အပိုင်း (၃၀၅)
Vol. 21 Ch. 305
တည်းခိုခန်း၏ တံခါးက ပိတ်ထားသည်။ ရှစ်ဖုန့်ကရှေ့သို့သွားလိုက်ပြီး
တံခါးအား ညင်သာစွာတွန်း၍ ဖွင့်လိုက်သည်။အခန်းအတွင်းတွင် ကောင်တာရှေ့၌ လူခုနှစ်ရောက်က စုစည်းတည်ရှိနေကြသည်။
အမျိုးသမီး၏ ဝမ်းနည်းပူဆွေးစွာဖြင့်ငိုကြွေး
နေသောအသံက လူအုပ်ထံမှလာနေခြင်းဖြစ်သည်။
စားပွဲထိုးကဲ့သို့ ဝင်စားထားသည့်လူငယ်တစ်ယောက်က တည်းခိုခန်းတံခါးဝကပွင့်လာပြီး တစ်စုံတစ်ယောက်လျှောက်လှမ်း
ဝင်ရောက်လာသည်ကိုတွေ့လိုက်သည်။ သူကလူအုပ်ထဲမှ လျှင်မြန်စွာထွက်ခွာလာပြီး ရှစ်ဖုန့်ထံသို့လျှောက်လာသည်။ သူ၏မျက်နှာထက်တွင်ပုံမှန်ရှိနေကြဖြစ်သာ အပြုံးပင်ရှိမနေချေ။ ထိုအစားလေးနက်သော အမူအယာတစ်ခုသသာ သူ၏မျက်နှာပေါ်တွင်ရှိသည်။ သို့သော်သူကရှစ်ဖုန့်အား လေးစွာစာ ပြောဆဲပင်ဖြစ်သည်။
“ဆရာ.ဘာများအလိုရှိပါသလဲခင်ဗျာ”
“ငါ့ကို အခန်းကောင်းတစ်ခန်းပေးပါ
ငါမင်းကို အစွန်းထွက်ပိုတာပါပေးလိုက်မယ်.
.ပြန်အမ်းငွေကို မင်းယူလိုက်ပါ”
ရှစ်ဖုန့်က ရွှေဒင်္ဂါးပြားတစ်ခုအားထုတ်ယူ
လိုက်ပြီးစားပွဲထိုးအား ပစ်ပေးလိုက်သည်။ ရှစ်ဖုန့်က ဤကိုရောက်လာသည့်လမ်းတစ်လျှောက်တွင်လူများအားသတ်ခဲ့သည်ဖြစ်သည်။
လူများအားလုံးထံမှ ငွေကြေးတော်တော်များများကို
လည်းသူရရှိထားခဲ့သည်။
“ဟိုဘက်မှာဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်က စားပွဲထိုးအားမေးလိုက်သည်။
“ဟူး”
စားပွဲထိုးဖြစ်သူက ရှစ်ဖုန့်၏ စကားတို့အားကြားသောအခါတွင် သူ့ခေါင်းအားခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူခါးသီးစွာပြုံး၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“တည်းခိုသူခင်ဗျား..ဆရာ့အနေနဲ့ ဒီဆိုင်မှာအရင်ဆုံးမတည်းခင် ဟိုဘက်မှာဖြစ်ပျက်နေတဲ့ အခြေအနေကို တစ်ချက်လောက်ကြည့်သင့်တယ်…. မဟုတ်ရင်ဆရာ့အနေနဲ့ ဆရာ့ကို
ဆရာတောင် ပြန်ပြီးရှင်းပြနိုင်မှာမဟုတ်ဖူး”
“အိုး”
စားပွဲထိုးဖြစ်သူ၏စကားတို့အား ကြားလိုက်ရပြီးသည့်နောက်တွင် ရှစ်ဖုန့် ပဟေဠိဖြစ်သွားခဲ့သည်။ သူကလူအုပ်ထံသို့လျှောက်သွားလိုက်သည်။ ထို့နောက်တွင် ရှုံ့တွနေသော
