← Chapters

တရားကျင့်ကြံခြင်းမှထွက်လာခြင်း

Vol. 153 Ch. 2131

တရားကျင့်ကြံခြင်းမှထွက်လာခြင်း

Vol. 153 Ch. 2131

နှစ်တစ်ဝက်ကြာပြီးနောက် နောက်ဆုံးတွင် ရှီမာယူယူသည် တရားကျင့် ကြံရာမှထွက်လာသည်။ သူမ ချင်းချင်းကိုတွေ့သောအခါ ချင်းချင်းသည် ရှောင်လင်းနှင့် အစားအသောက်များအကြောင်းကို ဆွေးနွေးလျက်ရှိသည်။

နိုင်ဟဲ့နှင့် မို့ယွီတို့သည် ဘေးတွင်ရှိနေကြကာ မျက်နှာများမှာလည်း အိုးဖင်ကဲ့သို့ မည်းနက်နေသည်။ မို့ယွီသည် ဒေါသတကြီးဖြင့် သူ့ခန္ဓာကိုယ်ကို ဆွဲဆိတ်လိုက် ထိုးနှက်လိုက်လုပ်နေသည်။

သူမ ပြန်လာခြင်းသည် အိမ်ထဲရှိ ထူးဆန်းသည့်လေထုကို ဖြိုခွဲလိုက်၏။

“ဆရာ”

“ယူယူ”

“ဆရာဦးလေး”

ပထမအသံနှစ်သံမှာ ပြိုင်တူထွက်လာခြင်းဖြစ်ပြီး ‘ဆရာဦးလေး’ ဆိုသည့်အသံမှာ အားပျော့လှသည်။

“မင်းတို့အကုန်လုံး ဒီကိုရောက်နေတာကိုး” ရှီမာယူယူ လျှောက်သွားပြီး နိုင်ဟဲ့ကိုအရင်နှုတ်ဆက်လိုက်သည် “မင်းတို့တွေက ဘာလို့ ဒီမှာရှိနေသေးတာ လဲ အလုပ်တွေရှိတယ်မဟုတ်ဘူးလား”

“အကုန်ပြီးသွားပြီလေ ဒါပေမဲ့ ဆရာဦးလေးက အသူရာငရဲမှာရှိသေးလို့ သူ့လုံခြုံရေးအတွက် သေချာအောင်လုပ်ဖို့ နောက်ကနေလိုက်မယ်ဆိုပြီး တစ်စုံ တစ်ယောက်က ပြောလို့လေ.. မင်း အသူရာငရဲကထွက်တဲ့အထိ လိုက်မှာတဲ့” မို့ယွီသည် ချဉ်တင်တင်ဖြင့် ပြောလေသည်။

“ဂိုဏ်းက မင်းကို အဲလိုမျိုးညွှန်ကြားထားပေမဲ့ နောက်ကလိုက်ဖို့မလိုပါ ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဆရာ့ရဲ့အမိန့်ပါ လျစ်လျူမရှုနိုင်ဘူးလေ” နိုင်ဟဲ့သည် ပေါ့ပေါ့ပါးပါးပင် ပြောလေသည်။

“ဒါဆိုလည်း ကိုယ့်ကိစ္စကိုယ်လုပ်ကြတာပေါ့” ရှီမာယူယူသည် များများ စားစားမပြောပေ။

“ယူယူ.. လုပ်စရာရှိတာတွေ ပြီးသွားပြီလား ဘယ်တော့ထွက်သွားကြမှာ လဲ” ချင်းချင်း မေးလိုက်သည်။

“အကုန်ပြီးသွားပြီ ဒါပေမဲ့ လင်းယူ ပြန်မလာသေးဘူး.. သူပြန်လာမှ ထွက်သွားလို့ရမယ်” ရှီမာယူယူ ပြောလေသည်။

ရှောင်လင်းသည် ထိုစကားကြားသည်နှင့် မျက်လုံးများအရောင်တောက် သွားသည် “ဒါဆို ဆရာက ဘာမှလုပ်စရာမရှိဘဲ စောင့်ပဲစောင့်နေရမှာပေါ့”

