← Chapters

ထျန်းကျီးအရှင်

Vol. 6 Ch. 77

ထျန်းကျီးအရှင်

Vol. 6 Ch. 77

ဤဆေးဖက်၀င် အပင်များသည် အဖိုးအနဂ္ဂ ထိုက်တန်သည် မဟုတ်သော်လည်း ကျင့်ကြံသူများသည် ၎င်းတို့အားစုဆောင်းရန် ဆယ်စုနှစ်များစွာ ကြာညောင်းလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ရှန့်ကွမ်ရှိုး၏ သိုလှောင်အိတ်ထဲတွင်တော့ ရာပေါင်းများစွာ ရှိနေလေသည်။

ကျောက်စိမ်းသေတ္တာထဲတွင် လိမ္မော်ရောင် ဆေးလုံးတစ်လုံးနှင့် အပြာရောင် ဆေးလုံးတစ်လုံးလည်း ရှိနေသည်။ ၎င်းတို့သည် အဖိုးအနဂ္ဂထိုက်တန်သည်မှာ သေချာသည်။

“ဒီဆေးပင်အားလုံးက ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးဖော်စပ်ဖို့လိုအပ်တဲ့ အပင်တွေပဲ။ ဒီဆေးလုံးလေး တွေကတော့……” ထိုဆေးလုံးများကို ယေဘုယျဆန်းစစ်ကြည့်လိုက်ပြီးနောက် လိပ်ခွံလေးကို ထပ်ကြည့် လိုက်သည့် အခါ သူ့မျက်လုံးများက တောက်ပနေခဲ့သည်။

“ပြီးပြည့်စုံသော အခြေတည်အဆင့် ဆေးလုံးဖော်စပ်ဖို့ အရန်ဆေးလုံး(၇)လုံး လိုအပ်တယ်။ ၇ လုံးထဲက ဆေးလုံး ၂ လုံးကို ရှန့်ကွမ်းရှိုး ဖော်ပြီးတာဖြစ်ရမယ်။” မန်ဟို အခု အရာအားလုံးကို နားလည်သဘော ပေါက်သော်လည်း အနည်းငယ် အံ့အားသင့်နေသည်။ ရှန့်ကွမ်ရှိုးသည် အရာအားလုံးကို စုဆောင်းရန် နှစ်(၅၀) ကြာ‌ညောင်းခဲ့သော်လည်း စဦးချီဖွဲ့စည်းခြင်းအဆင့်မှ ပြောင်းလဲဖို့ အချိန်မလုံလောက်ခဲ့ပေ။

“ သူ့အနောက်မှာ ထျန်းဟယ်ဖန်းမြို့က ကျောထောက်နောက်ခံရှိသေးတယ်….”

မန်ဟိုကတော့ သူနားမလည်သည့်အရာတွေ ရှိသေးသည်ဟု ခံစားနေရဆဲဖြစ်သည်။ ပြီးပြည့်စုံသော အခြေတည်အဆင့်အတွက် ဆေးလုံးဖော်စပ်နိုင်ရန် ရှန့်ကွမ်ရှိုးသည် ထျန်းဟယ်ဖန်မျိုးနွယ်စု ခေါင်းဆောင်၏ ဘဏ္ဍာတိုက် သိုလှောင်ရုံမှ နှစ်ပေါင်းများစွာ စုဆောင်းထားသော ပစ္စည်းများကို လျှို့၀ှက်စွာ သိမ်းယူခဲ့သည်။ ဒါ့အပြင် သူ လိုအပ်သော ပစ္စည်းများ စုဆောင်းနိုင်ရန် ကုန်းမြေအနှံ့သွားခဲ့သည်။

သို့တိုင် သူ့တွင်ဆေးပင်အချို့ လိုအပ်နေဆဲဖြစ်သည်။ သူ့တွင် ရှားပါးသော အပင်တစ်မျိုးရှိသော်လည်း ထိုအပင်မျိုး သုံးမျိုးလိုအပ်သည်။ နောက်ဆုံးတွင် မန်ဟိုသည် ရှန့်ကွမ်ရှိုးတစ်ယောက် ကြေး၀ါမှန်ကို ရယူရန်အတွက် အရူးအမူးကြိုးပမ်းနေခြင်းကို နားလည်လာခဲ့သည်။

နောက်ဆုံးတွင် သူ၏ပိုင်ဆိုင်မှုအားလုံးကို မန်ဟိုလက်ထဲတွင် အပ်နှံခဲ့ရသည်။ ဒီလိုဖြစ်ခဲ့မည်ဆိုတာ သိခဲ့လျှင် ရှန့်ကွမ်ရှိုးတစ်ယောက် မန်ဟိုနှင့် ပြဿနာအဖြစ်ခံခဲ့မည် မဟုတ်ပေ။ သို့သော်လည်း သူ ပြဿနာဖြစ်ခဲ့ပြီး နှစ်(၅၀)ကျော်ကြာအောင် ပြင်ဆင်ထားခဲသည်များမှာ ဆုံးရှုံးသွားခဲ့ရလေသည်။

မန်ဟိုသည် အသက်ကိုပြင်းစွာ ရှူရှိုက်လိုက်ပြီး လိပ်ခွံနှင့် ဆေးဖက်၀င် ပစ္စည်းများကို သိုလှောင်အိတ် အတွင်းထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် တခြားအိတ်များ နှင့်အတူ စကြဝဠာအိတ်ထဲသို့ ထည့်လိုက်သည်။

သူ တောအုပ်ထဲတွင် မတ်တပ်ရပ်ပြီး ကောင်းကင်အား မော့ကြည့်လိုက်သည်။ ပြီးပြည့်စုံသော အခြေတည်အဆင့် အကြောင်းစဥ်းစားရင်း စိတ်လှုပ်ရှားလာကာ မျက်၀န်းများသည်လည်း အရောင်တောက်လာသည်။

“ဆေးလုံးကို သောက်ပြီးရင် မိုးကြိုးပစ်အစစ်ဆေးခံရမယ်။ ငါအခုချိန်မှာ ပြီးပြည့်စုံတဲ့ အခြေခံအဆင့်အကြောင်း လုံး၀မစဥ်းစားသင့်သေးဘူး။ ချီအခြေတည်အဆင့် ရောက်မှသာ အဲ့ဒီဟာကို စဥ်းစားသင့်တယ်။ အခုငါစဥ်းစား သင့်တာက ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ မှီခိုရာဂိုဏ်းအကြောင်းပဲ” သူ မျက်လုံးမှိတ်လိုက်ပြီး အသက်ရှူလိုက်ကာ စိတ်ရှုပ်ထွေးစရာကောင်းသော အတွေးများကို မောင်းထုတ်ခဲ့သည်။ မျက်လုံးပြန်ဖွင့် လိုက်သောအခါ သူပြန်တည်ငြိမ် သွားခဲ့သည်။

“အချိန်တစ်နှစ် ကုန်သွားခဲ့ပြီ။ နောက်ဆုံးမှာ မှီခိုရာဂိုဏ်းချုပ် သတ်မှတ်ထားတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ။ ကျိုးပြည်နယ်က အဆင့်မြင့်ကျင့်ကြံသူတွေကို စုဝေးနိုင်ရင် သူငါ့ကို ထိုက်ထိုက်တန်တန် ဆုချမယ်လို့ ကတိပေးခဲ့တယ်….”  ထိုအတွေးက မန်ဟို၏ မျက်လုံးများကို တောက်ပစေခဲ့သည်။

“ဒါပေမဲ့ အဲ့လိုလုပ်ရင် ငါ့အတွက် အန္တရာယ်များမှာပဲ”။ သူမျက်မှောင်ကြုတ်ပြီး တွေဝေနေမိသည်။ “ ငါက အခုမှ စဦးချီဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိသေးတာ။ ငါက ကျောက်ဆောင်ပေါ်ပစ်ချခံလိုက်ရတဲ့ ကြက်ဥတစ်လုံးလို ဖြစ်နေလိမ့်မယ်”

“ငါသေချာပေါက် မပါဝင်သင့်ဘူး။ ပြီးတော့ ဂိုဏ်းချုပ်ကလည်း တစ်နှစ်ကြာရင်လို့ပဲပြောခဲ့တာ ရက်အတိအကျ သတ်မှတ်ပေးခဲ့တာ မဟုတ်ဘူး။ ငါ့ကျင့်ကြံဆင့် နည်းနည်းမြင့်လာမှ၊ ငါ ချီအခြေတည်အဆင့် ရောက်မှ စဉ်းစားလည်း ရတာပဲ။ အဲ့ဒီအခါဆိုရင် ငါ့အတွက် ဘေးပိုကင်းလိမ့်မယ်” ဟုဆိုကာ ခေါင်းကို မော့လိုက်သည်။ သုံးရောင်ခြယ်လှံ ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ သူသည် ဂိုဏ်းချုပ်အပေါ် ထားရှိသည့် ယုံကြည်ချက် အနည်းငယ် ပျောက်ဆုံးခဲ့သည်။

“ဒါပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဖမ်းစီးမိန့်ကြောင့် သူတို့ဂိုဏ်းသားတွေက ငါ့ကိုနေရာအနှံ့ရှာနေကြတာ။ ငါ အကျဉ်းအကြပ်ထဲရောက်လာပြီးဆိုရင်တော့ အန္တရာယ်ကို ရင်ဆိုင်ပြီး သူတို့ကို ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်း နယ်မြေကို ခေါ်သွားလိုက်မယ်” မန်ဟိုက တောင်တန်းများကို ဖြတ်ကျော်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူအရှေ့သို့ ပြေးနေသာ်လည်း ရုတ်တရက် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ မျက်လုံးဖြင့်မမြင်နိုင်သော ကြီးမားသည့်လက်ကြီးတစ်ခုက သူ၏ရင်အုံမှတစ်ဆင့် နှလုံးသားကို ဖြစ်ညှစ်ထားသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ အပင်များအားလုံးသည်ပင် သူ့အား အေးစက်သောမျက်လုံးများဖြင့် ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

ထိုခံစားချက်က ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုခံစားချက်ကား တိုတောင်းလွန်းလှသော်လည်း မာန်ဟို့၏ မျက်နှာမှာ ဖျော့တော့သွားသည်။ သူလှည့်ပတ်ကြည့်လိုက်သော်လည်း အရာအားလုံးသည် ပကတိ ငြိမ်သက်နေဆဲ ဖြစ်ကာ စောစောက ဘာဖြစ်ခဲ့သည် ဆိုသည်ကိုပင် သဲလွန်စရှာ၍ မတွေ့ချေ။ သူ စိတ်ထင်နေတာများလား။

“ဘာကြီးပါလိမ့်” သူတွေးလိုက်ပြီး တွေဝေသွားသည်။ ခဏလောက်တွေးပြီးသွားသည်တွင်တော့ သူ့မျက်လုံးများ အရောင်တောက်လာပြီး အမြန်ဆုံးနှုန်းဖြင့် အရှေ့သို့ဆက်သွားလိုက်သည်။

တစ်ချိန်တည်းမှာတွင် မန်ဟိုနှင့်အလွန်ဝေးကွာသော်လည်း ကျိုးပြည်နယ်၏ တစ်နေရာတွင် အပြာရင့်ရောင် ဝတ်ရုံ ၀တ်ဆင်ထားသော လူတစ်ဦးက တောင်ပေါ်တွင် တင်ပလင်ခွေလျက် ထိုင်နေသည်။ သူ့ မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏ညာလက်သည် မုဒြာတစ်ခုခုကို လုပ်နေဟန် လှုပ်ရှားနေခဲ့သည်။ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင်းလိုက်ကာ အဝေးသို့ ကြည့်လိုက်သည်။

“မင်းက ဒီမှာပဲကိုး။ ဂိုဏ်းသုံးဂိုဏ်းက မင်းကို၀ှက်ထားချင်တယ်။ သိပ်ရယ်ရတာပဲကွာ” ဟုပြောကာ နောက်ကို ခြေတစ်လှမ်းဆုတ်၍ တစ်စုံတစ်ဦး ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် လျှိုတောက်ယွင် အလျင်အမြန်သွားနေသည်။ မန်ဟို သူ့ကို မျက်ခြေဖြတ်နိုင်ခဲ့ပေမယ့် မန်ဟို တောင်တန်းတွေထဲ ဝင်သွားသည်ကို သူတွေ့လိုက်ရသည်။ သူ့ မျက်နှာသည် မုန်းတီးမှုနှင့် သတ်ဖျက်လိုမှုများ ပြည့်နှက်နေပြီး မန်ဟိုအား အသေအကြေ လိုက်ရှာနေတော့သည်။

မန်ဟိုအပေါ်တွင်ထားသော လျှိုတောက်ယွင်၏ အမုန်းသည် အရိုးထိအောင်ပင်ဖြစ်သည်။ ငွေလှံတံ၏ သွေးထွက်သံယို တိုက်ပွဲ အဖြစ်အပျက်က သူ့ကို ကျိုးပြည်နယ်တွင် ရယ်စရာတစ်ခု ဖြစ်သွားစေခဲ့ပြီး ဂိုဏ်းကြီး နှစ်ခုအကြား စစ်ပွဲဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။ စစ်ပွဲများကို ရှောင်ရှားနိုင်ခဲ့သော်လည်း သူ၏လုပ်ရက်အတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။

ဂိုဏ်းမှ အကြီးအကဲများ သူ့ကို ခေါ်ယူခဲ့သည့်နေ့ကိုတွေးကြည့်မိသည်နှင့် သူရူးမတတ်ဖြစ်ရသည်။ သူဟာ တံဆိပ်ခက်တိုင်မှာ ချီနှောင်ခံခဲ့ရပြီး မီးကြာပွတ်ဖြင့် အချက်တစ်ရာကျော် အရိုက်ခံခဲ့ရသည်။ အို.. ဒုက္ခနှင့် နာကျင်မှုကို တွေးသာကြည့်ပါလော့။

ထိုဒဏ်များကြောင့် အရေပြားများ သည်စုတ်ပျက်နေပြီး အသားများ အက်ကွဲနေတော့သည်။ နာကျင်မှုက အရိုးထိ မခံမရက်နိုင်အောင် ရှိခဲ့သည်။ ဒီနေ့အထိ တစ်ခါတစ်ရံ ညသန်းခေါင်တွင် သူလန့်လန့်နိုးလာတတ်ပြီး ထိုသို့ နိုးလာသည့်အချိန်တိုင်း မန်ဟိုကို သတ်ချင်စိတ်သည် ပို၍ပို၍ ခိုင်မာလာခဲ့သည်။

မန်ဟိုနောက် လိုက်နေသော အခြားသူများကဲ့သို့ မန်ဟိုကို ဖမ်းရုံဖမ်းချင်ရုံသာမဟုတ်ဘဲ သူ မန်ဟိုကို သတ်ချင် သည်။

ထိုအရာသည် သူ၏ဂိုဏ်းကို ကျေနပ်စေမည် မဟုတ်သော်လည်း သူဂိုဏ်းကို စွန့်ခွာရန် စဥ်းစားထားပြီး သားဖြစ်သည်။ အဆိုးဆုံးဖြစ်လာခဲ့လျှင် မန်ဟိုကို  သတ်ပြီး ကျိုးပြည်နယ်မှ ထွက်ပြေးရန်ဖြစ်သည်။ တောင်ပိုင်း ဒေသ သည် ကြီးမားပြီး ကျင့်ကြံသူ အများအပြားရှိသော နေရာဖြစ်သည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်(၉) ကျင့်ကြံသူတစ်ဦးအနေဖြင့် နေရာတစ်နေရာတော့ ရှာဖွေနိုင်လိမ့်မည်။ တစ်နေ့တွင် သူသည်ကျိုးပြည်နယ်ကို ပြန်လာပြီး ဖုန်းဟန်ဂိုဏ်းကို သုတ်သင်ရှင်းလင်း ပစ်မည်။ သူ၏မကျေနပ်မှုတွေကို သွေးနှင့်ဆေးကြော ပစ်လိမ့်မည်။

ယခုအချိန်တွင် သူသည် စွမ်းအင်းများ အားလုံးကို စုစည်းပြီး မြန်နိုင်သမျှ မြန်မြန်သွားနေမိသည်။ ချီအခြေတည်အဆင့် ကျွမ်းကျင်သူများနှင့် အမြုတေ ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ မရောက်မီ မန်ဟိုအား သတ်ရန်ဖြစ်သည်။

“မန်ဟို မင်း ပြေးနိုင်သလောက် ပြေးထားစမ်း။ ဒါပေမဲ့ မင်းမှာ ပြေးစရာ နေရာမရှိဘူး” ဟု လျှိုတောက်ယွင်က သတ်ဖြတ်လိုစိတ်များဖြင့် ကျုံး၀ါးလိုက်သည်။ သူငှားလာသော အံ့ဩဖွယ်ရာ ရတနာကြောင့် သူ မန်ဟိုကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

သလင်းဓါးပေါ်တွင်ရပ်နေရင်း သူတောင်ထဲသို့ဝင်လိုက်သည်။ သူ့ အရှေ့အနောက် တစ်ချက်ကြည့်လိုက်သည်။ သူသည် စဦးချီကျင့်ကြံမှု အဆင့်(၉)နှင့် အတွင်းစည်း တပည့်ဖြစ်သောကြောင့် သူ့၌ အသံထုတ်လွင့်နိုင်သော ကျောက်စိမ်းပြားရှိပြီး ထိုဒေသရှိ တပည့်အားလုံးအားလဲ မန်ဟိုကို တွေ့လျှင် ချက်ချင်းအကြောင်းကြားရန် အသုံးပြုခဲ့သည်။

လျှိုတောက်ယွင်သည် လေထဲသို့ တဟုန်ထိုး ပျံတက်လာပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ တောက်ပသော ကျောက်စိမ်းပြား ပေါ်လာသည်။ ထိုအရာကို သူ့နဖူးတွင် ဖိကပ်လိုက်ပြီး သူရယ်မောလိုက်သည်။ သူ့လမ်းကြောင်းကို ပြောင်းလိုက်ပြီး သူနှင့် အခုလေးတင် ဆက်သွယ်လာသော ဂိုဏ်းသားထံသွားလိုက်သည်။

အမွှေးတိုင် တစ်ဝက်ထွန်းစာခန့်ကြာသွားပြီးနောက်တွင် လျှိုတောက်ယွင်က မန်ဟိုအား မြင်လိုက်သည်။ ထိုသူကား ဖုန်းဟန်ဂိုဏ်းသားကို တစ်ချက်တည်းနှင့် ခေါင်းဖြတ်သတ်ခဲ့သော မန်ဟိုပင် ဖြစ်သည်။

ထိုအချိန်တွင် မန်ဟို လှည့်ကြည့်လိုက်သောအခါ လျှိုတောက်ယွင်၏ အေးစက်သော မျက်လုံးများနှင့် အကြည့်ချင်း ဆုံလေတော့သည်။ သူ၏ နှလုံးသားကို ဖြစ်ညှစ်သလို ခံစားခဲ့ရပြီးနောက် တစ်စုံတစ်ဦးက သူ့အား စောင့်ကြည့်နေသည်ဆိုတာ သေချာပေါက်သိရှိခဲ့သည်။ သိပ်မကြာခင်မှာပင် သူ့ပတ်ဝန်းကျင်တွင်  ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများ ရှိသည်ကို သတိပြုမိခဲ့သည်။

သူတို့ကို ရှောင်ရှား၍ မရတော့သည်မှာ သေချာနေတော့သည်။ မန်ဟိုက သူတို့ကို အမြန်ဆုံး တိုက်ခိုက်ပြီး သတ်ဖြစ်ခဲ့ရင်တောင် ထိုသတင်းစကားက ကျောက်စိမ်းပြားမှတစ်ဆင့်  ပြန့်နှံ့သွားလိမ့်မည်ဖြစ်သည်။

“မန်ဟို” လျှိုတောက်ယွင်က အော်ဟစ်လိုက်သည်။ သူ့ညာဘက်က ဂါထာမန္တယားဆိုင်ရာ မုဒြာပုံလုပ်လိုက်သည်နှင့် သူ့ခြေထောက်အောက်မှ ဓါးပျံက မန်ဟိုထံသို့ ပြေးဝင်သွားတော့သည်။

ဒီတစ်ကြိမ် မင်းပြေးနိုင်မလား ကြည့်ရသေးတာပေါ့ကွာ ငါဆိုတဲ့ လျှိုတောက်ယွင်က ဒီနေ့ မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။ ဒါဟာ ငါ့နှလုံးသားထဲက အမုန်းတရား တစ်ခုကို ဖြေရှင်းနိုင်သော နည်းလမ်းပဲ။ မန်ဟိုကို တွေ့လိုက်ရသည်နှင့် လျှိုတောက်ယွင်၏ မျက်လုံးများသည်း နီရဲလာပြီး မန်ဟိုအား သတ်ဖြတ်လိုစိတ်များ ပို၍ပြင်းထန်လာတော့သည်။ မန်ဟို၏ မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း ဆက်၍တိုက်ခိုက်နေသည်။ စိတ်စွမ်းအင် အနည်းငယ် ကျန်သေးသော်လည်း အလုပ်မဖြစ်တော့။ ဓါးပျံသည် သူ့အနား ရောက်ရှိလာသောအခါ သူကား လှိုင်းတန်ခိုးလေဖြင့် ဓါးပျံအား အ‌ဝေးသို့ တွန်းထုတ်လိုက်သည်။ ထိုအချိန်တွင် ခရမ်းပြာရောင် ၀တ်စုံ၀တ်ဆင်ထားသော လူတစ်ဦး ရုတ်တရက် ပေါ်လာ‌ခဲ့သည်။ သူ့မျက်နှာတွင် ဇရာကြောင့် အစက်အပျောက် တစ်ချို့ရှိနေ‌သော်လည်း တစ်စုံတစ်ဦးကို တုန်လှုပ်ခြောက်ခြား ကြောက်စရာကောင်းသည့် အကြည့်များကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏မျက်လုံးများတွင် နေ လနှင့် ကြယ် များပါ၀င်ပြီး ကြည့်မိလျှင် ရူးသွားနိုင်လောက်သည်။ သူ၏၀တ်ရုံတွင် ထူးခြားသော ဒီဇိုင်းတစ်ခုပါရှိသည်။ ယဇ်ပလ္လင်တစ်ခုရှိပြီး အလယ်၌ မျက်လုံးတစ်လုံး ရှိနေသည်။ ဤမျက်လုံးသည် အဖိုးအို၏ မျက်လုံးများထက်ပင် ပို၍ ဆိုး၀ါးသည်။ “ဒီလို ပြင်းထန်တဲ့ မကျေနပ်မှုတွေဟု” လျှိုတောက်ယွင်ကို ကြည့်ရင်း အေးဆေးစွာ ပြောလိုက်သည်။ အဖိုးအို စကားပြောသောအခါ မန်ဟို၏ ၀ိဥာဥ်စွမ်းအားများ ဗရမ်းဗတာ ဖြစ်သွားကာ နေရာတစ်ခုတွင် ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ မမြင်နိုင်သော လက်တစ်စုံက သူ၏နှလုံးသားကို ဆွဲစုပ်နေသလို ခံစားလိုက်ရသည်။ သူ၏ စိတ်နှလုံးသည် တုန်လှုပ်လျက်ရှိသည်။

အဖိုးအိုအား မြင်သောအခါ လျှိုတောက်ယွင်သည် မျက်နှာပျက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ အရိုသေပေးလိုက်သည်။ “ကျွန်တော်က အငယ်တန်း မျိုးဆက်မှ လျှိုတောက်ယွင်ပါ သခင်ဘုရားဟု လျှောက်ထားလိုက်သည်။”

လျှိုတောက်ယွင် အရိုသေပေးသည့် အချိန်တွင် ကောင်းကင်၌ ကိန်းဂဏန်း ‌ခြောက်ခု ပေါ်လာခဲ့သည်။ တစ်ခုနှင့်တစ်ခု အတော်တန် ‌ဝေးကွာပေမဲ့ အသက်တစ်ကြိမ် ရှူလိုက်တိုင်း သူတို့သည် မြင်ကွင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

လူ(၆)ယောက်ကို မြင်သောအခါ မန်ဟိုသည် အကြီးကျယ် စိတ်ပျက်သွားလေသည်။ သူတို့သည် သခင်ကြီးနှင့် ရင်းနှီးကျွမ်း၀င်ပုံရသည်။ ကျိုးပြည်နယ်၏ အမြုတေဖြစ်တည်ခြင်း ကျင့်ကြံသူများသည် မှီခိုရာဂိုဏ်း ဖျက်သိမ်းသောနေ့၌ ပေါ်လာခဲ့သည်။ သူတို့ထဲမှ တစ်ဦးမှာ အမျိုးသမီး ဖြစ်ပြီး မန်ဟိုအား အတော်လေး အထင်ကြီး လေးစားသွားဟန် ရှိခဲ့တယ်။ သူတို့ရောက်ပြီး မကြာမီမှာ လူ(၁၀)ဦး ကျော် ချည်းကပ်လာခဲ့သည်။ သူတို့သည် ပျံသန်းနေပြီး အနီးအနားရှိ ငှက်များနှင့် သတ္တ၀ါများကို တုန်လှုပ်သွားစေသည်။ ရောက်ရောက်ချင်းမှာပင် အားလုံး၏ အကြည့်သည် မန်ဟိုထံသို့ ရောက်ရှိသွားသည်။ သူသည် မျက်နှာကို သုန်မှုန်၍ ပတ်၀န်းကျင်အား ကြည့်လိုက်သည်။ သူ့အား တိုက်ခိုက်ရန် ကြိုးစားနေသည့် ချီအခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးအား တွေ့လိုက်ရသည်။

ပတ်၀န်းကျင်တစ်ခုလုံး ကြီးမားသော စွမ်းအင်၏ သက်ရောက်မှုကို ခံစားနေရသည်။ လျှိုတောက်ယွင်၏ မျက်နှာသည် ဖျော့တော့နေပြီး နောက်သို့ ဆုတ်ခွာသွားတော့သည်။ သူသည် မန်ဟိုကို ငေးကြည့်နေသည်။ သူ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ဖုံးထားနိုင်သော်လည်း မကျေနပ်မှုများသည် မျက်နှာတွင် ဗွင်းကနဲ ပေါ်နေသည်။

မန်ဟိုသည် စိတ်ပျက်နေသော်လည်း ပြေးစရာ နေရာမရှိပေ။ ခဏအကြာတွင် သူသည် ပုံမှန်ပြန်ဖြစ်လာပြီး အသက်ပြင်းပြင်း ရှုလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ကျိုးပြည်နယ်၏ အကြီးအကဲအား ငေးစိုက်ကြည့်နေတော့သည်။

***

All Chapters