← Chapters

ရှေးလမ်းဟောင်းတစ်ခုပြန်ပေါ်လာခြင်း

Vol. 6 Ch. 75

ရှေးလမ်းဟောင်းတစ်ခုပြန်ပေါ်လာခြင်း

Vol. 6 Ch. 75

မန်ဟို၏မျက်နှာမှာ အေးဆေးပင်ဖြစ်သည်။ ရှန့်ကွမ်းရှိုးနှင့် ၃လက်မအကွာတွင်ရပ်တန့်နေသော သစ်သားဓားနှစ်ချောင်းကို ကြည့်နေသည်။ ထို၃လက်မသည် မန်ဟိုအတွက် လက်ရှိကျင့်ကြံမှုအခြေခံအဆင့်ဖြင့် ဖြတ်ကျော်မရနိုင်သော ကြီးမားသောချောက်ကြီးနှင့်တူနေလေသည်။

လက်ရှိအချိန်တွင် ရှန့်ကွမ်းရှိုးအားစဦးချီဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦးအဖြစ်မှတ်ယူ၍မရတော့ပေ။ သူသည် ချီအခြေတည်ခြင်းနှင့်ဝေးကွာနေသေးသော်လည်း အမြူတေကန်တွင် တာအိုကျင့်ကြံမှု မှတ်တိုင်ဖြစ်ပေါ်နေပြီဖြစ်သည်။ မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်း၏ နဝမအဆင့်တွင်ရှိသော်လည်း ရှန့်ကွမ်းရှိုးနှင့်နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသဖြင့် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ချီအခြေတည်ခြင်းအဆင့်နှင့်စဦးချီဖွဲ့စည်းခြင်း အဆင့်၂ခုအကြား ကွာဟချက်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။ ကောင်းကင်၏အလိုတော်နှင့် ဆန့်ကျင်သောထူးခြားဖြစ်စဉ်များမှအပ စဦးချီဖွဲ့စည်းခြင်းအဆင့်တွင် ရှိသူတစ်ယောက်သည်   ချီအခြေတည်ခြင်းအဆင့်တွင်ရှိနေသူတစ်ယောက်အား သတ်ရန်ဘယ်လိုမှမဖြစ်နိုင်ပေ။

သူတို့နှစ်ဦးအကြားပြိုင်ပွဲသည် ကလေးနှင့်ခွန်အားကြီးသောလူကြီးအကြား ပြိုင်ပွဲတစ်ခုနှင့် တူသည်။ လူကြီးတစ်ယောက်သည် အားနည်းသွားလျှင်တောင်မှ လက်တစ်ချက်လှုပ်လိုက်ရုံနှင့်ပင် ကလေးငယ်ကို သတ်ပစ်နိုင်သေးသည်။

ယနေ့ မန်ဟို၏ရှေ့တွင် ချီအခြေတည်ခြင်းအဆင့်ကျင့်ကြံသူ မပေါ်လာမှီတစ်နာရီခန့်သာ အချိန်ရှိတော့သည်။ သူ့အတွက် အခွင့်အရေးအလွန်နည်းနေပြီဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၌အခွင့်အရေးလုံးဝမရှိတော့ပါ။

အချိန်များကုန်လွန်လာသည်နှင့်အမျှ သေမင်း၏အရိပ်က ပိုမိုနီးကပ်လာနေသည်။ မန်ဟိုသည်အချိန်တိုအတွင်း ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့လျှင်တောင် သွားစရာနေရာမရှိပဲ နဂါးငွေ့တန်း၏ အဝေးဆုံးထောင့်တစ်နေရာတွင် ရှိနေရင်တောင်မှ သေခြင်းမှလွတ်မြောက်နိုင်မည်မဟုတ်ပါ။

“ငါဘာလုပ်သင့်လဲ……” ဟုတွေးရင်း မန်ဟိုမျက်လုံးများနီရဲလာသည်။ သူသည် အလွယ်တကူ ကြောက်လန့်တတ်သူတစ်ယောက် မဟုတ်သော်လည်း တောင်ခြေတွင်ရှိသောရှောင်းဟူ၏မျက်နှာမှာ ဖြူဖျော့လာသည်။ ကြည့်နေရင်းပင် ရှောင်ဟူသည် အံကိုတင်းစွာကြိတ်လိုက်လေသည်။