“ဟုတ်တယ် အဲလိုမျိုးပဲ” ရှီမာယူယူ ခေါင်းညိတ်လေသည်။

“ဆရာ ဒါဆိုချက်ပြုတ်တာ သင်ပေးနိုင်မလား.. ကျွန်တော့် လက်ရာ တိုးတက်လာလားလို့ ကြည့်ပေးဦး”

“ရတယ်လေ”

“ဟုတ်ပြီ ဒါဆို နောက်ရက်တွေကို ကျွန်တော့်ကိုလာမရှာနဲ့လို့ မိသားစုကို သွားပြောလိုက်ဦးမယ်” ထိုသို့ပြောပြီးနောက် ရှောင်လင်းသည် လှည့်ပြီး ပြေး ထွက်သွားလေသည်။

ယခု သူသည် မိသားစုကိစ္စများကို စီမံရန်သင်ယူနေရာ သူ၏မိသားစု သည် သူချက်ပြုတ်သည်ကို မကန့်ကွက်တော့ပေ။ ထို့ကြောင့် ရက်အနည်းငယ် ခွင့်ယူသည်မှာ အဆင်ပြေသည်။

ရှောင်လင်း ပြန်သွားသည်နှင့် ချင်းချင်းသည် စားပွဲပေါ်ကို အစားအသောက်စာရင်းကို ချပြီး ပြောလိုက်သည် “မင့်လူက ဘယ်တော့ပြန် လာမှာလဲ”

“နောက်သုံးလေးရက်အတွင်းပဲ” ရှီမာယူယူလည်း မသေချာသေးပေ။

သူမ ကျင့်ကြံရာမှထွက်လာသည်နှင့် ဝူလင်းယူကို ဆက်သွယ်ပြီးပြီဖြစ် သည်။ သူသည် ထိုနေရာတွင် ကိစ္စများပြီးစီးပြီဖြစ်သော်လည်း ပြန်လာရန် ရက် အနည်းငယ်ယူရဦးမည်။

“အိုး”

ရှီမာယူယူသည် သူမကိုကြည့်လိုက်သည်။ ပြီးနောက် နိုင်ဟဲ့ကိုကြည့်ပြီး ရယ်မောလိုက်သည်။

နောက်ရက်များတွင် ရှီမာယူယူနှင့် ရှောင်လင်းတို့ အတူတကွချက်ပြုတ် ကြသည်။ ထိုအရာကြောင့်ပင် ချင်းချင်း၏ စိတ်မရှည်မှုနှင့် ဒေါသများကို ပျောက်သွားစေသည်။ နေ့စဉ်ရက်ဆက် အစားကောင်းများစားနေရသဖြင့် အချိန်ကုန်မြန်လှသည်။ အချိန်ကုန်ဆုံးသည်ဟု မခံစားလိုက်ရခင်မှာပင် ဝူလင်း ယူပြန်လာသည်။

“ဟုတ်ပြီ ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ကြတာပေါ့.. ငါ နန်းတော်ဝင်ပြီး အရှင့်ကို တွေ့လိုက်ဦးမယ်.. ပြီးတာနဲ့ ငါ ထွက်သွားတော့မယ်” ရှီမာယူယူသည် ရှောင်လင်းကို ပြောလိုက်သည်။

ရှောင်လင်းသည် သူမကို လွှတ်မပေးချင်ပေ။ သို့သော် သူမကို နေခိုင်းရန် လည်းမဖြစ်သည်ကို သူ သိသည်။ သူ၏ မျက်လုံးများ နီရဲလာသည် “ဆရာ ဆရာ အသူရာငရဲကိုထပ်လာရင် ကျွန်တော့်ကို လာရှာရမယ်နော်”

“အေးပါ” ရှီမာယူယူသည် သူ့ပုခုံးကိုပုတ်လိုက်သည် “အဲလောက်ကြီး ဝမ်းနည်းဖို့မလိုပါဘူး.. နောက်ကို ပြန်တွေ့ဖို့အခွင့်အရေးရှိလာမှာပါ”

“ဟုတ် ဟုတ်”

သူမသည် ထိုသို့ပြောလိုက်သော်လည်း သူ့ကိုနှစ်သိမ့်ရန် ကြိုးစားနေ သည်ဟု ရှောင်လင်း ခံစားရသည်။ ထိုနှုတ်ဆက်စကားသည် သူတို့၏ နောက် ဆုံးဖြစ်သွားမည်ကို သူ ကြောက်မိသည်။ ဤဘဝတွင် နောက်တစ်ခေါက် ပြန် တွေ့ရန် အခွင့်အရေးမရှိနိုင်လောက်တော့ပေ။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် နန်းတော်သို့ဝင်ရာ မုလန်ကို စိတ်နှလုံး အမြင့်ဆုံးအနေအထားဖြင့် တွေ့လိုက်ရသည်။

“အရှင့်ရဲ့ ခန္ဓာကိုယ် လုံးဝပြန်ကောင်းလာတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက် သည်။

“မင်းပြန်ယူလာတဲ့ အံ့ဖွယ်ဆေးကျေးဇူးကြောင့်ပါ ငါ မင်းကို အသက် အကြွေးတင်သွားပြီ” မုလန် ပြန်ဖြေလေသည်။

“အရှင်က ကျွန်မကို ချီးမွမ်းနေပြန်ပါပြီ.. ဒါက ကျွန်မတို့ကြားက အပေး အယူတစ်ခုပါပဲ ကျွန်မကို ဘာအကြွေးမှမတင်ပါဘူး” ရှီမာယူယူသည် နာမည် ကောင်းမယူချင်ပေ “ကျွန်မ အရှင့်ကို ခဏလောက် ထပ်စမ်းသပ်ပါရစေ”

“ကောင်းပြီ” မုလန်သည် လက်ဆန့်ထုတ်ရာ ရှီမာယူယူသည် ရှေ့ထွက် ပြီး သူ့ကို တဒင်္ဂမျှစမ်းသပ်ပြီး ပြောလိုက်သည် “အရှင့်ရဲ့ ဒဏ်ရာရတဲ့ခန္ဓာကိုယ် က ပြန်ကောင်းလာပြီ.. ဒါပေမဲ့ အံ့ဖွယ်ဆေးရဲ့ အဆီအနှစ်ကို အပြည့်အဝ မစုပ် ယူရသေးဘူး.. ခန္ဓာကိုယ်ထဲမှာ အကြာကြီးထားထားတာ မကောင်းဘူး အဲဒါ ကြောင့် ဂရုစိုက်ပြီး သေချာလေးစုပ်ယူဖို့လိုသေးတယ်”

“ဟုတ်ပါပြီ ငါ လုပ်လိုက်ပါမယ်” မုလန်သည် နူးညံ့စွာ ပြောလေသည် “ထွက်သွားဖို့ ပြင်ပြီးသွားပြီလား”

“ဟုတ်ကဲ့ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတွေကို အပြည့်အဝ သန့်စင်ပြီး သွားပါပြီ.. ကျွန်မ နှုတ်ဆက်ဖို့လာတာပါ.. ကျွန်မထွက်သွားတော့မယ်” ရှီမာယူ ယူ ပြောလိုက်သည်။

“မင်းက တစ္ဆေလောကနဲ့ ဝိညာဉ်နယ်မြေအကြားက စစ်ပွဲအကြောင်း မေး ဖို့လာတာမလား”

“ဟီး ဟီး အဲဒါပိုအဆင်ပြေလို့ပါ” ရှီမာယူယူ ရယ်မောလိုက်သည်။

သူမသည် သူမ၏ အဓိကရည်ရွယ်ချက်ကို ဘယ်သောအခါမှ မဝန်ခံဖူး ပေ။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေက ကောင်းနေတာတော့ မဟုတ်ဘူး” မုလန် ပြောလိုက်သည်။ “တစ္ဆေကြင်ယာတော်နဲ့ ချင်းဟွမ်တို့က ပူးပေါင်းလိုက်ပြီ တစ္ဆေဘုရင်ကလည်း ထွက်မလာသေးဘူး.. သူမက အုပ်စိုးသူ ဖြစ်ချင်နေတာ.. ပြီးတော့ ဒိကျဲ့က ဒဏ်ရာရထားတယ်”

