ယုံကြည်ဖို့ မှတစ်ပါး အခြားမရှိ
Vol. 6 Ch. 78
ထူးဆန်းသော နတ်ဝိဇ္ဇာ အတက်များကို ကျင့်သုံးနိုင်ခြင်းကား ပို၍ဆိုးစေတာဟု ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ အမြုတေ ဖြစ်တည်ခြင်း အဆင့်ရှိသူ တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
“သူက ဒီကိုရောက်တာ ငါတို့ထက်တောင် စောနေသေးတယ်” အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းက ဘာမှမပြောဘူး။ ဒါကြောင့် ငါ့ဘာသာ လမ်းစရှာပြီး လုပ်ခဲ့ရတာဟု သခင်ကြီးက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ အရမ်းကောင်းတယ်ဟု ဖုန်းဟန်ဂိုဏ်းမှ အမြုတေ ဖြစ်တည်ခြင်း ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူသည် အနှက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အခုဒီသူငယ်ကို တွေ့ပြီဆိုတော့ မှီခိုရာဂိုဏ်း အကြီးအကဲရဲ့ ကျင့်ကြံရာ နေရာကိုလည်း တွေ့ဖို့နီးပါပြီ။ ဒီကိစ္စဖြစ်နေတာ အတော်ကြာပြီ တောင်ပိုင်းက အကြီးအကဲတွေတောင် ဒါကို သတိထားမိတယ်ဟု မန်ဟိုကို စောင်းကြည့်ရင်း ပြောလိုက်သည်။ အဲ့ဒီနောက် မန်ဟိုကို စူးစူးစိုက်စိုက် ကြည့်နေတော့သည်။ တဂယ်တော့ သူတို့ရဲ့ စကားဝိုင်းက သူ့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမည် ဖြစ်သော်လည်း မန်ဟိုသည် ဂရုပင် မစိုက်ချေ။
မန်ဟိုက ဘာစကား တစ်ခွန်းမှ မပြောပဲ သူတို့ကို ပြန်တိုက်ခိုက် ဖို့ဆိုလျှင် နည်းလမ်းတစ်ခုကို ပြောင်းသုံးဖို့လိုသည်ဟု တွေးတောက အခြေနေအားလုံးကို ခွဲခြမ်းစိတ်ဖြာနေသည်။ “လျှိုတောက်ယွင်ရေ” အဲ့ဒီလူမှာ လျှို့ဝှက်ထားတဲ့ လှံတစ်ချောင်းရှိတယ်ဟု အကြီးအကဲက ပြောလိုက်သည်။ သူကား ဒေါသ ဖုံးလွမ်းနေသော မျက်နှာဖြင့် မန်ဟိုအား မော့ကြည့်လိုက်သည်။
အော်... ဒါ့ကြောင့်ပဲ စဦးချီဖွဲ့တည်ခြင်း ကျင့်ကြံသူတွေက အဆင့်(၉)ကို တန်းရောက်သွားတာဟု အမဲရောင် ဝတ်ရုံဝတ်ဆင်ထားသူက အေးဆေးစွာ ပြောလိုက်သည်။ သူ၏ မျက်နှာသည် ပကတိ နီရဲနေတော့သည်။ ကျိုးပြည်နယ် တောင်းပိုင်းရှိ ကျင့်ကြံသူများ လောကကို ဗရမ်းဗတာ လုပ်နိုင်ခဲ့တာ မဆန်းပါဘူးဟု ပြောရင်း မန်ဟိုအား ဆွဲထူလိုက်သည်။ ငါက ဒီမှာ ရော့ ဒီမယ် လှံ ဟု မန်ဟိုက ရုတ်တရက် ပြောလိုက်သည်။ မန်ဟို၏ အသံသည် တင်းမာနေပြီး ခက်ထန်သော အကြည့်များက သူ၏ရတနာကို ကာကွယ်နိုင်လောက်အောင် သူ့မှာ အစွမ်းမရှိဘူးဟု ဝန်ခံနေသလိုပင်။ အကယ်၍ သူတို့သာ သတ်မယ်ဆိုလျှင် မန်ဟိုတော့ ဒီနေရာမှာ သေရမှာပဲ။ မန်ဟိုစကားကို ကြားသည်နှင့် အဖိုးအိုသည် ရပ်တန့်ပြီး မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ အခြားသူသော အားလုံးကလည်း ထိုကဲ့သို့သော အကြည့်များဖြင့် မန်ဟိုအား တစ်ပြိုင်နှက်တည်း ကြည့်လိုက်ကြသည်။
ငါ့ရဲ့အကျင့်အကြံက အားနည်းနေတယ်ဟု မန်ဟိုက ပြောလိုက်သည်။ အကယ်၍ လူကြီးသူမတွေက ငါ့ရဲ့ ရတနာကို လုယက်ချင်နေတယ် ဆိုလည်း သဘောပဲ။ ငါ့လက်ထဲမှာ ရတနာသာ မရှိတော့ရင် ငါလည်းသေပြီ။ အကယ်၍ ငါသာသေခဲ့လျှင် မှီခိုရာ ဂိုဏ်းခေါင်းဆောင်ရဲ့ ကျင့်ကြံရာနေရာကို ရောက်ဖို့ မင်းတို့ကို ဘယ်သူမှ ခေါ်ဆောင်မသွားနိုင်ဘူး။ ငါသေသွားတာမှ ကောင်းသေးတယ်ဟု မန်ဟိုက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်သည်။
ငါ မင်းကို သတ်ပစ်လိုက်နိုင်သည်ဟု အမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။ အဲ့ဒီနောက် ကောင်းကင်ကို ငြင်းဆန်သော ဝိဉာဉ်ဆိုပြီး မင်းကို ဒီနေရာကနေ ဆွဲထုတ်သွားမှာဟု ပြောလိုက်သည်။
အဲ့ဒါကို ကြားတော့ မန်ဟိုက အားရပါးရ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြောက်လန့် စိုးရွင့်မှု တစ်စုံတစ်ရာမျှ မရှိချေ။ ရယ်သံများကလည်း တောင်တန်းများဆီ ပဲ့တင်ထပ် သွားလေတော့သည်။ မင်းတို့ ကိုယ့်ဘာသာ ရှာမည်ဆိုလည်း ရှာလေ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံရာ နေရာကို အတွင်းစည်းက လူတွေပဲ သိတာ။ အကယ်၍ မင်းတို့ နေရာသိခဲ့လျှင်လည်း ငါမပါဘဲ ဘယ်လိုမှ အထဲကို ဝင်လို့ရမှာ မဟုတ်ဘူး။ အဲ့ဒါကို ကြားတော့ အဖိုးအိုက ရေခဲတမျှ အေးဆက်သော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေတော့သည်။
ခင်ဗျားတို့ အသက်ကြီးတဲ့ သူတွေဟာ ကျင့်ကြံအား ကောင်းတယ်။ ဒါကြောင့် ခဗျားတို့က ဝိဉာဉ်ရုပ်သေး အနုပညာကို ကောင်းကောင်းတက်ကြတယ်။ ဒါပေမဲ့ ငါသေသွားလျှင် ဒါမှမဟုတ် ဒဏ်ရာရသွားလျှင် ဘယ်လိုမှ အထဲကို ဝင်လို့ရမှာ မဟုတ်ဘူး။ အဲ့တော့ ငါ့ရဲ့ ထောက်ခံမှု လုံးဝလိုအပ်သည်ဟု ဆုံးဖြတ်ချက် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ သူတို့အားလုံး ဒေါသ ထွက်ကုန်လေတော့သည်။
တကယ်တော့ သူတို့က မန်ဟိုကို တစ်စက်ကလေးမျှ ဂရုစိုက်တာ မဟုတ်ဘူး။ သူတို့တကယ် အာရုံရှိတာက ဂိုဏ်းချုပ်ရဲ့ မြင့်မြတ်သော ဝိဉာဉ်တော် ကျမ်းပဲ ဖြစ်တယ်။ သူသည် မန်ဟိုအား ငေးစိုက်ကြည့်နေခဲ့သည်။ သူ့သည် အရာအားလုံးကို ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသော်လည်း ဒီကစ္စကိုတော့ ဖြေရှင်းနိုင်စွမ်း မရှိပါ။ စကားပြောတိုင်း မန်ဟိုအား ကြည့်နေတော့သည်။
ငါ အသေးစိတ်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီကောင်းလေးပြောတာရဲ့ (၉၅%) က မှားကောင်းမှားနေနိုင်တယ်။ ဒါပေမဲ့လည်း အတက်မပြောနိုင်ဘူး။ သူ၏စကားများက ပတ်ဝန်းကျင်ရှိ လူများ၏ အတွေးကို ပဲ့တင်ထပ် သွားစေသည်။ ဒီကောင်တွေက ပါးနပ်တယ် ပြီးတော့ ထူးဆန်းတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ သူတို့အကြံအစည်တွေ အားလုံး အောင်မြင်မယ်တော့ မထင်ဘူး။ အကယ်၍ မန်ဟိုပြောတာတွေ မှားနေခဲ့လျှင်တောင်မှ အဲ့ဒီအမှားထဲမှာ အမှန်တရားအချို့တော့ ရှိနေလိမ့်မည်။
အကယ်၍ သူတို့ ဆုံးရှုံးလျှင် သူတို့ဟာ အင်မော်တယ် ဂူထဲကို ရောက်စရာ အကြောင်း မရှိတော့ဘူး။ ဒါဟာ မြင့်မြတ်သော ဝိဉာဉ်တော်ကျမ်းကို မရနိုင်တော့ဘူးလို့ ဆိုလိုတာပဲ။ ချီအခြေတည်အဆင့် ဒါမှမဟုတ် စဦးချီဖွဲ့စည်းခြင်းကျင့်စဉ် ရောက်ရှိနေသူ မည်သူပင်ဖြစ်စေ မြင့်မြတ်သော ဝိဉာဉ်တော်ကျမ်းသုံးပြီး ခန္ဓာကိုယ်ထဲမှာ ဒုတိယ အမြုတေအိုင်ကို ဖွဲ့စည်းနိုင်တယ်။ ချီအခြေတည်အဆင့်တုန်းက အသုံးပြုခဲ့သည့် တာအိုဆေးပြားများကိုလည်း ဖော်စပ်နိုင်မည်။ အဲ့ဒါအောင်မြင်လျှင် ပြီးပြည့်စုံသော အခြေခံအဆင့်ကို ရောက်ဖို့ အခြေခံ အက်ကွဲကြောင်း တစ်ခုရရှိမယ်။ အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ အများကြီး သက်ရောက်မှုရှိတယ်။ ဒါဟာ သူတို့အားလုံး တောင့်တနေတဲ့ အရာဖြစ်တယ်။ ကမ္ဘာပေါ်မှာ အမြုတေအိုင် အသစ်ကျင့်စဉ်အကြောင်း ပြောထားတဲ့စာအုပ်ဆိုလို့ သုံးအုပ်ပဲရှိတယ်။ အဲ့ဒါဟာ စဦးချီဖွဲ့စည်းခြင်း အဆင့်ထက် များစွာသာလွန်တယ်။
ကောင်းလိုက်တာဟု အဖွားအို(၆)ယောက်ထဲမှ မြင့်မြတ်သည်ဟု ယူဆရသော အဖွားအိုတစ်ဦးက အသံပြာဖြင့် ပြောလိုက်သည်။ သူမ အသံထွက်လာတော့ လူတွေအားလုံး ငြိမ်သက်သွားကြသည်။ ငါတို့အားလုံးက မြင့်မြတ်သောဝိဉာဉ်တော်ကျမ်းကြောင့် ဒီမှာရှိနေကြတာ။ ဘာပဋိပက္ခမှ မဖြစ်ချင်တော့ဘူး။ ငါတို့က မင်းရဲ့ ရတနာကို မယူသလို မင်းကိုလည်း ရုပ်သေးရုပ်အဖြစ် ပြောင်းပစ်မှာ မဟုတ်ပါဘူး သားရယ်။ ဒါပေမဲ့ မင်းက ငါတို့ကိုတော့ ကူညီရလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကို မင်းလည်းရိပ်မိမှာပါ။ မင်းရဲ့ အသက်နဲ့ ဂိုဏ်းချုပ်ရဲ့ကျမ်းက ဘယ်ဟာ အရေးကြီးလည်း ဆုံးဖြတ်ရအောင် ငါတို့အကြံ မလိုဘူးထင်တယ်။
မန်ဟိုသည် တခဏမျှ ငြိမ်သက်နေပြီး ငါ့ကို ဝိဉာဉ်တော် ကျောက်တုံး တစ်သန်းပေး ပြီးတော့ ဒီလူ့ကိုလည်းသတ်ပေးဟု လျှိုတောက်ယွင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ လျှိုတောက်ယွင်၏ မျက်နှာသည် မှေးမှိန်သွားပြီး မန်ဟိုအား သတ်ရန် နည်းလမ်းပေါင်းများစွာကို စ၍ စဉ်းစားနေတော့သည်။ ရုတ်တရက် မန်ဟိုပေါ်လာသောအခါ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ သူသည် နှလုံးခုန်မြန်နေကာ နဖူးတွင်လည်း ချွေးများပြန်နေတော့သည်။ ဒီလူတွေဟာ သူတို့လိုချင်တာသာ ရမယ်ဆိုလျှင် မန်ဟို့ တောင်းဆိုချက်ကို လိုက်လျောမှာ အသေအချာပဲ။ လျှိုတောက်ယွင်သည် ဖုန်းဟန်ဂိုဏ်းမှာ ဂိုဏ်းချုပ်(၂)ဦးအား ငြိုးငယ်သော မျက်လုံးများဖြင့် ကြည့်နေလေတော့သည်။
အဖိုးအိုသည် နီရဲသော မျက်နှာဖြင့် မန်ဟိုအား အေးစက်စက် ကြည့်လိုက်သည်။ အဖိုးအိုသည် အိင်္ကျီလက်ကို ခပ်လိုက်ကာ အေးတိအေးစက် မျက်လုံးများဖြင့် မန်ဟိုအား ကြည့်နေတော့သည်။ ဒါကတော့ မဖြစ်နိုင်ဘူး ကောင်လေးရ။ မင်းက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး တောင်းဆိုတာကလည်း အတင်ရဲလိုက်တာ။ မန်ဟိုက အဖိုအိုအား ကြည့်လိုက်သည်။ အဖိုးအိုက သူ့ကို သတ်ဖို့လည်း ထပ်မပြောနဲ့။ ပြီးတော့ ငါတို့မှာ မင်းကိုပေးဖို့ ဝိဉာဉ်တော် ကျောက်တုံး အဲ့လောက်လည်း မရှိဘူး။
ထိုအခါ မန်ဟိုက ငါ့မှာ ဝိဉာဉ်တော် ကျောက်တုံးတွေ မရှိရင် ဒါမှမဟုတ် အဲ့ဒီလူကို မသတ်ပေးရင် ငါဆိုတဲ့ မန်ဟိုက ခင်းများတို့ကို ဂိုဏ်းချုပ်တရားကျင့်တဲ့ နေရာကို ဘယ်တာ့မှ ခေါ်သွားမှာမဟုတ်ဘူး။ အဲ့တော့ ခင်များတို့လည်း မသေနိုင်တဲ့ ဂူထဲဘယ်တော့မှ ရောက်မှာမဟုတ်ဖူးဟု မန်ဟိုက ပြတ်သွားစွာဖြင့် အရဲစွန့်ပြီးပြောလိုက်သည်။ အကယ်၍ သေစရာရှိလျှင် သေဖို့အဆင်သင့်ပဲ။
ထိုအချိန်တွင် လျှိုတောက်ယွင်က မန်ဟိုအား သတ်ချင်သော မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေတော့သည်။ “အရမ်းကောင်းတယ်” ဟု ဂုဏ်သိက္ခာရှိသော အဖွားအိုက ပြောင်ပြောင်တင်းတင်း ပြောလိုက်သည်။ ဝိဉာဉ်တော်ကျောက်တုံး ကိစ္စကိုတော့ ငါတာဝန်ယူ ဖြေရှင်းပေးမယ်။ လောလောဆယ် မင်းကို ဝိဉာဉ်တော်ကျောက်တုံး တစ်သိန်း ပေးထားနှင့်မယ်။ အကယ်၍ မန်ဟိုက နောက်ထပ်ဘာမှ မတောင်းဆိုလျှင် သံသယ ဖြစ်စရာပဲ။ အဖွားအိုသည် အိင်္ကျီလက်ကို ခတ်လိုက်ပြီး မန်ဟို့ထံသို့ အိတ်တစ်ခုကို ပစ်ပေးလိုက်သည်။ မန်ဟိုက မဖမ်းလိုက်သောကြောင့် ထိုအိတ်သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အရမ်းကောင်းတယ်ဟု မန်ဟိုက ဖြည်းညှင်းစွာ ပြောလိုက်သည်။ လျှိုတောက်ယွင်ကိုတော့ ဒီနေရာမှာပဲ သတ်ပေးရမှာနော်ဟု ပြောကာ အိတ်ထဲရှိ ဝိဉာဉ်တော် ကျောက်တုံးများကို ထုတ်နေတော့သည်။ အဖွားအို၏ မျက်လုံးများ အရောင်လတ်လာကာ အခြားသူများလည်း သူ့ကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေသည်။
လျှိုတောက်ယွင်သည် အလွန်အမင်း ဒေါသထွက်လျှက်ရှိသည်။ အဖိုးအိုသည်ပင် လျှိုတောက်ယွင်အား အမိန့်ကို လိုက်နာရန် ပြောလေတော့သည်။ လျှိုတောက်ယွင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ ဒေါသကို တွန်းထုတ်လိုက်သည်။ ထို့နောက် ရှေ့သို့ အနည်းငယ် လျှောက်သွားကို အိတ်တစ်ခုကို ကောက်ကိုင်လိုက်သည်။ အိတ်ကို ခါရမ်းလိုက်တော့ အိတ်ထဲမှ မရမတွက် နိုင်အောင်များပြားသော ဝိဉာဉ်တော် ကျောက်တုံးများ ထွက်ကျလာသည်။ လျှိုတောက်ယွင်သည် ကျောက်တုံးများကို ခဏကြည့်နေပြီး အသက်ပြင်းပြင်း ရှူလိုက်လေတော့သည်။ မန်ဟိုသည် အေးဆေးတည်ငြိမ်စွာဖြင့် ဝိဉာဉ်တော် ကျောက်တုံးများကို ကြည့်လိုက်ပြီး သူ၏အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ သူ့မှာ သတိထားဖို့ကလွဲပြီး ဘာမှမတက်နိုင်ခဲ့ဘူး။ ဒီလူတွေဟာ ချီအခြေတည်အဆင့် ကျင့်ကြံသူတွေမဟုတ်ကြသလို အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေလည်း မဟုတ်ကြဘူး။ သူတို့သာ သတ်ချင်လျှင် ပိုးကောင်တစ်ကောင် သတ်ထာထက်ပင် ပို၍လွယ်ကူနေဦးမှာ။
ဒီကစ္စမှာ အလောင်းအစား မလုပ်နိုင်ဘူးဆိုတာ သူတို့ဘက်က မရပ်တည်နိုင်လို့မဟုတ်ဘူး ကျင့်ကြံမှု အခြေခံကြောင့်သာ ဖြစ်တယ်။ ဒါကြောင့်လည်း မန်ဟိုက ဘာပဠိရယ်မှ မသုံးပဲ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း လုပ်ခဲ့တာ။ ဒီလူတွေ သူ့ကို မယုံကြည်လျှင် ရွေးချယ်စရာလည်း မရှိဘူးလေ။
မင်းမှာ ကိုယ်ပိုင် ဝိဉာဉ်တော် ကျောက်တုံးတွေ ရှိတယ်။ ဒါဟာ ကြီးလေးတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်။ ရော့ ဒီဆေးပြားကို စားလိုက်ဟု အဖွားအိုက သူမ၏ ညာလက်ကို မြှောက်ပြီး အမဲရောင် ဆေးပြားတစ်ပြား ပေးလိုက်သည်။ ထို့နောက် ဝိဉာဉ်တော် စွမ်းအင်အများအပြား စုဝေးလာကာ ကြယ်ပျံတစ်ခု၏ ပုံရိပ်သည် ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ မန်ဟိုသည် အံ့အားသင့်သွားက ဆေးလုံးအား သတိကြီးစွာ ကြည့်လိုက်မိသည်။ ဒါတွေကို မြင်တော့ လျှိုတောက်ယွင်၏ မျက်နှာမှာ ရွံရှာဖွယ် အပြုံးများပေါ်လာသည်။ ချီအခြေတည်အဆင့် ကျင့်ကြံသူများကလည်း လေပေါ်တွင် ဝဲပျံရင်း မျက်နှာသေများဖြင့် မန်ဟိုအား ငေးစိုက်ကြည့်နေကြသည်။ အမြုတေဖြစ်တည်ခြင်း ကျင့်ကြံသူများကတော့ သူ့ကို ကြည့်မနေခဲ့ကြဘူး။ အဖွားကိုက ဆေးလုံးကို မပေးလျှင် သူတို့က ပေးလောက်တယ်။ သူတို့ရဲ့ မျက်လုံးတွေက လင်းလက်တောက်ပနေတာပဲ။
တဂယ်တော့ မန်ဟိုဆိုတာ သူတို့နဲ့ယှဉ်လျှင် ကလေးသာသာပဲ။ မန်ဟိုရဲ့ အကြံအစည်ကို မကြိုက်လျှင် ဘာပဲလုပ်လုပ်သူတို့ကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူး။
ဆေးလုံးကို စားပြီးလျှင် ဦးဆောင်ပြီး မင်းသွားပေတော့။ မစားဘူးဆိုလို့ရှိလျှင် ဝိဉာဉ်ရုပ်သေး အနုပညာကို ငါတို့ဘာသာ ရှာရမယ်ဟု အဖွားအိုက ဒေါသသံ မပါပဲ အေးဆေးစွာ ပြောလိုက်ပြီး မန်ဟို့ထံသို့ အဆိပ်ဆေးပြားကို ပစ်လွှတ်လိုက်သည်။ မန်ဟိုသည် တခဏတွေဝေနေသည်။ အဲ့ဒီဆေးပြား အဆိပ်ရှိလား မရှိလား သူလည်း မဝေဖန်တက်တော့ဘူး။ ဒီထက် ဆိုးကောင်းဆိုးနေလိမ့်မယ် ဒါပေမဲ့ ရွေးချယ်စရာလည်း မရှိဘူး။ သူသည် မေးရိုးကိုတင်းလိုက်ပြီး ဆေးပြားကို ကောက်ကိုင်လိုက်သည်။
အဖိုးအိုက အဆိပ်ဆေးလုံး အကြောင်းပြောနေကြတာလား ငါ့မှာလည်း တစ်လုံးရှိတယ်ဟု ဆိုကာ အနီရင့်ရောင် ဆေးပြားကို မန်ဟို့ထံ ပစ်ပေးလိုက်သည်။
တဂယ်တော့ ငါတို့မှာလည်း တစ်ပြားရှိတယ်ဟု ဂိုဏ်းကြီးသုံးဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများက ပြောလိုက်ပြီး ထိုဆေးပြားသည် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ မန်ဟို့ထံသို့ ရောက်ရှိသွားသည်။
အဖွားအို၏မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး သူမ ဘာကိုတွေးနေသည်ကို မည်သူမျှမသိရှိနိုင်ပါ။ ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး သူမ၏လူတွေကို ဘာမှမပြောပဲ တစ်ဖန်ကြည့်လိုက်သည်။ အကယ်၍ မန်ဟိုက ဆေးလုံးတစ်လုံး စပြီးမှီဝဲပြီးလျှင် ကျန်တာတွေက ဘာမျှမခက်ခဲတော့ဘူး။ အဲ့ဒါဆိုလျှင် သူက ငါတို့ထိန်းချုပ်မှု အောက်မှာ မရှိနေတော့ဘူး။ ဒါဟာ အမျှတဆုံး နည်းလမ်းပါပဲလေ။ ငါ့သိက္ခာကိုဆယ်ဖို့ ယဉ်ကျေးစွာ ပြုမူရမည်ဟု အကြီးအကဲက တွေးလိုက်ပြီး သူ၏ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ ထိုစဉ် သုံးရောင်ချယ်ဆေးလုံး ပေါ်လာကာ မန်ဟို့ထံသို့ ထိုးစိုက်သွားသည်။
တစ်ခြားဆေးလုံးတွေနဲ့ ယှဉ်လျှင် ဒီဆေးလုံးက အတော်ကိုထူးခြားတာပဲ။ ဘာကြောင့်မှန်းမသိ မန်ဟိုက ဆေးလုံးကို ငေးကြည့်နေတော့တယ်။ သူ၏ခန္ဓာကိုယ်သည်လည်း တုန်ယင်နေတော့သည်။
***