အလဲအလှယ်
Vol. 153 Ch. 2130
“ကျွန်မတို့ မတွေ့တာ ဘယ်လောက်မှမကြာသေးဘူး ဒါပေမဲ့ ရှင်…” ရှီမာယူယူသည် မုလန်အား တအံ့တဩကြည့်လေသည်။ ၁ နှစ်ပင်မကြာသေး သည့်အချိန်တွင် သူသည် ဤမျှအိုမင်းသွားသည်။
“ငါ့ခန္ဓာကိုယ်ကမကောင်းဘူး” မုလန်၏ မျက်နှာမှာ ခပ်ဖျော့ဖျော့ပြုံးလေ သည်။ သူသည် သေအံ့ဆဲဆဲဖြစ်နေသဖြင့် စွန့်လွှတ်ထားသည့်အတိုင်းပင်။
သူ့မျက်နှာမှ သေဆုံးခြင်းဆိုသည့်အရာသည် အေးချမ်းလွန်းနေသဖြင့် သူမ သနားသွားကာ မသိစိတ်မှပြောမိလိုက်သည် “ကျွန်မ စမ်းသပ်လို့ရမလား”
“ရတာပေါ့.. မင်းရဲ့ ဆေးပညာကလည်း အရမ်းကောင်းတယ်လို့ ငါကြား ဖူးတယ်” မုလန်သည် သူ၏ အသက်တံခါးပေါ်သွားမည်ကိုပင် စိုးရိမ်ခြင်းမရှိဘဲ လက်ဆန့်ထုတ်လိုက်သည်။
ရှီမာယူယူလျှောက်သွားပြီး သူ့လက်ကိုကိုင်ကာ စစ်ဆေးကြည့်လိုက် သည်။ အတန်ကြာမှ သူမလွှတ်ပေးလိုက်သည် “အရှင့်ရဲ့သွေးကြောတွေနဲ့ အတွင်းအင်္ဂါတွေတော်တော် ယိုယွင်းနေပြီ အဲဒါကြောင့် အံ့ဖွယ်ဆေးတောင်လို နေတာကိုး”
“ဟုတ်တယ်” မုလန်သည် လက်ကိုပြန်ရုတ်လိုက်သည်။ သူ၏ မျက်ခွံမှာ အနည်းငယ်စင်းကျသွားရင်း ပြုံးကာ မေးလေသည် “အခု ငါ့ကို အံ့ဖွယ်ဆေး ပေးမှာလား”
“ဒါပေမဲ့ ကျွန်မ တောင်းဆိုချက် ထပ်တိုးစရာရှိတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ပြောပါ”
“အံ့ဖွယ်ဆေးက အရှင့်ကိုကယ်နိုင်တယ်ဆိုရင် တစ္ဆေလောကကို စစ်တပ် မလွှတ်ပါဘူးလို့ အာမခံပေးရမယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက တစ္ဆေလောကကို ကူညီပေးပါလို့ ပြောနေတာမဟုတ်ဘူး.. ဒါပေမဲ့ အနည်းဆုံး တော့ ဝိညာဉ်နယ်မြေကို မကူညီဘဲနေလို့ရတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီအပေး အယူက မလွန်ပါဘူး”
“ဝိညာဉ်နယ်မြေကို ငါ့စစ်တပ်ပို့လိုက်တယ်ဆိုတာကို မင်းသိထားတာပဲ” မုလန်သည် အတပ်ပြောလေသည်။
“ဟုတ်တယ်” ရှီမာယူယူ ဝန်ခံလိုက်သည် “သုံးဖက်သုံးလံ ဆက်ဆံရေးက အတည်ငြိမ်ဆုံးဆက်ဆံပေးပဲ ဒါပေမဲ့ အန္တရာယ်အများဆုံးလည်းဖြစ်တယ်.. နှစ်ဖွဲ့ပေါင်းမိတာနဲ့ တစ်ဖွဲ့က သေချာပေါက် သေမှာပဲ”
“ဒါဆိုရင် တစ္ဆေလောကကို ကူညီပေးဖို့ မပြောဘဲ ဘာလို့ တစ်ဖက်မှာ မရပ်တည်နဲ့လို့ပြောတာလဲ”
“လောကသုံးပါးက ရှုပ်ထွေးသွားရင် တစ္ဆေလောကလည်း ပြိုလဲသွားမှာ ပဲ” ရှီမာယူယူ ပြောလိုက်သည် “အရှင့်ကို ကြားမဝင်ဖို့ပြောလိုက်ရင် အရှင် လည်း သဘောတူဖို့လွယ်သွားမယ်.. ဝင်မပါဖို့ပြောရင် သဘောမတူတာလည်း ဖြစ်နိုင်တယ်လေ”
