသည်။

ဝုန်း.....

သူ၏ကိုယ်တုံးလုံး ဖြစ်နေသော မြေပြင်ပေါ် ဝုန်းခနဲ ပြုတ်ကျသွားသည်။

ကတ်စီဒီ၊ မာလင်၊ ရှောင်ဇယ်နှင့် တိုဘိယတို့လည်း လေဒင်အား အမှီလိုက်နိုင်သွားသည်။ သို့သော် ၎င်းတို့မှာ တိုက်ခိုက်ရန် စိတ်မလောပဲ အေးအေးဆေးဆေးသာ ဝန်းရံထားကြသည်။

၎င်းတို့အနေဖြင့် လက်များအား ညစ်ပတ်စေရန် မလိုအပ်ပေ။

လေဒင်မှာ မြင့်မြတ်သွေးစက်၏ အပြစ်ပေးခြင်းကို ခံရတော့မည် မဟုတ်လော။

"မင်း....မင်းဘာလုပ်လိုက်တာလဲ။"

လေဒင် ခက်ခဲစွာ စကားဆိုလိုက်သည်။

သူသည် ထွက်ပြေးရန် မဆိုထားနှင့် မတ်တပ်ပင် မရပ်နိုင်တော့ပေ။

အန်လင်းနှင့် တီနာတို့လည်း ရောက်ရှိလာပြီး ကောင်ငယ်လေးကိုကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

"ငါတို့ဘာမှမလုပ်ပါဘူး။ မြင့်မြတ်သွေးစက်ရဲ့ အပြစ်ပေးတာကို ခံနေရတာလေ။ မြင့်မြတ်သွေးစက်ရဲ့ သန့်စင်ခြင်းစွမ်းအားကို လူတိုင်းခံနိုင်တာ မဟုတ်ဘူး။ နင့်လို အမှိုက်ကောင်မျိုးကတော့ သေကိုသေရမှာပဲ။"

ကတ်စီဒီ ပြုံးကာပြောလိုက်သည်။

လေဒင်မှာ သေရတော့မည် ဖြစ်သောကြောင့် စိတ်ပါလက်ပါ ရှင်းပြပေးလိုက်သည်။

ထင်မှတ်ထားသည့်အတိုင်း လေဒင်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာလေသည်။

"အ့...."

မကြာမီမှာပင် ညည်းသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီးနောက် ကြည့်ရှုလိုက်သောအခါ ကောင်ငယ်လေးသည် ခံစားချက် ကောင်းနေဟန်ဖြင့် ညည်းနေသည်ကို တွေ့လိုက်ရသည်။

ဝုန်း...

ကောင်းကင်ထက်တွင် ရုတ်ချည်းဆိုသလို မိုးကြိုးတိမ်တိုက်များ စုဝေးလာလေသည်။

"ဒါက....."

အန်လင်း မယုံကြည်နိုင် ဖြစ်သွားရသည်။

လေဒင်မှာ မသေသွားသည့်အပြင် အရှိန်အဝါများပင် ပိုမိုအားကောင်းလာသေးသည်။

"ဟားဟား....ဒါက မြင့်မြတ်ခေါင်းဆောင်ရဲ့ သွေးစက်လား။ အရမ်းကို အံ့သြစရာ ကောင်းတာပဲ။ ငါ့ရဲ့ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ သန့်စင်သွားတယ်။ အခု ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ကို ပြန်တက်နိုင်တော့မယ်။"

လေဒင်သည် အန်လင်း၏သွေးအား စုပ်ယူခဲ့ပြီးနောက် မိုးကြိုးကပ်ဘေးအား ခံယူတော့မည်ပင် ဖြစ်သည်။

All Chapters