ဟွမ်းချန်မြို့တော်သို့အပြန်
Vol. 48 Ch. 674
ဧကရာဇ်ရိတန်းသည် နှင်းခရမ်းပြာတောင်တန်းသို့ ရောက်ရှိလာပြီး နေရာမလပ် စစ်ဆေးကြည့်ရှုလိုက်သည်။
"အမှတ်အသားတွေအရတော့ လုပ်ကြံသတ်ဖြတ်မှုမှာ အနည်းဆုံး လူရှစ်ယောက်လောက် ပါမယ့်ပုံပဲ။ ထူးဆန်းလိုက်တာ။ အဲ့လောက်တစ်အုပ်တမကြီးကို လေဒင်က ဘာလို့မသိတာလဲ။"
ဧကရာဇ်ရိတန်းမှာ တွင်းနက်ကြီးအားကြည့်ကာ တိတ်ဆိတ်သွားရသည်။
သူသည် အခြေအနေများအား ဆက်လက်စစ်ဆေးနေပြီးနောက် တောင်တန်းများကြားတွင် ကြောက်မက်ဖွယ် တွင်းကြီးတစ်တွင်းကို ထပ်တွေ့လိုက်ရပြန်သည်။
"တော်တော်ထိတ်လန့်စရာကောင်းတဲ့ လျှပ်စီးတွေပါလား။ ငါ့သားက မိုးကြိုးကပ်ဘေးကြောင့် သေသွားရတာလား။"
ဧကရာဇ်ရိတန်းမှာ သွေးနီရောင် တိမ်တိုက်များကြားတွင် ရှိနေသည်။
သူသည် တစ်နေရာထဲတွင် အချိန်ကြာမြင့်စွာ ရှိနေပြီးနောက် အရှေ့အရပ်သို့ ကြည့်ရှုလိုက်သည်။
"ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ်။ သွေးမျိုးနွယ်စုက သစ္စာဖောက်တစ်ကောင်ကောင်က ကောင်းကင်ဘုံခုံရုံးနဲ့ပေါင်းပြီး ငါ့သားကို သတ်သွားတာပဲ။ မုန်းစရာကောင်းလိုက်တာ....တောက်။"
ဝုန်း.....
ကြောက်မက်ဖွယ် သွေးနီရောင် အလင်းတန်းများမှာ အရှေ့အရပ်သို့ ဦးတည်ပျံဝဲသွားသည်။
ကောင်းကင်ထက်မှ မိုးကြိုးလျှပ်စီးများ ရုတ်ချည်းကျဆင်းလာကာ သွေးနီရောင် အလင်းတန်း၏လမ်းအား အနှောင့်အယှက် ပေးလာသည်။
အနက်ရောင်စိမ့်တောထဲတွင် ဆိုးရွားလှသော တိုက်ပွဲတစ်ပွဲ ထပ်မံဖြစ်ပေါ်လာကာ မြို့ပေါင်းများစွာ ပျက်စီးသွားရပြန်သည်။
အဆုံးတွင်မူ သွေးနီရောင် အလင်းတန်းမှာ အနက်ရောင်စိမ့်တော၏ ဗဟိုဒေသသို့ ထွက်ခွာသွားသည်။
လျှပ်စီးကြောင်းသည် ကီလိုမီတာ သောင်းနှင့်ချီသည်အထိ သွေးနီရောင် အလင်းတန်းအား လိုက်လံတိုက်ခိုက်ပါသော်လည်း မသတ်နိုင်ခဲ့သောကြောင့် အဝေးသို့ ဆုတ်ခွာသွားတော့သည်။
တိုက်ပွဲမှာ ပြီးဆုံးသွားပါသော်လည်း နောက်ဆက်တွဲများမှာ အဆုံးမသတ်ခဲ့ပေ။
လေဒင်သည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်သည့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ပါရမီရှင် ဖြစ်ပါသော်လည်း သွေးမျိုးနွယ်စု၏ အနက်ရောင်စိမ့်တောထဲတွင်ပင် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
"ဘုရားရေ.....လေဒင်က ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်လေ။ သူ့ကိုဘယ်သူက သတ်နိုင်မှာလဲ။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားကများ သတ်သွားတာလား။"
"မဖြစ်နိုင်ဘူး။ တာအိုပေါင်းစည်းခြင်းအဆင့်သာဆိုရင် နတ်ဘုရားဘုံဋ္ဌာနေက ဧကရာဇ်တွေရဲ့ မျက်စိအောက်ကနေ လွတ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် တခြားဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။"