“ဝမ်းကွဲအစ်ကိုက ဒဏ်ရာရထားတယ်ဟုတ်လား ပြင်းထန်လား” ရှီမာယူ ယူ၏ နှလုံးမှာ ဒုန်းကနဲဖြစ်သွားသည်။

“ဒါကိုတော့ မသေချောဘူး.. သတင်းက အဲလိုပဲရောက်လာတယ်.. ပြီးတော့ သူက တမင်လျှို့ဝှက်ထား..” မုလန် ပြောလေသည် “ဒီကိစ္စကို မင်း စိတ်မပူနဲ့ဦး.. ပိုအရေးကြီးတာက ချင်းဟွမ်ရဲ့ စစ်တပ်ကြီးက နယ်စပ်နဲ့နီးစပ် လာပြီ.. ကမ္ဘာနှစ်ခုရဲ့ ကာကွယ်ရေးကလည်း ပြိုလဲတော့မယ်”

“ရုတ်တရက်ကြီး ဘာလို့ ဒီလောက် လေးနက်သွားတာလဲ.. တစ္ဆေကြင် ယာတော်နဲ့ ချင်းဟွမ်တို့ ပူးပေါင်းလိုက်လို့လား” ရှီမာယူယူသည် ဒေါသတကြီး ပြောလေသည်။

“အဲဒါလည်း တစ်စိတ်တစ်ပိုင်းပါတာပေါ့.. တခြားအရေးကြီးတဲ့ အကြောင်းအရင်းက ချင်းဟွမ်က တစ္ဆေကြင်ယာတော်ကို မျက်စိကျနေတာ.. သူ ဒါကို အစီအစဉ်ဆွဲနေတာ ကြာပြီ.. အခု သင့်တော်တဲ့အကြောင်းအရင်းရှာ တွေ့သွားတာပေါ့.. ဒီကိစ္စကို မင်း အရှင်းလင်းဆုံးဖြစ်မှာပါ” မုလန် ပြောလိုက် သည်။

“ဟုတ်ကဲ့ ဒီအကြောင်းကို ကျွန်မသိတာကြာပါပြီ.. သူ အမေ့ကို လက်ထပ်ခွင့်တောင်းတုန်းက ပုံမှန်မဟုတ်ဘူး.. သူ ဒီလောက်မြန်မြန်ကြီး လှုပ်ရှားလိမ့်မယ်လို့ ထင်မထားဘူး”

ရှီမာယူယူ စိတ်မအေးနိုင်တော့ပေ။ ချင်းဟွမ်သာ စစ်တပ်ကို အဲလောက် နီးတဲ့အထိ ခေါ်သွားပြီဆိုရင် သူမပြန်မလာခင်အထိ ဒိကျဲ့တောင့်ခံနိုင်ပါ့ မလား။

ဒိကျဲ့ မည်မျှ ထိခိုက်ထားသည်၊ ပြင်းထန်သည် မပြင်းထန်သည်ကို သူမ မသိပေ။ သူ ဆက်ပြီးတောင့်ခံနိုင်ပါ့မလား။

ရှီမာယူယူသည် ထိုနေရာမှ အခြေအနေကို အတိအကျမသိရသဖြင့် ပို၍ စိတ်ပူလာသည်။ သို့သော် မိခင်ကိုကယ်သည့်ကိစ္စကိုလည်း လက်မလျော့နိုင် ပေ။ ပြီးမှ ချက်ချင်းပြန်ရမည်။

“သုံးလ” မုလန် ပြောလိုက်သည်။

ရှီမာယူယူသည် သူ့ကိုရှုပ်ထွေးစွာကြည့်လိုက်သည်။

“မင်းကို သုံးလအချိန်ပေးမယ်.. ချင်းဟွမ်က ဒီသုံးလအတွင်းမှာ အကာ အကွယ်ကို မချိုးဖောက်နိုင်ဘူးလို့ ငါပြောနိုင်တယ်” မုလန် ပြောလိုက်သည် “ဒါပေမဲ့ ငါ့မှာလည်းလုပ်စရာရှိသေးလို့ သူနဲ့ တခြားစီစဉ်စရာတွေရှိသေးတယ် အဲဒါကြောင့် တစ္ဆေလောကကိုတော့ မကူညီနိုင်ဘူး.. အဲဒါကြောင့် သူ့ကို သုံးလ တော့ အချိန်ဆွဲပေးနိုင်တယ်”

“ကျေးဇူးအများကြီးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

ချင်းဟွမ်နှင့် မုလန်အကြားတွင် တစ်စုံတစ်ရာရှိနေသည်ကို သူမ သိထား သည်။ ထို့ကြောင့်ပင် ချင်းဟွမ်၏ အခြေအနေကို သူ ထည့်စဉ်းစားခြင်းဖြစ် သည်။ သူမသည် အချိန်သုံးလဆွဲပေးသည်ကိုပင် ကျေးဇူးတင်မိသည်။

သို့သော် ထိုသုံးလအတွင်း သူမ၏အမေကို အမြန်ကယ်ကာ တစ္ဆေလော ကသို့ သွားရမည်ဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။

တွက်ချက်ကြည့်ရာ အချိန်မှာအလွန်ကျပ်တည်းလှသည်။

သူမတွင် အချိန်မလောက်သည်ကို မုလန်သိသဖြင့် ယာယီဖြတ်လမ်း ဝင်္ကပါထုတ်ပေးပြီး ပြောလိုက်သည် “သွားတော့”

ရှီမာယူယူသည် ဖြတ်လမ်းဝင်္ကပါကိုဖမ်းပြီး ကြည့်ရာ မီးတောင်ဆီသို့ တိုက်ရိုက်ရောက်လေသည်။ ထိုအရာနှင့်ဆိုလျှင် သုံးလမှာ လုံလောက်သည်။

မုလန် ထိုအရာကို မည်သည့်အချိန်က ပြင်ဆင်ထားသည်မသိပေ။ သို့သော် သူသည် ခန့်မှန်းမိပြီးသားဖြစ်လိမ့်မည်။

သူမ မငြင်းဆန်တော့ဘဲ ဖြတ်လမ်းဝင်္ကပါကိုသိမ်းပြီး နောက်ဆုံးတစ် ကြိမ် ကျေးဇူးတင်ကာ ဝူလင်းယူနှင့်အတူ ထွက်လာခဲ့လိုက်သည်။

သူတို့ စားသောက်ဆိုင်သို့ ပြန်ချိန်တွင် ချင်းချင်းသည် ပြင်ဆင်ပြီးနှင့်လေ သည်။ မို့ယွီနှင့် နိုင်ဟဲ့တို့သည် အတူလိုက်ချင်ကြသည်။ သူမသည် သူတို့ကို စကားပြောချိန်ပင်မရှိသဖြင့် ချက်ချင်းသဘောတူလိုက်သည်။

နောက်ရက်အနည်းငယ်ကြာပြီးနောက် သူတို့အားလုံးသည် ဖြတ်လမ်း ဝင်္ကပါမှထွက်လိုက်ရာ ပြီးခဲ့သည့်တစ်ခေါက် သူတို့လာခဲ့သည့်နေရာသို့ ရောက် နေကြောင်းတွေ့လိုက်ရသည်။

“နောက်ဆုံးတော့ ရောက်လာပြီ” ရှီမာယူယူသည် ကျတ်တီးမြေတွင်ရှိ သည့် မီးတောင်ကို ကြည့်လိုက်သည်။

နှစ်ပေါင်းများစွာ ကြိုးစားလာပြီးနောက် နောက်ဆုံးတွင် သူမသည် မိခင် ဖြစ်သူကို ကယ်နိုင်တော့မည်။

***

All Chapters