← Chapters

အပိုင်း (၃၀၄)

Vol. 21 Ch. 304

အပိုင်း (၃၀၄)

Vol. 21 Ch. 304

လက်များအား ရုတ်ခြည်း ဆွဲဖြုတ်ခံလိုက်ရပြီးသည့်နောက်တွင်

ယခုက စုန်းမအိုကြီး၏ ခြေထောက်များအလှည့်ဖြစ်သည်။ စူးစူးဝါးဝါးငယ်သံပါအောင်အော်

ဟစ်သောအသံအားကြားရသောအခါတွင် ကျင့်ကြံသူများမှာ ကြက်သေသေကုန်ကြသည်။

လေထဲရှိ ဧရာမတစ္ဆေလက်သည်းကြီးနှစ်ခု၏ နှိပ်စက်ညှင်းပန်းမှုအားခံနေရသော ဝေ့ဖန့်ထံသို့သူတို့က ဗလာနတ္ထိစိုက်ကြည့်နေမိကြသည်။

ဤအချိန်၌ ဝေ့ဖန့်တွင် ဖျောင်ရှဂိုဏ်း၏ညာလက်ရုံးအ

ကြီးအကဲ့ဟူသော  အဆင့်အတန်း

မြင့်မားသည့် ပုံပန်းသွင်ပြင် ဟန်ပန်အမူအယာတို့ရှိမနေတော့ပေ။

“အား..အား..အား..အား..အား..”

“ဒါ..ဒါက..ဝေ့ဖန့်တစ်ယောက်

အဲ့နတ်ဆိုးရဲ့   အရှင်လတ်လတ် အရေခွံစုတ်တာကို ခံနေရတာပဲ ….ဒီနတ်ဆိုးကတကယ့်ကို

သူ့စကားအတိုင်း လုပ်တဲ့သူပဲ”

“ဟူး.ဒါက အရမ်းကို ရက်စက်လွန်းတယ်…ငါထပ်ပြီး

တောင်ကြည့်ရဲတဲ့သတ္တိမရှိတော့ဘူး”

“အကယ်၍များငါတို့တွေ မတော်တဆ ဒီနတ်ဆိုးကို  စော်ကားမိခဲ့ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာကမှ သက်သာရရအုံးမယ်”

……………………………….

ရှစ်ဖုန့်က မြေပြင်ပေါ်တွင် ဝင့်ကြွားစွာရပ်နေသည်။ တောက်ပနီရောသောသွေးတို့က ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ ဆက်လက်၍ ပန်းထွက်စင်နေသည်။ ၎င်းတို့က ရှစ်ဖုန့်၏ ကိုယ်နှင့်ထိတွေ့မိမိချင်း လုံးဝစုပ်ယူခြင်းကိုခံလိုက်ရကာ  သွေးစက်အစက်အပြောက်လေးတစ်ခုပင် ကျန်ရစ်နေခဲ့ခြင်းမရှိပေ။

စူးစူးဝါးဝါး ငယ်သံပါအောင်

အော်ဟစ်သော

အသံနှင့်အတူ  သူမ၏ခြေလက်တို့ဆွဲဖြုတ်

ခံရပြီးသည့်နောက် ဝေ့ဖန့်မှာ

အရှင်လတ်လတ် အရေခွံနွှာခံရပြီး သူမ၏ အရွတ်များအား ဆွဲထုတ်ခြင်းကိုခံရသည်။ ဤကဲ့သို့ နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုမျိုးအား

သူမခံစားရမှသာ ဤအစုတ်အပြတ်ဂိုဏ်းအတွင်း ရှစ်လင်ခံစားရသည့် နာကြည်းချက်များနှင့် အရှက်ခွဲခံရမှုတို့အား အဝေးသို့လွင့်ပျယ်အောင်

ဆေးကြောနိုင်မည်ဖြစ်သည်။

ဝေ့ဖန့်၏သွေးတို့ကုန်သွားပြီး အပိုင်းပိုင်းဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီးမှသာ ရှစ်ဖုန့်က ရပ်တန့်ခဲ့သည်။ သူကသူ၏ငရဲဘုံကိုးခု ပညာရပ်အား အသွင်းလိုက်ပြီး သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတို့အား ဝါးမျိုလိုက်သည်။

သို့သော် ကြယ်ခုနှစ်ပွင့်ဘိုးဘေးနယ်ပယ် ဝေ့ဖန့်၏ သေခြင်းစွမ်းအင်နှင့်  သွေးတို့အားဝါးမျိုပြီးသည့်နောက်တွင်ပင် ရှစ်ဖုန့်အနေဖြင့် အဆင့်တစ်ခုချိုးဖျက်ရန်အတွက ဘာမျှော်လင့်ချက်ကိုမှ

မမြင်တွေ့ရသေးပေ။ ယခုသူက ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်

တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး  အဆင့်တက်လှမ်းရန်လိုအပ်

သောစွမ်းအင်ပမာဏက ပို၍ပို၍ ကြီးမားလာသည်ဖြစ်သည်။ သူ့အနေဖြင့်ကြယ်ခုနှစ်ပွင့်ဘိုး

ဘေးနယ်ပယ် တုချီနှင့်

ဝေ့ဖန့်တို့အပါအဝင် ဖျောင်ရှဂိုဏ်းမှာငါးရာကျော်

သောတပည့်ဖြစ်သူတို့၏  သွေးနှင့်သေခြင်းစွမ်းအင်တို့

အားဝါးမျိုခဲ့သည့်တိုင် ရှစ်ဖုန့်၏ဒန်တန်နှင့်ကောင်း

ကင်မီးတောက်တို့၏ လိုအင်ပြည့်ဝကျေနပ်မှုတို့က မလုံလောက်သေးပေ။

ယခုအချိန်တွင် ထျန်းမြောင်အင်ပါယာ၏ နံပါတစ်ဂိုဏ်းဖြစ်သော ဖျောင်ရှဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ဖျောင်ရှဂိုဏ်း၏‌ ခေါင်းဆောင်ဖြစ်သူ

ဖျောင်ရွှယ်ယွဲ့တစ်ယောက်

သာလျှင်ကျန်ရစ်နေခဲ့သည်။

ရှစ်ဖုန့်၏ပုံရိပ်က လှစ်ကနဲဖြစ်သွားပြီး  လေထဲ၌ ရပ်တန့်လိုက်သည်။ သူကအကွာအဝေးတစ်ခုမှနေ၍ ကြည့်နေကြသောကျင့်ကြံသူများကို

ငုံ့ကြည့်၍ ထူးမခြားနားစွာပြောလိုက်သည်။

“မင်းတို့တွေကြည့်လိုဝပြီလား”

သူ၏လေသံက အရမ်းကိုပေါ့ပါးပြီး ထူးခြားမှုမရှိသော်လည်း ယင်းက ကျင့်ကြံသူတိုင်း၏ နားထဲသို့ဝင်ရောက်လာနေဆဲဖြစ်သည်။

ကျင့်ကြံသူများက ရှစ်ဖုန့်အားကြည့်ရင်းဘာ

လုပ်ကြရမှန်းမသိဖြစ်နေသည်။ သူတို့ ပြန်မဖြေလိုက်ကြပဲ ဆက်လက်၍ ဆိတ်ဆိတ်နေလိုက်ကြသည်။ ဤနတ်ဆိုးကဘာကိုလုပ်ချင်

နေမှန်းကိုသူတို့မသိကြပေ။

“သူကငါတို့အားလုံးကိုသတ်

ချင်နေတာများလား…ဒီကိုလာပြီး ပွဲကိုလာကြည့်တဲ့ ငါတို့လိုကျင့်ကြံသူတွေကိုတောင်မှသူက မလွှတ်ပေးချင်တာလား”

ကျင့်ကြံသူတစ်ယောက်က သူ့ဘေးတွင်ရှိနေသော အဖော်ဖြစ်သူအားတီးတိုးပြောလိုက်သည်။

“ဒီလူက လူမဆန်ဘူး ဘာမဆိုလုပ်နိုင်တယ်…ဒါပေမဲ့ စိတ်လိုက်မာန်ပါမလုပ်နဲ့…

အရင်ဆုံးထွက်ပြေးတဲ့သူ

လည်းမဖြစ်စေနဲ့….. မင်းအရင်ဆုံးသေသွားရလိမ့်မယ်…

ဝေ့ဖန့်က သူ့ရဲ့ရွေ့လျားမှုပညာရပ

်ကိုသုံးပြီးတော့လေကိုထိုးခွင်းပြီး ထွက်ပြေးတာတောင်  သူ့လက်ကနေမလွတ်ခဲ့ဘူး”

ရှစ်ဖုန့်ကသူ၏ ပါးစပ်အားဖွင့်ဟ၍ သာမန်ကလျှံကာပြောလိုက်သည်။

“မင်းတို့တွေပွဲလည်းကြည့်ပြီး

ကြပြီဆိုတော့ ထျန်းမြောင်အင်ပါယာရဲ့ တော်ဝင်မိသားစုရယ်…

ကလန်ကြီးလေးခုထဲက

တုန်းဖန်းကလန်ရယ် ယင်ကွေဂိုဏ်းရယ်ကို ဒီသခင်လေးအတွက် သတင်းစကားပို့ပေး..ငါရှစ်ဖုန့်က သူတို့ဆီကိုမကြာခင်မှာ အလည်အပတ်လာမယ်လို့”

“ဒါပဲလား”

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင် ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။

“ဟုတ်တယ်..အဲ့တာပဲ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။

“ကောင်းတယ်.. ဒါက သင့်ရဲဆန္ဒဆိုမှတော့ ကျုပ်တို့ဘက်ကလည်း သတင်းစကာကို သေချာပေါက်ပို့ပေးရတာပေါ့”

ကျင့်ကြံသူတစ်ယောက်က လျှင်မြန်စွာကတိပေးလိုက်သည်။

ပြောရလျှင် သူ့အတွက်ကတိပေးစရာပင်မလိုပေ။

ယခုအခါ၌ ရှစ်ဖုန့်၏ စကားတို့က  တော်ဝင်အမိန့်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ့ပါးစပ်အားဟလိုက်သည်နှင့်

သတင်းများက ထျန်းမြောင်အင်ပါယာ

အတွင်းသေချာပေါက် လျှင်မြန်စွာပျံ့သွားလိမ့်မည်ဖြစ်သည်။ ထိုအင်အားစုများ၎င်းအား

မသိရန်ကိုမူခက်ခဲလိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင် ရှစ်ဖုန့်က  ဤလူများအား ထပ်မံ၍ အာရုံစိုက်ခြင်းမရှိတော့ချေ။  သူကလှည့်လိုက်ပြီး  သူ၏ကိုယ်က အဆုံးမဲ့ဟင်းလင်းပြင်အား

ထိုးခွင်း၍ပျံသန်းလိုက်သည်။မကြာခင်တွင် သူသည် ကျင့်ကြံသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

နတ်ဆိုး ကထွက်ခွာသွားသည်ကို တွေ့လိုက်ရသောအခါတွင် အစောပိုင်းက စိုးရိမ်ထိတ်လန့်နေကြသော

လူများစွာမှာ ဖြည်းဖြည်းချင်း စိတ်သက်သာရာရသွားကြသည်။ ဖျောင်ရှဂိုဏ်းမှာဖျက်ဆီးခံ

လိုက်ရပြီဖြစ်သည်။ တော်ဝင်မိသားစု၊တုန်းဖန်း

မိသားစုနှင့်ယင်ကွေဂိုဏ်းတို့မှာ နောက်ထပ်ပြဿနာများအား

ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်ကို သူတို့သိကြသည်။

ထိုထက်ပိုသည်ကားထျန်းမြောင်အင်ပါယာ၏ နိုင်ငံအင်အားမှာ အဆများစွာကျဆင်းသွားခဲ့ပြီဖြစ်သည်။ ထျန်းမြောင်အင်ပါယာ၏ ကံကြမ္မာက စိုးရိမ်ဖွယ်ဖြစ်နေသည်။ လက်ရှိထျန်းမြောင်အင်ပါယာဖြင့်ဆိုလျှင်  အခြားသောအင်ပါယာများ၏ ငမ်းငမ်းတက် မျက်စိကျနေမှုများအားရင်ဆိုင်ရန်အတွက်  ခက်ခဲလိမ့်မည်ဖြစ်သည်။

ဤနတ်ဆိုးရောက်ရှိလာခြင်းနှင့်အတူ ထျန်းမြောင်အင်ပါယာမှာဖရိုဖရဲ

အခြေအနေဖြစ်သွားခဲ့သည်။ကောင်းကင်ပြင်မှာပြောင်းလဲနေပြီဖြစ်သည်။

ကောင်းကင်ကရုတ်တရက် ပြောင်းလဲသွားခဲ့သည်။  အစောပိုင်းကတင်၎င်းက အကန့်သတ်မဲ့ရှင်းလင်းကြည်လင်နေခဲ့သည်။ ယခုအခါ၌ ရုတ်တရက်မိုးချုန်းသံများပင်

ထွက်ပေါ်လာသည်။  ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပြင်းထန်သောမိုးသက် မုန်တိုင်းတစ်ခုက မြေပြင်ပေါ်သို့ ဖြတ်သန်းကျဆင်းလာသည်။

သို့သော် ဟင်းလင်းပြင်အားထိုးခွင်ပျံသန်းနေသော  ရှစ်ဖုန့်မှာ မိုးသက်မုန်တိုင်းတို့က သူ့ပေါ်သို့ကျရောက်မလာခင် မမြင်နိုင်သောစွမ်းအားဖြင့်  အငွေ့ပျံသွားစေသည်။

ဖြည်းဖြည်းချင်း ယိုယွင်းနေသောမြို့ငယ်လေးတစ်ခုက

ရှစ်ဖုန့်၏ အောက်ဘက်တွင်ပေါ်လာသည်။

“အဲ့တာကဒီမှာလား”

ရှစ်ဖုန့်က သူ၏ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်အားမေးလိုက်သည်။

“အဲ့တာက ဒီမှာရှိသင့်တာ…ခုဏက ငါ့သွေးစွမ်းအင်အရှိန်အဝါကို  အာရုံခံမိတယ်.. မင်းဒီနေရာကို ချဉ်းကပ်လာတဲ့အခါမှာ  ငါအဲ့တာကိုပိုပြီးတော့ပြင်းပြင်းထန်ထန်အာရုံခံမိလာတယ်… ဒါပေမဲ့အခု

မင်းဒီမှာရှိနေတော့  စွမ်းအင်အရှိန်အဝါက  ရုတ်ခြည်းပျောက်ကွယ်သွားတယ်..

ထူးဆန်းတယ်”

ကောင်းကင်မီးတောက်က ပြောလိုက်သည်။အစောပိုင်းက သူတို့ ဖျောင်ရှတောင်ထိပ်ပေါ်၌ ရှိနေစဉ်တွင်   ရုတ်တရက် ထူးဆန်းပြီးအေးစက်သော သွေးစွမ်းအင် တို့က ဤဦးတည်ချက်အတွင်း၌ ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် ရှစ်ဖုန့်က ဖျောင်ရှဂိုဏ်းအား ဖျက်ဆီးပြီးသည့်နောက်တွင်  ကောင်းကင်မီးတောက်၏ အာရုံခံမှုအရ သူ့အနေဖြင့် ဤဦးတည်ချက်သို့  တစ်ဟုန်ထိုးဦးတည်လာခဲ့သည်။

“ခင်ဗျားဘာကို အာရုံခံမိတာလဲ… ပုန်းကွယ်ရာမှာ  အရမ်းတော်တဲ့သွေးစွမ်းအင်

တစ်မျိုးမျိုးများဖြစ်နိုင်မလား”

ရှစ်ဖုန့်က မေးလိုက်သည်။

“မဖြစ်နိုင်ဘူး”

ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။ ထို့နောက်သူက  ပြောလိုက်သည်။

“အရင်ဆုံးသွားပြီး‌တော့ ကြည့်လိုက်ကြတာပေါ့”

“ကောင်းပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူက အောက်ရှိယိုယွင်းနေသောမြို့

ငယ်လေးဆီသို့ဆင်းသက်လိုက်သည်။

သူကယိုယွင်းနေပြီးအက်ကွဲကြောင်းများဖြင့်ပြည့်နှက် နေသော လမ်းမတစ်ခုပေါ်သို့ တိုက်ရိုက်ပင်ဆင်းသက်လိုက်သည်။

မိုးသက်မုန်တိုင်းက  ပြင်းထန်နေဆဲဖြစ်သည်။ထို့ကြောင့် လမ်းမထက်တွင်  မည်သူကမျှ ဤအချိန်၌ရှိမနေပေ။ မိသားစုများပင် သူတို့၏တံခါးများအား ပိတ်ထားကြပြီး အိမ်တွင်းအောင်းနေကြသည်။

ရှစ်ဖုန့်က လမ်းမထက်တွင်လျှောက်သွားလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားအား

ဦးတည်ချက်အနှံ့သို့ ဖြန့်ကျက်လိုက်ပြီး ကောင်းကင်မီးတောက်နှင့်အတူတကွ စတင်အာရုံခံလိုက်သည်။

“ဘာမှရှာမတွေ့ဘူးလား”

လမ်းမပေါ်၌ အချိန်တစ်ခုမျှလျှောက်လှမ်း

ပြီးသည့်နောက်တွင်  ရှစ်ဖုန့်ကထပ်မံ၍မေးလိုက်သည်။

သို့သော်  တစ်ချိန်တွင် သွေးစွမ်းအင်၏ ဘာတည်ရှိမှုကိုမှ သူအာရုံမခံမိပေ။

“မတွေ့ဘူး”

ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။

“ထူးဆန်းတယ်..တကယ်ထူးဆန်းတယ်…

ဘယ်လိုအရာမျိုးပါလိမ့်…. ဒါပေမဲ့ အဲ့တာကဒီမှာရှိတယ်ဆိုတာ

သေချာတယ်.. မဟုတ်ရင်တောင် အနီးအနားမှာပဲ..အချိန်တစ်ခုလောက်ငါတို့ ဒီမှာနေကြမယ်ဆိုရင်ရောဘယ်လိုလဲ..

အဲ့တာသေချာပေါက်ပေါ်လာ

မယ်လို့ငါယုံကြည်တယ်….အကယ်၍

ငါတို့သာစွမ်းအင်ကိုဝါးမျိုနိုင်ခဲ့မယ်ဆိုရင် ငါတို့မှာအခုရှိနေတဲ့စွမ်းအင်နဲ့ပေါက်လိုက်ရင်  ငါတို့ရဲ့ ကျင့်ကြံမှုကို အဆင့်သေးလေးတစ်ခုလောက်တော့ မြှင့်တင်နိုင်လိမ့်မယ်”

အဆင့်သေးလေးတစ်ခုတက်ခြင်းက ကြယ်တစ်ပွင့်အဆင့်တက်ခြင်းနှင့်ညီမျှသည်။ ကောင်းကင်မီးတောက်၏ အဆိုအရ အကယ်၍  သွေးစွမ်းအင်ကိုသာ ဝါးမျိုနိုင်ခဲ့လျှင်  ရှစ်ဖုန့်အနေဖြင့် ကြယ်ငါးပွင့် ဘိုးဘေးနယ်ပယ်အဆင့်မှ ကြယ်ခြောက်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့  တက်လှမ်းနိုင်မည်ဖြစ်သည်။

“ကောင်းပြီ”

ဤနေရာတွင်ရှိနေသောစွမ်းအင်က သူ့အားအဆင့်ချိုးဖျက်နိုင်စေမည်ဖြစ်သည်။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့် ဤနေရာ၌ အချိန်တစ်ခုမျှနေထိုင်ရမည်ကို ငြင်းဆိုခြင်းမရှိပေ။ ထို့နောက်တွင်

“ထျန်းရီ မြို့တည်းခိုဆောင်” ဟူသော မော်ကွန်းပြားတစ်ခုက ရှစ်ဖုန့်၏ မျက်လုံးထဲတွင်ပေါ်လာပြီး ရှစ်ဖုန့်က တည်းခိုခန်းထံသို့ လျှောက်လှမ်းသွားလိုက်သည်။ သို့သော်တည်းခိုခန်းနားသို့ရှစ်ဖုန့်

ချဉ်းကပ်လာသောအခါတွင် ဝမ်းနည်းသောရှိုက်သံတစ်ခုက

တည်းခိုခန်းအတွင်းမှထွက်ပေါ်လာသည်။ ယင်းမှာ  အမျိုးသမီးတစ်ဦး၏ ပူဆွေးသောကရောက်စွာငို

ကြွေးနေသောအသံဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters