ယင်းယန်နယ်ပယ်
Vol. 48 Ch. 675
အန်လင်းမှာ ကမ္ဘာတစ်ခုလုံး၏ လှုပ်နိုးခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဖော်မပြနိုင်သော ခံစားချက်များနှင့်အတူ ချက်ချင်းပင် ထထိုင်လိုက်မိသည်။
"ယီးထဲမှ...ဘာတွေဖြစ်နေတာလဲ။"
သူသည် တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ဖြစ်နေသလို ခံစားနေရပြီး အသက်ရှူသံများပြင်းကာ ရင်ဘတ်မှာလည်း ဝုန်းဒိုင်းကြဲ ခုန်ပေါက်နေသောကြောင့် အိပ်ချင်မူးတူးပင် ဖြစ်မနေတော့ပေ။
"ဟီးဟီး....ဘီလူးအန်လင်း နင်နိုးလာပြီပေါ့။"
တီနာမှာ အန်လင်း၏ ပတ်ပတ်လည်တွင် လှည့်ပတ်ပြေးလွှားနေသောကြောင့် သူမ၏ အဖြူရောင် ဝတ်စုံလေးမှာ အဝဲသား ဖြစ်နေသည်။
"ဒါက...."
အန်လင်းသည် တိမ်စိုင်များကြားတွင် ရှိနေပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါ များပြားလှသော အဆောက်အဦးများ တွေ့လိုက်ရသည်။
"ချီလော့မြို့တော်..... မင်းကငါအိပ်နေတုန်းတောင် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲ ခေါ်လာနိုင်နေပြီလား။"
"ဟုတ်တယ်.....အထင်ကြီးစရာ မကောင်းဘူးလား။"
တီနာမှာ သူ့ကိုယ်သူ အတော်ပင် စိတ်ကျေနပ်နေပုံ ရသည်။
"တကယ်အထင်ကြီးစရာပဲ။"
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။
အတိတ်ကာလ၌ အန်လင်း၏ သဘောတူညီချက် ပါဝင်မှသာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ခေါ်ဆောင်နိုင်ခြင်း ဖြစ်ပါသော်လည်း ယခုအခါ အိပ်ပျော်နေချိန်တွင်ပင် အလွယ်တကူ ခေါ်ဆောင်လာနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် တီနာ၏ စွမ်းရည်များ သိသိသာသာ တိုးတက်လာသည်ဟု ဆိုနိုင်သည်။
"ဒီကမ္ဘာရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"ငါမှ အချိန်စီးဆင်းမှုကို မမြန်ရသေးတာ။ အဲ့တော့ဘာမှပြောင်းလဲသွားတာ မရှိသေးပါဘူး။ ထူးခြားတာဆိုလို့ အာဒမ်နဲ့ဧဝ နှစ်ယောက်လုံးက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ခြေလှမ်းတဝက်လောက် ရောက်နေကြပြီ။ အဲ့ဒါကြောင့် မိုးကြိုးကပ်ဘေးကို ခံယူကြတော့မှာ။"
တီနာ စကားဆိုလိုက်သည်။
"ဟုတ်လား။ သူတို့ရဲ့ နယ်ပယ်က ဘာတွေလဲ။"
အန်လင်းမှာ စိတ်ဝင်တစားနှင့် မျက်ဝန်းများ တောက်ပလာသည်။
အာဒမ်နှင့်ဧဝမှာ ဤကမ္ဘာပေါ်ရှိ အခြားသော ဉာဏ်ရည်မြင့် သတ္တဝါများနှင့် ကွဲပြားခြားနားပေသည်။ အခြားမျိုးနွယ်စုများ၏ ပထမမျိုးဆက်များနှင့် နှိုင်းယှဉ်ပါက လူသားမျိုးနွယ်တွင် ပထမမျိုးဆက်ဟူ၍ အာဒမ်နှင့်ဧဝ နှစ်ဦးသာ ရှိခဲ့သည်။ ထို့အပြင် တီနာသည် ၎င်းတို့အား ဟင်းလင်းပြင်သို့အပြန် အဆင့်များ၏ အသက်အဆီအနှစ်နှင့် ပြုလုပ်ထားခြင်း မဟုတ်ပဲ အန်လင်းအား ဥပမာယူကာ ဖန်တီးထားခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် အန်လင်းသည် အခြားသော မျိုးနွယ်စုများထက်ပို၍ လူသားမျိုးနွယ်အား တန်ဖိုးထားခဲ့သည်။
"အင်း.....သူတို့အခြေအနေက တကယ်စိတ်ဝင်စားစရာကောင်းတယ်။"
တီနာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အပိုတွေပြောမနေနဲ့။ ငါသိချင်နေပြီ။"
အန်လင်း စိတ်မရှည်စွာ ပြောလိုက်သည်။
"တစ်ယောက်က ပြင်းထန်တဲ့ ယန်နယ်ပယ်လေ။ တစ်ယောက်ကကြ ပြင်းထန်တဲ့ ယင်းနယ်ပယ် ဖြစ်နေတာလေ။"
အန်လင်း ခေါင်းညိတ်လိုက်သည်။
"ယင်းယန်စွမ်းအင်နှစ်ခုက တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီတယ်လေ။ အဲ့ဒါကို မင်းကဘာဖြစ်နေတာလဲ။"
တီနာ တိုးညင်းစွာ တုံ့ပြန်လိုက်သည်။
"ဘာလို့လဲဆိုတော့ အာဒမ်က ယင်းနယ်ပယ်ဖြစ်ပြီး ဧဝက ယန်နယ်ပယ် ဖြစ်နေတာလေ။"
အန်လင်း: " ........"
တီနာနှင့် အန်လင်းတို့ စာကြည့်တိုက် ရောက်ရှိသွားပြီးနောက် အာဒမ်နှင့်ဧဝမှာ ပုံမှန်အတိုင်း လေ့လာနေကြဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
၎င်းတို့သည် လတ်တလောတွင်မှ လေ့လာထားသော ဇီဝဗေဒဆိုင်ရာ (ဖိုမ)စမ်းသပ်မှုများကို လုပ်ဆောင်နေကြသည်။
ဧဝ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင်ကငါ့အပေါ်မှာ နေနိုင်မှာတဲ့လား။ သောက် - တ် ထဲမှ အောက်ကိုဆင်းစမ်း။"
အာဒမ်မှာ ညင်သာစွာ တုံ့ပြန်လာသည်။
"အ့....ငါ့ဆံပင်ကို မဆွဲနဲ့လေ။ မင်းကအရမ်းကြမ်းတာပဲ။"
"ဟ....အား....."
"ဒါပဲလား။"
ဧဝ မျက်နှာပျက်သွားသည်။
"အင်း.....ပထမတစ်ကြိမ်မှာ အရမ်းကြမ်းလို့ မဖြစ်ဘူးလေ။ ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့။"
အာဒမ်၏ စကားသံမှာ နူးညံ့လို့နေသည်။
"ကျွတ်...အသုံးကိုမကျဘူး။"
ဧဝမှာ နှုတ်ခမ်းအား ဖိကိုက်ကာ အာဒမ်ကို ကန်ချလိုက်သည်။
ဝုန်း....
ရွှေရောင်အလင်းများနှင့်အတူ သန့်စင်သော ယန်စွမ်းအင်များ ပေါက်ကွဲသွားပြီးနောက် အာဒမ်မှာ အမြှောက်ဆံတစ်ခုအလား အဝေးသို့ လွင့်ထွက်ကာ လမ်းမပေါ် ရောက်ရှိသွားသည်။
"အား...."