အလောင်းတစ်ခုက ကြမ်းပြင်ပေါ်၌ လဲနေသည်ကို တွေ့လိုက်ရသည်။ ဤအသွင်အပြင်အား ရှစ်ဖုန့်ထက်ပို၍ ရင်းနှီးသောသူမရှိနိုင်ပေ။ ယင်းမှာတစ်စုံတစ်ခုက ၎င်း၏သွေးတို့အား ခြောက်ကပ်သည်အထိစုပ်ယူခဲ့ခြင်းကြောင့် ဖြစ်သွားရသည်မှာသိသာသည်ဖြစ်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ရှုံ့တွနေသောအလောင်းပေါ်
တွင်လဲလျောင်းနေသည်။ သူမက ဝမ်းနည်းကြေကွဲစွာငိုးကြွေးနေ၏။ ရှစ်ဖုန့်အနေဖြင့်သူမ၏ငိုကြွေးသံအား တံခါးဝ၌ကြားခဲ့ရသည်ဖြစ်သည်။
ထို့နောက်တွင် အလောင်း၏ လည်ပင်း၌ အပေါက်သေးလေးနှစ်ခုကို ရှစ်ဖုန့်ရှာတွေ့လိုက်သည်။ ယင်းမှာဤအလောင်းအနေဖြင့် သေးသွယ်သောအစွယ်နှစ်ခုရှိသော သက်ရှိတစ်ကောင်၏ ကိုက်ခဲမှုကိုခံခဲ့ရပြီးနောက်သွေးများအား ခြောက်သွေ့သည်အထိ စုပ်ယူခံခဲ့ရသည့်ပုံပေါ်သည်။
“ဘယ်အချိန်ကဒါတွေဖြစ်ခဲ့တာလဲ”
ရှစ်ဖုန့်က အလျှင်အမြန်လှည့်
လိုက်ပြီးနောက် စားပွဲထိုးအားမေးလိုက်သည်။
“ဟူး”
စားပွဲထိုးက သက်ပြင်းချပြီးပြောလိုက်သည်။
“ဘယ်အချိန်က အတိအကျဖြစ်ပျက်ခဲ့လဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး…. မနေ့ညလောက်ကတော့ဖြစ်လောက်မယ်…. အမကြီးပြောတဲ့ပုံအရဆိုရင် မနေ့ညကတုံးက ဒီအကိုကြီးကနိုးလာပြီးတော့ အိမ်သာသွားချင်ခဲ့တဲ့ပုံပဲ…. အဲ့နောက်မှာ သူပြန်မရောက်မလာခဲ့တော့ဘူး…
ဒီမနက်မှာတော့ တစ်စုံတစ်ယောက်က ဒီအလောင်းကို ဒီဝင်းအတွင်းမှာတွေ့ခဲ့တာပဲ…”
“အား..ငါ့ရဲချစ်ယောက်ျားရေ…ရှင်ကြီးက အရမ်းကို လူမဆန်စွာသေခဲ့ရတယ်…. ရှင်ကြီးကျွန်မကိုတစ်ယောက်
တည်းထားပစ်ခဲ့ပြီလား…..ရှင်ကြီးမရှိတော့ရင် အနာဂတ်မှာကျွန်မက ဘာတွေလုပ်ရတော့မှာလဲ..ရှင်ကြီးရဲ့ …”
ရှုံ့တွနေသော အလောင်းပေါ်ရှိ အမျိုးသမီးကြီးက ဆက်လက်၍ နာကျင်ဝမ်းနည်းမှုအပြည့်ဖြင့် ငိုကြွေးဆဲဖြစ်သည်။
ထို့နောက်စားပွဲထိုးက ရှစ်ဖုန့်ကိုပြောလိုက်သည်။
“တကယ်တော့ ဒါဟာ ကျွန်တော်တို့မြို့လေးရဲ့ ရှစ်ယောက်မြောက်ပဲ… မြို့ဝန်ရဲ့ အမိန့်အောက်မှာ စစ်သည်အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီးတော့ လမ်းမပေါ်မှာ
နေ့ရော ညဘက်ပါကင်းလှည့်ပါတယ်…
ဒါပေမဲ့ လူတွေကို သတ်ဖြတ်နေဆဲဖြစ်တဲ့သက်ရှိသတ္တဝါနဲ့ပက်သက်ပြီးတော့ ဘာမသင်္ကာစရာကိုမှ သူတို့တွေရှာမတွေ့ကြသေးဘူး”
“ကျုပ်တို့တွေမှန်တဲ့ပုံပဲ…ဒါ
ကသွေးဆာတဲ့သက်ရှိပဲ..”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား ဝိညာဉ်ဖြင့် ဆက်သွယ်၍ ပြောလိုက်သည်။
“ဟုတ်တယ် အခုကစပြီးတော့ ငါတို့တွေ ငါ့တို့ရဲ့တည်ရှိမှုကိုဖုံးကွယ်ပြီးတော့ အဲ့သတ္တဝါကို စောင့်ကြမယ်…”
ကောင်းကင်မီးတောက်က ပြောလိုက်သည်။
“ငါ့ကို အခန်းတစ်ခန်းပေးပါ”
ရှစ်ဖုန့်က စားပွဲထိုးအားပြောလိုက်သည်။
“ဒါက ဆရာရဲ့ရွေးချယ်မှုဆိုတော့လည်း ကျွန်တော်သွားပြီး ဆရာ့အတွက် အခန်းတစ်ခုပြင်ပေးပါ့မယ်.. ဒါပေမဲ့ ကျွန်တော်ဆရာ့ကို အားလုံးကို ရှင်းရှင်းလင်းလင်းရှင်းပြပေးပြီးပါပြီ….. ဆရာအနေနဲ့ဒါကို ရှင်းရှင်းလင်းလင်းကြားမယ်
ဆိုတာလည်းကျွန်တော်သေချာပါတယ်…. ဘာတွေပဲဖြစ်လာခဲ့ပါစေ..ဒါက ဒီတည်းခိုခန်းကတာဝန်ခံမှုရှိမှာမဟုတ်ပါဘူး..”
စားပွဲထိုးဖြစ်သူက ရှစ်ဖုန့်အားစကားပြောရင်း
သတိပေးလိုက်သည်။
“ဆက်လုပ်ပါ”
ရှစ်ဖုန့်က ပြောလိုက်သည်။
စားပွဲထိုးက နောက်ထပ်အချိန်ဖြုန်းခြင်းမရှိတော့ပဲ ရှစ်ဖုန့်အတွက် အခန်းအားသွားရောက်ပြင်ဆင်လိုက်သည်။
သူ့အနေဖြင့်သိဖို့လိုတာကိုပြောပြပြီး မြင်ဖို့လိုတာကို ပြသခဲ့ပြီးဖြစ်သည်။
စားပွဲပြင်ဆင်ရန်အတွက် ထွက်ခွာသွားပြီးသည့်နောက်တွင် ရှစ်ဖုန့်က တည်းခိုးခန်း၏ ဟောခန်းအတွင်းမှ စားပွဲတစ်လုံးကိုတွေ့လိုက်ပြီး ဝင်ထိုင်လိုက်သည်။ ဝမ်းနည်း
ပူဆွေးဖွယ်ငိုသံက ရပ်တန့်ခြင်းမရှိသေးပေ။ စိတ်မကောင်းဝမ်းနည်းမှုတို့က တည်းခိုခန်းအတွင်းပျံ့နှံ့နေဆဲဖြစ်သည်။ ဘေးပတ်လည်တွင်ရှိနေကြသော
သူများကလည်း ထိုမြင်ကွင်းအားကြည့်နေကြသည်။
အချို့က တိတ်တဆိတ်သက်ပြင်း
ချလိုက်ကြသည်။ အချို့က ကောင်တာသို့အခန်းအပ်ရန်သွားကြသည်။ သူတို့အနေဖြင့် ဤနေရာ၌ ထပ်ပြီးမနေထိုင်လိုကြတော့ပေ။
လုပ်ထုံးလုပ်နည်းများက လျင်မြန်စွာပြီးမြောက်သွားသည်ဖြစ်သည်။ စားပွဲထိုးကရောက်လာပြီး လေးစားမှုအပြည့်ဖြင့် ရှစ်ဖုန့်အားအခန်းကဒ်ပြားကို
လွှဲပေးလိုက်သည်။ ဤအချိန်၌ မူလမိုးရွာသွန်း၍ တံခါးတို့အားပိတ်ထားခြင်း
ကြောင့်မှောင်မိုက်နေသောတည်းခိုခန်းမှာ ရုတ်တရက် လင်းလာသည်။တည်းခိုခန်းတံခါးတို့က လူတစ်စု၏ တွန်းဖွင့်ခြင်းကိုခံလိုက်ရပြီး ၎င်းတို့တစ်ယောက်ချင်းစီတိုင်းမှာ
ခေါင်းမြင့်မြင့် ရင်အုပ်ကားကားများဖြစ်ကြသည်။ ၎င်းတို့ကစုစုပေါင်းလူဆယ့်သုံးယောက်ရှိပြီး အားလုံးကသိုင်းသမားများဖြစ်ကြသည်။ သူတို့က တည်းခိုခန်းအတွင်းသို့ လျှောက်လှမ်း၍ ဝင်လာကြသည်။
“စားပွဲထိုး”
ဒေါင်မြင့်မြင့်တုတ်ခိုင်ခိုင်နှင့် ကြမ်းကြမ်းတမ်းတမ်းအသံပိုင်
ရှင်တစ်ယောက်က တည်းခိုခန်းဟောခန်းအတွင်း
အော်ပြောလိုက်သည်။
“လာပါပြီဗျာ..လာပါပြီ.ဆရာလီ”
ဤလူအုပ်စုအားတွေ့လိုက်ရပြီး သူတို့၏ ခေါင်းဆောင်ဖြစ်သောသူက ခေါ်သည်အားကြားလိုက်ရသောအခါတွင် စားပွဲထိုးက အလျှင်အမြန်ပြ လေးလေးစားစားဖြင့် ပြန်ဖြေကြားလိုက်ပြီး လူအုပ်ထံသို့ပြေးသွားလိုက်သည်။
ရှစ်ဖုန့်က ဤလူများအား တစ်ချက်သာကြည့်လိုက်ပြီး စိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။
၎င်းတို့ထဲရှိ အမြင့်ဆုံးသောကျင့်ကြံသူများ
မှာကြယ်ငါးပွင့်ဆရာသခင်နယ်ပယ် အဆင့်သာရှိသည်။ ရှစ်ဖုန့်အတွက်တော့ဤလူများမှာ ပုရွတ်ဆိတ်များကဲ့သို့သာဖြစ်သည်။ သူ့အနေဖြင့်၎င်းတို့အား လုံးအား လက်ဖျောက်လေးတစ်ချက်တီး
ရုံမျှဖြင့်သတ်ပစ်၍ရသည်။
စားပွဲထိုးပြေးသွားပြီးသိပ်မကြာခင်တွင် ခေါင်းဆောင်ဖြစ်သူ၏ တစ်စုံတစ်ရာပြောဆိုသံကိုကြားလိုက်ရသည်။ သူကခေါင်းညိိမ့်လိုက်ပြီး ပြန်လည်၍ပြေးလာသည်။ အရင်ဆုံးစားပွဲထိုးကျ ရှုံ့တွနေသောအလောင်းနားရှိ မြင်ကွင်းအားကြည့်ရှုနေကြသော လူအုပ်စုရှိရာသို့သွားလိုက်သည်။သူက ၎င်းတို့အား တစ်စုံတစ်ခုကိုပြောဆိုလိုက်သည်။
၎င်းတို့ထဲမှ အချို့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိမ့်လိုက်ကြပြီး အချို့ကတော့ လက်လျော့ရန်ဆန္ဒမရှိကြသေးပေ။
ဤလူများအားစကား
ပြောပြီးသည့်နောက်တွင် စကားပွဲထိုးက ရှစ်ဖုန့်ဒယီးဒယိုင်ဖြင့်ရောက်လာသည်။
သူကရှစ်ဖုန့်ရှိရာစားပွဲထံသို့ရောက်ရှိလာပြီး တိုးဖျော့ညင်သာစွာခေါ်လိုက်သည်။
“ဆရာ”
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က မျက်မှော်ကြုတ်ပြီး စားပွဲထိုးအား ကြည့်လိုက်သည်။
စားပွဲထိုးက ရှစ်ဖုန့်အား တီးတိုးပြောလိုက်သည်။
“ဆရာလီနဲ့ အခြားသောဆရာတွေက ဒီအချိန်အတောအတွင်း ဒီမြို့မှာ စုစည်းနေထိုင်ကြမှာဖြစ်ပါတယ်..ဆရာလီက ကျွန်တော့်ကိုပြောပါတယ် အစောင့်တွေမှာ ရန်ပုံငွေကြေးမလောက်ပါဘူးတဲ့..ဒါကြောင့် ဆရာ့လို ပြင်ပက လာတဲ့သူတွေအပါအဝင်မြို့ထဲမှာရှိနေတဲ့ မိသားစုတိုင်းက ငွေဒင်္ဂါး တစ်ပြားစီ သူတို့ကို ပေးရပါမယ်တဲ့”
ငွေဒင်္ဂါးဆယ်ပြား က ရွှေဒင်္ဂါးတစ်ပြားနှင့်ညီမျှသည်ဖြစ်သည်။
ထို့ကြောင့် ငွေဒင်္ဂါးတစ်ပြားလောက် က ရှစ်ဖုန့်အတွက် ဘာမှမဟုတ်ပေ။
သူက စားပွဲထိုးဖြစ်သူကိုပင် ဘောက်ဆူးတော်တော်လေး
ပေးခဲ့သည်ဖြစ်သည်။
“ဒီသခင်လေးမှာ ပိုက်ဆံကတော်တော်များများရှိတယ်…ဒါပေမဲ့ ဘာလို့ ဒီသခင်လေးက ပိုက်ဆံပဲယူပြီးတော့ ဘာမှမလုပ်တဲ့ဒီဘာအကျိုးမှ
မရှိတဲ့သူတွေအတွက် ပေးရမှလဲ”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်မျက်နှာ
ထားဖြင့်ပြောလိုက်သည်။ ဤလူအုပ်စုကသူ့အားလာပြီး တကယ့်ကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ငွေညှစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ဆရာကျေးဇူးပြုပြီး အသံကိုတိုးတိုးလေးပြောပါ”
ရှစ်ဖုန့်၏ စကားလုံးများအားကြားရသောအခါတွင် စားပွဲထိုးဖြစ်သူ၏မျက်နှာ
ကပြောင်းလဲသွားသည်။ သူ၏စိတ်ထဲတွင် ဤကျင့်ကြံသူများက ထူးခြားသောအဆင့်အတန်း
ရှိသူများဖြစ်သည်။အကယ်၍ သူတို့က ဤမြို့ငယ်လေးရှိလူများအား သတ်ဖြတ်သွားလျှင်ပင် မြို့ဝန်ပင် ဘာမှလုပ်ဆောင်နိုင်ခြင်း
ရှိလိမ့်မည်မဟုတ်ပေ။
“ကောင်လေး မင်းဘာပြောတာလဲကွ”
ရှစ်ဖုန့်၏ အသံက သိပ်မကျယ်သော်လည်း အစောင့်များမှာရှင်းရှင်းလင်းလင်းကိုကြားရသည်ဖြစ်သည်။ ရှစ်ဖုန့်၏ စကားအားကြားပြီးသည့်နောက်တွင် ဒေါသတရားတို့က သူ၏မျက်နှာပေါ်၌ ချက်ချင်းပဲပေါ်လာသည်။ အစောင့်များ၏ ခေါင်းဆောင်ဖြစ်သူဆရာလီက ရှစ်ဖုန့်အား လက်ညိုးထိုး၍ အော်ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်း တည်းခိုခန်းဟောခန်းမအတွင်းရှိ အကြည့်များအားလုံးက ရှစ်ဖုန့်ထံသို့စုစည်းရောက်ရှိလာသည်။
“ဒီသခင်လေးပြောတာမှားသွား
လို့လား..မင်းတို့သူတောင်းစားတွေက ငွေကို ယူပေမဲ့ ဒီအရာရဲ့လက်သည်တရားခံရဲ့
သဲလွန်စလေးကိုတောင်မရှာနိုင်ဘူး…မြို့လေးအတွင်းမှာရှိနေတဲ့သူတွေက သေကြေနေကြတုံးပဲ….မင်းတို့လိုအမှိုက်တွေကိုတောင်းဆိုတာက ဘာများအသုံးကျလို့လဲ.. မင်းတို့ပေးမဲ့ပိုက်ဆံကို ဘန်းမုန့်တွေဝယ်ပြီးတော့
ခွေးကျွေးလိုက်ရင်တောင် အနည်းဆုံးအဲ့ခွေးတွေက အိမ်တံခါးကိုစောင့်ကြပ်ဖို့အတွက် ကူညီပေးနိုင်အုံးမယ်”
ဆက်ရန်….
ဘာသာပြန်သူ-ARISE