← Chapters

လွန်ခဲ့သောနှစ်တစ်ရာမကသောအချိန်

Vol. 6 Ch. 74

လွန်ခဲ့သောနှစ်တစ်ရာမကသောအချိန်

Vol. 6 Ch. 74

ပုလဲသည် ရှန့်ကွမ်းရှိုး၏ပါးစပ်ထဲသို့ပြန်လှည့်သွားသည်နှင့်တစ်ပြိုင်နက် သိုလှောင်အိတ်ကိုလက်ဖြင့်ပုတ်လိုက်သည်။ ဓားပျံများ၊ အောင်လံတော်များနှင့် အခြားမှော်ပစ္စည်းများပေါ်လာပြီး တစ်ချိန်တည်းမှာပင်ရှေ့သို့ပျံသန်းလာကြသည်။ ထို့နောက် တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာကွဲထွက်သွားကြသည်။ ရှန့်ကွမ်းရှိုးသည်လက်ကိုမြှောက်လိုက်ပြီး အမျိုးမျိုးသော မှော်ပစ္စည်းအပိုင်းအစများကိုဝှေ့ရမ်းလိုက်ကာ ပင်လယ်တစ်ခုကဲ့သို့ပြုလုပ်လိုက်သည်။

အဝေးမှကြည့်လိုက်လျှင် ထိုအရာများစွာသည်တောက်ပနေပြီး ကောင်းကင်၌ ပင်လယ်တစ်ခုလွင့်မျောနေပုံနှင့်ပင် တူနေသည်။ ထိုပင်လယ်စတင်ရွေ့လျားလာပြီးနောက် မန်ဟိုဆီသို့ တိုက်ခိုက်ရန် ပစ်လွှတ်လိုက်သည်။

ဤသည်မှာ နဂါးငွေ့တန်းပင်လယ် ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက ထျန်းဟယ်ဖန်းမျိုးနွယ်စုခေါင်းဆောင်၏ မှော်နည်းပညာဖြစ်သည်။ နောက်ဆုံးတွင်သူသည် မှော်နည်းပညာကို အဆင့်များစွာခွဲခြားခဲ့သည်။ အနိမ့်ဆုံးအနေဖြင့် စဦးချီဖွဲ့စည်းခြင်း အဆင့် ၉ တွင်ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

အမှန်တကယ်တော့ ချီအခြေတည်ခြင်းအဆင့်တွင်ရှိသော မည်သူမဆို လက်တစ်ချက်ဝှေ့ရမ်းလိုက်ရုံနှင့်ပင် နဂါးငွေ့တန်းပင်လယ်ပြင်ကို မှော်ပစ္စည်းအပိုင်းအစများဖြင့်ဖန်တီးနိုင်သည်။ သို့သော် စဦးချီဖွဲ့စည်းခြင်း အဆင့်တွင် ဒါကတကယ်အစွမ်းထက်တဲ့အရာပဲဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်နိုင်ရန်မှာလည်း မလွယ်ကူလှပေ။  စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်၏အမြင့်ဆုံးတွင်ရှိသော သူသာပြုလုပ်နိုင်ပြီး စွမ်းအင်များစွာကိုသုံးရန် လိုအပ်ပေလိမ့်မည်။ ထျန်းဟယ်ဖန်းမြို့ တစ်ခုလုံးတွင် ရှန့်ကွမ်းရှိုးသာလျှင် အသုံးပြုနိုင်သော စဦးချီဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ယခုအချိန်တွင် သူသည် မန်ဟို၏ရတနာများကိုရယူရန် သာမက ခန္ဓာကိုယ်မှအဆိပ်ကိုဖယ်ရှားရန် ထျန်းဟယ်ဖန်းမြို့ သို့ ပြန်သွားလိုသောကြောင့် ဖြစ်နိုင်သမျှ တိုက်ပွဲကိုအမြန်ဆုံး အဆုံးသတ်လိုသည်။ ထို့ကြောင့်သူသည် စွမ်းအားအပြင်းဆုံး နည်းလမ်းဖြစ်သော မှော်ပစ္စည်းအပိုင်းအစတိမ်ကိုဖန်တီးပြီး မန်ဟိုဆီသို့ ပစ်ကာတိုက်ခိုက်လိုက်သည်။ မန်ဟို၏အနီးသို့ ထိုနဂါးငွေ့တန်းပင်လယ် ရောက်သောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။

ထိုစဉ်ဓားပျံများဆက်တိုက်ထွက်လာသည်။ ဓားဆယ်ချောင်း၊ အချောင်း ၅၀၊ အချောင်း ၁၀၀… အချောင်း ၃၀၀။ မန်ဟို ပတ်လည်၌ ဓားပျံအချောင်းသုံးရာခန့်ပျံဝဲနေပြီး လက်ကိုမြှောက်လိုက်ကာ ဓားပျံများကို ရှေ့သို့ပစ်လွှတ် လိုက်လေသည်။

ဓားပျံ အချောင်း ၃၀၀ သည် အတူတကွ ပေါင်းစည်းသွားပြီး ကြီးမားသော မိုးနဂါးပျံကြီးအသွင် ပြောင်းသွားသည်။ မန်ဟိုသည်ရှေ့ဆက်လျှောက်သွားလိုက်ပြီး သူ၏လက်ထဲရှိသစ်သားဓားနှစ်ချောင်းမှာ ရွှေရောင်အလင်းတန်းအမျှင်နှစ်ခု အဖြစ် ထွက်ပေါ်လာသည်။ မိုးပျံနဂါးဆီသို့ပျံသန်းသွားချိန်တွင် သူ၏ခန္ဓာကိုယ်သည်လည်း အလင်းတန်းကဲ့သို့ ပြောင်းသွားသည်။

သူသည် မိုးနဂါးပျံကြီး၏စိတ်ဝိညာဉ် ဖြစ်လာသည်။ ထို့နောက် ဦးခေါင်းကိုမော့ကာ ကောင်းကင်သို့ အော်ဟစ်ကြုံးဝါးလိုက် ပြီး နဂါးငွေ့တန်းဆီသို့ ပစ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကိုပင်ပဲ့တင်ထပ်ကာ တုန်ဟီးသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နဂါးငွေ့တန်းပင်လယ်အတွင်းရှိ ရတနာအပိုင်းအစများသည် မန်ဟို၏ဓားပျံနှင့်ထိမှန်သောအခါ ဓားပျံများ၏ ကျိုးကြေသံများထွက်ပေါ်လာသည်။ အကယ်၍ပင်လယ်သည် ဓားဆယ်ချောင်းကို ဖျက်ဆီးလိုက်နိုင်ပါက မန်ဟိုသည် ဓား ၁၀ချောင်းလုံး ထပ်မံထုတ်လိမ့်မည်ဖြစ်သည်။

မန်ဟိုသည် တချိန်တည်းတွင် ဓားပျံ အချောင်း ၃၀၀ ကိုထိန်းချုပ်နိုင်သည်။ သူ၏သိုလှောင်အိတ်ထဲ၌ ပြီးခဲ့သည့်နှစ်တွင် တဖြည်းဖြည်း ကူးယူခဲ့သောဓား အချောင်း ၇၀၀ ခန့်ရှိလေသည်။ တင်းရှင့်နှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် သူသည် စဦးချီဖွဲ့စည်းခြင်း၏နဝမအဆင့်ကို ဖြတ်ကျော်နိုင်ရန်အတွက်အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။

ဤအချင်းအရာကိုမြင်သောအခါ ရှန့်ကွမ်းရှိုး၏မျက်နှာသည် ပြောင်းလဲသွားသည်။ သူ၏ဘယ်ဘက်လက်ဖြင့် မုဒြာပုံစံ ပြုလုပ်လိုက်ပြီး နောက်ထပ်မှော်ပစ္စည်းများကိုဖန်တီး၍ နဂါးငွေ့တန်းပင်လယ်အစုအဝေးထဲသို့ထပ်ထည့်လိုက်သည်။