"ဧကရာဇ်ရိတန်းရဲ့သားတော်ကို သူ့ပိုင်နက်ထဲမှာတင် သတ်သွားတာပေါ့။ ရူးလောက်စရာပဲကွာ။"
"ကောင်းကင်ဘုံခုံရုံးက သွေးမျိုးနွယ်စုမှာ သစ္စာဖောက် မရှိပဲ အခုလို လုပ်နိုင်မှာ မဟုတ်ဘူး။ အဲ့သစ္စာဖောက်ကိုတော့ သိချင်မိသားပဲ။"
"ကောင်းကင်ဘုံခုံရုံးနဲ့ အနက်ရောင်စိမ့်တောရဲ့ ငြိမ်းချမ်းရေးကတော့ ပြီးပြီထင်တယ်။"
"အဲ့ဒါငါတို့နဲ့ ဘာဆိုင်လို့လဲ။ သောက်ဖို့သွေးလေးဘာလေး သွားရှာရအောင်။"
ထိုသည်မှာ သွေးမျိုးနွယ်စု၏ အားနည်းချက်ကြီးတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ယခုကဲ့သို့ အရေးကြီးကိစ္စများအား ဆွေးနွေးကြပါသော်လည်း ကိုယ်ပိုင်အလိုဆန္ဒများကိုသာ ပိုမိုဦးစားပေးကြသည်။ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား စစ်တိုက်ခိုင်းမည်ဆိုလျှင်ပင် ဦးစွာပထမ ရရှိလာမည့် အကျိုးအမြတ်များနှင့် မြှူဆွယ်ရပေလိမ့်မည်။
သို့သော် တစ်ဖက်တွင်မူ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရသောကြောင့် သွေးမျိုးနွယ်စု တစ်ခုလုံး ဒေါသထွက်ကာ လက်စားချေရန် စီစဉ်ကြပါက ကောင်းကင်ဘုံခုံရုံးမှ ၎င်းတို့အား အမြစ်ဖြတ် ချေမှုန်းပစ်လိမ့်မည်ပင်။ ဧကရာဇ်ရိတန်းသည်ပင် လက်စားချေရန် အစီအစဉ်အား ဘေးဖယ်ကာ အခြေအနေအား နောက်ကွယ်မှ စုံစမ်းနေရသည်။
သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။ ထိုလျှပ်စီးအသုံးပြုသူကိုလည်း အနိုင်မတိုက်နိုင်သောကြောင့် ယခုကဲ့သို့ လှုပ်ရှားရန်သာ ရှိသည်။
လေဒင်၏ သတင်းသည် ကိုးပြည်ထောင်သို့ ပျံ့နှံ့သွားပြီး လက်သည်တရားခံမှာ ကောင်းကင်ဘုံခုံရုံးသာ ဖြစ်နိုင်ကြောင်း သိရှိနေကြသောကြောင့် အားလုံးမှာ အလွန်အမင်း ဂုဏ်ယူစွာဖြင့် ပျော်ပွဲရွှင်ပွဲများပင် ကျင်းပကြသေးသည်။
သွေးမျိုးနွယ်စုသည် လူသားများ၏ အဓိကရန်သူ ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး သေဆုံးသွားရခြင်းအပေါ် လွန်စွာကျေနပ်မိကြသည်။ ထို့အတူ ကောင်းကင်ဘုံခုံရုံး၏ ဂုဏ်ကျက်သရေနှင့် ခွန်အားကိုလည်း အားလုံးမှ ထပ်မံလေးစားမိရသည်။
ထိုသို့လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာ ကောင်းကင်ဘုံခုံရုံးမှ ကျောင်းသားအချို့နှင့် ကျောင်းသားတစ်ဦး၏ အစေခံများသာဖြစ်ကြောင်း သိလိုက်ရပါက အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရပေလိမ့်မည်။
ထိုအချိန်တွင် အန်လင်းတို့မှာ မည်သူမှပင် မသိလိုက်ပဲ ကောင်းကင်အရှင်သခင် ပေးအပ်ထားသော အရှိန်အဝါ ဖုံးကွယ်ပေးသည့် ဝတ်စုံများနှင့်အတူ ဟွမ်းချန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ထူးမခြားနား နေ့ရက်များကိုပင် ဖြတ်သန်းနေလေပြီ။
တစ်ခုတည်းသော ကွာခြားချက်မှာ အန်လင်း၏ ဦးခေါင်းထက်တွင် အပင်ပေါက်လေးတစ်ခု ရှိနေခြင်းပင်။
"ဖွီး...ဟီး..ဟီး.."
