ထွက်ခွာခြင်း
Vol. 153 Ch. 2129
ချင်းချင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ထို့နောက် ခွင့်မပြုသလို ပြောလိုက်သည် “ကျွန်မ သွားမယ်ပြောတော့ ရှင် ခဏနေပဲသေတော့မလို ခံစားရလို့လား”
“အဲလိုဆိုရင်ရော”
“အခုက ကောင်းကောင်း အသက်ရှင်နေတာပဲ.. အဲဒါကြောင့် အဲဒီစကား တွေက ရှင့်ဒဏ်ရာတွေနဲ့အတူ ပျောက်သွားနေပြီးပြီ” ချင်းချင်း ပြောလိုက်သည် “ပြီးတော့ ကျွန်မကို ပိတ်ရက်မပေးရင် အလုပ်လုပ်တာ သက်ရောက်မှုရှိမှာ မဟုတ်ဘူး”
“မင်းကို ပိတ်ရက်ပေးရင် မင်းက ပြန်လာတော့မှာမဟုတ်ဘူးလေ”
သူမ အသူရာငရဲမှထွက်သွားပြီးရင် ဘာလို့ ဒီနေရာကို ပြန်လာနေတော့ မှာလဲ။
“သူဌေး ကျွန်မလို ကောင်းတဲ့လက်အောက်ငယ်သား ထွက်သွားတာကို မကြည့်ရက်ရင်လည်း ဘာလို့ကျွန်မနဲ့အတူ ထွက်မသွားတာလဲ” ချင်းချင်းသည် စနောက်သံ တစ်ဝက်ဖြင့် ပြောလိုက်သည်။
“ငါ..” နိုင်ဟဲ့သည် ထပ်မံတွေဝေသွားပြန်သည်။
“ကျွန်မက နောက်လိုက်တာပါ ဘာလို့ အဲလောက်တွေ လေးနက်သွား တာလဲ” ချင်းချင်း ရယ်မောလေသည်။ ပြီးနောက် လေးနက်စွာ ပြောလိုက်သည် “ကျွန်မ ထွက်သွားမယ်လို့ ပြောတုန်းက ရှင့်ထင်မြင်ချက်ကို မေးနေတာမဟုတ် ဘူး.. အသိပေးတာ.. အဲဒါကိုလည်း ဆုံးဖြတ်ပြီးသွားပြီ ရှင်ဘာမှပြောဖို့မလိုဘူး မကျေနပ်ရင်လည်း ကျွန်မရာထူးကိုပြန်ရုတ်သိမ်းလို့ရတယ်”
“မင်း…”
“ဟုတ်ပြီ ကျွန်မကို မနှောင့်ယှက်နဲ့တော့ ဒီပစ္စည်းတွေ ထုပ်ပိုးရဦးမယ်.. ရှင့်ရဲ့ဆရာဦးလေးက ဘယ်တော့ထွက်သွားမယ်မသိဘူး.. အထုပ်ပြီးအောင် မထုပ်ထားရင် ကျွန်မကိုစောင့်မယ်မထင်ဘူး” ချင်းချင်းသည် သူ့ကို စိတ်တိုစွာ ဖြင့် တွန်းထုတ်ပြီး တံခါးကိုစောင့်ပိတ်လိုက်သည်။
နိုင်ဟဲ့သည် တံခါးအပြင်တွင် ရပ်နေသည်။ သူသည် တံခါးကို မှိုင်တွေစွာ ဖြင့် အတန်ကြာစိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။ သူ ခြံဝန်းထဲမှ ထွက်ာလာချိန်တွင် ရှီမာယူယူ အပြင်တွင်ရပ်နေသည်ကို မြင်လိုက်ရသည်။
“လင်းယူကို ရှေးဟောင်းစာအုပ်တွေ ဖတ်ခိုင်းထားတယ်.. သူမရဲ့ အခြေ အနေနဲ့ဆိုရင် မိုးကြိုးကိုဖြတ်ကျော်နိုင်သရွေ့ ကောင်းကင်ဥပဒေက ထပ်ပြီး ချည်နှောင်ထားတော့မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သေချာရဲ့လား” ရှီမာယူယူ သူ့ကို အဓိပ္ပာယ်ပါပါကြည့်နေသည်ကို ကြည့်ပြီး နိုင်ဟဲ့ ပြောလိုက်သည် “ပြီးတော့ သူမက ကျွန်တော့်နောက်ကို လိုက် လာတာ နှစ်ရာချီနေပြီ သူမရဲ့လုံခြုံရေးကို သေချာအောင် လုပ်ရမယ်”
“အိုး” ရှီမာယူယူသည် အသိအမှတ်ပြုသလိုဖြင့် ခေါင်းညိတ်လိုက်သည် “အဲအကြောင်းကိုတော့ မင်းကို ဘာမှအာမ,မခံရဲဘူး.. ငါတို့က သူမလို အခြေ အနေမျိုးမကြုံဖူးဘူးလေ.. ငါတို့ရဲ့အရည်အချင်းထုတ်ပြီး အကောင်းဆုံးလုပ်ရုံပဲ ရှိမယ်.. ဒါပေမဲ့ မင်းလိုချင်တဲ့ ရလဒ်ကိုလည်း အာမ,မခံပေးနိုင်ဘူး”
“အာမ,မခံနိုင်ဘူးဟုတ်လား သူမကို ဟာသလိုသဘောထားနေတာလား” နိုင်ဟဲ့၏အသံသည် အနည်းငယ်ကျယ်လာသည်။ သူပြောပြီးမှ ချင်းချင်း ကြား သွားမည်ကို စိုးကာ ခေါင်းလှည့်ပြီး မသိမသာစစ်ကြည့်နေသည်။
ရှီမာယူယူသည် ဒေါသမထွက်ပေ။ သူမ နှုတ်ခမ်းတွန့်ပြီး ပြောလေသည် “သူမက ထွက်သွားပြီး အပြင်ကမ္ဘာကြီးကို ကြည့်ချင်တယ်.. သူမက ပိတ်မိနေဖို့ ဒီကိုလာတာမဟုတ်ဘူး.. သူမက အပြင်မှာလျှောက်သွားပြီး နားစွင့်ချင်တယ်.. မျှော်လင့်ချက်နည်းနည်းရှိလည်း သူမက သွားမှာပဲ.. ငါတို့တွေ သိတာမကြာ သေးပေမဲ့ ဒီအချက်တော့သေချာတယ်.. အဲဒါကြောင့် ငါ့ကိုအပြစ်လာတင်ရင် လည်း အသုံးမဝင်ဘူး”
ပြောပြီးနောက် သူမသည် သူ့ကိုဖြတ်ကျော်ကာ ခြံဝန်းသို့ဝင်သွားလိုက် သည်။ နိုင်ဟဲ့သည် သူမ၏ ကျောပြင်ကို မတတ်သာစွာဖြင့် ကြည့်သည်။ သူမ ပြောသွားသည့်စကားများမှာ အမှန်ဖြစ်သည်ကို သူ သိသည်။ အခွင့်အရေးရှိ လာပါက ချင်းချင်းသည် ထွက်သွားမည်ဖြစ်သည်။
သို့သော် သူမ နေခဲ့ရန် အကြောင်းအရင်းကို သူ့မှာ ရှာမတွေ့ပေ။
နှစ်ရက်ကြာပြီးနောက် ချင်းချင်းသည် ရှီမာယူယူတို့နှင့်အတူ ထွက်သွား သည်။ သူမ ထွက်မသွားခင်တွင် အပြစ်သားပြခန်းမှလူများအားလုံး သူမကို လိုက်ပို့ကြသည်။
“သူတို့တွေအကုန်လုံးက မင်းကို လိုက်ပို့ကြတာပဲ.. ဟားဟား ငါတောင် ထင်မထားဘူး ဒါပေမဲ့ မင်းက တော်တော်လေးကောင်းပေးတယ်ထင်တယ်” ရှီမာယူယူသည် ပြုံးပြီးစနောက်လိုက်သည်။
“ငါ ဒီလောက် နာမည်ကြီးနေမယ်လို့ သိတောင်မသိထားဘူး” ချင်းချင်း သည် ရင်ထဲထိသွားကာ မျက်လုံးမှာလည်း အနည်းငယ်ရဲတက်လာသည်။
“သူတို့ကို နောက်တစ်ခါပြန်တွေ့ဖို့က မသေချာဘူးလေ.. ဝမ်းနည်းတာ ကတော့ ပုံမှန်ပါပဲ” ရှီမာယူယူ ပြောလိုက်သည်။
ချင်းချင်းသည် သူတို့ကို နှုတ်ဆက်ရန်သွားချိန်တွင် လက်ဆောင်အများ အပြားရခဲ့သည်။
“သွားကြမယ်လေ” သူမသည် တွန့်ဆုတ်စွာဖြင့် ဖြတ်လမ်းဝင်္ကပါအတွင်း သို့ ဝင်ကာ ရှီမာယူယူတို့ဝင်လာသည်ကိုစောင့်ပြီး ထွက်သွားမည်ဟန်ပြင် သည်။
“နေဦး” မို့ယွိသည် နိုင်ဟဲ့ကိုဆွဲကာ လူအုပ်ထဲမှထွက်လာသည်။
“မင်းတို့တွေက ဘာလို့လာတာလဲ” ရှီမာယူယူသည် တအံ့တဩ မေး လိုက်သည်။
“ငါတို့လည်း အင်ပါယာမြို့တော်ကိုသွားမလို့” မို့ယွီ ပြောလိုက်သည်။
“အင်ပါယာမြို့တော်ကို ဘာသွားလုပ်မလို့လဲ”
“ငါ အင်ပါယာမြို့တော်မှာ လုပ်စရာကိစ္စလေးတွေရှိလို့.. အခုမှ သတင်းရ လိုက်လို့ အမြန်ပြန်ရမယ်” မို့ယွီသည် တုံ့ဆိုင်းနေသောနိုင်ဟဲ့ကို ဆွဲခေါ်လာ သည် “ငါသွားရင် သူလည်း ငါ့နောက်ကိုလိုက်ရမယ်လေ.. သူ ဒီမှာနေပြီး တခြားကောင်မလေးတွေနဲ့ သွားရှုပ်မှာစိုးလို့ စိတ်ကိုမချဘူး.. မင်းတို့လည်း အင်ပါယာမြို့ကိုသွားမှာဆိုတော့ အတူသွားကြတာပေါ့”
ရှီမာယူယူ ရယ်မောပြီး ပြောလိုက်သည် “ဟုတ်ပြီလေ အတူသွားကြတာ ပေါ့”
“မင်း ငြင်းမှာမဟုတ်ဘူးဆိုတာ ငါသိပြီးသား” မို့ယွီသည် ပြောပြီးနောက် နိုင်ဟဲ့ကို ဖြတ်လမ်းဝင်္ကပါအတွင်းသို့ ဆွဲခေါ်လေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့လည်း ဝင်လိုက်ကြသည်။ အပြစ်သားပြခန်းမှ လူများ ဝိညာဉ်စွမ်းအင်ကို ဝင်္ကပါအတွင်းသို့ ထည့်လိုက်သည်နှင့် ဖြတ်လမ်း ဝင်္ကပါသည် ချက်ချင်းပင် အသက်ဝင်သွားသည်။ မကြာမီတွင် သူတို့သည် အားလုံး၏မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ဖြတ်လမ်းဝင်္ကပါများ အကြိမ်အနည်းငယ် ပြောင်းအသုံးပြုပြီးနောက် ရှီမာယူယူတို့သည် အင်ပါယာမြို့သို့ရောက်ကြလေသည်။
“ဆရာ”
“မင်းက ဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူသည် ဖြတ်လမ်းဝင်္ကပါမှ ထွက်လိုက်သည်နှင့် ရှောင်ဟော်ကိုမြင်လိုက်ရမည်ဟု ထင်မထားပေ။
“ကျွန်တော်က အခု မိသားစုကိစ္စတွေကို စီမံနေပြီ.. ဒါပေမဲ့ အရင်လိုမျိုး အကုန်လုံးကြီး လိုက်သင်ဖို့မလိုတော့ဘူး” ရှောင်လင်း ပြောလေသည် “စားသောက်ဆိုင်ဖွင့်ဖို့ လုပ်နေတုန်းပဲ”
ရှောင်ဟော်သည် ချီးကျူးခံချင်သလို ပြောလေသည်။
“မဆိုးဘူးပဲ နောက်ဆုံးတော့ မင်း ဟန်ချက်ကိုတွေ့သွားပြီပဲ” ရှီမာယူယူ သည် သူ့အတွက် ပျော်ပေးသည်။
“ဟီး ဟီး ဆရာသာမရှိရင် ကျွန်တော် ဒီနေ့လိုဖြစ်မလာပါဘူး” ရှောင်ဟော်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် “ဆရာ ပြီးခဲ့တဲ့ ၆ လမှာ ဘယ်တွေသွားခဲ့တာလဲ”
“ငါ ကိစ္စတချို့သွားလုပ်တာ.. မင်းဦးလေးရော အင်ပါယာမြို့မှာရှိလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိတယ်.. ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာကတည်းက ထွက်မသွားသေးဘူး.. ဒါပေမဲ့ တော်ဝင်နန်းတော်ကိုတော့ အမြဲသွားတယ်.. သူအိမ်မှာရှိရဲ့လားတော့ မသိဘူး” ရှောင်လင်း ပြောလိုက်သည် “ကျွန်တော်လည်း ကိစ္စတွေပြီးပြီဆို တော့ အဲဒီကိုခေါ်သွားပေးမယ်လေ”
“ငါသူ့ကိုသွားရှာလိုက်မယ်.. အဲဒီကို မင်းလိုက်ဖို့မလိုဘူး.. ဒီအတိုင်း ငါ့ သူငယ်ချင်းတွေကိုပဲ ကူညီပြီးစီစဉ်ပေးလိုက်ပါ” ရှီမာယူယူသည် သူ့ကို ပြောပြီး နောက် ချင်းချင်းကို ပြောလိုက်သည် “မင်း တစ်ခုခုစားချင်ရင် သူ့ကိုပြောလိုက် သူ့လက်ရာက အဲဒီကအရသာနဲ့ အရမ်းတူတယ်”
“တကယ်လား” ချင်းချင်းသည် ရှောင်လင်းကိုကြည့်ပြီး ပြုံးကာ ပြော လိုက်သည် “မင်္ဂလာပါ ကျွန်မက ချင်းချင်း ရှင့်ဆရာရဲ့သူငယ်ချင်းပါ”
ရှောင်လင်းသည် လိုက်သွားချင်သော်လည်း ရှီမာယူယူ၏ အမိန့်ကိုလည်း မလွန်ဆန်ရဲသဖြင့် သဘောတူလိုက်ရသည် “ဒါဆိုရင် သူမကို စားသောက်ဆိုင် ကိုခေါ်သွားလိုက်မယ်.. သူတို့ကရော”
ရှီမာယူယူသည် နိုင်ဟဲ့နှင့် မို့ယွီကို ကြည့်ပြီးပြောလိုက်သည် “မင်းတို့ကို တော့ နေရာချပေးဖို့မလိုဘူးမလား.. မင်းတို့မှာ လုပ်စရာရှိသေးတယ်မလား”
“ဟုတ်တယ် လုပ်စရာရှိသေးတယ် ဒါပေမဲ့ မင်းရဲ့လုံခြုံရေးကို သေချာ အောင်လုပ်ရဦးမယ်.. မဟုတ်ရင် နိုင်ဟဲ့က ငါ့နောက်ကို အေးအေးချမ်းချမ်း လိုက်မှာမဟုတ်ဘူး” မို့ယွီ ပြောလိုက်သည်။
“ဒါဆိုလည်း ဟုတ်ပြီလေ.. ရှောင်လင်း သူတို့ကို အတူခေါ်သွားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ တော်ဝင်နန်းတော်က ထွက်လာရင် မင်းတို့ကို လာရှာလိုက်မယ်”
ရှီမာယူယူသည် ဤကိစ္စကို တခြားသူများကိုမသိစေချင်သဖြင့် သူတို့ကို ခေါ်မသွားချင်သည်ကို နိုင်ဟဲ့သိသည်။ ထို့ကြောင့် အတူလိုက်ရန် မပြောတော့ ပေ။ သူသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် “ဟုတ်ပြီလေ သတိထားပါ တစ်ခုခုရှိရင် ငါတို့ကိုချက်ချင်း သတင်းပေးလိုက်ပါ”
ရှီမာယူယူမကိုင်တွယ်နိုင်လျှင် သူသည် လျှို့ဝှက်ဂိုဏ်းကိုသွားရမည်ဖြစ် သည်။
“အေးပါ အေးပါ ငါ သိပါတယ်”
ရှောင်လင်း သူတို့ကိုခေါ်သွားသည်ကို ရှီမာယူယူ ကြည့်နေမိသည်။ သူမ ရှီအာမို့ကို သွားမရှာခင် သူပေါ်လာသည်။
“ပြန်လာပြီပဲ” ရှီအာမို့သည် သူမကို ကြည့်လေသည် “မင်း ခြေတွေ လက် တွေတော့ ပျောက်မသွားတဲ့ပုံပဲ”
“ကျွန်မကို စိတ်ပူပြနေတာလား” ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက် သည်။
“ထင်ချင်သလိုထင်တော့ သွား အရှင်က မင်းကိုစောင့်နေတယ်”
ရှီအာမို့သည် သူမကို တော်ဝင်နန်းတော်ဆီသို့ခေါ်သွားပြီး မုလန် တရား ကျင့်သည့်နေရာသို့ ခေါ်သွားလေသည်။ သို့သော် မုလန်မှာ မျှော်စင်ဆီသို့သွား ကြောင်း ပြောလာသည်။
“ပြန်လာပြီပဲ” မုလန်၏ လေးပင်သောအသံထွက်လာသည်။
ရှီမာယူယူ ကြည့်လိုက်ရာ သူသည် အတွေးထဲနစ်မျောနေသည်ကို တွေ့ လိုက်ရသည်။ သူသည် သူမကိုအဝေးမှကြည့်နေပြီး အရင်တစ်ခေါက်ကကဲ့သို့ ပင် မတ်တတ်ရပ်နေခဲ့သည်။
***