← Chapters

နောက်ဆုံးတော့ အမေ့ကိုကယ်တင်ခြင်း

Vol. 153 Ch. 2132

နောက်ဆုံးတော့ အမေ့ကိုကယ်တင်ခြင်း

Vol. 153 Ch. 2132

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ခေတ္တမျှအနားယူကြသည်။ ဝူလင်းယူ အကောင်းဆုံးအခြေအနေသို့ ရောက်သည်အထိစောင့်ပြီးမှ သူမကို ခေါ်သွား ခိုင်းသည်။

ချင်းချင်းနှင့် တခြားနှစ်ယောက်မှာ အပြင်တွင်နေခဲ့ကြသည်။

ဝူလင်းယူသာ နောက်တစ်ယောက် ထပ်ခေါ်ရလျှင် ဖိအားများသွားမည် ဖြစ်သည်။ သူသာ ပိုထိခိုက်သွားလျှင် မတန်တော့ပေ။ ထို့အပြင် သူမသည် ချိပ် စည်း ချိုးဖောက်ရန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် အခြေအနေမှာ မည်သို့ သက်ရောက်မည်ကို မသိနိုင်ပေ။ ထို့ကြောင့် သူတို့လိုက်ဝင်လျှင် မလုံခြုံနိုင်ပေ။

သူတို့ အရင်ကလာဖူးသဖြင့် မီးတောင်ပေါက်ဝကို အလွယ်တကူပင် ဝင် နိုင်ကြသည်။ သူတို့ဆင်းလာချိန်တွင် ရှီမာလျူရွှမ်နှင့် ယွိခဲ့လော့တို့ကို တွေ့ လိုက်ရသည်။

“အဖေ အမေ” သူတို့နှစ်ယောက်လုံး သင့်တင့်သည့် အခြေအနေရှိနေ သည်ကို ရှီမာယူယူမြင်သောအခါ ပြုံးပြီးနှုတ်ဆက်လိုက်သည်။

“ယူအာ ပြန်လာပြီလား” ယွိခဲ့လော့သည် ပျော်ရွှင်စွာဖြင့် ရှီမာယူယူကို ကြည့်လေသည် “သမီးအဆင်ပြေရဲ့လား”

သူမ ထွက်သွားသည်မှာ ၂ နှစ်နီးပါးကြာပြီဖြစ်သည်။ သူမ အပြင်တွင် အဆင်ပြေရဲ့လား၊ ဒဏ်ရာရသွားလားဆိုသည်များကို ယွိခဲ့လော့ အမြဲတစေ ပူပန်ခဲ့သည်။

“အမေ သမီးအဆင်ပြေပါတယ်.. တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းရလာပြီ” ရှီမာယူယူသည် ရယ်မောကာ ပြောလေသည် “ခဏနေရင် သမီး အမေ့ကို ကယ် နိုင်တော့မယ်”

“ကွက် မြောင်း”

ရှောင်ဟုသည် အပေါ်မှကျလာပြီး သူမ၏ရင်ခွင်ထဲ တည့်တည်းဆင်း လိုက်သည်။ သူမ သူ့ကိုမမြင်ရသည့် ၁ နှစ်အတွင်းတွင် တော်တော်ကြီးထွား လာပြီဖြစ်သည်။

“ကောင်စုတ်လေး ငါ့ကိုလွမ်းနေတာလား” ရှီမာယူယူသည် သူ့ခေါင်းကို ပွတ်ရင်းနှင့် စာချုပ်တည်ထောင်သည့် မျက်လှည့်ဆန်သည့်ကိစ္စကို တွေးမိပြီး သက်ပြင်းချမိသည်။ ထိုအရာသည် အပြန်အလှန် ပတ်သက်မှုမရှိသည့် နှစ်ဦး လုံးအတွက် မတူညီသောခံစားချက်များကို ဖြစ်စေသည်။

“မြောင်း မြောင်း” ရှောင်ဟုသည် သူမ၏ ရင်ခွင်ထဲတွင် သူ့ကိုယ်သူ ပွတ် သပ်လေသည်။

“ဟားဟား ကောင်စုတ်လေး မင်းက အချိန်တိုလေးအတွင်းမှာ ဒီလောက် တောင်ထွားလာတာ.. ဒီက မီးဒြပ်စင်တွေများစားနေတာလား”

“မြောင်း မြောင်း” ငါတင်မဟုတ်ဘူး ကြက်သွေးရောင်မီးတောက်ရော စားတာပဲ။

သူမ စကားကိုကြားသောအခါ ယွိခဲ့လော့ ပြောလိုက်သည် “အဲဒါ ဖြစ်နိုင် တယ် ဒီ ၂ နှစ်အတွင်းမှာ ဒီကအပူချိန်က ကျကျသွားတယ်.. ပိုပြီးသက်တောင့် သက်သာဖြစ်လာတယ်”

ထိုအချိန်တွင် ကြက်သွေးရောင်မီးတောက် ဆင်းလာသည်။ သူ၏ ဝင်သက်ထွက်သက်မှာ ပို၍တည်ငြိမ်လာသည်ကို ရှီမာယူယူခံစားမိသဖြင့် ပျော် ရွှင်စွာ မေးလိုက်သည် “မင်း ကောင်းလာပြီလား”

“အင်း တော်တော်များများပဲ” ကြက်သွေးရောင်မီးတောက် ပြန်ဖြေလေ သည်။

“ကောင်းလိုက်တာ” သည်တစ်ခေါက်တွင် ကြက်သွေးရောင်မီးတောက် သည် သူမကြောင့် ပြင်းထန်စွာထိခိုက်မိထားသည်။ သူမသည် အမြဲတစေ အပြစ်မကင်းသလိုခံစားခဲ့ရသည်။ သို့သော် သူပြန်ကောင်းအောင် ကူညီပေးနိုင် မည့်နည်းလမ်းမရှိပေ။ ယခု သူ အဆင်ပြေနေသဖြင့် စိတ်ထဲမှ အပြစ်မကင်း စိတ်လည်း များစွာပျောက်ကွယ်သွားရသည်။

“ယူအာ.. ပြီးခဲ့တဲ့တစ်ခေါက် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းသုံးရတုန်း ကတောင် ဝိညာဉ်စွမ်းအင်တွေအများကြီးသုံးရတာ.. ချိပ်စည်းလေးခုလုံးသုံး မယ်ဆိုရင် အကုန်လုံးကို ထိန်းချုပ်နိုင်ပါ့မလား” ရှီမာလျူရွှမ်သည် စိုးရိမ်တကြီး မေးလေသည်။

သူသည် အမှန်တကယ်ပင် ယွိခဲ့လော့ကို ကယ်ချင်သည်။ သို့သော် ရှီမာယူယူ၏ အသက်ကိုရင်းရမည်ဆိုလျှင် သူ သဘောမတူပေ။

သူမသည် ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု ထင်ထားပြီး သူမကို ထိုးဖောက် မြင်နိုင်လိမ့်မည်ဟု ထင်မထားပေ။ ဒါဆို သူလည်း သိနေတယ်လို့ ဆိုလိုတာ လား။ ရှီမာယူယူသည် လှည့်ပြီး ဝူလင်းယူကိုကြည့်လိုက်ရာ သူ သူမကို မျက်စိ မှိတ်ပြလေသည်။

“အဖေ စိတ်ချပါ သမီး လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတွေကို သန့်စင်ပြီးပါ ပြီ.. ပြီးတော့ အခု အဲဒါတွေကို သမီးပိုင်သွားပြီ အဲဒါကြောင့် အရင်လိုမျိုး ပြန် မဖြစ်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား”

“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ သမီး တောင် မျက်နှာအံ့ဖွယ်ချိပ်စည်းကို လွန်ခဲ့တဲ့ ၆ လကတည်းကရခဲ့တာ.. ဒါပေမဲ့ ကျင့်ကြံ နေတာ ၆ လကြာတယ် အဲဒါကြောင့် အခုမှပြန်လာနိုင်တာပါ..သမီးတို့ မိသားစု တကယ်ပဲ ပြန်ဆုံနိုင်ပြီ.. သမီးရဲ့အသက်ကို နောက်စရာလိုသဘောမထားပါဘူး”

ရှီမာလျူရွှမ်သည် သူမ၏စကားများကို မယုံသောကြောင့် ဝူလင်းယူဘက် ကြည့်လိုက်သည်။

ဝူလင်းယူ ခေါင်းညိတ်ပြမှပင် သူ စိတ်ချသွားသည်။

ဝူလင်းယူသည် သူမကို အလျင်စလို လုပ်ခွင့်မပြုသည်ကို သူ သိထား သည်။

“အဖေ အဖေ့ကို အရင်ခေါ်သွားပေးမယ်.. ပြီးမှ အမေ့ချိပ်စည်းကို ဖျက် မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ” ရှီမာလျူရွှမ်သည် သည်အချိန်တွင် သူမကို မတားပေ။ သူ သည် သူမနောက်သို့ နာခံစွာပင် လိုက်သွားသည်။ သူတို့မထထွက်ခင်တွင် မီအာကို ချန်ထားခဲ့သည်။ ဤနေရာတွင် တစ်စုံတစ်ရာဖြစ်ပွားပါက အထဲမှ အခြေအနေကို သူမကို ပြောနိုင်မည်ဖြစ်သည်။ အကယ်၍ အန္တရာယ်တစ်စုံ တစ်ရာဖြစ်ပွားပါက ချက်ချင်းပူးပေါင်းနိုင်မည်ဖြစ်သည်။

သူတို့ အပြင်သို့ရောက်သောအခါ သူတို့ကိုထုတ်ပြီး သူမဘာသာ မီးတောင်ဝသို့ စတင်တိုက်ခိုက်လေသည်။ ဝိညာဉ်စွမ်းအင် မီးတောင်ဝသို့ ထိ သည်နှင့် ချက်ချင်းပင် သူမသည် ချိပ်စည်းစွမ်းအင်ကို လှုပ်နှိုးလိုက်သည်။ ရှေးဟောင်းရောင်ဝါနှင့်အတူ ဖိအားတစ်ခုသည် သူမကို တိုက်ခိုက်လေသည်။ သို့သော် သူမသည် လျှပ်တပြက်ရှောင်ရှားလိုက်သည်။

သို့သော် မီးတောင်ဝပတ်ပတ်လည်တွင် အဖြူရောင်အလင်းတန်းလေးခု ထွက်ပေါ်လာသည်ကို သူမ သတိထားမိလိုက်သည်။

ထိုအပေါက်ထဲတွင် နေရာလွတ်လေးခုရှိသည်ကို သူမ မှတ်မိသည်။

“ဒါက အဲဒါတွေရဲ့အစွန်းဖြစ်မယ်.. ဒါပေမဲ့ ဒီလိုအမျိုးအစားက အကုန် ဆက်စပ်နေတာ” ဝူလင်းယူသည် သူမဘေးသို့ ရောက်လာသည် “ကိုယ်တို့တွေ အရင်တစ်ခေါက်ကလို လုပ်သင့်တယ်.. မင်း လေးမျက်နှာအံ့ဖွယ်ချိပ်စည်းထည့် နေတုန်းကို ကိုယ်တိုက်ခိုက်မယ်”

“ဒါဆို သတိထားပါ အပြင်က စွမ်းအားက အထဲကစွမ်းအားထက် ပို အားကောင်းတယ်” ရှီမာယူယူ မှာလိုက်သည်။

ဝူလင်းယူခေါင်းညိတ်ပြီးနောက် ပျံသွာကာ စတင်တိုက်ခိုက်တော့သည်။

ရှီမာယူယူသည် မီးတောင်ဝအပေါ်သို့ ပျံတက်သွားသည်။ စွမ်းအား အများစုသည် ဝူလင်းယူကို တိုက်ခိုက်နေပြီး ချိပ်စည်းတစ်ခုလုံးသည် လှုပ်ခါ နေကာ စွမ်းအားသည်မတည်ငြိမ်ဘဲ နေရာတိုင်းတွင် ပြန့်ကျဲနေကာ သူမကိုပါ သက်ရောက်နိုင်သည်။ သူမတည်ဆောက်ထားသည့် ကာကွယ်ရေးအလွှာသည် တိုက်ချက်နှစ်ခုထက်ပင် တောင့်မခံနိုင်ဘဲ ပြိုကွဲသွားသည်။ ထို့ကြောင့် သူမ သည် ထိုစွမ်းအားတွေကို ကိုင်တွယ်ရန် အာရုံပြောင်းရန်လိုသည်။

“မြောင်း မြောင်း”

ရှောင်ဟုသည် တစ်နေရာမှ ခုန်ထွက်လာပြီး ရှီမာယူယူ၏ ပခုံးပေါ်ထိုင် လိုက်သည်နှင့် ရှီမာယူယူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနီရောင်စက်ဝိုင်း ကြီးတစ်ခု ချက်ချင်းပေါ်လာသည်။ ထိုစွမ်းအားများ စက်ဝန်းအနီနှင့်ထိမိလိုက် ချိန်တွင် အစိတ်စိတ်အမွှာမွှာအဖြစ် လောင်ကျွမ်းသွားလေသည်။

ထိုစွမ်းအားသည် ငှက်လေး၏မီးတောက်မျှ အားကောင်းခြင်းမရှိသော် လည်း ကာကွယ်ရေးစက်ဝိုင်းပြုလုပ်နိုင်သဖြင့် ထူးခြားလှသည်။

“ကျေးဇူးပဲ” ရှီမာယူယူသည် ရှောင်ဟုကို ကျေးဇူးတင်လိုက်သည်။ သည် လိုနှင့် သူမသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းအပေါ်တွင် အပြည့်အဝအာရုံ စိုက်နိုင်တော့သည်။

သူမသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက် သည်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းလေးခုသည် လှုပ်ရှားလာကာ သူမ၏ ထိန်း ချုပ်မှုအောက်တွင် အဖြူရောင်အလင်းတန်းထွက်သည့် နေရာလွတ်လေးခုဆီ သို့ ပျံသွားသည်။

ဤအချိန်တွင် သူမ အလွန်ပျော်မိသည်။ ယခုတစ်ခေါက်တွင် လေး မျက်နှာအံ့ဖွယ်ချိပ်စည်း၏ စွမ်းအားအပြည့်အစုံကို လှုံ့ဆော်ရန်မလိုအပ်သော ကြောင့် ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံသုံးရန်မလိုပေ။ ထိုအရာကပင် သူတို့ ကို ထိန်းချုပ်ရန် အားပိုရှိစေသည်။ သူမသည် ထိုချိပ်စည်းများကို သန့်စင်ထား သော်လည်း သူတို့၏စွမ်းအားကို အပြည့်အဝအသက်သွင်းရမည်ဆိုပါက သူမ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

“ရွှီး….”

လေးမျက်နှာအံ့ဖွယ်ချိပ်စည်းများ သူတို့နေရာသို့ဝင်လိုက်သည်နှင့် အသံ ရှည်ကြီးထွက်လာသည်။ လေးခုလုံး သူတို့နေရာသူတို့ဝင်သွားသည်နှင့် ရူးသွပ် လောက်အောင် တိုက်ခိုက်သည့်ချိပ်စည်းများသည် ငြိမ်ကျသွားကာ အရောင်စုံ တောက်ပမှုများထွက်လာသည်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်း၏ အလင်းတန်း နှင့်ပေါင်းလိုက်သောအခါ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။

ချင်းချင်းနှင့် တခြားသူများသည် အပြင်မှကြည့်နေကြသည်။ သူတို့သည် အထဲသို့ဝင်မသွားရဲကြသော်လည်း အထဲမှလှိုင်းဂယက်များကို ခံစားမိသည်။

“ဒီတိုက်ခိုက်မှု လှိုင်းက… အထဲမှာ ဘယ်လိုနေလဲမသိဘူး.. သူတို့နှစ် ယောက်က အရမ်းကို မိုက်တာပဲ” ချင်းချင်းသည် ပျော်ရွှင်စွာ ပြောလေသည်။

“နောက်ဆုံးတော့ သူမ လုပ်နိုင်သွားပြီပဲ” နိုင်ဟဲ့သည် သူမအတွက် ပျော် ရွှင်မိသည်။

သူမ ဂိုဏ်းထဲတွင်ရှိစဉ်ကတည်းက သူမ၏ကိစ္စများကို သိထားသဖြင့် မိခင်ဖြစ်သူကိုကယ်ရန်မှာ သူမ၏ရည်မှန်းချက်ဖြစ်သည်ကို သိထားသည်။ ယခု စဉ်းစားကြည့်လျှင် သူမအတွက် ခရီးကြမ်းတစ်ခုဖြစ်ခဲ့သည်။

ယွိခဲ့လော့သည် ရှီမာယူယူနှင့် တခြားသူများထွက်သွားစဉ်ကတည်းက ပင် စိတ်မအေးဖြစ်ခဲ့သည်။ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသဖြင့် သူတို့သာ သူမကို လာမရှာခဲ့လျှင် လွတ်မြောက်ရန်အတွေးကို စွန့်လွှတ်ထားပြီးသားဖြစ် သည်။

ယခု သူမ ထွက်ရတော့မည်ကို သိရချိန်တွင် ပျော်ရွှင်မိသော်လည်း တစ် ချိန်တည်းမှာပင် ကြောက်ရွံ့မိသည်။ သူမ တကယ်ပဲ ထွက်သွားနိုင်တော့မှာ လား။ မဟုတ်ရင် အကြောင်းအရင်းမရှိ ပျော်နေမိတာလား။ သူမ စဉ်းစားလိုက် သည်နှင့် ရှီမာယူယူ သူမကိုယ်သူမ ထိခိုက်အောင်လုပ်သည့်ကိစ္စကို စိတ်ပူမိ သည်။ ခြုံပြောရလျှင် သူမ၏ စိတ်နှလုံးတစ်ခုလုံး မအေးချမ်းနိုင်ပေ။

သူမ စိတ်ပူနေချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် သူမ၏ ပတ်ပတ်လည်တွင် စတင်တောက်ပလာသည်။ ထို့နောက် လေးမျက်နှာအံ့ဖွယ် ချိပ်စည်း၏ အရိပ်သည် အဖြူရောင်အလင်းတန်းပတ်ဝန်းကျင်သို့ တဖြည်း ဖြည်း ချဉ်းကပ်လာပြီး ပြင်းထန်စွာတိုက်မိသည်ကို သူမ မြင်လိုက်ရသည်။

“ဂျီး….”

သူမကို နှစ်ပေါင်းတစ်ရာကျော်မျှ ဝန်းရံထားသော ချိပ်စည်းသည်… နောက်ဆုံးတွင် ပျောက်ကွယ်သွားလေပြီ။

***

All Chapters