မုန့်ထျန်းသည် အန်လင်းအားကြည့်ကာ အော်ဟစ်ရယ်မောမိတော့သည်။
"ဟားဟား.....အစ်ကိုကြီးအန်ရဲ့ခေါင်းပေါ်မှာ စိမ်းစိမ်းလေး ရှိနေပါလား။"
အန်လင်း ရှက်သွားသည်။
"မင်းကဘာသိလို့လဲ။ အသက်စွမ်းအင်ဆိုတာရော နားလည်ရဲ့လား။ ဒီအပင်ပေါက်လေးက ငါ့ကိုစွမ်းအင်တွေ ပေးနေတာ။"
မုန့်ထျန်းမှာ ပိုမိုကျယ်လောင်စွာ ရယ်မောမိတော့သည်။
"ဟုတ်ပါပြီ....ဟုတ်ပါပြီ.....အစ်ကိုကြီး ပြောသလိုပါပဲ။ ဟားဟား......ကျွန်မကို....ဟီးဟီး....ခဏလောက် ပေးရယ်ပါဦး.....ဝါးဟားဟား....."
အန်လင်းမှာ စူပုတ်ပုတ်နှင့် ထွက်ခွာသွားသည်။
ငါကအမှန်ပဲ ပြောနေတာကို.....
အပင်ပေါက်အဖြစ် ပြောင်းလဲသွားပြီးနောက် ဘရိုင့်စ်သည် နေရောင်ခြည်ဖြင့် အစာချက်ခြင်းမှ ရရှိလာသော စွမ်းအင်အချို့ကို အသက်စွမ်းအင်အဖြစ် အန်လင်းထံ လွှဲပြောင်းပေးနေသည်။
ဘရိုင့်စ် အားကောင်းလာသည်နှင့်အမျှ အန်လင်းသည်လည်း ပိုမိုသန်မာလာလိမ့်မည်။ ထိုသည်မှာ စွမ်းအင်ထုတ်စက်တစ်ခုအား ဝတ်ဆင်ထားသည်နှင့် ဆင်တူသောကြောင့် မည်မျှပင် ကြည့်ရဆိုးနေပါစေ ထိုအခွင့်အရေးအား သူလက်လွှတ်မခံနိုင်ပေ။ သူသည် ရုပ်ရည်သွင်ပြင်အား ဂရုစိုက်တတ်သူလည်း မဟုတ်ပေ။
ဥပမာအားဖြင့် သူ၏တာအိုလက်တွဲဖော် ဖြစ်လာမည့် စုရှောင်လန်သည် အလွန်လှပသော မိန်းမပျိုဟုတ်မဟုတ် မသေချာပါသော်လည်း စိတ်အားထက်သန်ကာ ထူးခြားသော စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။ ထိုသည်ကပင် သူ့အတွက် လုံလောက်နေလေပြီ။
အန်လင်းမှာ မြို့နံရံပေါ်တွင် ပျင်းရိစွာ ရှိနေသည်။ လိုအပ်သော ကိစ္စရပ်များအား အတန်းပိုင်ဆရာမှ လုပ်ပေးနေသောကြောင့် သူ့အတွက် ထွေထွေထူးထူး လုပ်စရာ မရှိပေ။ သူအနည်းငယ် တွေးတောပြီးနောက် စုရှောင်လန်နှင့်အတူ မျက်ကန်းစစ်တုရင် ဆော့ကစားနိုင်ကြောင်း စဉ်းစားမိသွားသည်။
(မျက်ကန်းစစ်တုရင်က မျက်လုံးကိုအုပ်ပြီး စစ်တုရင်ကစားကြတာပါ။)
"ဘီးရှော့က f4ဟေ့။"
အန်လင်း သက်ပြင်းချကာ အဝေးသို့ ငေးကြည့်နေသည်။
စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။
"ကာဆယ်က e8ကိုသွား..."
"နယ်ရုပ်ကို c7ပို့ကွာ။"
အန်လင်း၏မျက်ဝန်းများ တောက်ပလာသည်။
အကြိတ်အနယ်တိုက်ပွဲ ပြီးသွားသည့်နောက် အန်လင်းမှာ စုရှောင်လန်အား အနိုင်ရခဲ့သည်။
ထိုသည်မှာ စစ်တုရင်စွမ်းရည်အပြင် မှတ်ဉာဏ်၊ အတွေးအခေါ်နှင့် စိတ်ဆန္ဒများ ပါဝင်နေသော တိုက်ပွဲတစ်ခုပင်။
အန်လင်းမှာ အခက်အခဲများကြားမှ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
"ဟားဟား....နိုင်ပြီကွ။ တူတူဆော့ပေးလို့ ကျေးဇူးပဲ ရှောင်လန်။"
အန်လင်းမှာ တက်ကြွမြူးထူးနေသည်။
စုရှောင်လန်မှာ ချစ်စဖွယ်ကောင်းစွာ မျက်စောင်းထိုးလိုက်သည်။
"ဒီတစ်ခါ ကာဆယ်နှစ်ကောင်ကို တစ်ခါတည်း ရွှေ့လို့ရလား။"
"ရတယ်....ရတယ်....ဒါပေမယ့် မြင်းကိုအရင်ဖယ်ပေးရမယ်။"
"ကောင်းပြီလေ...."
ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ ပျော်ရွှင်စွာ ဆက်လက်ကစားနေခဲ့ကြသည်။
ရွှမ်းယွမ်ချန်မှာမူ သူ၏နယ်ပယ်အား ဆက်လက်စမ်းသပ်ရန် မြေပြင်တွင် တွင်းတစ်ခု တူးထားသည်။
အချိန်နှင့်အမျှ ကြောက်မက်ဖွယ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေပါသော်လည်း အားလုံးမှာ နေသားကျနေသောကြောင့် အထူးအဆန်းပင် မဖြစ်တော့ပေ။ ၎င်းတို့မှာ ပျင်းရိလွန်းနေသောကြောင့် တစ်ခါတရံတွင် ပေါက်ကွဲမှုအားကြည့်ကာ သုံးသပ်ချက်များပင် ထုတ်နေကြသေးသည်။
အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေသည်။
မိုးလင်းသည်နှင့် အန်လင်းခေါင်းပေါ်တွင်ရှိသော အပင်ပေါက်လေးမှာ ထထိုင်နေပြီ ဖြစ်သည်။
တီနာမှာ ပျင်းရိစွာ မျက်ဝန်းများ ဖွင့်လာသည်။ အားပြည့်နေပြီ ဖြစ်သောကြောင့် စိတ်အားထက်သန်မှုများ ပြန်လည်ဖြစ်ပေါ်နေလေပြီ။
သူမသည် အိပ်ပျော်နေသော အန်လင်းကိုကြည့်ကာ လျှို့ဝှက်စွာ ပြုံးလိုက်ပြီးနောက် အန်လင်း၏ နှာခေါင်းအား ညှစ်လိုက်သည်။
အန်လင်းမှာ မျက်မှောင်ကျုံ့သွားလေသည်။
တီနာသည် ရယ်ချင်စိတ်ကိုထိန်းကာ နှာခေါင်းအား ဆက်ညှစ်ထားသည်။
ဖြန်း.....
လက်ဝါးချက်နှင့်အတူ တီနာမှာ ဝှီးခနဲ လွင့်ထွက်ကာ မြို့နံရံနှင့် တိုက်မိသွားလေသည်။
ဝုန်း...
"ဘီလူးအန်လင်း...."
တီနာ ဒေါသတကြီး အန်လင်းနားသို့ ရောက်ရှိလာသည်။
သို့သော် အန်လင်းမှာ တခူးခူးတခေါခေါ အိပ်ကောင်းနေဆဲပင်။
အဆင့်နိမ့် ကျင့်ကြံသူသာဖြစ်ပါက အန်လင်း၏ အလိုအလျောက် လက်ဝါးချက်နှင့်အတူ အသက်ပါ ပါသွားလောက်ပေသည်။
တီနာ သက်ပြင်းချကာ အဖြူရောင် အလင်းအစက်အပြောက်များနှင့် အန်လင်းအား လွှမ်းခြုံလိုက်သည်။
ဝှစ်.....
၎င်းတို့နှစ်ဦးလုံး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ရောက်ရှိသွားကြခြင်းပင်။
ထို့နောက် နတ်ဘုရားမ၏ စကားသံအား အန်လင်း ကြားလိုက်ရသည်။
ထိုစကားသံသည် ကောင်းကင်ဘုံမှ သက်ဆင်းလာသည့်အလား သြဇာအာဏာ ပြည့်လျှံနေသည်။
"ဘီလူးအန်လင်းထတော့...."
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၃ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)