မန်ဟို၏ဓားပျံများသည် နဂါးငွေ့တန်းပင်လယ်ကို ဆက်တိုက်ထိခိုက်သံများဖြင့် ဆူညံနေသည်။ အသံများသည် နေရာတိုင်းတွင် ပဲ့တင်ထပ်နေသော်လည်း နဂါးငွေ့တန်းပင်လယ်၏စွမ်းအားမှာလည်းကြီးမားသည်။ ယခုအချိန်တွင် သူသည်အလွယ်တကူရှေ့မဆက်နိုင်ပါ။ ရုတ်တရက် မန်ဟိုသည် ခန္ဓာကိုယ်ကိုလှည့်လိုက်သောအခါ သူ၏ပတ်ဝန်းကျင် ရှိဓားပျံများသည် သူ့ဆီသို့ပြန်လှည့်လာကြသည်။ ထို့နောက် မန်ဟိုကိုဗဟိုပြုကာ လေဆင်နှာမောင်းကဲ့သို့  မြန်မြန်ဆန်ဆန်လည်ပတ်နေကြသည်။ သူ၏ရွေ့လျားမှုကို ရပ်တန့်လိုက်သော်လည်း ဓားပျံလေဆင်နှာမောင်းသည် ပိုမိုမြန်ဆန်စွာဆက်လက်လည်ပတ်နေလေသည်။

အဝေးမှကြည့်လျှင် လျင်မြန်စွာလှည့်ပတ်နေသော လေဆင်နှာမောင်းသည် နဂါးငွေ့တန်းအလယ်၌ ဖြတ်သန်းနေပုံရသည်။ ပြန့်ကျဲနေသော နဂါးငွေ့တန်းသမုဒ္ဒရာအတွင်းရှိ ရတနာများသည် ဓားပျံများ‌ကိုဆက်လက် တိုက်ခိုက်နေသော်လည်း အချိန်အနည်းငယ်ကြာပြီးနောက် ဓားများသည်ရှေ့သို့ဆက်လက်တွန်းထွက်သွားပြီး ပင်လယ်ကို ဖောက်ထွက်လိုက်သည်။

ရှန့်ကွမ်းရှိုး မျက်နှာပျက်သွားလေသည်။ မန်ဟို၏ ကျင့်ကြံမှုအဆင့်နှင့် သူပိုင်ဆိုင်သောမှော်ပစ္စည်းများသည် ထိတ်လန့်စရာ ဖြစ်သည်။ သို့သော်ထိတ်လန့်စရာအကောင်းဆုံးအရာမှာ သူ၏တိုက်ခိုက်ရေးအတွေ့အကြုံဖြစ်သည်။ မန်ဟို၏ မှော်တိုက်ခိုက်ရေးစွမ်းရည်များ လျင်မြန်စွာပြောင်းလဲတိုးတက်မှုသည် ရှန့်ကွမ်းရှိုးအတွက် လုံးဝမယုံနိုင်စရာ ဖြစ်နေသည်။

ပဲ့တင်ထပ်သံများကြားထဲတွင် မန်ဟိုနှင့်သူ၏ဓားပျံများသည် နဂါးငွေ့တန်းပင်လယ်ကိုလျင်မြန်စွာ ဖြတ်သန်းသွားပြီး အပိုင်းအစများပျံ့လွင့်လာသည်။ ပစ်ခတ်နေသောသစ်သားဓားများနှင့်အတူ ရွှေရောင်ကြိုးနှစ်ခုရှေ့သို့ မန်ဟိုသည် ရုတ်တရက် ခုန်ထွက်လိုက်သည်။ ရှန့်ကွမ်းရှိုး၏မျက်နှာတွင် အံ့ဩထိန်လန့်မှုများဖြင့် ဖုံးလွှမ်းသွားသည်။

“မန်ဟို!”  ဟု အော်ပြီးနောက်ဆုတ်လိုက်ကာ သူ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေသည်။ လုံးဝဆန့်ကျင်ဘက်အနေဖြင့် မန်ဟို တိုက်ခိုက်ခံခဲ့ရသောအခါကလည်း မန်ဟိုသည်စကားတစ်ခွန်းမှမပြောခဲ့ပေ။ ယခုအခါလဲထိုကဲ့သို့ပင်ဖြစ်သည်။ သစ်သားဓားနှစ်ချောင်းဖြင့် ပြိုင်ဘက်၏နှလုံးနှင့်နဖူးတို့ကို တိုက်ရိုက်ထိုးနှက်ရန် အမြန်နှုန်းကိုပို၍တိုးမြှင့်ကာ ပြေးဝင်လာသည်။

ရှန့်ကွမ်းရှိုး၏ မုန်းတီးမှုအဆိုးစွန်ဆုံးကိုရောက်နေပြီဖြစ်သည်။ အစပိုင်းတွင် အဆိပ်သင့်ကာ လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီး သူ၏ရတနာများလည်း ပျက်ဆီးဆုံးရှုံးသွားပြီဖြစ်သည်။ အဆိပ်ကိုလည်း သူဖယ်ရှားပစ်လို့မရနိုင်သေးပေ။ အကြောင်းမှာ သူ့၏ကျင့်ကြံမှုအခြေအနေအရ စွမ်းအားကိုအပြည့်အဝ အသုံးမပြုနိုင်သောကြောင့်ဖြစ်သည်။ အဆိပ်များကို ဖယ်ရှားရန် သူ၏စွမ်းအားအချို့ကို အဆက်မပြတ်အသုံးပြုရန် လိုအပ်သည်။ ထိုကြောင့် ယခုအခြေအနေတွင် ဆုတ်ခွာရန်သာတတ်နိုင်တော့သည်။

ရှန့်ကွမ်းရှိုးသည် လက်များကိုလှုပ်ရှားလိုက်ပြီး ရင်ဘတ်ကိုရိုက်လိုက်ကာထွက်လာသော သွေးတစ်ပွက်ကို ပုလဲလုံးပေါ်သို့ အန်ထုတ်လိုက်သည်။ ထို့နောက် ရှန့်ကွမ်းရှိုးသည် သူ၏ရှေ့သို့ဝင်လာသော သစ်သားဓား၂ချောင်းကို တားဆီးရန် အလင်းတန်းကွေးအကာအကွယ်တစ်ခု‌ပြုလုပ်လိုက်သည်။ အကာအကွယ်ဒိုင်းသည် ချက်ချင်းတုန်ခါလာပြီး အစိတ်စိတ်အမွှာမွှာကွဲသွားကာ နောက်ပြန်ဆုတ်နေသော ရှန့်ကွမ်းရှိုးအား တွန်းထုတ်လိုက်သည်။

အကာအကွယ်စည်းပြိုကွဲသွားသည်ကိုမြင်လိုက်ရသောအခါ ရှန့်ကွမ်းရှိုးသည် “မန်ဟို တော်လိုက်ကြရအောင်။ ဂိုဏ်းကြီးသုံးခုက မင်းကိုရှာဖွေနေပြီး ဒီနေ့ငါတို့ရဲ့တိုက်ပွဲဟာ သူတို့အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်။ သူတို့ဘယ်ချိန်မဆို ရောက်လာနိုင်တယ်။ ငါ ဒီတိုင်းပြည်သုံးခုကလူတွေကို မထိခိုက်စေချင်ဘူး။ ငါတို့ရန်ငြိုးကို ရပ်လိုက်ရအောင်၊ မင်းဘယ်လိုသဘောရလဲ”

မန်ဟိုသည်တုံ့ပြန်မှုမရှိပေ။ သူ၏စွမ်းအင်များမြင့်တက်လာပြီး သစ်သားဓားများသည် အကာအကွယ်ဒိုင်းကိုတွန်းကာ ပျံဝဲနေသည်။ ရှန့်ကွမ်းရှိုးသည် ယခုအလွန်အမင်းစိုးရိမ်ထိတ်လန့်နေပြီးဖြစ်သည်။ သူ၏လက်ကို ဝှေ့ယမ်းပြီး တောင်အောက်ကို လက်ညိုးထိုးပြလိုက်သည်။

“မင်းဆက်လုပ်နေရင် ဒီတိုင်းပြည်သုံးခုကလူတွေကိုငါသုတ်သင်ပစ်မယ်!”

