← Chapters

အပိုင်း(၃၀၃)

Vol. 21 Ch. 303

အပိုင်း(၃၀၃)

Vol. 21 Ch. 303

ရူးသွပ်သွားပုံရသော စုန်းမအိုကြီး

အားကြည့်၍ ရှစ်ဖုန့်က အေးစက်သော အပြုံးတစ်ခုကိုပြုံးလိုက်သည်။

ယင်းမှာ သူမကိုယ်သူမ အဆင့်မြင့်မားသောသူ

တစ်ယောက်အဖြစ်တွေးထင်နေခဲ့သော ဤပုဂ္ဂိုလ်က သူမကိုယ်သူမသွေးနထင်ရောက်ပြီး  သူ၏ချစ်လှစွာသော ညီမဖြစ်သူအား  ဤအစုတ်အပျက်ဂိုဏ်းထံသို့

ခေါ်ဆောင်လာခဲ့၍ဖြစ်သည်။

ဤသူကပင် သူ့ညီမဖြစ်သူ၏ အနိုင်ကျင့်နှိပ်စက်ညှင်းပန်း အရှက်ခွဲခံရမှုတို့အား ဖြစ်စေခဲ့ခြင်းဖြစ်သည်။အကယ်၍

သူသာနောက်ကျခဲ့မည်ဆိုလျှင် ဖြစ်လာမည့်အကျိုးဆက်တို့က စိတ်ကူးကြည့်၍ပင်ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

သူ၏ညီမဖြစ်သူအပေါ်ပြုလုပ်ခဲ့မှုများအတွက်ဤပုဂ္ဂိုလ်အနေဖြင့် တန်ကြေးပြန်လည်၍ ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

“အား…ငါသေသွားပြီး တစ္ဆေဖြစ်

သွားရင်တောင် နင့်ကို မလွှတ်ပေးဘူး”

ဝေ့ဖန့်ကရှစ်ဖုန့်အားကြမ်းကြုတ်

ခက်ထန်သောမျက်နှာထားဖြင့် ပြင်းပြင်းထန်ထန်ပြောဆိုလိုက်သည်။

“တစ္ဆေတစ်ကောင်ဖြစ်လာဖို့လား..

နင့်ဆန္ဒအတိုင်းပဲ”

ဝေ့ဖန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးစွာဖြင် သရော်လိုက်သည်။ သူ့လက်အတွင်း၌ သူမသာအကယ်၍သေဆုံးခဲ့လျှင်  တစ္ဆေတစ်ကောင်ပင်ဖြစ်လာ

လိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“နင်က ငါအရမ်းချစ်ရတဲ့ညီမဖြစ်သူကို ဒီတစ္ဆေဂိုဏ်းကိုခေါ်လာခဲ့ပြီးတော့

ဒီမှာသူမကို ဒုက္ခတွေရောက်

အောင်ပြုလုပ်တဲ့ အချိန်တုံးက ဒီလိုအဆုံးသတ်မျိုးဖြစ်လာလိမ့်မယ်လို့ တွေးခဲ့ဖူးလား… ဒီတစ္ဆေဂိုဏ်းက လူတွေအားလုံးသေကြရတာက နင့်ကြောင့်ပဲ…နင့်ကြောင့်သာမဟုတ်ရင် ဒီအဖိုးကြီးလည်း ဒီလိုမျိုးဖြစ်

လာမှာမဟုတ်ဖူး”

စကားပြောနေရင်းရှစ်ဖုန့်က ရှုံ့တွသော အလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော တုချီအား ဝေ့ဖန့်၏ရှေ့တွင်ဆွဲမလိုက်သည်။

“အား….တုချီ…တုချီ….”

တုချီ၏ ရှုံ့တွနေသောအလောင်းအား စိုက်ကြည့်ရင်း ဝေ့ဖန့်၏ မျက်လုံးတို့ကပြူးကျယ်နေသည်။ သူမ၏မျက်လုံးတို့က သူငယ်အိမ်တွင်းမှထွက်ကျလာ

တော့မည့်သကဲ့သို့ပင်ဖြစ်သည်။

“နင်က အရမ်းကို အကြင်နာမဲ့ရက်စက်လွန်းတယ်”

ဝေ့ဖန့်က ရှစ်ဖုန့်အား အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။အကယ်၍သူမသာသူမ၏ ကြမ်းကြုတ်ခက်ထန်သောအမူအယာအားထိန်းချုပ်နိုင်ခဲ့မည်ဆိုလျှင်  သူမနေဖြင့် ရှစ်ဖုန့်အား အာဃာတစိတ်ဝိညာဉ်တစ်ခုကဲ့သို့ ကိုက်ခဲပြီးနေပြီဖြစ်သည်။

“ဒီသခင်လေးက အရမ်းကိုရက်စက်တာလား”

ရှစ်ဖုန့်၏ အမူအယာက ဖြည်းဖြည်းချင်း အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။

“ငါ့ရဲ့လင်အာလေးက သူ့တစ်ဘဝတစ်လျှောက်လုံးတောင် တုန်နေအောင်အချစ်ခံသင့်တာ….

နင်ကသူ့ကိုဒီလိုဂိုဏ်းစုတ်ဂိုဏ်းပျက်ကို တကယ်ခေါ်လာရဲပြီးတော့ နင်တို့လို အဆင့်နိမ့်လူတွေအတွက် အစေခံဖြစ်စေပြီး  နင်တို့လို အဆင့်နိမ့်လူတွေရဲ့ အနိုင်ကျင့်မှုကို ခံစားစေခဲ့တယ်”

ရှစ်လင်အားသူပထမဆုံးမြင်တွေ့ရချိန် စုတ်ပြဲနေသောအဝတ်အစားများ

နှင့်ကျိုးကျိုးနွံနွံဖြစ်နေရရှာသည့်  အသွင်အပြင်အကြောင်းအား သူတွေးမိသောအခါတွင် ရှစ်ဖုန့်တစ်ယောက် ထိန်းမထားနိုင်ဘဲ ဒေါသထွက်မိသည်။ ထို့နောက်မကြာခင်  သူ့လက်အတွင်းရှိ မံမီကဲ့သို့  ရုပ်အလောင်းအား အမှိုက်တစ်ခုကဲ့သို့  မြေပြင်ပေါ်လွှတ်ပစ်လိုက်ပြီး ဝေ့ဖန့်၏မျက်နှာအား သူ၏ ညာလက်ဖြင့် ဆက်လက်၍ ရိုက်နှက်လိုက်သည်။

“ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..”

“ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..”

ရှစ်ဖုန့်က  ဝေ့ဖန့်၏မျက်နှာအားနောက်ထပ်

တစ်ဆက်တည်းဆယ်ကြိမ်ရိုက်နှက်လိုက်သည်။သူမ၏အရေးအကြောင်းများနှင့်မျက်နှာကား  ချက်ချင်းရောင်ကိုင်းလာပြီး

သူမ၏ ပါးစပ်မှ  နီရဲသောသွေးတို့ဖြည်းဖြည်း

ချင်းစီးကျလာသည်။

“ဖြန်း”

ရှစ်ဖုန့်၏နောက်ဆုံးပါးရိုက်ချက်က  ဝေ့ဖန့်၏မျက်နှာပေါ်သို့  ကြီးမားသောအားဖြင့်ကျရောက်သွားသည်။ ရှစ်ဖုန့်၏ဘယ်လက်အတွင်း

ဆုပ်ကိုင်ခံထားရသောသူမ၏ ဆံပင်တို့ပင်ကျွတ်ထွက်ကုန်သည်။ အလွန်အားကောင်းသော အားအောက်တွင်  ရှစ်ဖုန့်ကြောင့်ဝေ့ဖန့်မှာချက်ချင်းပဲ လွင့်ပျံထွက်သွားသည်။ အလင်းတန်းတစ်ခုကဲ့သို့ သူက ဖျောင်ရှတောင်ထိပ်ပေါ်သို့ ပစ်လွှတ်သို ဒေါင်လိုက်အနေအထားအ

တိုင်းဦးတည်သွားသည်။

“ဝုန်း”

ဆူညံသောတုန်ခါမှုနှင့်အတူ  ဖျောင်ရှတောင်ထိပ်ပေါ်ရှိ မြေကွပ်လပ်ပေါ်သို့ ဝေ့ဖန့်ပြင်းထန်စွာကျရောက်သွားပြီး မီးခိုးဖြူရောင်ဖုန့်နှင့် အခိုးအငွေ့တို့ထွက်ပေါ်လာသည်။ ၎င်းက ဝေ့ဖန့်အပါအဝင် ကြီးမားသော ဧရိယာတစ်ခုလုံးအားလွှမ်းခြုံသွားသည်။

“ဝုန်း”ဆိုသော အသံနှင့်အတူ ရှစ်ဖုန့်၏ ပုံရိပ်ကလည်း ဖျောင်ရှတောင်ထပ်ပေါ်ရှိ ဖုန်ထုအတွင်းသို့ ရုတ်ခြည်း

ကျဆင်းလာသည်။

တောင်တန်းလေပြင်းတစ်ခုက

တိုက်ခတ်လာပြီး  မီးခိုးရောင်ဖုန်တို့ဖြင့်ပြည့်နှက်

နေသောလေထုမှာ ဖြည်းဖြည်းချင်း အဝေးသို့လွင့်ပျယ်သွားကာ ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်၌ လဲနေသည့် ဝေ့ဖန့်၏  ကိုယ်ကထွက်ပေါ်လာသည်။

ဝေ့ဖန့်၏ကိုယ်ကဖြည်းညှင်း

စွာတုန်ယင်နေပြီး  သူမခေါင်းအား ဖြည်းဖြည်းချင်းမော့လိုက်သည်။ နတ်ဆိုးတစ်ပါးကဲ့သို့ အနက်ရောင်ပုံရိပ်တစ်ခုက

သူမထံသို့လျှောက်လာပြီး သူမရှေ့၌ ရပ်လိုက်သည်ကိုတွေ့လိုက်ရသည်။

ဤတစ်ကြိမ်တွင်တော့ ဝေ့ဖန့်မှာရူးသွပ်ခြင်းမရှိတော့ပေ။

သူမ၏ပုံစံက အရူးတစ်ယောက်နှင့်ခြားနား

ခြင်းမရှိသော်လည်း  သူမ၏မျက်နှာကတော့ ကြမ်းကြုတ်ခက်ထန်နေဆဲဖြစ်သည်။ သူမကရှစ်ဖုန့်အားခက်ထန်စွာစိုက်ကြည့်ပြီး  အံကိုတင်းတင်းကြိတ်၍ ကြမ်းကြုတ်စွာကျိန်ဆဲလိုက်သည်။

“နင်သေချင်းဆိုးနဲ့သေရလိမ့်မယ်…ငါ့ရဲ့ဖျောင်ရှဂိုဏ်းမှာ  နှစ်တစ်ထောင်မှသာရှားရှာပါးပါး တစ်ခါမြင်တွေ့နိုင်တဲ့ ပါရမီရှင် တစ်ယောက်ရှိနေသေးတယ်…

တစ်နေ့ငါ့ဖျောင်ရှဂိုဏ်းရဲ့အ

ကြောင်းကိုသူရှာဖွေသိရှိသွား

တဲ့အခါကြရင် သူကနင့်ကိုသေချာပေါက်

လွှတ်ပေးမှာမဟုတ်ဖူး.. နင့်ရဲ့သေခြင်းက ဆယ်ဆ၊အဆတစ်ရာ ၊အဆတစ်ထောင်လောက်ကို ငါနာကျင်ရတာထက်ပိုပြီးတော့ ခံစားရလိမ့်မယ်”

ထျန်းမြောင်အင်ပါယာက

နှစ်တစ်ထောင်မှသာ ရှားရှားပါးပါးတစ်ကြိမ်မြင်

တွေ့နိုင်စွမ်းရှိသော  ပါရမီရှင်တစ်ယောက်အား မွေးထုတ်နိုင်ခဲ့သည်ဟူသည့် ကောလဟာတစ်ခုရှိသည်ဖြစ်သည်။ အသက်သုံးဆယ်အရွယ်တွင်  သူမက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်

အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ထောင်ခန့်အတွင်း သူတော်စင်နယ်ပယ်အဆင့်

သို့ရောက်ရှိနိုင်သည့် မျှော်လင့်ချက်ရှိသောပါရမီရှင်မှာ

သူမတစ်ယောက်သာရှိခဲ့သည်။

ယခင်ဖျောင်ရှဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ သေဆုံးပြီးသည့်နောက်တွင်သူမက  ဂိုဏ်းခေါင်းဆောင်နေရာကိုလွှဲယူခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ လက်ရှိဖျောင်ရှဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့ဖြစ်သည်။ သို့သော် ဖျောင်ရွယ်ယွဲ့၏ ဘာသတင်းအစအနကိုမှ မရရှိခဲ့သည်မှာ တစ်နှစ်ကြာမြင့်နေပြီဖြစ်လေသည်။

သို့သော် ဖျောင်ရှဂိုဏ်းအတွင်းထားရှိသော သူမ၏ ဝိညာဉ်ကျောက်တုံးက အကောင်းတိုင်းအခြေအနေရှိနေသေး၏။ ယင်းက ဖျောင်ရွှယ်ယွဲ့အနေဖြင့် မသေဆုံးသေးဘဲ  လူသားကမ္ဘာ၌ရှိနေဆဲဖြစ်သည်

ဟုဆိုလိုခြင်းပင်ဖြစ်သည်။

ဖျောင်ရွှယ်ယွဲ့မှာ ဝေ့ဖန့်ပြောသည့် ပါရမီရှင်ဆိုသူဖြစ်သည်။ ထို့ကြောင့်လည်းဝေ့ဖန့်က သူမကိုယ်သူမယုံကြည်ချက်ရှိရှိဖြင့် ဤစကားများအား ရှစ်ဖုန့်ကို ပြောရဲခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ဝေ့ဖန့်မှာ ဂိုဏ်းခေါင်းဆောင်ပြန်ရောက်ရှိလာပြီး ဤမိစ္ဆာအား အကြင်နာမဲ့သတ်ဖြတ်သည့်မြင်ကွင်းအား စိတ်ကူးမြင်ယောင်မိနေပြီးဖြစ်သည်။

“ဖျောင်ရှဂိုဏ်းက လူဆိုတာက အမှိုက်တစ်ယောက်သာသာပဲရှိတယ်”

ရှစ်ဖုန့်၏ မျက်နှာထက်တွင် အထင်သေးမှုများဖြင့်ပြည့်နှက်နေသည်။ သူကဝေ့ဖန့်၏ စကားများအား စိတ်ထဲတွင်ပင်မထားပေ။ ဘာကိုပါရမီရှင်နည်း။ ဘာကိုနှစ်တစ်ထောင်လျှင်တစ်ကြိမ်နည်း။

သူ့ထက်ပိုပြီးစွမ်းအားကြီး

သောပါရမီဆိုတာရှိနိုင်ပါမည်လော။

“နင်မြင်ရလိမ့်မယ်..နင်သေချာပေါက်မြင်တွေ့ရလိမ့်မယ်..အဲ့အချိန်ကျလာရင် နင်သေဖို့အတွက်ကိုတောင်းပန်ရလိမ့်မယ်”

ဝေ့ဖန့်က ဆက်လက်၍ ခက်ထန်စွာပြောသည်။ သူမမှာအရမ်းစိတ်လှုပ်ရှားသောကြောင့်  သူမခန္ဓာကိုယ်ပင် ရုတ်တရက်တုန်ယင်လာသည်။

“နောက်လာမှာက နင်သေနိုင်မလားရှင်နိုင်မလားဆိုတဲ့ အခြေအနေပဲ”

ရှစ်ဖုန့်က ဝေ့ဖန့်အား ငုံ့ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင်အထင်

သေးမှုတို့ဖြင့်ပြည့်နှက်နေ၏။ ထို့နောက်သူ၏လက်တို့အား

လက်သည်းပုံစံလုပ်လိုက်ပြီး  အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု တစ္ဆေလက်သည်း”

အလွန်ကြီးမားသေ အဖြူရောင်တစ္ဆေလက်သည်းကြီးနှစ်ခုက  ဖျောင်ရှတောင်ထိပ်၌ ရုတ်ခြည်းပေါ်လာသည်။ ညာလက်သည်းက ရုတ်တရက် လင်းယုန်ငှက်က ကြက်ကလေး

တစ်ကောင်အား

ဆုပ်ကိုင်သကဲ့သို့  ရုတ်တရက်အောက်သို့ ဖမ်းဆုပ်လိုက်သည်။ လက်သည်းကြီးက ဝေ့ဖန့်၏ကိုယ်အားဆုပ်ကိုင်ပြီးနောက်သူမား ခပ်မြင့်မြင့်ဆွဲမြှောက်လိုက်သည်။

“နင်သေချင်းဆိုးနဲသေရမယ်.

နင်သေချင်းဆိုးနဲ့ကိုသေရမယ်”

ဝေ့ဖန့်ကခုခံခြင်းမရှိပေ။ရှစ်ဖုန့်၏ရှေ့၌ သူမခုခံလျှင်ပင်ယင်းကအသုံးမဝင်ပေ။သူမကရှစ်ဖုန့်အားဆက်လက်၍ ကျိန်ဆဲနေသည်။

“ဆုတ်ဖြဲစမ်း”

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

အမိန့်ပေးသံတစ်ခုနှင့်အတူ တစ်ချိန်လုံး ဒီအတိုင်းရှိနေသောသူ၏ အခြားလက်သည်းတစ်ခုက ပင့်မြှောက်ထားသောဝေ့ဖန့်အား

ဆုပ်ကိုင်လိုက်သည်။ သူကဝေ့ဖန့်၏ ညာလက်တစ်ခုလုံးအားဆုပ်ကိုင်လိုက်ပြီး  ပြင်းထန်စွာပြန်၍ဆွဲယူလိုက်သည်။

“အား”

ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် အမျိုးသမီးအိုကြီးတစ်ယောက်၏ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော စူးစူးဝါးဝါး ငယ်သံပါအော်အော်ဟစ်သံက  ရုတ်ခြည်းပဲ့တင်ထပ်သွားသည်။ ဝေ့ဖန့်၏ညာလက်မောင်းတစ်ခုလုံးမှာ သူမ၏ကိုယ်မှာ ဧရာမတစ္ဆေလက်သည်းကြီး၏ တိုက်ရိုက်ဆွဲဖြုတ်မှုကိုခံလိုက်ရသည်။  သွေးများက ဗြန်းကနဲ ပန်းထွက်သွားသည်။

စူးစူးဝါးဝါးငယ်သံပါအော်

အော်ဟစ်သောအသံက  အဝေးမှစောင့်ကြည့်နေကြသော ကျင့်ကြံသူများအား အထိတ်တလန့်ဖြစ်သွားစေသည်။

“ဒါ…ဒါက အရမ်းကိုရက်စက်တာပဲ…ဒါက ကောလဟာတွေထဲကအတိုင်းအတူတူပဲ”

“နတ်ဆိုး..ဒါက အကြင်နာမဲ့ရက်စက်တဲနတ်ဆိုးပဲ… မင်းတို့အားလုံးဒါကို မှတ်ထားကြ..အခုကစပြီးတော့ မင်းတို့တွေဒီပုဂ္ဂိုလ်ကို စော်ကားလို့မဖြစ်ဖူး… အဲ့လိုမှမဟုတ်ရင် မင်းတစ်ယောက်တည်းတင်မကဘူး မင်းတစ်မိသားစုလုံးပါ သက်ရောက်လာလိမ့်မယ်…

မင်းတို့သေရင်တောင်မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူလို့ရမှာမဟုတ်ဖူး”

အသက်ကြီးသောကျင့်ကြံသူတစ်ယောက်က မိသားစု၏ လူငယ်မျိုးဆက်များအား နှလုံးသားအတွင်းမှလာသော တုန်လှုပ်မှုဖြင့်ပြောလိုက်သည်။

“ဦးလေး ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးတော့ ဒီပုဂ္ဂိုလ်ကိုစော်ကားရဲမှာလဲ”

သူ၏မိသားစုမှလူငယ်ကျင့်ကြံ

သူတစ်ယောက်က ခါးသက်စွာပြုံး၍ ပြောလိုက်သည်။အကယ်၍သူ့၌ သတ္တိဆယ်ဆရှိနေမည်ဆိုလျှင်ပင် သူလုပ်ရဲမည်မဟုတ်ပေ။

“အမှန်ပဲ”

အသက်ကြီးသောကျင့်ကြံသူက ခေါင်းညိမ့်လိုက်သော်လည်း ဘဝင်မကျသေးပေ။သူကပြောလိုက်သည်။

“ဒီလူရဲ့ မျက်နှာကိုမှတ်ထားကြ ………..မင်းတို့အိမ်ကိုပြန်ရောက်တဲ့အခါ သူ့ပုံကိုပုံတူပန်းချီဆွဲပြီး မိသားစုကအားလုံးကိုပေး..မှတ်ထားပါ..

အားလုံးနော် အစေခံတွေအားလုံးတောင်မှ ပွားထားတာတွေကိုရနေရမယ်…

အကယ်၍မင်းတို့ ဒီပုဂ္ဂိုလ်နဲ့မမျှော်လင့်ပဲကြုံကြိုက်မိရင်တောင်  မင်းတို့မိသားစုအပေါ်ကျရောက်လာမဲ့ကပ်ဆိုးအတွက်သူ့ကိုဝေးဝေးကနေ ရှောင်ကြရမယ်”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

မိသားစုမှကျင့်ကြံသူများက လျှင်မြန်စွာတုံ့ပြန်ဖြေကြားလိုက်ကြသည်။

“အား”

ထို့နောက်ရုတ်ခြည်း နောက်ထပ်ပြင်းထန်သောစူးစူးဝါးဝါး

ငယ်သံပါအောင်အော်ဟစ်သံက

ထွက်ပေါ်လာပြီး ဝေ့ဖန့်၏  ဘယ်လက်မောင်းမှာ ဧရာမတစ္ဆေလက်သည်းကြီး၏ ဆွဲဖြုတ်ခြင်းကိုခံလိုက်ရပြန်သည်။ အဝေးမှကြည့်နေကြသော

ကျင့်ကြံသူများမှာဆံပင်များပင်

ထောင်တက်သွားကြပြီး ကျောရိုးထဲအထိ အေးစက်တက်မှုကိုခံစားလိုက်ရသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters