← Chapters

အာဒမ်နှင့်ဧဝအားသင်ခန်းစာပေးခြင်း

Vol. 48 Ch. 676

အာဒမ်နှင့်ဧဝအားသင်ခန်းစာပေးခြင်း

Vol. 48 Ch. 676

အန်လင်းမှာ ဧဝအားကြည့်ကာ အူကြောင်ကြောင်ဖြင့် ထလာသည်။

သူသည် ပြေလည်ရန် ဖြေရှင်းပေးနေရင်း ဧဝ၏ တိုက်ခိုက်မှုအား ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

နတ်ဘုရားမ၏ တမာန်တော်ဟူသော အဆင့်အတန်းအား ထိပါးစော်ကားခံရသလို ခံစားလိုက်ရသည်။

ဒီလိုအရှက်ကွဲတာကို သည်းခံနေရမှာလား.....

ပတ်ဝန်းကျင်ရှိ လူများလည်း စုဝေးလာကြပြီး ဆွေးနွေးဝေဖန်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။

အနီးနားရှိ ဆိုင်ခန်းများတွင်လည်း လူများပြုံတိုးနေပြီး ပူပူနွေးနွေး အကန်ခံလိုက်ရသော ဘုရားသခင်၏ တမာန်တော်အား ကြည့်ရှုနေကြသည်။

ဂုဏ်သရေရှိသော တမာန်တော်ကြီးမှာ အကန်ခံလိုက်ရလေသည်။

ထိုသည်မှာ လူသားမျိုးနွယ်အတွက် ကိစ္စကြီးတစ်ခုပင်။

အန်လင်း၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။

"ကြည့်ရတာ မင်းတို့ကို သင်ခန်းစာမပေးတာ ကြာသွားပုံပဲ။"

ဧဝမှာ နောင်တရသွားပါသော်လည်း မောက်မာစွာ ခေါင်းမော့ထားလိုက်သည်။

"ငါတို့ မိသားစု ပြဿနာထဲ ဝင်ပါတာကိုး။ မှတ်ထား....ဘုရားသခင်တောင် ငါ့ကိစ္စကို ဝင်ရှုပ်လို့ မရစေရဘူး။"

"စိတ်လျှော့ဦး ဧဝ....အခုကိစ္စက မင်းမှားတယ်လေ။ တမာန်တော်ကြီးကို တောင်းပန်လိုက်။"

အာဒမ်မှာ ဒဏ်ရာဗလပွနှင့် မြေပြင်မှ ထလာကာ ဧဝ၏လက်အား ဆုပ်ကိုင်ထားလိုက်သည်။

"သောက် - တ် လား...."

ရွှေရောင်လက်သီး တစ်လုံးနှင့်အတူ အာဒမ်မှာ လွင့်ထွက်သွားရပြန်သည်။

အန်လင်းမှာ နဖူးသွေးကြောများပင် ထောင်ထလာရသည်။

"မင်းရဲ့မာနကို ငါကိုယ်တိုင် ရိုက်ချိုးပေးရတော့မှာပဲ။"

"ငါ့ကိုဘာလုပ်မလို့လဲ။"

ဧဝမှာ အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။

သူမ မတုံ့ပြန်နိုင်ခင်မှာပင် အဖြူရောင်ပုံရိပ်တစ်ခုနှင့်အတူ လက်ဝါးတစ်ခု ပျံဝဲလာလေသည်။

ဖြန်း....

ထိုလက်ဝါးတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေသောကြောင့် ဧဝမှာ မီတာပေါင်း ရာနှင့်ချီ လွင့်ထွက်သွားရသည်။

"ဝါး....."

စောင့်ကြည့်နေသူများလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

မျိုးနွယ်စုသခင်မဖြစ်သော ဧဝမှာ လက်ဝါးတစ်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရလေသည်။

လွန်ခဲ့သော နှစ်များအထိ လူသားမျိုးနွယ်နှင့် တမာန်တော်တို့ကြားတွင် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိနေခဲ့သည်။ ယခုအခါ ရန်သူများ ဖြစ်သွားကြတော့မည်လော။

အချို့သော သတင်းထောက်များမှာ ရာဇဝင်တွင်မည့် အဖြစ်အပျက်အား ကင်မရာများနှင့် မှတ်တမ်းတင်နေကြပြီ ဖြစ်သည်။ အန်လင်းနှင့် ဧဝတို့၏ သတင်းသည် လူတိုင်းဆွေးနွေးကြမည့် အရေးကြီးသတင်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

စောင့်ကြည့်နေသူများမှာလည်း နောက်သို့ဆုတ်ပေးလိုက်ကြသည်။ ယခုပြဿနာသည် မျက်တောင်မခတ်စတမ်း ကြည့်ရှုချင်စရာ ကောင်းပါသော်လည်း ၎င်းတို့၏ အသက်ကလေးများမှာ ပိုမိုအဖိုးတန်သည်။