“ရှောင်းဟူ!” မန်ဟိုက အော်ပြောလိုက်သည်။ ဒါက တိုက်ခိုက်နေစဉ်အတွင်း သူစကားပြောသော ဒုတိယအကြိမ် ဖြစ်သည်။

သူ၏အော်သံထွက်လာသည်နှင့်အမျှ သွေးနီဥအရောင်ကို တောင်ခြေတွင်တွေ့မြင်လိုက်ရသည်။ ဦးခေါင်းအရွယ် သွေး လုံးတစ်လုံးပေါ်လာပြီး ပေါက်ကွဲလုနီးပါးကြီးလာသည်။ အားအင်ချည့်နဲ့နေသော ပုံသဏ္ဍာန်သည်  ရှောင်းဟူ မှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။ အံကြိတ်လိုက်ပြီးသူသည်ပုလဲတစ်လုံးကိုလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။

ပုလဲကို သွေးလုံးဆီသို့ပစ်လွှတ်လိုက်သောအခါ  ကြီးထွားမှုကိုရပ်တန့်စေသော အတားအဆီးတစ်ခုအဖြစ် လျင်မြန်စွာလှည့်ပတ်သွားသည်။

“မန်ဟို ငါ ဒါကို အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်လောက်ပဲ ငါတောင့်ခံနိုင်မယ်!” ဟုပြောနေရင်းပင် ရှောင်းဟူသည် သွေးတစ်ပွက်အန်လိုက်ပြီး မုဒြာပုံစံပြုကာ ထိုင်ချလိုက်သည်။

ထိုအဖြစ်အပျက်ကိုမြင်သော ရှန့်ကွမ်းရှိုးသည် ပိုပြီးစိတ်လှုပ်ရှားမှုများနှင့်တုန်ခါနေသည်။ သို့သော်ဘာမှပင် မလုပ်နိုင်လိုက်ပေ။ ဝုန်းခနဲမြည်သံနှင့်အတူ အကာအကွယ်အလွှာပြိုကျသွားပြီး ရှန့်ကွမ်းရှိုး၏ ပုလဲမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။ မန်ဟိုနောက်မှသစ်သားဓားများသည်လည်းနောက်တစ်ဖန် ရှေ့သို့တိုးလာပြီးသတ်ဖြတ်လိုသော အရှိန်အဝါများထွက်ပေါ်နေသည်။

ရှန့်ကွမ်းရှိုး၏ပါးစပ်မှ သွေးများထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိတဲ့အဆိပ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့နောက် ပေါက်ကွဲ သွားပြီး သူ၏မျက်နှာပေါ်တွင်ဝမ်းနည်းဖွယ်အပြုံးဖြင့်ဆုတ်ခွာလိုက်သည်။

“ကောင်းကင်ကငါ့ကိုအကူအညီမပေးဘူး။” ဟု ရှန့်ကွမ်ရှိုူးကခါးသီးစွာရယ်မောသံနှင့်ပြောလိုက်သည်။ “မန်ဟို ငါဒီစစ်ပွဲကိုမရှုံးဘူး။ ပြီးတော့မင်း…မင်းရဲ့ချီဓာတ်ကျင့်ကြံမှုတွေကို ငါဖျက်ဆီးပစ်မယ်လို့ ငါကျိန်ပြောရဲတယ်!” သူ၏အပြုံးတွင်အကူအညီမဲ့မှုများနှင့်အတူ ပြင်းထန်သောမကျေနပ်မှုများပါရှိသော်လည်း စိတ်ပျက်အားငယ်ခြင်းတော့ မဖြစ်ပေ။ သို့သော်လည်း မကျေနပ်မှုနှင့် အကူအညီမဲ့မှုတို့ကစိတ်ပျက်အားလျော့မှုကိုပိုမိုဖြစ်ပေါ်စေသည်။

ရှန့်ကွမ်းရှိုးသည် ဘယ်ဘက်လက်ဖြင့် သိုလှောင်အိတ်ကိုပုတ်လိုက်သည်။ သူ့ဆီပြေးဝင်လာသော သစ်သားဓားများကိုလျစ်လျူရှုပြီး ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ ဆေးလုံးကိုထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် အနီးအနားရှိစွမ်းအင်များ တဟုန်ထိုးတက်လာပြီး ဆေးအနံ့သည် ပြင်းထန်စွာထွက်ပေါ်လာသည်။  ထို့နောက် ခါးသီးစွာရီမောလိုက်ပြီး ဆေးလုံးကို မျိုချလိုက်သည်။

မန်ဟိုသည်ဆေးလုံးကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် ပယင်းရောင်ရှိပြီး ချီအခြေတည် ခြင်းဆေးတစ်မျိုးသာဖြစ်သည်။ မျက်နှာပြင်ပေါ်တွင်တံဆိပ်ခတ်ထားပြီး ထိုဆေးလုံးသည် သူထျန်းဟယ်ဖန်းမြို့ မှာရောင်းခဲ့သော ချီအခြေတည်ခြင်းဆေးလုံးပင်ဖြစ်သည်။

“ငါ ရှန့်ကွမ်းရှိုး ခုနစ်နှစ်အရွယ်မှာ စဦးချီဖွဲ့စည်းခြင်း ပထမဦးဆုံးအဆင့်ရောက်တယ်” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ “အသက်သုံးဆယ်မှာ ဆဌမအဆင့်ရောက်တယ်။ သုံးဆယ့်ကိုးနှစ်ရောက်တော့ ငါနဝမအဆင့်ရောက်နေပြီ။ ဒီနေ့ ငါအသက်ကိုးဆယ်ကိုးနှစ်ရှိပြီ။” သူသည် မန်ဟိုကိုပင်မကြည့်ပဲကောင်းကင်သို့ငေးကြည့်ပြီးပြောလိုက်သည်။ ထိုအချိန်ခဏလေးတွင် သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများ မြင့်တက်လာသည်။ သူသည် ချီအခြေတည်ဆေးကို အပြည့်အဝစုပ်ယူသည်အထိမလှုပ်ရှားပဲငြိမ်သက်စွာနေနေလိုက်သည်။

သို့သော် ရှန့်ကွမ်းရှိုးသည်အားနည်းနေသော်လည်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားမှာကြီးမားလာသည်။  စဦးချီဖွဲ့စည်းခြင်း နဝမအဆင့်၏ စွမ်းအားထက်များစွာပိုနေသည်။ သူသည် ချီအခြေတည်ခြင်းအဆင့်သို့ မြင့်တက်လာသည်နှင့်အမျှ သစ်သားဓားနှစ်ချောင်းသည် သူ၏ခန္ဓာကိုယ်မှ ၇ လက်မခန့်အကွာတွင် တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။

မန်ဟို၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ပြိုင်ဘက်၏ စွမ်းအင်များပိုမိုအားကောင်းကြီးထွားလာသည်ကို ခံစားသိရှိနေသည်။ တာ့ချင်းတောင်တွင် ရှန့်ကွမ်းရှိုးသည် ချီအခြေတည်ခြင်းကိုလုပ်နိုင်ခဲ့ပြီ။ မန်ဟို၏အမူအရာများ ပြောင်းသွားသည်နှင့် ရှောင်းဟူသည် ပို၍ပင် ပြောင်းလဲသွားသည်။

“ငါ ချီအခြေတည်ခြင်းအဆင့် ကိုလွန်ခဲ့တဲ့အနှစ် ၅၀ ကတည်းကကျင့်ကြံနိုင်ခဲ့တာ။” ဒါပေမယ့် ငါမလိုချင်ခဲ့ဘူး။ ငါ အက်ကြောင်းရာကိုးခုရှိတဲ့ပြည့်စုံသောချီအခြေတည်ခြင်းအဆင့်ထက် သာလွန်ပြီးကမ္ဘာမြေကို ကိုင်လှုပ်နိုင်တဲ့ လုံးဝပြီးပြည့်စုံသော အခြေတည်ခြင်းအဆင့်ကိုပဲ လိုချင်တာ။ အဲဒီအဆင့်ကိုရဖို့ နှစ်ပေါင်း၅၀လောက် ပြင်ဆင်ခဲ့ရတာ။ ဒါပေမယ့် ဒီနေ့... ဝမ်းနည်းစရာကောင်းတာက ငါဒဏ်ရာရပြီး အဆိပ်သင့်ခဲ့တယ်။ ငါ ချီအခြေတည်ခြင်းအဆင့်ကိုမရောက်ရင် ငါသေမှာ သေချာတယ်။ ငါရဲ့အနှစ်ငါးဆယ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ နောက်ဆုံးခြေလှမ်းကို မင်းဖျက်ဆီးလိုက်တာ။ မန်ဟို! မင်းကိုငါဘယ်လောက်မုန်းသလဲသိလား” ဟု ရှန့်ကွမ်းရှိုးက မန်ဟိုကိုငေးကြည့်ရင်းပြောလိုက်သည်။ သူသည်အံမကြိတ်ထားပဲ မျက်နှာမှာ အေးဆေးတည်ငြိမ်နေသော်လည်း မျက်လုံးများသည် အရိုးများနှင့်နှလုံးသားထဲထိတိုင် ပြင်းထန်သောမုန်းတီးမှုများနှင့်ပြည့်နှက်နေသည်။

မန်ဟိုစိတ်ထဲလှုပ်ရှားလာပြီး သေခြင်းတရား၏ အငွေ့အသက်များကိုခံစားလိုက်ရသည်။ သို့သော်သူနောက်မဆုတ်ပေ။ မျက်လုံးများတောက်ပနေကာ ချီအခြေတည်ခြင်း ဆေးလုံးကိုသူသုံးခဲ့သည့် အတွေ့အကြုံကို ပြန်စဉ်းစားမိသွားသည်။ သူနှစ်လလောက်မလှုပ်ရှားနိုင်ခဲ့ပေ။

“ငါ စဦးချီဖွဲ့စည်းခြင်းအဆင့်မှာတုန်းက နှစ်လကြာတယ်” ဟုမန်ဟိုတွေးလိုက်သည်။ “ရှန့်ကွမ်းရှိုးကတော့ နဝမအဆင့်အမြင့်ဆုံးသို့ ရောက်နေတာ အနှစ် ၅၀ ရှိနေတာကြောင့် စွမ်းအင်ကိုပိုမိုလျှင်မြန်စွာစုပ်ယူနိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် နည်းလမ်းတစ်ခုရှိကိုရှိရမယ်။” မန်ဟို မျက်လုံးများတောက်ပလာပြီး လွင်ပြင်အားဖြည့်ဆေးလုံးကိုထုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှစွမ်းအင်မြင့်တက်လာသည်နှင့် သစ်သားဓားနှစ်ခုဆီသို့ လက်ကိုဝှေ့ယမ်း လိုက်သည်။

သစ်သားဓားနှစ်ချောင်းတုန်ခါလာပြီး အစွမ်းထက်သောစွမ်းအင်များကို လေထဲထုတ်လွှတ်လိုက်သည်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ ရှန့်ကွမ်းရှိုးနဲ့ ပိုနီးကပ်လာသည်။ သို့သော် ဓား ၂ ချောင်းသည်သူ့ထံမှသုံးလက်မခန့်အကွာတွင် တဖြည်းဖြည်းရပ်တန့် သွားသည်။ ဒါကမန်ဟို၏ကန့်သတ်ချက်ဖြစ်သည်။ စွမ်းအင်အလုံအလောက်မရှိပဲနှင့် ဓားကိုထပ်မံလှုပ်ရှားစေနိုင်တော့မှာမဟုတ်ဘူး။

“မင်းရဲ့ကိုယ်ပိုင်ကန့်သတ်ချက်တွေကို မင်းကိုယ်တိုင်တောင် မသိဘူးပဲ။” ဟုရှန့်ကွမ်းရှိုးက ရီမောရင်းဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့အနှစ် ၅၀ က တည်းက ချီအခြေတည်ခြင်းကို ငါကျင့်ကြံနိုင်ခဲ့တယ်။ ငါရဲ့ ကျင့်ကြံမှု အခြေခံပြည့်စုံမှုကြောင့် ဒီဆေးပြားကို တစ်နာရီမပြည့်ခင်မှာ စုပ်ယူနိုင်လိမ့်မယ်။ အခုမင်းထွက်ပြေးတာ အကောင်းဆုံးပဲ။ ဒါပေမယ့် ကမ္ဘာအဆုံးတိုင်အောင်ပြေးနိုင်ရင်တောင်မှ မင်းသေမှာပဲလို့ ငါပြောရဲတယ်။” ဟုမန်ဟိုကိုငေးကြည့်နေရင်း မုန်းတီးမှုများဖြင့် အကြိမ်ပေါင်းများစွာ သတ်လိုသောစိတ်များဖြစ်ပေါ်နေတော့သည်။

***

All Chapters