ပြင်းထန်လှသော ပေါက်ကွဲသံကြောင့် အားလုံးကြောက်ရွံ့ကာ ထွက်ပြေးကုန်ကြတော့သည်။
"အာဒမ်....နင်အဆင်ပြေရဲ့လား။"
ဧဝမှာ အင်္ကျီအမြန်ဝတ်ပြီးနောက် လမ်းမပေါ် ထွက်လာတာ အာဒမ်ကိုလည်း အဝတ်အစား ဝတ်ပေးလိုက်သည်။
"ငါတောင်းပန်ပါတယ်။ အခုထိ အစွမ်းတွေနဲ့ နေသားမကျသေးလို့ပါ။"
အာဒမ် ညင်သာစွာ ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ကိုမင်းကို နားလည်တယ်။ ဒါပေမယ့် နောက်တစ်ခါဆို သေချာဂရုစိုက်နော်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူမြင်လို့လည်း မကောင်းဘူး။ ပြီးတော့ မဆိုင်တဲ့သူတွေကိုလည်း ထိခိုက်စေနိုင်တယ်။ အဲ့ဒါကို ဆင်ခြင်သင့်တယ်။ ရာဇဝတ်မှုအဖြစ်တောင် သတ်မှတ်လို့ရတယ်လေ။"
ထိုစကားကြောင့် ဧဝ၏ အမူအရာ ပြောင်းလဲသွားပြန်သည်။
"အဲ့တော့ နင်ကငါ့ကို တရားရုံး ခေါ်သွားမလို့လား။ ဒါတွေအားလုံးက ငါ့အပြစ်တွေချည်းပေါ့လေ။"
အာဒမ်မှာ ဧဝအား မျက်လုံးချင်း ဆုံကြည့်လိုက်သည်။
"ဒါပေါ့ အချစ်ကလေးရဲ့.... မင်းအပြစ်မဟုတ်ရင် ဘယ်သူ့အပြစ်တုန်း...."
"အဟက်...."
ဧဝမှာ အေးစက်စွာ ပြုံးလိုက်ပြီးနောက် အာဒမ်အား လက်သီးပဒေသာ အလှူပေးလိုက်တော့သည်။
ဒုန်း.....ဒုန်း....ဒုန်း.....
ဘန်း.....ဘန်း......ဘန်း.....
ဝုန်း.....ဝုန်း.....ဝုန်း.....
ခွပ်....ခွပ်......ခွပ်.....
“သောက် - တ် စကားတွေ ပြောချင်ဦး။ အရင်တုန်းကဆိုရင် နင်ကိုယ့်ကိုယ်ကို ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ အခုအဆင့်တက်လာမှ သောက်သုံးမကျတဲ့ ယင်းနယ်ပယ်ကို ရလာရတယ်လို့။ နင်ယောက်ျားရော စစ်သေးရဲ့လား။"
ဧဝမှာ အဆက်မပြတ် တိုက်ခိုက်နေပြီး အာဒမ်မှာ ပြောပလောက်အောင် မခုခံနိုင်ပေ။
အန်လင်း: "....."
ပြောင်းလဲသွားသော အခြေအနေများကိုကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။
စိတ်ထဲတွင်သာ ကြိတ်အော်နေမိသည်။
အရင်တုန်းကလို လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံပြီး ဖြောင့်မတ်မှန်ကန်တဲ့ အာဒမ်ကိုပဲ ပြန်ပေးစမ်းပါ....
"ပုံမှန်ဆို လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက သူတို့ရဲ့ တာအိုရှာဖွေခြင်းနဲ့ နယ်ပယ်အပေါ် အကျိုးသက်ရောက်မှု ရှိတာလေ။ အခုကြ သူတို့ရဲ့ နယ်ပယ်က စိတ်နေစိတ်ထားကို ဘာလို့လွှမ်းမိုးနေရတာလဲ။"
အန်လင်း နားမလည်နိုင်ပေ။
"ဟူး....ကောင်းကင်နဲ့မြေပြင်ရဲ့ အလိုကျပဲလေ။"
တီနာ သက်ပြင်းချလိုက်သည်။
"သူတို့ရဲ့ နယ်ပယ်တွေက ကောင်းကင်နဲ့မြေပြင်ရဲ့ တာအိုတွေနဲ့ ပေါင်းစည်းနေတယ်။ သူတို့တွေက တာအိုရှာဖွေပြီး နယ်ပယ်ရလာတာ မဟုတ်ပဲ ကောင်းကင်နဲ့မြေပြင်ကိုယ်တိုင်က လမ်းပြပေးနေတာပဲ။"
"ငါ့ကိုငတုံးနည်းနဲ့ ရှင်းပြစမ်းပါ။"
"ကံကြမ္မာပဲဟေ့။"
တီနာ စကားဆိုလိုက်သည်။
အန်လင်း : "......"
"အဲ့ဒါဆို သူတို့ကို ဘယ်လိုကူညီပေးရမလဲ။ အမှန်တိုင်းပြောရရင် အခု အာဒမ်ရဲ့ အခြေအနေကို ငါတော်တော် စိုးရိမ်မိတယ်။ ဒီပုံစံနဲ့သာဆို မိုးကြိုးကပ်ဘေး ခံယူနေတုန်း ချီးထွက်ကျပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။"
အန်လင်း အမှန်တကယ် စိတ်ပူနေသည်။
"အာဒမ်က အခုနူးညံ့ညင်သာနေပေမယ့် မိုးကြိုးကပ်ဘေးကြရင် ခံနိုင်ရည်ရှိဖို့ ကြိုးစားလောက်တယ်။ ငါစိတ်ပူတာက ဧဝကိုပဲ။ သူမက စိတ်အရမ်းပြင်းနေတော့ မိုးကြိုးကပ်ဘေး ခံယူနေတုန်း လျှပ်စီးတွေကို ထိန်းချုပ်ဖို့ လုပ်နေရင် ဘယ်လိုလုပ်မလဲ။"
"အမ်....လျှပ်စီးကို ထိန်းချုပ်တာက ဘာထူးဆန်းလို့လဲ။"
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
တီနာမှာ အန်လင်းအား မျက်စောင်းထိုးလိုက်ပါသော်လည်း မည်သည့်စကားမှ မဆိုပေ။
အန်လင်းသည် အာဒမ်နှင့်ဧဝအား ခင်မင်ရင်းနှီးနေသောကြောင့် မိုးကြိုးကပ်ဘေးအတွင်း အဆုံးသတ်သွားမည်ကို မမြင်တွေ့လိုပေ။ ထို့ကြောင့် တတ်နိုင်သမျှ ကူညီပေးလိုသည်။
တီနာသည် ၎င်းတို့အား အကူအညီ မပေးနိုင်ပေ။ သူမသည် ကမ္ဘာကြီးနှင့် ပေါင်းစည်းနေသော ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်ပါသော်လည်း လောကစည်းမျဉ်းများအား ပြောင်းလဲရန် မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် မိုးကြိုးကပ်ဘေးသည် သဘာဝအတိုင်း ဖြစ်တည်နေသော အရာတစ်ခု ဖြစ်သည်။ တီနာသည် အာဒမ်နှင့်ဧဝအတွက် မိုးကြိုးကပ်ဘေးအား ဖယ်ရှားပေးလိုက်ပါက လောကနိယာမများ ကပြောင်းကပြန်ဖြစ်ကာ ကမ္ဘာပျက်ခြင်းထိပင် ဖြစ်သွားနိုင်သည်။
အန်လင်းမှာ မြူခိုးများအဖြစ် ပြောင်းလဲကာ အာဒမ်နှင့်ဧဝထံ ပျံဝဲသွားလိုက်သည်။
"အဟမ်း...."
သူချောင်းဟန့်ကာ ဆရာကြီး လုပ်တော့သည်။
"ဧဝ....ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး တစ်ခုဖြစ်ဖို့ ပြဿနာတိုင်းကို စကားနဲ့ပဲ ဖြေရှင်းသင့်တယ်။ နားလည်လား။"
ဧဝမှာ အန်လင်းအား လေးစားစွာ ကြည့်ရှုလိုက်သည်။
"တမာန်တော်အန်လင်း ဒါက မိသားစုပြဿနာပါ။ ဝင်မပါပါနဲ့။"
ထိုစကားနှင့်အတူ အာဒမ်အား ဆက်လက်ထိုးနှက်တော့သည်။
တမာန်တော်သည်ပင် လျစ်လျူရှုခံရသောကြောင့် အန်လင်း မျက်နှာပျက်သွားသည်။
သို့သော် သူလက်မလျှော့သေးပေ။
"ငါပြောတာနားထောင်....အိမ်တွင်းအကြမ်းဖက်မှုက မကောင်းဘူး။ ဒီလိုဆိုရင်ရော...."
ဝှစ်....
ရွှေရောင်အလင်းတန်းတစ်ခု ပျံဝဲလာသည်။
ဝုန်း....
အန်လင်းမှာ သတိမထားမိသောကြောင့် မျက်ခွက်တည့်တည့် အကန်ခံရကာ အဝေးသို့ လွင့်ထွက်သွားသည်။
"သပ လား....ဝင်မပါပါနဲ့ဆိုမှ....သပ ပဲ။"
ဧဝမှာ ခက်ထန်နေသော အမူအရာဖြင့် ခြေထောက်အား ပြန်ရုတ်လိုက်တော့သည်။