ထိုတိုက်ပွဲမှ ဖြစ်ပေါ်လာမည့် အဖျက်စွမ်းအင်များအား ၎င်းတို့ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

"ဒေါသကိုလျှော့ပါ တမာန်တော်အန်လင်း.....ကျွန်တော့်မိန်းမက မှားပေမယ့် အတိတ်တုန်းက ဆက်ဆံရေးကို ထောက်ထားပြီး သူမအသက်ကို ချမ်းသာပေးပါ။"

ဒဏ်ရာများနှင့် စုတ်ပြတ်သတ်နေသော အာဒမ်မှာ အန်လင်းထံ အမြန်ပြေးလာပြီး တောင်းပန်လိုက်သည်။

ဖြန်း.....

အန်လင်းမှာ အာဒမ်အား ပါးရိုက်လိုက်ပြီးနောက် ဧဝထံ ဆက်လျှောက်သွားသည်။

ဧဝ၏ မျက်ဝန်းများမှာ ဒေါသများကြောင့် တောက်လောင်နေလေသည်။

ဝုန်း.....

သန့်စင်သော ယန်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ပေတစ်ရာပတ်လည်ရှိ ပတ်ဝန်းကျင်အား လောင်ကျွမ်းသွားစေသည်။

"ဒါကမင်းနယ်ပယ်လား။ မဆိုးပါဘူး....အထင်ကြီးစရာပဲ။"

အန်လင်း ခပ်ဖွဖွပြုံးကာ ချီးကျူးလိုက်သည်။

ဧဝမှာ ယုံကြည်ချက်အပြည့်နှင့် မေးအားချီထားသည်။

"ဟမ့်....နားညီးလွန်းတဲ့ စ-စားကောင်....နင့်ကိုမြေမြှုပ်ပစ်ဦးမယ်။"

သူမ၏ ရွှေရောင်နယ်ပယ်မှာ ထက်ရှလွန်းသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း တဟုန်ထိုး မြင့်တက်လာသောကြောင့် လေထုသည်ပင် ပါးလွှာလာရသည်။

"ကောင်းလိုက်တာ။ ကောင်းကင်နဲ့မြေပြင်ရဲ့ မြှောက်စားခံရတဲ့သူလို့ မပြောရဘူး။ ဒီတိုက်ကွက်နဲ့တင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေထက် သာနေပြီ။"

အန်လင်း တည်ငြိမ်စွာ စကားဆိုလိုက်သည်။

ရွှေရောင်ဓားကြီးမှာ အရှိန်အဟုန်ပြင်းစွာဖြင့် လေထုထဲ ပျံဝဲလာသည်။

"ဒါပေမယ့်...."

အန်လင်းမှာ ထိုဓားအား လက်ညှိုးဖြင့် ထိုးလိုက်သည်။

ဝုန်း.....

ကြောက်မက်ဖွယ် ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျက်စီးသွားလေသည်။

အန်လင်း၏ လက်ညှိုးနှင့် ထိတွေ့သွားသည်နှင့် ထိုဓားပေါ်တွင် အက်ကွဲရာများ ထင်ဟပ်လာသည်။

ဓားအားကိုင်ထားသော ဧဝ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ဆိုတာ ငါ့အတွက်တော့ အမှိုက်ပဲ။"

အန်လင်း သက်ပြင်းချကာ ခေါင်းခါလိုက်ပြီးနောက် သူ၏လက်ညှိုးထိပ်တွင် ရွှေရောင်လျှပ်စီးများ ဖြစ်ပေါ်လာသည်။

ဝုန်း.....

ရွှေရောင်လျှပ်စီးမှာ ဓားအားလောင်ကျွမ်းသွားစေသည်။

ဧဝမှာ ရှောင်ရှားရန်ပင် အချိန်မရလိုက်ပဲ အန်လင်း၏ ထိုးနှက်ချက်အား ခံလိုက်ရလေသည်။

ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်ပါသော်လည်း ဧဝမှာ တစ်ကီလိုမီတာကျော်ထိ လွင့်ထွက်သွားရသောကြောင့် စောင့်ကြည့်နေသူများမှာ ကောင်းကင်ထက်ရှိ အစက်လေး တစ်စက်ကိုသာ မြင်ရတော့သည်။

အားလုံးမှာ မျက်လုံးအပြူးသား ငေးကြည့်နေမိကြသည်။

လူသားမျိုးနွယ်၏ သမိုင်းတလျှောက် အကြမ်းတမ်းဆုံး တိုက်ပွဲဖြစ်ပြီး မျိုးနွယ်စုသခင်မသည် တမာန်တော်အား မယှဉ်နိုင်သဖြင့် တစ်ဖက်သတ်ဆန်လွန်းသော တိုက်ပွဲလည်း ဖြစ်သည်။

အန်လင်းမှာ မြူချုးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကာ ဧဝ၏ရှေ့၌ ထွက်ပေါ်လာပြန်သည်။

ဧဝမှာ ဝမ်းဗိုက်အား နာကျင်စွာ ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေသည်။

သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်နှာတစ်ခုလုံးလည်း ဖြူရော်နေလေသည်။

"မင်းကိုယ်မင်း အောက်ခြေလွတ်ရလောက်အောင် အထင်ကြီးနေတဲ့အစွမ်းက ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး။ ပြောစမ်းပါဦး.....ငါ့ကိုရိုင်းလို့ရမယ်လို့ ဘာကြောင့်ထင်နေရတာလဲ။"

အန်လင်း အေးစက်ခက်ထန်သော အမူအရာဖြင့် မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။

ဧဝမှာ အလွန်ကြောက်ရွံ့နေပြီး အင်အားမဲ့သလို ခံစားလိုက်ရသည်။

"ကျွန်...ကျွန်မ တောင်းပန်ပါတယ် တမာန်တော်ကြီး....ကျွန်မ နယ်ပယ်ရဲ့ လွှမ်းမိုးမှုကို ခံနေရလို့ပါ။"

"ငါ့ကိုယီးလိုလို၊ မှိုလိုလို လာမလုပ်နဲ့။"

အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် ဧဝအား ချိန်ရွယ်ထားလိုက်သည်။ သူ၏ပုံစံသည် ဗဟုသုတကြွယ်ဝကာ လေးစားစရာကောင်းသော တမာန်တော်တစ်ပါး မဟုတ်တော့ပဲ သေမင်းတမာန် နတ်ဘုရားဟုသာ ထင်မှတ်ရသည်။

"နယ်ပယ်နဲ့ စိတ်နေစိတ်ထားဆိုတာ တစ်ခုနဲ့တစ်ခု ခြယ်လှယ်နေကြတာ။ မင်းသာ စိတ်ဓာတ်ခိုင်မာရင် နယ်ပယ်ရဲ့ ကျေးကျွန်ဖြစ်မလာဘူး။ ဒါပေမယ့် မင်းက အစွမ်းကို အနိုင်ပေးလိုက်တာပဲ။ နောက်ဆုံးကျတော့...."

အန်လင်းမှာ ဓားဖျားဖြင့် ဧဝ၏ လည်မြိုအား ဖြည်းညင်းစွာ ထိုးလိုက်သည်။

"မဟုတ်ဘူး...."

ဧဝ၏ မာနတရားများအားလုံး ပြိုပျက်ကာ အကူအညီ မဲ့နေသော အမျိုးသမီးတစ်ဦး ဖြစ်နေလေပြီ။

ထိုအချိန်မှာပင် ပုံရိပ်တစ်ခု ပျံဝဲရောက်ရှိလာသည်။

အာဒမ်မှာ ဧဝအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

"တမာန်တော်ကြီး....ကျွန်တော့်မိန်းမက မှားမှန်းသိပါပြီ။ ဒါကိုမကျေနပ်သေးရင် ဒေါသတွေကို ကျွန်တော့်အပေါ် ပုံချလိုက်ပါ။ ဧဝအစား အပြစ်ဒဏ် ခံယူဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။"

"အာဒမ်....."

ဧဝမှာ မျက်ရည်များ ဝိုင်းလာတော့သည်။

သူမအား အာဒမ်မှ ကာကွယ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

"မကြောက်နဲ့နော်....ကိုဒီမှာရှိတယ်။"

အာဒမ် ညင်သာစွာ ပြုံးပြလိုက်သည်။

သူသည် ဧဝအား စိတ်လုံခြုံစေချင်သည့်အလား တင်းကြပ်စွာ ပွေ့ဖက်ထားသည်။

အာဒမ်၏ ယခုကဲ့သို့ ပုံစံအား မမြင်တွေ့ရသည်မှာ အတော်ပင် ကြာနေလေပြီ။ ယခုပုံစံကသာ အာဒမ် အစစ်အမှန် ဖြစ်သည်။ သူ၏အသက်ကိုပင် မမှုပဲ အာဒမ်အတွက် ရဲရဲဝံ့ဝံ့ ကာကွယ်ပေးလိုသော အာဒမ်....

ဧဝ၏ နှလုံးသားထဲတွင် အာဒမ်မှာ အားနည်းသော သူရဲဘောကြောင် မဟုတ်တော့ပဲ အားကိုးချင်စရာ ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters