ပြင်းထန်သောတိုက်ပွဲ
Vol. 6 Ch. 73
“စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်!” မန်ဟိုကိုကြည့်ရင်း ရှန့်ကွမ်းရှိုးသည် သက်ပြင်းချလိုက်သည်။ မန်ဟိုသည်ဤကျင့်ကြံမှုအဆင့်တွင်အချိန်နှစ်လ လောက်ကြာနေသည်။ ထျန်းဟယ်ဖန်းမြို့မှကျင့်ကြံသူများသည် ဤ နေရာတွင်သူရောက်ရှိနေခြင်း၏အကြောင်းရင်းကိုမသိကြပေ။ သူတို့၏ထိပ်တန်းအဆင့် ကျင့်ကြံသူများကိုလည်း မည်သည့်နည်းနှင့်မျှမသိစေချင်ပေ။ သူသည် မန်ဟိုကြောင့် ရောက်နေရှိနေခြင်းဖြစ်သည်။
မကြာသေးမီက ကြုံတွေ့ခဲ့မှုများအပေါ် အခြေခံ၍ မန်ဟိုသည် မရေမတွက်နိုင်သော ရတနာများကို အကြိမ်ပေါင်းများစွာပုံတူကူးယူနိုင်သည့် သဘာဝလွန် ပစ္စည်းတစ်ခုပိုင်ဆိုင်ထားသည်မှာ ၆၀ ရာခိုင်နှုန်း လောက်သေချာသည်။
ဒီလိုမှမဟုတ်ရင်သူ့မှာဆေးပြားတွေ၊ ဓားပျံတွေအများကြီး ဘယ်လိုလုပ်ရနိုင်မှာလဲ။ ဝမ်တန်ဖေးနဲ့ တိုက်ခိုက်တဲ့နေ့တုန်းက သူ့ရဲ့ဓားပျံ ၁၀ ချောင်းပျောက်နေတယ်ဆိုတာကို မန်ဟို က ဘာကြောင့်သတိမထားမိခဲ့ တာလဲ။
ဓားများသည်ကျိုးပဲ့နေသော်လည်း ရှန့်ကွမ်းရှိုးသည် လျှို့ဝှက်သိမ်းယူထားပြီးသေချာလေ့လာနေခဲ့သည်။ ထိုနောက် ဓားဆယ်ချောင်းစလုံးသည် တူညီသောပစ္စည်းများနှင့်ဖွဲ့စည်းထားသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဓားပျံများအားလုံးသည် ယေဘုယျအားဖြင့် တူညီကြသော်လည်း ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ကွဲပြားခြားနားမှု အနည်းငယ်တော့ ရှိနေလိမ့်မည်မှာသေချာသည်။ မန်ဟို၏ဓားများအသေးစိတ် အတိအကျတူညီနေမှုသည် ရှန့်ကွမ်းရှိုး၏သံသယကို ပိုမိုကြီးထွားလာစေသည်။
၎င်းအထောက်အထားများသည်အပြည့်အဝယုံကြည်ရန်တော့ လုံလောက်မှုမရှိသေးချေ။ သို့သော် ယခုမန်ဟို၏ ကျင့်ကြံမှုအဆင့်သည် စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်သို့ရောက်နေပြီဆိုလျှင် သူ၏သံသယမှာပို၍သေချာသည်။ ရှစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပင်ပိုနိုင်သည်။
“မင်း စဦးချီဖွဲ့စည်းခြင်းကိုနဝမအဆင့်အထိရောက်တယ်။ ဒါပေမယ့်ပြိုကွဲသွားတာပဲ” လို့ ရှန့်ကွမ်းရှိုးက အေးစက်စွာကြည့်ရင်းပြောလိုက်သည်။ “ဒီနေ့လည်း မင်း နောက်ထပ်လွတ်မြောက်ဖို့ ကြိုးစားမယ်ဆိုရင် သွေးဖောက်ခွဲပြီး တောင်အောက်ကို ပစ်လွှတ်လိုက်မယ်။” ဒီပုံစံအတိုင်းသာဖြစ်မည်ဆိုလျှင် နိုင်ငံသုံးခုမှာရှိတဲ့ လူတွေဟာမျက်စိတစ်မှိတ်အတွင်း ပြာနဲ့မီးခိုးငွေ့တွေ ဖြစ်သွားလိမ့်မယ်။ မန်ဟိုထွက်ပြေးလွတ်မြောက်မည်ကို သူအလွန် စိုးရိမ်နေသည်။ ထို့ကြောင့်မတိုက်ခိုက်ခင်မှာပင် မန်ဟိုကိုတားဆီးရန်ပြင်ဆင်ထားသည်။
“ငါဒီနေ့ထွက်ပြေးမှာမဟုတ်ဘူး။” ဟုပြောရင်း မန်ဟိုသည် ရှန့်ကွမ်းရှိုးကြည့်လိုက်သောအခါ စိတ်ထဲတွင် ငါးနှစ်နီးပါး ရှိသောအဖြစ်အပျက်များ၏မှတ်ဥာဏ်များကိုပြန်မြင်လာသည်။ သူတိုဂိုဏ်းမဖျက်သိမ်းခင်ကအချိန်များ၊ ဂိုဏ်းဖျက်သိမ်းပြီးနောက်လိုက်လံတိုက်ခိုက်ခြင်း၊ စသောအရာအားလုံးသည် မန်ဟို၏မျက်လုံးထဲတွင် ထင်ဟပ်လာပြီး သတ်ဖြတ်လိုသောအရိပ်အရောင်များ ဖြစ်ပေါ်လာတော့သည်။ လက်ကိုမြှောက်လိုက်ပြီးနောက် မီတာ ၃၀ ကျော် ရှည်၍ကြီးမားသော မြွေမီးတောက်ကြီးကို ဆင့်ခေါ်လိုက်သည်။ ၎င်း၏အရွယ်အစားသည်ကြီးမားရုံသာမက ဦးခေါင်းမှချိုတစ်ချောင်းပါထွက်လာသည်။ ရှန့်ကွမ်းရှိုးဆီသို့ ပစ်ခတ်လိုက်သောအခါ မြွေမီးတောက်၏ ခန္ဓာကိုယ်မှမီးတောက်များမှာ ပြင်းထန်သောအပူများဖြာထွက်ကာတောက်ပနေသည်။
ရှန့်ကွမ်းရှိုး အနီးအနားရှိအရာများသည် အပူရှိန်ကြောင့်တွန့်လောင်သွားပြီး အချို့သည်သူဆီသို့ ဦးတည်လှိမ့်ဝင်လာကြသည်။ သူသည်ရယ်မောကာ သိုလှောင်အိတ်ကိုပုတ်လိုက်ပြီး ၅ ရောင်ခြယ်အလံတော် ကိုထုတ်လိုက်သည်။ ထိုအလံမှအရောင် ၅ မျိုးရှိသော အခိုးအငွေ့များထွက်လာပြီး ဆယ်မီတာအမြင့်ရှိသော ဝိညာဉ်သားရိုင်း ၅ ကောင်အဖြစ်ပြောင်းလဲသွားလေသည်။ သူတို့သည် ဆိုးဆိုးဝါးဝါးအော်သံများနှင့်အတူ မြွေမီးတောက်ဆီသို့ပြေးဝင်လာကြသည်။
ကြီးမားသောပေါက်ကွဲသံနှင့်အတူ အနီးရှိကျောက်သားများကို အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး တာ့ချင်း တောင်ပတ်လည်ရှိ သစ်ပင်များလည်း အမှုန့်များဖြစ်သွားတော့သည်။ ဖုန်နှင့်ပြာများသည် လေထဲတွင်ပျံ့နှံ့သွားပြီး အမြင်များကိုပင်မှုန်ဝါးသွားစေသည်။
မီးခိုးမြူများကြားတွင် မန်ဟိုသည်လျင်မြန်လွန်းသောအရှိန်ဖြင့် ရှေ့သို့ပြေးဝင်လိုက်သည်။ ထို့နောက် ကျန်ရှိနေသေးသော မြွေမီးတောက်ဖြင့် ရှန့်ကွမ်းရှိုးဆီသို့ဆက်လက် ပစ်လွှတ်လိုက်ရင်း လက်ချောင်းများကို မုဒြာပုံစံတစ်ခုပြုလုပ်လိုက်သည်။ ရှေ့သို့လက်ဝါးတို့ကိုဖြန့်ပြီးလျှင်…
“ရောင်သွယ် ၅ မျိုးသေခြင်း!” ဟုအော်လိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်သည် တုန်ခါလာကာ အသံများရုတ်တရက်ပေါ်ထွက်လာလေသည်။ မန်ဟိုသည် သိုလှောင်အိတ်ကိုပုတ်လိုက်သည်နှင့် အလံတော်သည် သူ၏လက်၌ပေါ်လာသည်။ ထိုအလံကိုဖွင့်လိုက်သောအခါ သားရိုင်းခြောက်ကောင်၏ ဟိန်းဟောက်သံများထွက်လာ သည်။
သူတို့၏ အနီးအနားတွင် ကျယ်လောင်သောအော်ဟစ်မန်ဖီသံများထွက်ပေါ်လာသည်။ မန်ဟိုသည်အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ရှန့်ကွမ်းရှိုးကို စတင်တိုက်ခိုက်တော့သည်။ ရှန့်ကွမ်းရှိုးကလည်း ရှေ့တိုးသွားကာမီးတောက်များကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီးလိုက်သည်။
“မှီခိုရာဂိုဏ်းတော်ချုပ် မတိုင်မီက မှီခိုရာဂိုဏ်းကိုဘယ်လိုခေါ်ခဲ့လဲဆိုတာ မင်းသိလား။” ဟုရှန့်ကွမ်းရှိုးကအေးဆေး တည်ငြိမ်စွာပြောလိုက်သည်။ “အဲဒါကို ဖန်းယောင်းဂိုဏ်း လို့ခေါ်တယ်။” ဟုပြောပြီး ရှန့်ကွမ်းရှိုးသည်ရုတ်တရက်တာ့ချင်း တောင်ထိပ်သို့လှည့်ကြည့်လိုက်ပြီး ဖနောင့်တစ်ချက်ပေါက်လိုက်သည်။ ထိုစဉ် တာ့ချင်းတောင်မှ တုန်ဟီးလာပြီး ရုတ်တရက်ဖော်ပြရန်ခက်ခဲသည့် အရှိန်အဝါများ ထွက်ပေါ်လာလေသည်။ ၎င်းအရှိန်အဝါသည် ကြိုးမျှင်မျှသာဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတို့ဖြင့် တုန်ခါနေပုံရသည်။ ထိုအရာသည် စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ ရှန့်ကွမ်းရှိုးထိန်းချုပ်မှုအောက်တွင်ရှိနေကာ မန်ဟို၏ခြေအောက်မြေပြင်ကနေ တိုးထွက်လာလေသည်။
ရှန့်ကွမ်းရှိုးသည်အသက် ၁၀ နှစ်လောက်ရုတ်တရက်ကြီးလာပုံရသည်။ သူ၏ပုံစံမှာ သင်္ချိုင်းကနေထွက်သွားတဲ့ အလောင်းတစ်ကောင်နှင့်ပင်အလွန်တူလှသည်။
သူအသုံးပြုခဲ့သောမှော်နည်းပညာကိုအသုံးပြုရန်အလွန်ခဲယဉ်းပြီးအသက်ရှည်ရန်လည်းလိုအပ်သည်မှာ သိသာထင်ရှား သည်။ အစကတော့ ဒါကိုဘယ်တော့မှသုံးမှာမဟုတ်ဘူး၊ ဒါပေမယ့် မန်ဟိုရဲ့ကျင့်ကြံမှုအဆင့်ကိုကြည့်ပြီး သူမှာရွေးချယ်စရာမရှိဘူးလို့ဆုံးဖြတ်လိုက်သည်။ ထိုအပြင်သူသည် ဤတိုက်ပွဲကိုလျင်မြန်စွာအဆုံးသတ်လိုသည်။ နောက်ဆုံးတွင် ကျိုးပြည်နယ်ရှိ ကျင့်ကြံသူအားလုံးသည် မန်ဟို ကိုအမဲလိုက်နေကြခြင်းပင်ဖြစ်သည်။
ဒီတိုက်ပွဲကသူတို့ရဲ့ အာရုံကိုဆွဲဆောင်နိုင်လိမ့်မယ်။ အကယ်၍ ရှန့်ကွမ်းရှိုးသည် တိုက်ပွဲကိုလျင်မြန်စွာ အဆုံးသတ်နိုင်ပါက သူရှာလိုသော ရတနာများကိုရယူရန်အချိန်များစွာရလိမ့်မည်ဖြစ်သည်။
“ဖန်ယောင်းဂိုဏ်းသည် ကမ္ဘာပေါ်တွင်အကြီးဆုံး နတ်ဆိုးများကိုရှာဖွေတံဆိပ်ခတ်တယ်၊ ပြီတော့သူတို့ဝိညာဉ်တွေကို လွှတ်ပြီး ကောင်းကင်ကိုတံဆိပ်ခတ်ဖို့ သူတို့ရဲ့စွမ်းအားတွေကိုယူတယ်! မင်းလည်း ငါနဲ့ တန်းတူတိုက်ခိုက်နိုင်တဲ့ စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်ကိုရောက်နေပြီပဲ။ ငါသာလိုချင်ရင် လွန်ခဲ့သောနှစ်ပေါင်း ငါးဆယ်ထဲက ချီအခြေတည်ခြင်းအဆင့်ကိုရောက်နိုင်တယ်။” ရှန့်ကွမ်းရှိုးစကားပြောနေစဉ် မန်ဟိုက စာလိပ်ကိုလှုပ်ခါလိုက်ပြီးသူ့ ခြေထောက်အောက်က ထွက်ပေါ်လာတဲ့ အရှိန်အဝါကိုခုခံတွန်းလှန်လိုက်သည်။
သို့သော်အလံတော်သည် ထိုအရှိန်အဝါကိုထိလိုက်သည်နှင့်ပေါက်ကွဲသံထွက်ပေါ်လာကာ အဝေးသို့လွင့်စင်သွားကာ အက်ကြောင်းများပေါ်လာသည်။ ထိုစဉ် အဆိုပါ အရှိန်အဝါသည် မန်ဟိုဆီသို့ ထိမှန်လေသည်။
ပေါက်ကွဲသံကြီးထွက်ပေါ်လာချိန်တွင် မန်ဟိုသည် သွေးတစ်ပွက်အန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ရှေ့တွင် ငှက်မွှေးယပ်တောင် အကာအကွယ်တစ်ခုပေါ်လာလေသည်။ မန်ဟိုသည် အကာအကွယ်ယူကာ ရှောင်ထွက်လိုက်စဉ် ယပ်တောင်မှာအက်ကွဲသွားသည်။ ရှောင်ထွက်နိုင်ခဲ့သော်လည်းလဲကျသွားကာ သွေးသုံးပွက်လောက် အန်ထွက်လာလေ သည်။
ရှန့်ကွမ်းရှိုးလှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်နှင့် မန်ဟိုမှာဒဏ်ရာရလေဖြစ်သည်။ ဤသည်မှာရှန့်ကွမ်းရှိုးတွင် နားမလည်နိုင်သော လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားကြောင်းထင်ရှားလေသည်။ သူသည်အေးစက်စွာရီလိုက်သည်။ ဒီတိုက်ခိုက်မှုအတွက် သူ၏သက်တမ်းအချို့ကို အသုံးချလိုက်ရသည်။ မန်ဟိုကိုမသတ်ဖြတ်နိုင်သေးသော်လည်း ရှန့်ကွမ်းရှိုးသည် အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။ သူသည်ပြိုကွဲသွားသော အပျက်အဆီးများနှင့် သွေးထွက်သံယို အကြွင်းအကျန်များကို နင်းကာရှေ့သို့ခြေလှမ်းလှမ်းလိုက်သည်။
မန်ဟို၏ ပါးစပ်မှာသွေးများနှင့်ပြည့်နေသော်လည်း သူ၏မျက်လုံးများသည်ရက်စက်မှုများတောက်ပနေသည်။ ရှန့်ကွမ်းရှိုးရှေ့သို့လျှောက်လာသည့်အချိန်တွင် မန်ဟိုသည်လက်ကိုမြှောက်လိုက်ရာ ကွဲထွက်သွားသော ငှက်မွှေးယပ်တောင်အပျက်အဆီးများကြားမှ အနက်ရောင်အရှိန်အဝါတစ်ခုပေါ်လာသည်။ ထိုစဉ်အရှိန်အဝါသည် အနက်ရောင်ကင်းမြီးကောက်တစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်။ ၎င်းသည်လျှပ်စီးကဲ့သို့ မြန်ဆန်စွာရွေ့လျားသွား သဖြင့် ရှန့်ကွမ်းရှိုးသည်ခြေထောက်ကို ရှောင်လိုက်ရန်ပင်အချိန်မမှီလိုက်ပါ။ ကင်းမြီးကောက်အဆူးသည် ရှန့်ကွမ်းရှိုး၏ခြေထောက်အသားထဲသို့ နစ်မြုပ်စိုက်ဝင်သွားသည်။
အဆူးနစ်မြုပ်နေစဉ်တွင် ကင်းမြီးကောက်သည် အမဲရောင် အခိုးအငွေ့အမျှင်တန်းများ အဖြစ်ပြောင်းသွားကာ ရှန့်ကွမ်းရှိုးဆီသို့ စီးဝင်သွားသည်။
ရှန့်ကွမ်းရှိုးနှာမှာ မျက်စိမျက်နှာအလွန်ပျက်နေလေသည်။ အဖြစ်အပျက်များသည် ရုတ်တရက်ဖြစ်လာပြီး ကြိုတင်ခန့်မှန်းရန် ခက်ခဲလေသည်။ အမှန်တကယ်တော့ ကင်းမြီးကောက်သည် ဇီယွင်ဂိုဏ်းမှ ချင်းနှင့်လု ထံမှရရှိသောရှားပါးသည့် မှော်ဆေးပြားမှဖြစ်သည်။ ဒီမှော်ကင်းမြီးကောက်ကအရမ်းအဆိပ်ပြင်းပါလား!
အနက်ရောင် အရှိန်အဝါများသည် ရှန့်ကွမ်းရှိုး၏ ခြေထောက်ထဲသို့ဝင်ကာ ချက်ချင်းပင်ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး သူ၏ ချီဓာတ်လမ်းကြောင်းထဲသို့ ပေါင်းစည်းသွားသည်။ ထို့နောက် ရှန့်ကွမ်းရှိုး၏မျက်နှာသည် အမည်းရောင်ဖြစ်လာပြီး သွေးများကိုအန်ထုတ်လိုက်သည်။
“ဒီအဆိပ်ကဘာလဲ?” ဟုရှန့်ကွမ်းရှိုးသည်ထိတ်လန့်စွာမေးလိုက်သည်။ အားနည်းသွားသောခံစားချက်တစ်ခုက သူ့အားရေလွှမ်းမိုးသကဲ့သို့ပျံ့နှံ့သွားသည်။ သူမှာစဉ်းစားရန် အချိန်အနည်းငယ်သာရှိကြောင်းသိ၍ ချက်ချင်းပင် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီးဆေးလုံးတစ်မျိုးထုတ်ကာမျိုချလိုက်သည်။
မန်ဟိုသည် ယခုကဲ့သို့ပြုလုပ်ရန် ကြိုတင်စီစဉ်ခဲ့ခြင်းပင်ဖြစ်သည်။ ပါးစပ်မှ သွေးများကို တမင်အန်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရှန့်ကွမ်းရှိုးသည် သူ့အားအနိုင်ရနေပြီဟုထင်စေလို၍ဖြစ်သည်။ ရှန့်ကွမ်းရှိုးသည် ဆေးလုံးကိုထုတ်သောက်လိုက်သော အချိန်တွင် မန်ဟိုကပြေးသွားလိုက်သည်။ ထိုနောက် သိုလှောင်အိတ်ကိုပုတ်ပြီး အနက်ရောင်ပိုက်ကွန်ပေါ်လာကာ ရှန့်ကွမ်းရှိုးကိုဖမ်းဆီးမည်ဟုခြိမ်းခြောက်လိုက်သည်။
အဖြစ်အပျက်များမှာအလွန်မြန်ဆန်လှသည်။ ဆေးလုံးပြုတ်ကျသွားသည်နှင့်ပင် ရှန့်ကွမ်းရှိုး၏အမူအရာမှာ ထိတ်လန့် တုန်လှုပ်သွားသည်။ ပိုက်ကွန်သည် သူကိုဖုံးအုပ်သကဲ့သို့ ဖြစ်နေတာတောင်မှလက်ချောင်းများကို မုဒြာပုံစံတစ်ခု ပြုလုပ်ရင်းတုန်ယင်နေသည်။ မန်ဟိုသည် ချက်ချင်းပင် ရှေ့ဆက်တိုးသွားလိုက်သည်။ ထိုစဉ် သူ၏လက်ထဲ၌ သစ်သား လေးတစ်ခုပေါ်လာသည်။ ထို့နောက်သူသည် လေးကြိုးကိုဆွဲလိုက်ပြီး ရှန့်ကွမ်းရှိုးဆီသို့ မြှားကိုပစ် လွှတ်လိုက်လေသည်။
ရှန့်ကွမ်းရှိုးသည် မြန်ဆန်စွာနောက်ဆုတ်လိုက်သည်။ ဆေးလုံးတစ်လုံး၊ အနက်ရောင်ပိုက်ကွန်တစ်ခု၊ မြှားတစ်ချောင်း၊ မုဒြာပုံစံတစ်ခု… အကုန်လုံးအတွက် အချိန်မရှိတာကြောင့် ၂ခုပဲ ရွေးချယ်ရပေလိမ့်မည်။
ထိုစဉ် ပြင်းထန်ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ရှန့်ကွမ်းရှိုးသည် ဆေးလုံးနှင့်မုဒြာပုံစံကို စွန့်လွှတ်လိုက်သည်။ သူသည် အနက်ရောင်ပိုက်ကွန်ကိုရှောင်နိုင်ခဲ့သော်လည်း မြှားကိုမရှောင်နိုင်တော့ပေ။ မြှားသည် သူ၏ညာဘက်ပခုံးသို့ စိုက်ဝင်သွားပြီးသွေးများထွက်လာသည်။
ပြင်းထန်သောနာကျင်မှုဝေဒနာများခံစားလိုက်ရသော်လည်း ရှန့်ကွမ်းရှိုးသည်နှာခေါင်းရှုံ့လိုက်သည်။ မန်ဟိုသည် မရပ်မနား တိုက်ခိုက်လေသည်။ ဒုတိယမြှားကို ပစ်လွှတ်လိုက်ပြီး တတိယမြှား၊ ထို့နောက် စတုတ္ထမြောက်မြှား စသဖြင့် လုံးဝမရပ်မနား ရှန့်ကွမ်းရှိုး၏ခြေလှမ်းတိုင်းကို မြှားဖြင့်လိုက်ပစ်လေသည်။
မြှားခုနစ်ချောင်းလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သတ်ဖြတ်လိုမှု အရှိန်အဝါများဖြင့် လေထုထဲတွင် ပျံသန်း နေသည်။
ရှန့်ကွမ်းရှိုးသည် သူ၏ကိုယ်ခန္ဓာတစ်လျှောက်လုံးတွင် အနက်ရောင်အငွေ့အသက်များ ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ရုန်းကန် နေရသည်။ ထို့အပြင်သူ့ဆီဝင်လာသော မြှားများကိုရှောင်ရန်လဲ လိုအပ်သေးသည်။ သို့သော် စဦးချီဖွဲ့စည်းခြင်း၏ နဝမအဆင့်တွင်ရှိ နေသောကြောင့် သူသည်များစွာလုပ်နိုင်သည်။ ရှန့်ကွမ်းရှိုးသည် ချီအခြေတည်ခြင်း အဆင့်မှ ဆံချည်မျှင်လောက်သာကွာဝေး သော စဦးချီဖွဲ့စည်းခြင်း အဆင့် ၉ ၏အထွတ်အထိပ်သို့ရောက်နေသော်လည်း ချီအခြေတည်ခြင်းအဆင့်တွင်တော့ မရှိသေးပါ။
မဟုတ်ဘူး!၊ သူသည် ချီအခြေတည်ခြင်းအဆင့်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ မန်ဟိုကဲ့သို့ပင် သူသည် စဦးချီဖွဲ့စည်းခြင်း အဆင့်တွင် သာရှိနေဆဲဖြစ်သည်။ ထိုအဆင့်နှစ်ခုနှင့် စွမ်းအား၏ ခြားနားချက်သည် ကောင်းကင်နှင့်မြေကြီး ကွာခြားမှုနှင့်တူသည်။
သူအရာအားလုံးကို တစ်ချိန်တည်းမှာ လုပ်နိုင်မည်မဟုတ်ပေ။ မြှားခုနစ်စင်းလုံးသည် သူ၏ညာလက်သို့ ထိုးဖောက်ကာ လက်ကိုဖျက်ဆီးပစ်လိုက်သည်နှင့်တပြိုင်နက် အော်သံသည်လေထဲတွင်ပျံ့လွင့်သွားလေသည်။ ဒါဟာမြှားတွေကို ခုခံတွန်းလှန်ဖို့ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ခေတ္တထိန်းချုပ်ခြင်းကို အာရုံစိုက်နိုင်ရန်အတွက် ညာဘက်လက်မောင်းကို စတေးလိုက်ရသည်။
မန်ဟိုသည် မြှား ၈ ချောင်း၊၉ ချောင်းလောက်ကို သူ့ဆီဆက်တိုက်ပစ်ခတ်ခဲ့သည်။ ခေါင်းကိုမော့ကာ အော်ဟစ်မြည်တမ်းလိုက်သည်။
သူသည် ကျင့်ကြံခြင်း လမ်းကြောင်းကိုလျှောက်လှမ်းသည့် နေ့မှစ၍ ယနေ့အချိန်အထိ ဤမျှတင်းကျပ်သော၊ အခြေအနေမျိုးကို တစ်ခါမျှမကြုံခဲ့ဖူးပေ။ သူ၏လက်တစ်ဖက်ဆုံးရှုံးသွားလေပြီ။ ပေးဆပ်ခဲ့ရသည့် တန်ဖိုးနှင့် သူခံစားရသည့်နာကျင်မှုတို့ကြောင့် မန်ဟိုကိုသတ်ရန်ဆန္ဒများအလွန်အမင်းဖြစ်လာသည်။
သူ၏မျက်လုံးများ နီရဲနေပေသည်။ အဆိပ်ကိုထိန်းချုပ်ထားနိုင်သော်လည်း ထုတ်ပစ်ရန်မလွယ်ကူပေ။ အမှန်တကယ်တော့ စဦးချီဖွဲ့စည်းခြင်း အဆင့်မှာရှိနေသရွေ့ အဆိပ်ထုတ်ပစ်ဖို့ဆိုတာမဖြစ်နိုင်ပေ။ သူသည် ချီအချေတည်ခြင်း အဆင့်ရောက်မှသာလျှင်လုပ်နိုင်ပေလိမ့်မည်။
“နဂါးငွေ့တန်းပင်လယ်” လို့သူအော်လိုက်ပြီး သူ၏ဆံပင်များ လေထဲလွင့်နေသည်မှာ အရူးတစ်ယောက်နှင့်ပင် တူနေသည်။ ထိုနောက် သူသည်လျှာကို ကိုက်လိုက်ပြီးသွေးများကို ထွေးထုတ်လိုက်သည်။ ထိုထွေးထုတ်လိုက်သော သွေးထဲမှ ခရမ်းရောင်ပုလဲတစ်လုံးထွက်လာပြီး ထိုပုလဲလုံးထဲတွင် မြူခိုးငွေ့များသိပ်သည်းစွာြဖစ်ပေါ်နေသည်။ ထိုသို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏နောက်ဆုံးသုံးမြှားတို့သည်လှည့်ပတ်ကာကျိုးပဲ့ပျက်ဆီးသွားလေသည်။
***