မုလန်ရယ်မောလိုက်သည်။ သူမသည် ချင့်ချိန်စွာ ခွဲခြိမ်းစိတ်ဖြာထား သည်။
“ဟုတ်ပြီ ငါ ကတိပေးပါတယ်.. ဝိညာဉ်နယ်မြေကို ကူညီဖို့ ငါ့တပ်ကို မလွှတ်ဘူး” သူသည် သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။
“တကယ်တော့ ဝိညာဉ်နယ်မြေကလူတွေ ဒီကိုလာသွားတယ်.. အဲဒါ ကြောင့် အရှင်က သေချာစဉ်းစားထားပြီးသား.. မင်းက အချိန်ကိုက် တောင်းဆို လိုက်တာပဲ” ရှီအာမို့ ပြောလိုက်သည်။
“ဒါဆို ကျွန်မက တကယ်ကံကောင်းတာပဲ” ရှီမာယူယူသည် ပြောပြီး သည်နှင့် အံ့ဖွယ်ဆေး ထည့်ထားသည့် သေတ္တာထုတ်၊ အဖုံးဖွင့်ပြီး အထဲတွင်ရှိ သော ပန်းကိုပြလိုက်သည်။
ထိုသေတ္တာဖွင့်လိုက်သည်နှင့် ရှီအာမို့နှင့် မုလန်တို့သည် ထိုအံ့ဖွယ်ဆေးမှ ထွက်လာသည့် နူးညံ့သည့်အားကို ခံစားမိသည်။ အနံ့ခံရုံနှင့်ပင် လေးလံနေ သော ရင်ဘတ်ကြီးတစ်ခုလုံး သက်တောင့်သက်သာဖြစ်သွားသည်ကို မုလန် ခံစားမိသည်။
“တကယ်ပဲ အံ့ဖွယ်ဆေးပဲ သက်ရောက်မှုက တကယ်ထူးခြားတယ်” မုလန် အော်လေသည်။
ထို့ကြောင့် ရှီမာယူယူသည် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းထုတ်လိုက် သည်။ မုလန်သည် ထိုအပြုအမူ၏ ရည်ရွယ်ချက်ကိုနားလည်သဖြင့် အမြဲတစေ ဆောင်ထားသည့် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းထုတ်လိုက်သည်။ သူတို့သည် သက်ဆိုင်ရာချိပ်စည်းများထဲသို့ အသီးသီး ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ ထို ချိပ်စည်းမှ အလင်းများထွက်လာပြီး ချက်ချင်းပင် အတူပေါင်းစည်းသွားလေ သည်။
မုလန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကိုပြန်ရုတ်လိုက်ပြီး တောင်မျက်နှာ အံ့ဖွယ်ချိပ်စည်းကို သူမဆီသို့ ပစ်ပေးလိုက်သည်။
ရှီမာယူယူသည် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းကိုဖမ်းပြီး သူ့ကို အံ့ဖွယ် ဆေးပေးလိုက်သည်။ နှစ်ဦးနှစ်ဖက်သည် လှည့်ဖျားရန်စိတ်ကူးထားခြင်းမရှိ သဖြင့် လဲလှယ်မှုသည် ချောချောမွေ့မွေ့ပင်ပြီးဆုံးသွားသည်။
မုလန်သည် အံ့ဖွယ်ဆေးကို အလောတကြီးမသောက်ပေ။ ထိုအစား သူ သည် ရှီမာယူယူကိုကြည့်ပြီးမေးလေသည် “မင်းမှာ လေးမျက်နှာအံ့ဖွယ်ချိပ် စည်းရှိပြီဆိုရင် စည်းကို ဘယ်လိုဖြည်ရမယ်ဆိုတာ ဘယ်လိုသိမှာလဲ”
ရှီမာယူယူသည် ထိုအကြောင်းကို တွေးနေတုန်းမှာပင် သူအရင်မေးလာ လိမ့်မည်ဟု ထင်မထားပေ။
“ကျွန်မလည်း မသေချာဘူး အဲအကြောင်းကို အရှင့်ကိုမေးမလို့ပဲ” ရှီမာ ယူယူ ပြောလိုက်သည် “အရင်တစ်ခေါက်ကြိုးစားတုန်းက မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းတစ်ခုနဲ့တင် ကျွန်မဝိညာဉ်စွမ်းအင်တွေ အကုန်သုံးသွားတယ်.. အခု လေးခုလုံးစုလိုက်တော့ ကျွန်မခံနိုင်ရည်ရှိမယ်မထင်ဘူး.. ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲကျွန်မမသိဘူး.. လူလေးယောက်စုလိုက်ရင် ဖြစ်နိုင်မှာ လား”
“အဲတော့ မင်း ဒီပြဿနာကိုသိပြီးသွားပြီပေါ့” မုလန် ပြောလိုက်သည် “လူလေးယောက်ကို တစ်ချိန်တည်းလုပ်ခိုင်းတာမဖြစ်နိုင်ဘူး.. ဘာလို့လဲဆို တော့ လေးမျက်နှာအံ့ဖွယ်ချိပ်စ်းကို တစ်ပြိုင်နက်နေရာချရမယ်.. တစ်စက္ကန့် တောင် လွဲသွားလို့မရဘူး.. အဲတော့ မင်းဘာသာပဲလုပ်ရမယ်”
“ဒါပေမဲ့ တစ်ယောက်တည်းလုပ်မယ်ဆိုရင် ကျွန်မအသက်ပေးရင်တောင် မလောက်မှာစိုးရတယ်”
“အဲဒါကြောင့် မင်း ကျင့်ကြံဖို့လိုတာလေ” မုလန် ပြောလိုက်သည် “မင်း သူတို့ကို ပြီးပြည့်စုံအောင် သန့်စင်ပြီးမှ လုံးဝထိန်းချုပ်နိုင်မှာ”
“အဲဒါက အချိန်ကြာဦးမှာပဲ” ရှီမာယူယူသည် ဝိညာဉ်နယ်မြေနှင့် တစ္ဆေ လောကအကြားမှ ကိစ္စကိုစိတ်ထင့်နေတုန်းပင်။ အချိန်ထပ်ဆွဲနေပါက သူမ ပြန်သွားလျှင် မည်သို့အခြေအနေဖြစ်လာမည်မှာ မသိနိုင်ပေ။
“တခြားနည်းလမ်းမရှိဘူး”
ရှီမာယူယူသည် အတန်ကြာအောင် နှုတ်ဆိတ်သွားပြီး ပြောလိုက်သည် “ကျွန်မ နားလည်ပါပြီ ကျေးဇူးတင်ပါတယ် အရှင်”
“နေစရာပေးဖို့လိုသေးလား”
“မလိုတော့ပါဘူး တော်ဝင်နန်းတော်မှာနေရင် စိတ်ငြိမ်မယ်မထင်ဘူး” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
“ဒါဆို မို့ကိုပြန်ပို့ခိုင်းလိုက်မယ်”
“အရှင် ဒုက္ခများသွားပြီ”
ရှီအာမို့သည် ရှီမာယူယူကို တော်ဝင်နန်းတော်တံခါးဝသို့ပို့ပြီးနောက် ပြန် လာသည်။ သူပြန်လာချိန်တွင် မုလန်သည် အံ့ဖွယ်ဆေးကို ကြည့်နေတုန်းပင် ဖြစ်သည်။
“အရှင် မြန်မြန်သောက်သင့်တယ်” သူပြောလိုက်သည်။
“မို့.. သူမက တကယ်ပဲ အံ့ဖွယ်ဆေးကိုတွေ့ခဲ့တာပဲ” မုလန်သည် အခြေ အနေကို လက်တွေ့မဆန်သလို ခံစားရဆဲပင်ဖြစ်သည်။
“ရှီမာယူယူက အံ့ဖွယ်ဆေးနဲ့ ကံကြမ္မာပါတဲ့လူလို့ သူပြောခဲ့တယ် အဲတော့ မမှားနိုင်ပါဘူး” ရှီအာမို့ ပြောလိုက်သည် “ခုနက သူမပြောသွားတယ် အရှင် အချိန်ဆွဲလေလေ ဆေးသက်ရောက်မှုက လျော့ကျလေလေပဲ.. အရှင် မြန်မြန်သောက်လိုက်ပါ ကျွန်တော် ကာကွယ်ပေးထားမယ်”
သူ သောက်ပြီးနောက် စုပ်ယူပြီး သက်သာလာရန် အချိန်လိုသည်။ ထို အချိန်အတွင်းတွင် တခြားသူများ လာနှောင့်ယှက်နိုင်သည်။
“ဟုတ်ပြီ”
…..
ရှီမာယူယူ တော်ဝင်နန်းတော်မှ ထွက်လာပြီးနောက် ရှောင်လင်း၏ စား သောက်ဆိုင်သို့သွားလိုက်သည်။ စားသောက်ဆိုင်အနောက်တွင် ခြံဝန်းတစ်ခု ရှိရာ သူမ ခေတ္တနေထိုင်ရန် အိမ်ရှိသည်။
ချင်းချင်းသည် သီးသန့်ခန်းထဲတွင် စားသောက်နေသည်။ ရှီမာယူယူသည် ဝင်သွားသည်နှင့် သူမသည် လက်ယက်ခေါ်လေသည်။
“ဘာလို့ ဒီလောက်မြန်မြန်ထွက်လာတာလဲ.. ပစ္စည်းလဲပြီးပြီလား”
“အင်း ပြီးပြီ” ရှီမာယူယူ ထိုင်လိုက်သည် “ဒါပေမဲ့ လုပ်စရာကိစ္စရှိသေး တယ် အဲဒါကြောင့် ဒီမှာလနည်းနည်းလောက် ထပ်နေရမယ်”
“ဟုတ်ပြီလေ မင်းလိုတာတွေ လုပ်လေ.. ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း အချိန်တွေပေါပါတယ်.. နောက်သုံးလေးလလောက်တော့ အင်ပါယာမြို့မှာ လှည့်ပတ်ကြည့်နေလို့ရတယ်.. အရင်ကဆိုရင် ငါ အမြဲအလုပ်ရှုပ်နေခဲ့တော့ သွားလည်ဖို့အချိန်တောင်မရှိခဲ့ဘူး” ချင်းချင်း ပြောလေသည်။
ဘေးတွင်ရပ်နေသော နိုင်ဟဲ့သည် သူမကို စိတ်မကောင်းစွာ ကြည့်လိုက် သည်။
“ဟုတ်ပြီ ငါ အခုကျင့်ကြံရတော့မယ် တစ်ခုခုလိုတာရှိရင် ရှောင်လင်းကို ရှာလို့ရတယ်.. သူ မကိုင်တွယ်နိုင်ရင် သူ့ဦးလေးရှီအာမို့ကို သွားရှာလိုက်ပါ” ရှီမာယူယူ ညွှန်ကြားလေသည်။
“အင်း အင်း ငါ နားလည်ပါတယ်.. တခြားပြောစရာရှိသေးလား”
“မရှိတော့ဘူး ငါ ရှောင်လင်းကို ကိစ္စတချို့အပ်ခဲ့မယ်” ပြောပြီးနောက် ရှီမာယူယူ ထထွက်သွားလေသည်။
ရှီမာယူယူသည် စားသောက်ဆိုင်အနောက်ဘက် ခြံဝန်းရှိ လူသူ အပြတ်ဆုံး နေရာဆုံးနေရာတွင်နေရန် ဆုံးဖြတ်လိုက်သည်။ ချင်းချင်းပါ ဤ နေရာတွင်နေသော်လည်း သူမ တရားကျင့်ကြံမည်ကို သိသဖြင့် သွားမရှာခဲ့ ပေ။
သို့သော် မို့ယွီနှင့်နိုင်ဟဲ့တို့ ဤနေရာတွင် နေရခြင်းအကြောင်းအရင်းကို သူမ နားမလည်ပေ။ သူတို့နှစ်ယောက်သည် အပြင်ဘက်တွင်သာ ရှိတတ်သော် လည်း ရံဖန်ရံခါတွေ့နေရသည်မှာ သူမအတွက် မျက်စိဆံပင်မွေးစူးစရာဖြစ်နေ သည်။
ဝိညာဉ်စေတီအတွင်းတွင် ရှီမာယူယူသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်း လေးခုကို ရှေ့တွင်ချလိုက်သည်။ သူမသည် အံ့ဖွယ်အာရုံကို သုံးကာ လေးမျက် နှာအံ့ဖွယ်ချိပ်စည်းကို ထုပ်ပတ်လိုက်ပြီး ဖြည်းဖြည်းချင်း သန့်စင်ပြီး သူမ ကိုယ်ပိုင်အံ့ဖွယ်ကိရိယာဖြစ်ရန် ကြိုးစားလုပ်သည်။
ထိုအချိန်တွင် ဝူလင်းယူသည် သူမနှင့်အတူ ဝိညာဉ်စေတီအတွင်းမနေဘဲ အပြင်တွင်သာ နတ်ဆိုးမျိုးနွယ်ကိစ္စများကို ဖြေရှင်းလျက်ရှိသည်။
သူ၏ လက်အောက်ငယ်သားများ အားလုံး ပင်ပန်းနေပြီဖြစ်သည်။ သူတို့ ၏ သခင်သည် နတ်ဆိုးဘုရင်မဖြစ်ချင်ဘဲ တစ္ဆေလောကတွင် သွားလည်ပတ် နေသည်သဖြင့် အရာအားလုံးကို တင်ပြနေရသည်နှင့် အလုပ်ရှုပ်နေကြသည်။ သို့သော် အားလုံးသည် သူ၏အပြုအမူကို နာမည်ပေးထားကြသည်မှာ မယား ကြောက်ဟု…
***