အတိုင်းထက်အလွန်ပြည့်စုံနေခြင်း
Vol. 6 Ch. 76
သစ်သားဓါးနှစ်လက်သည် ရှန့်ကွမ်ရှိုး၏ ခေါင်းကို လက်၀ဲမှတစ်လက် လက်ယာမှတစ်လက် မန်ဟို၏ သတ်ချင်စိတ်နဲ့အတူ ၀ဲပျံနေ၏။ ဤတစ်ကြိမ်တွင် ရှန့်ကွမ်ရှိုးတစ်ယောက် သေချင်းတရားကို ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း ထင်ရှားနေသည်။
“အပြစ်အနာဆာမဲ့ အခြေတည်အဆင့်ထက်ပိုပြီးသာတာ တစ်ခုခုရှိလိမ့်မယ်” ဟု ရှန့်ကွမ်ရှိုးက ပျင်းပြသော ဆန္ဒဖြင့်ပြောလိုက်သည်။ “တောင်ပိုင်းဒေသတစ်ခုလုံး တကယ်တော့ တိုက်ကြီးလေးလုံးမှာ မင်းရဲ့ စဦးချီ ဖွဲ့စည်းခြင်းအဆင့် (၁၀) ထက်ပိုရှားတာရှိသေးတယ်။ ငါအခုပြောနေတာ ပြီးပြည့်စုံတဲ့ အခြေတည်အဆင့်ပဲ။ မန်ဟို…..မင်း” ထို့နောက် မန်ဟို၏ သစ်သားဓါးနှစ်လက်က သူ့ဦးခေါင်းကို ဖောက်ဝင်သွားပြီး အရပ်လေးမျက်နှာလုံး သွေးများဖုံးလွှမ်းသွားလေသည်။
ရှန့်ကွမ်ရှိုးတစ်ယောက် နေရာမှာပင် သေဆုံးလေသည်။ သူ နှစ်တရာကျော်အောင် မနေရဘဲ အဆုံးမဲ့ မကျေနပ်ခြင်းကို ခံစားရပြီး သေဆုံးသွားခဲ့သည်။
သူမသေလိုသေးသည်မှာ သူ၏ ခမ်းနားသော အစီအစဉ်များကြောင့်ဖြစ်သည့်အပြင် သူအခြေတည်အဆင့်၏ လမ်းတစ်ဝက်မှာတင် ရှိသေးသည်ကြောင့် ဖြစ်သည်။သို့သော်လည်း အခုတော့ သူ၏ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ တာ့ချင်းတောင်မှ အောက်ရှိမြစ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ သူ့ဆန္ဒ၊ သူ့ကိုယ်ခန္ဓာတို့မှာ အဝေးသို့မျောပါသွားခဲ့ သည်။
မန်ဟို သူလဲကျစဥ် သူ၏အစိမ်းရင့်ရောင် သိုလှောင်အိတ်ကို ဆွဲယူလိုက်ပြီး ဖွင့်မကြည့်ဘဲ သူ့၀တ်ရုံထဲသို့ ထည့်ထားလိုက်သည်။
မန်ဟို ဟောဟဲလိုက်နေသည်။ သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၁၀) ဖြစ်သော်လည်း ချီအခြေတည်အဆင့် ရှိသူအား သတ်ဖြတ်ရန် သစ်သားဓါးနှစ်လက်ကို အသုံးပြုခဲ့ခြင်းကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ် နေလေ သည်။
သူသည် ရှန့်ကွမ်ရှိုး၏ ခန္ဓာကိုယ် အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီး သူ့သစ်သားဓါးပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအဖြင့် အသွင်ပြောင်းကာ ရှောင်းဟူ သတိမေ့မျောနေသော နေရာသို့ သွားလေတော့သည်။
သူငယ်၏ မျက်နှာသည် ဖျော့တော့နေကာ မျက်လုံးများကို မှိတ်ထားလေ၏။ သူ၏ အရှိန်အ၀ါသည် ပိုးမျှင်များ ကဲ့သို့ဖြစ်ပြီး သူ၏အသက်စွမ်းအားသည် အချိန်မရွေး ငြိမ်းသွားနိုင်သော သေးငယ်သည့် မီးလျှံတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
မန်ဟိုသည် ရှောင်းဟူအား ကြည့်ကာ တွေးနေလိုက်ပြီး လေထဲတွင် မျောနေသော ပုလဲကို ကြည့်လိုက်သည်။ ပုလဲ၏ စွမ်းအားသည် ကြောက်ခမန်းလိလိဖြစ်ပြီး အစစ်အမှန် ရတနာ တစ်ခုဖြစ်သည်။ ထိုပုလဲ၏စွမ်းအားသည် ကြေး၀ါမှန်နှင့်ပင် ယှဥ်နိုင်သည်။
“ဒါကို ပုံတူပွားဖို့ဆိုရင် အကုန်အကျအတော်များမှာ…နှမြောဖို့ကောင်းလိုက်တာ” မန်ဟို ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ထိုပုလဲသည် ရှောင်းဟူ၏ အသက်ဓါတ်နှင့် ဆက်စပ်နေကြောင်း အစတည်းက သူသိခဲ့သည်။ အကယ်၍ သူသာ ပုလဲကို ခိုးယူခဲ့လျှင် ရှောင်းဟူတစ်ယောက်သေမှာ မုချမလွဲပေ။
“မင်းအသက်ကို ငါ့ဆီပေးခဲ့တယ်။ မန်ဟိုဆိုတဲ့ ငါက အဲ့လောက် ရက်စက်ကြမ်းကြုတ်တဲ့အလုပ်ကို မလုပ်နိုင်ဘူး။ အကယ်၍ အဲ့လိုလုပ်ခဲ့မယ်ဆိုရင် ငါ့တစ်ဘဝလုံး နောင်တရမှာ။ ငါ့အတွေးတွေ ရှုပ်ထွေးပြီး ကျင့်ကြံသူဘ၀ကနေ အဆုံးသက်သွားနိုင်တယ်။” သူ့မျက်လုံးများတလက်လက်တောက်ပနေပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရှောင်းဟူ၏ နဖူးအားထိလိုက်သည်။
ထို့နောက် ရှောင်းဟူ၏ခန္ဓာကိုယ်ကြွက်သားများ စတင်လှုပ်ရှားလားပြီး မျက်လုံးများ ပွင့်လာသည်။ သူအသင့်အနေအထားဖြင့် ရှိနေပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ မန်ဟို့လက်ထဲက ပုလဲကို မြင်သည့်အခါ သူအနည်းငယ် တုန်ယင်သွားသည်။ သူ့မျက်လုံးများတွင် မျှော်လင့်ချက်မဲ့နေသည့် ဟန်ကို မြင်နိုင်လေသည်။
မန်ဟိုသည် ပုလဲအား လက်ချောင်းလေးဖြင့် မြှောက်လိုက်ပြီး လေထဲမှတဆင့် ရှောင်းဟူထံသို့ ပစ်ပေးလိုက်သည်။ ရှောင်းဟူသည် ရှုပ်ထွေးနှက်နည်းသော အကြည့်ဖြင့် မန်ဟိုအား ကြည့်လိုက်သည်။
“မင်း ကူညီပေးထာတွေအတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒီရတနာက အလွန်အံ့အားသင့်စရာကောင်းတယ် မင်းသေချာ သတိထားသင့်တယ်” ပုလဲက မန်ဟိုလက်မှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် မန်ဟိုမှာ အားနည်းသွားခဲ့သည်။ စဦးချီဖွဲ့စည်းခြင်း အဆင့်(၁၀)၏ အမှတ်လက္ခဏာမှာလည်း စတင်ပျောက်ကွယ် လာသည်။ သူ့ကျင့်ကြံဆင့် ကျဆင်းသွားသည်နှင့် ကောင်းကင်နှင့်မြေကြီးမှ သူဖြတ်ယူထားသော သဘာဝစွမ်းအားများမှာ တဖြည်းဖြည်းချင်း ပြန်ရောက်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ထိန်းချုပ်မှုမရှိသော မြေထုဆွဲအားများသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မန်ဟို နောင်တမရချေ။ သူ မလုပ်နိုင်သော အရာတစ်ချို့ရှိလေသည်။ သူ့လိပ်ပြာသူလုံဖို့ တစ်ချို့သောအရာများကို ငြင်းဆန်ရလိမ့်မည် ဖြစ်သည်။
ပြည်နယ်သုံးခုမှ လူများကို ချိန်းခြောက်ရန် ရှန့်ကွမ်းရှိုးအသုံးပြုခဲ့သော သွေးလုံးကြီးသည် မန်ဟို၏ လက်ထဲတွင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလေသည်။ ၎င်းသည် အလွန်များပြားသော ချီသွေးအဖြစ်ပြောင်းလဲကာ ဒေသသုံးခုစီသို့ ပြန်လည်ရောက်ရှိသွားသည်။
သာမန်လူများသိလိုက်သည်ကတော့ ရှေ့နှစ်လတွင် သူတို့ခေါင်းမူးနောက်နောက်ခံစားရပြီး ယခုတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားသည်ဆိုသည်ကိုပဲ ဖြစ်သည်။ သူတို့ အားနည်းနေသလို ခံစားနေရသည်။ ထိုသည် က သူတို့မသိလိုက်သော်လည်း သူတို့၏ သက်တမ်းမှာ ငါးနှစ်လျော့ကျသွားသောကြောင့်ပင် ဖြစ်သည်။
မန်ဟို ထိုအကြောင်းအရာများကို မြင်သော်လည်း သက်ပြင်းချရုံကာလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်ဖို့ ပြင်လိုက်သည်။
“အစ်ကိုကြီး မန်” ရှောင်းဟူက ခေါလိုက်ရင်း “ ရှန့်ကွမ်းရှိုး….”
“ကမ္ဘာပေါ်မှာ အဲ့ဒီလူမရှိတော့ပါဘူး” သူနောက်လှည့်မကြည့်ဘဲ ပြောလိုက်ရင်း ရှေ့ဆက်သွားခဲ့သည်။
ဤတိုက်ပွဲက ဂိုဏ်းကြီးသုံးဂိုဏ်းကို ဆွဲဆောင်နိုင်လိမ့်မည်။ ဂိုဏ်းကြီးသုံးဂိုဏ်းသည် အဘယ်ကြောင့် ရှန့်ကွမ်ရှိုးကို ခွင့်ပြုထားသည်ကို မန်ဟို မှန်းဆနိုင်သည်။ ထိုသည်က သူ့ကြောင့်ပင် ဖြစ်သည်။ ရှန့်ကွမ်ရှိုးက သူ့သိုလှောင်အိတ်ကို လိုချင်ပြီး ဂိုဏ်းသုံးဂိုဏ်းက သူ့အားအလိုရှိလေသည်။ ဤအချိန်တွင် တော့ ထိုကိစ္စနှင့် ပက်သက်၍ သူရင်ဆိုင်ရန် နည်းလမ်းမရှိသေးပေ။ တစ်ခုတည်းသော သူလုပ်နိုင်သည့်အရာမှာ ခပ်ဝေးဝေးတစ်နေရာသို့ သွားပြီး ခေတ္တပုန်းအောင်းကာ စဉ်းစားခြင်းပင် ဖြစ်သည်။
ရှောင်းဟူသည် စကားတစ်ခွန်းမျှ မပြောတော့ချေ။ ဆုံးဖြတ်ချက်ပြတ်သားသော မျက်လုံးများဖြင့် မန်ဟို ထွက်ခွာသွား သည်ကိုသာ ကြည့်ရှုနေတော့သည်။
“မန်ဟို ငါ့ရဲ့တန်ဖိုးရှိတဲ့ ရတနာကို မင်းမတက်မက်ခဲ့ဘူး။ ငါ တုန်းဟူက လူကောင်းတစ်ယောက်မဟုတ်ပေမဲ့ ဒီဘဝမှာ မင်းကိုစိတ်ပျက်အောင် မလုပ်ဘူး” သူလှည့်လိုက်ပြီး သူ့မြင်အာရုံကို ခပ်ဝေးဝေးရှိမြို့လေးသို့ ပို့လိုက် သည်။ အမြင်အာရုံထဲတွင် သူ၏အဖေနှင့်အမေကို ရိပ်သဲသဲမြင်လိုက်ရပြီး သူ့မျက်ဝန်းများတွင် ကြင်နာသည့် အရိပ်အယောင်များ ပေါ်နေသည်။ ခဏအကြာတွင် နွေးထွေးမှုများ ပျောက်ဆုံးသွားပြီး သူခေါင်းကို ငုံ့လိုက်ကာ အဝေးသို့ ထွက်သွားလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်၌ မရေတွက်နိုင်သော အလင်းရောင်များဖြင့် ပြည့်သွားသည်။ ဦးဆောင်လာသူမှာ ဖုန်းဟန်ဂိုဏ်းမှ လျှိုတောက်ယွင်ပင် ဖြစ်သည်။
“မန်ဟို မင်းဒီတစ်ကြိမ်တော့ လွတ်လမ်းမရှိတော့ဘူး။”
မန်ဟိုသည် မျာက်မှောင်ကြုံ့ကာ အလင်းတန်းအဖြစ်ပြောင်းသွားပြီး အဝေးသို့ပြေးသွားလိုက်သည်။ သူ့ စဦးချီဖွဲ့စည်းခြင်း အဆင့်(၁၀) စွမ်းအင်များအားလုံးကို အသုံးပြု၍ သူ့နောက်မှ လိုက်နေသူများနှင့် ဝေးနိုင်သမျှဝေးအောင် ပြေးလိုက်သည်။ အဝေးတစ်နေရာ၌ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းသားများ ကျင့်ကြံသူများ နှင့် အမြုတေကျင့်စဥ် ကျင့်သူများဖြင့် ပြည့်နှက်နေသည်။ သူတို့ တကယ်တော့ ထွက်မလာချင်ခဲ့ဘဲ အဆင့်နိမ့်တပည့်များကိုသာ အခြေအနေသိရန်လွှတ်ထားခဲ့ကြသည်။ အခု မန်ဟို ပေါ်လာသည့်အခါမှသာ လူလုံးထွက်ပြလာကြခြင်းဖြစ်သည်။
“ရှန့်ကွမ်ရှိုးကို ထျန်းဟယ်ဖန်မြို့က ကျောထောက်နောက်ခံ ပြုပေးထားတယ်။ သူတို့အင်အားက သေးငယ်ပုံမ ရဘူး။ ဂိုဏ်းသုံးဂိုဏ်းက သဘောတူညီချက်အရ မနှောင့်ယှက်ကြတာထင်တယ်။ မှော်စွမ်းအား ပျောက်ကွယ် သွားတော့မှ သူတို့ထွက်လာကြတာဖြစ်မယ်။ ရှန့်ကွမ်ရှိုးမှာ လျှို့ဝှက်ချက်တွေရှိပြီး လူတွေကို သူဘာလုပ်နေလဲ ဆိုတာကို ဘယ်တော့မှ ပေးသိမှာ မဟုတ်ဘူး။ ထျန်းဟယ်ဖန်မြို့က လူတွေကိုတောင် သူသတိထားနေသေးတာ။ သူ့ရည်ရွယ်ချက် အစစ်အမှန်ကို သူများကို ပေးသိမှာ မဟုတ်ဘူး။”
သူ တာ့ချင်းတောင်မှ ထွက်ခွာပြီး မြောက်ပင်လယ်နှင့် တောရိုင်းများကို ဖြတ်ကာ မှီခိုရာဂိုဏ်းရှိရာကို ဦးတည်ခဲ့သည်။
တောရိုင်းတစ်လျှောက် မန်ဟို အမြန်ဆုံးနှုန်းဖြင့် သွားလာနေခဲ့သည်။ ထိုသို့သွားနေစဉ် သူ့လက်တွင် ကိုင်ထားသော လိပ်ခွံကို ငုံ့ငုံ့ကြည့်နေခဲ့သည်။ ထိုအရာကာ သူရှန့်ကွမ်းရှိုး၏ သိုလှောင်အိတ်ထဲမှ ရလာသည့်အရာဖြစ်သည်။
ထိုအရာသည် သူ၏လက်ဖဝါးခန့် အရွယ်မျှရှိပြီး အစွန်းဘက်သည် ကြမ်းတမ်းနေ၏။ လိပ်ခွံကြီးမှ ကျိုးပဲ့လာသည့် အစတစ်ခု ဖြစ်ဟန်ရှိသည်။
မျက်နှာပြင်တွင် ဖော်ပြရခက်သော စာလုံးများ ရေးခြစ်ထားသည်။ ထိုအရာကား ဖတ်ရန်ခက်ခဲလေသည်။ သူ့စိတ်စွမ်းအားများကို မျက်လုံးတွင် စုစည်းပြီးဖတ်လိုက်သည်တွင်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ကျင့်ကြံခြင်း ကမ္ဘာတွင် ပြီးပြည့်စုံသော အခြေတည်အဆင့်ကို ရောက်ရှိရန် ဖြစ်နိုင်တယ်” မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
လိပ်ခွံ၏မျက်နှာပြင်တွင် သေသေချာချာဖော်ပြထားသည်။ ချီအခြေတည်အဆင့်တွင် အနာအဆာမဲ့အဆင့်၊ အက်ကွဲအဆင့် နှင့် ကျိုးအက်အဆင့် ဟူသည့် အဆင့် (၃) မျိုးတည်းရှိသည်မဟုတ်ပေ။ လေးဆင့်မြောက်ဖြစ်သည့် ပြီးပြည့်စုံသော အခြေတည်အဆင့်ရှိသေးသည်။ ထိုသည်ကား အလွန်ရှားလွန်းပြီး နှစ်တစ်သောင်းမှ တစ်ခါသာ မြင်နိုင်သော အဆင့်မျိုးဖြစ်သည်။” မန်ဟို အသက်မြန်မြန်ရှုလိုက်ရင်း လိပ်ခွံကိုကြည့်ကာ ရှန့်ကွမ်းရှိုး မသေခင် ပြောခဲ့သည်များကို ပြန်ကြားယောင်နေသည်။ အခု သူ့ ရန်သူက အဆိပ်မိပြီးနောက် ချီအခြေတည်အဆင့် ရောက်ရန် တွန်းအားအပေးခံရသည်ကို ဘာကြောင့် နောင်တရမှန်း သူသိသွားခဲ့ပြီဖြစ်သည်။ အခု ရှန့်ကွမ်းရှိုး၏ မျက်လုံးထဲမှ အမုန်းတရားကို သူနားလည်နိုင်ပြီ ဖြစ်သည်။
မန်ဟိုသည် အရာအားလုံးကို တစ်ယောက်တည်း ငြိမ်သက်စွာ စဥ်းစားနေတော့သည်။ သူ ချီအခြေတည်အဆင့် အကြောင်းကို မှီခိုရာဂိုဏ်း၏ ပဉ္စလက်ဗိမာန်ထဲတွင် အများကြီးဖတ်ခဲ့ဖူးသည်။
ချီအခြေတည်အဆင့်တွင် တာအိုထောက်တိုင်များသည် အမြုတေရေကန်ထဲတွင် ရှိနေသည်။ ချီအခြေတည် အဆင့်ကား လူတစ်ယောက်၏ သက်တမ်းကို တိုးစေနိုင်ပြီး ကောင်းမွန်သော ကံကြမ္မာအား ခိုးယူနိုင်ခြင်းနှင့် ကောင်းကင်ဘုံကို ရှာဖွေနိုင်ခြင်းဟူသော အချက်များကို ပိုင်ဆိုင်နိုင်မည်။ ထိုအကြောင်းကြောင့်ပင် တာအိုထောက်တိုင်များသည် မည်သည့်အခါမျှ ပြီးပြည့်စုံသည်မရှိဘဲ အက်ကွဲနေလိမ့်မည် ဖြစ်သည်။ ထိုအရာသည်ကား ကောင်းကင်၏ တာအိုသဘောတရားပင် ဖြစ်သည်။ အနှစ်ချုပ်ပြောရလျှင်တော့ “ မင်းတစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမယ်” (သို့) “ တစ်ခုလာရင် တစ်ခုပြန်ထွက်သွားမယ်” ဆိုသည်မျိုး ဖြစ်ပြီး ထိုအရာကား ကောင်းကင်နှင့် မြေပြင်၏ သဘောတရားပင် ဖြစ်သည်။
ချီအခြေတည်အဆင့်တွင် အစောပိုင်း အလယ်နှင့် နောက်ဆုံးဟူ၍ အဆင့်(၃)ဆင့် ပါရှိသည်။ စုစုပေါင်း တာအိုထောက်တိုင် (၉) ခုရှိမည်ဖြစ်သည်။ ထောက်တိုင်တစ်ခုစီမှာ အက်ကြောင်းတစ်ခုရှိမယ်ဆိုလျှင် အက်ကြောင်း(၉)ခုပေါ်လာလိမ့်မည်။ ထိုသည်ကိုပင် အနာအဆာမဲ ချီအခြေတည်အဆင့်ဟု ခေါ်သည်။ အနာအဆာမဲ့ ချီအခြေတည်အဆင့်ကား အက်ကြောင်းအနည်းဆုံးဖြစ်ပြီး သဘာဝစွမ်းအင်များ စိမ့်ထွက်မှု အနည်းဆုံးဖြစ်သည်။ အသက်ရှူလေကျင့်ခန်းများ ပြီးမြောက်သောအခါ ခန္ဓာကိုယ်သည် စွမ်းအင်များပြည့်လာပြီး အခြားအခြေတည်အဆင့်များထက် သာလွန်သော အရာပင်ဖြစ်သည်။
ယခုခေတ်ကျင့်ကြံသူများကြားတွင် ထိုအရာသည် အလွန်မက်လောက်စရာဖြစ်၏။ ထိုအဆင့်ကို အောင်မြင်နိုင်ရန် အထူးနည်းလမ်းများကို ရှေးဟောင်းဂန္နဝင်ကျမ်းများရှိ သဲလွန်စ တစ်ချို့မှ တွေ့နိုင်သည်။ ဥပမာ မြင့်မြတ်သောဝိညာဉ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းမျိုး။ ထ ထိုလျှို့၀ှက်ချက်များသည် ကြောက်မက် ဖွယ်ကောင်း သော သွေးထွက်သံယိုမှုများကို ဖြစ်စေနိုင်သည်။ တကယ်တန်းမှာလည်း ထိုအကြောင်း ကြောင့်ပင် မှီခိုရာဂိုဏ်း ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။
သို့တည်းမဟုတ် တခြားသောနည်းမှာ ထူးခြားသော ပင်ကိုယ်စွမ်းရည်(သို့မဟုတ်) ကောင်းမွန်သော ကံကြမ္မာ ရှိရန်သာဖြစ်သည်။ များသောအားဖြင့်သော ရွေးချယ်ခံများသာ ထိုသဲလွန်စများကို အလွယ်တကူ စုစည်းနိုင်မည် ဖြစ်သည်။
တာအိုထောက်တိုင်တွင် နောက်ထပ် အက်ကြောင်းတစ်ခုပေါ်လာပါက ၎င်းကို အခြေခံအက်ကြောင်းဟုခေါ်သည်။ ထိုအဆင့်မှာ အနာအဆာမဲ့အဆင့်ထက် အားနည်းသော်လည်း သူ့ကို အထင်သေး၍ မရနိုင်ပေ။ ဂိုဏ်းကြီးများမှ တပည့်များသာလျှင် ထိုအဆင့်ကိုအောင်မြင်နိုင်ခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့်မှာ ကျိုးအက်အခြေတည်အဆင့်ဖြစ်သည်။ ထိုအဆင့်သည်ကား ချီအခြေတည် နောက်ဆုံးအဆင့် ရောက်လျှင် တာအိုထောက်တိုင်တွင် အက်ကွဲကြောင်း (၁၈) ကြောင်းပေါ်လာမည် ဖြစ်သည်။ ထိုသည်ကာ အရမ်းများလွန်းသည်။ ထိုအခြတည်အဆင့်ကို ပြိုကွဲလုအဆင့်ဟု ပင်ယူဆနိုင်သည်။ ကျင့်ကြံမှု လျင်မြန်နှုန်းရော တိုက်ခိုက်နိုင်စွမ်းကပါ သိသိသာသာ နိမ့်ကျလေသည်။ ထိုကျင့်ကြံခြင်း အခြေတည်အဆင့်နှင့်ဆိုလျှင် အမြုတေဖြစ်တည်ရန် အခွင့်အလမ်းမှာလည်း နည်းပါးလေသည်။
မန်ဟို ထိုအရာများကို တွေးလိုက်ပြီး လိပ်ခွံအား စိုက်ကြည့်လိုက်သည်။ ဖော်ပြပါအချက်များအရ ပြီးပြည့်စုံသည့် အခြေတည်ဆေးလုံးကို စားရုံဖြင့် ဤအဆင့်ကိုကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သည့် အက်ကြောင်းမှ ပေါ်လာလိမ့်မည် မဟုတ်ပေ။ ဤအခြေတည်အဆင့်ကား ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းဖြစ်ပြီး နောက်ပြန်လှည့်၍ မရသည့်လမ်းလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော ထိုအခြေတည်အဆင့်ကို ကောင်းကင်ဘုံက ခွင့်မပြုသောကြောင့်ဖြစ်ပြီး မိုးကြိုးပစ် အစစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်။ စစ်မှန်သော အောင်မြင်မှုရရန် ကောင်းကင်ကို ဖီဆန်ရန် လိုအပ်သည်။ ထိုအချက်တွင် ၎င်းသည် စဦးချီဖွဲ့စည်းခြင်း အဆင့်(၁၀)နှင့် တူသည်။
“ရှန့်ကွမ်းရှိုးပြောပုံအရဆိုရင် စဦးချီဖွဲ့စည်းခြင်း အဆင့် (၁၀) က ကောင်းကင်ဘုံက သည်းခံနိုင်သည့် အရာ မဟုတ်ပေ။ ပြီးပြည့်စုံသည့် ချီအခြေတည်အဆင့်အတွက်လည်း အတူတူပင်….”
“တကယ်လို့ ကျိုးအက်အခြေတည်အဆင့်ကျင့်ကြံသူက ဆေးသောက်လိုက်ရင် ပြီးပြည့်စုံသော အခြေတည် အဆင့်ရောက်ဖို့ (၁၀) ရာခိုင်နှုန်း အခွင့်အရေးရှိတယ်။ အက်ကွဲအခြေတည်အဆင့်ဆိုရင် (၃၀) ရာခိုင်နှုန်း၊ အနာအဆာမဲ့အဆင့် အခြေတည်အဆင့်ဆိုရင် (၆၀) ရာခိုင်နှုန်းရှိတယ်။ ဆေးလုံးက အက်ကြောင်းတွေ ကို ပြန်လည်ပြုပြင်ပေးပြိး ပြီးပြည့်စုံသော အခြေတည်အဆင့်ကို ဖြစ်ပေါ်လာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်အချိန် သောက်ရမယ်ဆိုတာကိုတော့ သတိပြုရလိမ့်မယ်။ ချီအခြေတည်အဆင့် ရောက်သည်နှင့် သုံးလိုက်ပါက ပိုထိရောက်လိမ့်မယ်။ အချိန်ကြာသွားရင်တော့ အကျိုးကျေးဇူးက လျော့သွားလိမ့်မယ်။ ဒီဆေးကိုဖော်စပ်ဖို့ အချိန်နှစ်လ ကြာနိုင်တယ်။” ထိုအချိန်တွင် မန်ဟို၏ စိတ်အစဥ်လည်း ဂနာမငြိ ဖြစ်နေသည်။
“ရှန့်ကွမ်ရှိုး မှီခိုရာ ဂိုဏ်းဝင်ဖြစ်ချင်တာ မဆန်းဘူးပဲ….. သူလည်း ၀မ်တန်ဖေးလိုပဲ မြင့်မြတ်သောဝိညာဉ် ကျမ်းစာ၏ စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းကို လိုချင်ခဲ့တာပဲ။ အနာအဆာမဲ့ အခြေတည်အဆင့်ကို အောင်မြင် ပြီးရင် သူ့မှာ အခွင့်အလမ်းများလာမှာ….. ဂိုဏ်းဖျက်သိမ်းတဲ့နေ့မှာ သူပျောက်သွားတာလည်း အံ့ဩစရာ မရှိတော့ဘူးပဲ။ ဒီလောက်လျှို့ဝှက်ချက်တွေရှိနေမှ သူမျက်နှာပြရဲမှာ မဟုတ်ဘူး။” ရှိသည်ဟု မန်ဟိုက လိပ်ခွံကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း အဝေးသို့ ဆက်ပြေးနေလိုက်သည်။
လိပ်ခွံလေးအပြင် ရှန့်ကွမ်းရှိုး၏ သိုလှောင်အိတ်ထဲတွင် အစိမ်းရောင် ပုံဆောင်ခဲများမှ ပြုလုပ်ထားသော လက်အရွယ်အစားရှိသော သေးငယ်သည့် မီးဖိုတစ်လုံးလည်းရှိသည်။ သူ့တွင် ဆေးပင်ပေါင်းများစွာရှိပြီး ထိုအပင်အားလုံးကို ကျောက်စိမ်းသေတ္တာများထဲတွင် ထည့်ထားသည်။ အမျိုးအစားမှာ ရာနှင့်ချီ၍ ရှိလေသည်။
ဆေးပင်အများစုကို မန်ဟိုမသိသော်လည်း တော်သေးသည်က သူ့သိုလှောင်အိတ်ထဲတွင် ဆေးပင်များအကြောင်း မှတ်တမ်းတင်ထားသော ကျောက်စိမ်းကျမ်းစာ ရှိနေသည်။ ဤအရာများက မန်ဟို၏ စိတ်၀င်စားမှုအာရုံကို ပို၍မြင့်တက်လာစေခဲ့သည်။
***