“မန်ဟို!” ဟုအော်လိုက်သည်။ ရှောင်ဟူသည် သူ၏လက်ချောင်းများကိုမုဒြာပုံစံပြုလုပ်လိုက်ပြီးနောက် ရင်ဘတ်အားရိုက်လိုက်သည်။ သွေးများကိုအန်ထုတ်လိုက်ပြီးနောက် အနီရောင်တိမ်များအဖြစ်သို့ပြောင်းလဲသွားသည်။ “ဒီပုလဲကငါ့ဘဝပါ။ ကျေးဇူးပြုပြီး ငါ့ကိုကူညီခွင့်ပေးပါ။” ဟုပြောပြီးခြင်းပင် သူမေ့မြောသွားလေသည်။ ပုလဲလုံးသည် ရှောင်းဟူ၏သွေးတိမ်များကို စုပ်ယူလိုက်ပြီး အနီရောင်တောက်ပလာသည်။ သွေးဆဲလ်ကိုအကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် မန်ဟိုဆီသို့ ရုတ်တရက်ပစ်ခတ်လိုက်သည်။ မန်ဟိုဆီသို့ရောက်သောအခါ အလင်းသည် ပိုမိုအားကောင်းလာပြီး မြူဆိုင်းနေသောအလင်းသည် မန်ဟိုအားဖုံးအုပ်သွားသည်။

ထိုအချိန်တွင် မန်ဟို၏စိတ်နှလုံးသည် ထူးဆန်းသောခံစားမှုတစ်ခုဖြင့် ပြည့်နှက်လာသည်။ ချီဓာတ်အတွင်းအားများ ရုတ်တရက်မြင့်တက်လာသကဲ့သို့ခံစားလိုက်ရသည်!။

ခန္ဓာကိုယ်တွင်းရှိရွှေအမြူတေသည် ရိုက်ခတ်လှုပ်ရှားလာပြီး ချက်ချင်းဆိုသလို အရွယ်အစားမှာ ရုတ်တရက်နှစ်ဆဖြစ်လာသည်။ အကန့်အသတ်မရှိသောစွမ်းအားများကြောင့် ကိုယ်ခန္ဓာမှာ ပေါက်ကွဲသကဲ့သို့ ထင်ရသည်။

မန်ဟို၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့် ရုတ်တရက်တောက်ပနေပြီး သူ၏ပုံသဏ္ဍာန်မှာ သာမန်ထက်ထူးခြားနေသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာအမြူတေသည် မပြောင်းလဲသော်လည်း အလျင်အမြန်လှည့်ပတ်သွားနေသည်။ ထိုစဉ် မန်ဟို ၏ခန္ဓာကိုယ်သည် အားကောင်းသောစိတ်စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး စိတ်ထဲသို့ ချီအမျှင်တန်းလေးတစ်ခုသည် လျှပ်စီးသကဲ့သို့ စီးဝင်လာသသည်။

ချီဓာတ်သည် စဦးချီဖွဲ့စည်းခြင်း၏ပထမအဆင့်သို့ရောက်သောအခါ သူခံစားခဲ့ရသည့်အတိုင်း အပ်ချည်ကြိုးတစ်ချောင်း ကဲ့သို့အားနည်းနေသည်။

မန်ဟိုမသိလိုက်သောအချက်သည် သူ့၏စိတ်နှလုံးထဲရှိချီဓာတ်ကြိုးသည် ချီအခြေတည်ခြင်းအဆင့် ရှိသင့်သည့်အရာ ဖြစ်သည်။ စိတ်ဝိညာဉ်အာရုံ!

ရှန့်ကွမ်းရှိုးသည် ချီအခြေတည်ခြင်းအဆင့်သို့ လုံးဝမရောက်သေးသောကြောင့် သူသည်ပင် ထိုအရာကို မရရှိနိုင်သေးပါ။

မန်ဟိုသည် ချီအခြေတည်ခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ ထိုအစား သူသည်စဦးချီဖွဲ့စည်းခြင်းအဆင့် ၁၀ သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှတစ်ဆင့် အသံများထွက်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ အခြားသူများထက် ပိုမိုမြင့်မားသောအဆင့်သို့ရောက်ရှိလာသောကြောင့် မကောင်းသောအရာများမှာ သူ၏ခန္ဓာကိုယ်တွင်းမှ အကုန်အစင် ထွက်သွားသကဲ့သို့ခံစားလိုက်ရသည်။

စဦးချီဖွဲ့စည်းခြင်းဒသမအဆင့်!

မန်ဟို၏ခေါင်းမှာတဝီဝီမြည်၍ချာချာလည်နေပြီး မျက်စိတမှိတ်အတွင်း၌ သူ၏ခန္ဓာကိုယ်သည် ပို၍ အားကောင်းလာ လေသည်။ သူသည် စိတ်ဝိညာဉ်အာရုံ ကိုရခဲ့ရုံသာမက သူ၏ခန္ဓာကိုယ်သည် အံ့ဩဖွယ်ကောင်းလောက်အောင် ပိုမိုအားကောင်းလာခဲ့သည်။

ကျင်ကြံခြင်းလောကတွင် စဦးချီဖွဲ့စည်းခြင်း ဒသမအဆင့်ကိုတွေ့ရခဲသည်။ အမှန်တကယ်တော့ လွန်ခဲ့သောနှစ်များ တစ်လျှောက် မျိုးဆက်တစ်ခု၏ အကြီးအကဲများသည် အဆင့် ၁၀ ၊ အဆင့် ၁၁ နှင့် အဆင့် ၁၂ များ ရှိ မရှိ ဆုံးဖြတ်ရန် စဦးချီဖွဲ့စည်းခြင်းအဆင့်နှင့် ပတ်သက်၍ လေ့လာခဲ့ကြသည်။

ဖြစ်နိုင်ချေအရ‌တော့ အချို့သော ရှေးဟောင်းစာအပိုင်းအစများတွင် ထိုအဆင့်များကို ဖော်ပြခဲ့ကြသည်။ ရှေးခေတ်အချိန်များတွင် စဦးချီဖွဲ့စည်းခြင်းအဆင့်မှာ စုစုပေါင်းအဆင့် ၁၃ ဆင့် ရှိခဲ့သည်! ဒဏ္ဍာရီများအရ ရှေးခေတ် အချိန်များကပင် ဒသမအဆင့်သို့ရောက်ရန်ခဲယဉ်းပြီး  ၁၁ ဆင့်မှာပို၍ပင် ရှားပါးခက်ခဲခဲ့သည်။ အဲဒီအဆင့်ကိုရောက်တဲ့ လူတစ်ယောက်သည် လောကကြီးတစ်ခုလုံးကိုလှုပ်ခတ်သွားစေနိုင်သည်။

ယနေ့ခေတ် ကျင့်ကြံသူလောကတွင် စဦးချီဖွဲ့စည်းခြင်း အဆင့် ၁၀ သည် ဒဏ္ဍာရီတစ်ခုမျှသာဖြစ်သည်။

နှစ်များတစ်လျှောက် မျိုးဆက်တစ်ခု၏ အကြီးအကဲများသည် အစဉ်အဆက်အားဖြင့် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် အများသဘောတူညီမှုရရှိခဲ့သည်။ ရှေးခေတ်က စဦးချီဖွဲ့စည်းခြင်း အဆင့် (၁၃) ဆင့်ရှိခဲ့သည်။ သို့သော် နဝမအဆင့်ကို ကန့်သတ်ချက်အဖြစ် သတ်မှတ်ထားခဲ့သည်။ ဒသမအဆင့်နှင့်အထက်သည် ကောင်းကင်၏ အလိုတော်နှင့်အညီ ပိတ်ပင်လိုက်သည်။ ထိုအချိန်မှစ၍ အဆင့် ၉ ဆင့်သာရှိတော့သည်။

အခြားအယူအဆတစ်ခုမှာ စိတ်ပျက်ဖွယ်ရာဟုအများကပယ်ချခဲ့ကြသည်၊ ထိုအရာမှာ ကောင်းကင်၏ အလိုတော်ဟောင်းသည်သေပြီး ကောင်းကင်အလိုတော်အသစ်ပေါ်ထွက်လာပြီ ဟူ၍ဖြစ်သည်။ ကောင်းကင်အလိုတော် အသစ်သည် စဦးချီဖွဲ့စည်းခြင်း (၉) ဆင့်ကိုသာအတည်ပြုပြီး၊ ဒသမအဆင့်၏ လမ်းကြောင်းကို ချိုးဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒသမအဆင့်လမ်းကြောင်းကပဲ ကောင်းကင်ဘုံကိုတိုက်ခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်နှင့်မြေကြီး၏သဘာဝစွမ်းအင်များကို အလုံအလောက်စုဆောင်းနိုင် ပါက စဦးချီဖွဲ့စည်းခြင်းအဆင့်၏ ဒသမအဆင့်သို့ရောက်ရန် လမ်းကိုဖော်ထုတ်နိုင်ပြီ ဖြစ်သည်။

ထိုလမ်းကြောင်းသည်အဓိကကျသည်။ ကံမကောင်းစွာဖြင့် ရှေးအချိန်ကတည်းကပင် ချိုးဖောက်ခံခဲ့ရသော ထိုလမ်းကြောင်းသည် တည်ရှိနေခဲ့သည်။

သို့သော်ယနေ့ မန်ဟို၏ခန္ဓာကိုယ်ထဲတွင် အဆင့် ၁၀ ဖြစ်ပေါ်လာသည်ကို သူကိုယ်တိုင် သာမက ရှန့်ကွမ်းရှိုးပါ အံ့အားသင့်စရာဖြစ်နေသည်။ သူ့ ရှေ့တွင်ရှိသော မန်ဟိုသည် ဒဏ္ဍာရီထဲတွင်သာရှိသော  စဦးချီဖွဲ့စည်းခြင်းအဆင့် ၁၀ ကို အမှန်တကယ်ဝင်ရောက်သွားပြီဆိုတာ မည်သို့ယုံကြည်နိုင်မည်နည်း။

“မဖြစ်နိုင်ဘူး... စဦးချီဖွဲ့စည်းခြင်းဒသမအဆင့်ဟာဒဏ္ဍာရီတစ်ခုပဲ” “ဒဏ္ဍာရီများအရ စဦးချီဖွဲ့စည်းခြင်း၏ ဒသမအဆင့်သည် ခန္ဓာကိုယ်ခိုင်ခံ့သောအဆင့်ဖြစ်တယ်… ဒါဟာစာထဲမှာပဲရှိပြီး ရှေးခေတ်အချိန်ကပင် ဒီလိုအောင်မြင်ဖို့အလွန်ရှားပါးခဲ့တာ။ မဖြစ်နိုင်ဘူး!” ဟု တွေးရင်းရှန့်ကွမ်းရှိုး၏မျက်နှာမှာ မယုံကြည်နိုင်မှုများ နှင့်ပြည့်နေလေသည်။

ရှောင်းဟူသာ သတိလစ်မနေပါက သူလည်းထိတ်လန့်သွားပေလိမ့်မည်။ ပုလဲလုံးသည် သူ၏ပိုင်ဆိုင်မှုဖြစ်ပြီး အသက်စွမ်းအားဖြင့်ဖွဲ့စည်းထားသော်လည်း သူအပေါ် မည်သို့မျှတုန်လှုပ် အကျိုးသက်ရောက်မှုမရှိခဲ့ပါ။ မည်သည့်အဆင့်၌ပင်ရှိစေကာမူ ၎င်းပုလဲလုံးသည် မန်ဟိုကို အဆင့်၏ ထက်ဝက်နှင့်ညီမျှသော စွမ်းအားအဆင့်ကို ပိုင်ဆိုင်ခွင့်ပြုခဲ့သည်။

ဥပမာအားဖြင့် ရှောင်းဟူသည် ယခု စဦးချီဖွဲ့စည်းခြင်း၏ ပဉ္စမအဆင့်တွင် ရှိသော်လည်း စွမ်းအားအရ သူသည် ဆဌမအဆင့်ကို ကျော်လွန်သွားပြီဖြစ်သည်။

မန်ဟို၏ဆံပင်များသည်လွင့်ပျံနေပြီး မျက်လုံးများလည်း တောက်ပနေသည်။ သူအသက်ပြင်းပြင်းရှူလိုက်သောအခါ ဖြတ်သန်းသွားသောကြီးမားသည့်စွမ်းအားကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲရှိချီဓာတ်ကို ကြွက်သားများနှင့်သွေးများ မှတဆင့် ရွေ့လျားနေသည်ဟု ခံစားနေရသည်။ ယခု သူသည် အားနည်းနေတာမဟုတ်ခဲ့ကြောင်းကို သိလိုက်သည်။

ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိသည်။ သူသည် စဦးချီဖွဲ့စည်းခြင်းဒသမအဆင့် သို့ရောက်သည်နှင့်တပြိုင်နက် ကောင်းကင်သည် သူ့အားမည်သည့်ဆက်နွယ်မှုကိုမဆို ချက်ချင်း ပြတ်တောက်သွားစေသည်။ ဆက်နွယ်မှု လုံးဝဖြတ်တောက်ခံလိုက်ရသည့်အတိုင်းပင် ကောင်းကင်နှင့်ကမ္ဘာမြေ၏ မည်သည့်စွမ်းအားကိုမှ မခံစားနိုင်တော့ပါ။ သူ သည် အာဟာရလိုအပ်နေသော မွေးကင်းစကလေးလိုခံစားလိုက်ရသည်။… သို့သော် ငြင်းပယ်ခံလိုက်ရ‌လေသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် အားနည်းသောပုံသဏ္ဌာန်ရှိနေဆဲ ဖြစ်သော်လည်း အမှန်တကယ်တွင် လုံလောက်သောခွန်အားနှင့်ပြည့်နှက်နေပြီး မြို့ရိုးကိုပင် ထက်ဝက်ချိုးပစ်နိုင်သကဲ့သို့ ခံစားနေရသည်။

အခုအချိန်မှာတော့ အရာအားလုံးကိုစဉ်းစားဖို့အချိန်မရှိဘူး။ သူသည် ရှန့်ကွမ်းရှိုး၏မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုတို့ကို ကြည့်ရင်း မျက်လုံးများကို မှေးစင်းလိုက်သည်။ ထိုနောက် မန်ဟိုသည်အသက်ပြင်းပြင်းရှူလိုက်ပြီး သစ်သားဓားများဆီသို့လက်ညှိုးထိုးကာ ညာလက်ကိုမြှောက်လိုက်သည်။

ထိုတွင် မန်ဟို၏စဦးချီဖွဲ့စည်းခြင်းဒဿမအဆင့်ဖြစ်သော စိတ်အာရုံနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များအားလုံး ပါဝင်နေပေသည်။

ဤသည်မှာ မန်ဟို၏ စွမ်းအားအပြင်းဆုံးတိုက်ခိုက်မှုဖြစ်သည်။ တကယ်တော့ဒီတိုက်ခိုက်မှုဟာ ကျိုးပြည်နယ်ရှိ စဦးချီဖွဲ့စည်းခြင်းကျင့်ကြံသူအားလုံးအနက် အစွမ်းထက်ဆုံးသောတိုက်ခိုက်မှုဖြစ်နိုင်သည်။

သစ်သားဓားကိုပုတ်လိုက်သည်နှင့် ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ သစ်သားဓားသည် သုံးလက်မအကွာအဝေးမှ တဆင့်ရှန့်ကွမ်းရှိုး၏ ရင်ဘတ်သို့ နက်ရှိုင်းစွာထိုးဝင်သွားတော့သည်။ ရှန့်ကွမ်းရှိုး၏ ရင်ဘတ်တစ်လျှောက်လုံးသို့ ထိုးဝင်သွားသောအချိန်တွင် သွေးများစီးကျလာပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

ရှန့်ကွမ်းရှိုး၏ ခန္ဓာကိုယ်သည် လှုပ်ခါနေပြီး မရွေ့လျားနိုင်ပေ။ ဓားဒဏ်ရာမှနေ၍ ဝိညာဉ်စွမ်းအင်အမြောက်အများ ဆုံးရှုံးနေသည်ကိုခံစားလိုက်ရသောအခါ မျက်လုံးများတုန်လှုပ်သွားသည်။ မျက်စိတမှိတ်အတွင်းမှာပင် ချီအခြေတည်ခြင်းနှင့်အတူ စွမ်းအင်စိမ့်ထွက်မှုသည် တပြိုင်ထဲဖြစ်ပေါ်လာလေသည်။ ယခုတော့ ချီအခြေတည်ခြင်း အဆင့်သို့ရောက်ရှိရန် အချိန်များစွာကြာတော့မည်ဖြစ်သည်။

ထိုအချိန်တွင် မန်ဟိုသည်လက်ကိုထပ်မံမြှောက်လိုက်ပြီး အခြားသစ်သားဓားကို ပုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှန့်ကွမ်းရှိုး၏လည်ပင်းဆီသို့ တဟုန်ထိုးရှေ့ဆက်သွားတော့သည်။

“မန်ဟို မင်းငါ့ကိုမသတ်ရဲပါဘူးကွာ…….” ဟု ပြောရင်းရှန့်ကွမ်းရှိုးမှာ အလွန်ပင်ထိတ်လန့်တုန်လှုပ်နေသည်။ ယခင်က သူ၏ မာနထောင်လွှားခြင်းနှင့်သတ်ဖြတ်လိုခြင်းရည်ရွယ်ချက်များပျောက်ကွယ်သွားပြီး သေခြင်းကိုရှောင်ရှားရန်သာ အလွန်အမင်း ကြိုးစားအားထုတ်နေရသည်။

မန်ဟို ဘာမှမပြောသေးပေ။ သူ၏မျက်လုံးများအားမှိတ်ပြီး ရှန့်ကွမ်းရှိုး၏လည်ပင်းထဲသို့ ဓားကိုထိုးသွင်းလိုက်သည်။ လည်ပင်းကိုထိုးဖောက်လိုက်သည့်အချိန်တွင် ရှန့်ကွမ်းရှိုးသည် ခေါင်းကိုဘေးတိုက်ကြည့်ကာ မဖြစ်နိုင်သည့်ပုံစံဖြင့် ရုတ်တရက်လှည့်ကြည့်လိုက်သည်။ သစ်သားဓားသည် သွေးများထွက်နေသော ဒဏ်ရာကို ထိုးခွဲလိုက်သော်လည်း သူ့အား မသတ်သေးချေ။

ကြောက်စိတ်သည်  ရှန့်ကွမ်းရှိုးအား လွှမ်းခြုံထားလေသည်။ အင်အားများလည်းမှေးမှိန်လာပြီး သူ၏ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီဟုသူခံစားလိုက်ရသည်။ သူ၏စွမ်းအင်များကုန်ဆုံးလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာအနည်းငယ် ပို၍တုံ့ပြန်မှုတိုးလာသည်။

“မန်ဟို ငါတို့ကြားမှာ ဖြေရှင်းမရနိုင်တဲ့ မုန်းတီးမှုတွေရှိတယ်။ မင်းငါ့ကိုလွှတ်ပေးမယ်ဆိုလျှင် မြင့်မြတ်သော ဝိညာဉ်တော်ကျမ်းစာပေးမယ်……။” ဟုရှန့်ကွမ်းရှိုးကပြောလိုက်သည်။ ရှန့်ကွမ်းရှိုးအတွက်ကြောက်လန့်စရာ ထပ်မရှိတော့ပေ။ သူစကားပြောနေစဉ်မှာပင် သစ်သားဓားနှစ်ချောင်းသည် နောက်ကျောကိုဝိုင်းပတ်ထားကာ ရင်ဘတ်ကို ထိုးဖောက်သွားပြီး နေရာအနှံ့သွေးများပန်းထွက်လာလေသည်။ ရှန့်ကွမ်းရှိုးဆီမှအကူအညီမဲ့နေသာအော်သံထွက် ပေါ်လာလေသည်။

မန်ဟို သည် မြင့်မြတ်သော ဝိညာဉ်တော်ကျမ်းစာကို နည်းနည်းမှစိတ်မဝင်စားပေ။ သူ၏မျက်လုံးများသည် အရင်ကဲ့သို့ မာကျောနေဆဲပင်ဖြစ်သည်။ “ရှန့်ကွမ်းရှိုးပြောတာသူ့အတွက်ဘာမှအရေးမကြီးပေ၊ သူလုံးဝသေသွားတဲ့အထိ တိုက်ခိုက်မှုကိုရပ်မှာမဟုတ်ဘူး။”

ဒါ မန်ဟိုပဲ.. သူ ဆုံးဖြတ်ချက်ချပြီးတာနဲ့ အလွယ်တကူ စိတ်ကိုပြောင်းလဲလိမ့်မည်မဟုတ်ပေ။

***

All Chapters