← Chapters

မိုးကြိုးဘေးဒုက္ခ

Vol. 153 Ch. 2133

မိုးကြိုးဘေးဒုက္ခ

Vol. 153 Ch. 2133

မီအာသည် ယွိခဲ့လော့ဘေးတွင် ကာကွယ်နေသည်။ သူမ တုံ့ဆိုင်းနေ သည်ကို သူမြင်သောအခါ ရှေ့မထွက်ရဲဘဲ သူမကို အားပေးနေသည် “အဒေါ် မကြောက်နဲ့ ထွက်လာခဲ့ ကျွန်တော် အပြင်ခေါ်သွားပေးမယ်”

ယွိခဲ့လော့သည် သူ တိုက်တွန်းသံကိုကြားပြီးနောက် သတိပြန်ဝင်လာ သည်။ သူမ တွေဝေနေချိန်မဟုတ်ပေ။ ချိပ်စည်းမရှိတော့သဖြင့် ဖြစ်နိုင် သလောက်မြန်မြန် ထွက်ရမည်။

သူမ သတိကြီးကြီးဖြင့် ခြေလှမ်းလှမ်းလိုက်ရာ အရင်က သူမကို တားဆီး ခဲ့သော ချိပ်စည်းသည် ထိုနေရာတွင်မရှိတော့ပေ။ ထိုအခါမှပင် သူမ သေချာ သွားသည်.. သူမ လွတ်လပ်ပြီ။

မီအာသည် သူမဆီသို့လျှောက်လာပြီး အမြန်တောင်းပန်စကားဆိုကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ကာကွယ်ရေးအလွှာပြုလုပ်ကာ သူမ နှင့်အတူ ပျံတက်လိုက်သည်။

ရှီမာယူယူသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်း နေရာကျသွားသည့်အချိန် ကတည်းကပင် မီးတောင်ပေါက်ဝကိုကြည့်နေခဲ့သည်။ အထဲမှအခြေအနေ ကောင်းသည်ဟု မီအာပြောထားသော်လည်း သူတို့ထွက်မလာသေးသဖြင့် စိတ် မအေးနိုင်သေးပေ။

ဝူလင်းယူသည် သူမဘေးသို့ ရောက်လာပြီး သူမပခုံးပေါ်သို့ လက်တင်ပြီး နှစ်သိမ့်ပေးလေသည်။ ထိုအချိန်တွင် ရှီမာလျူရွှမ်လည်းရောက်လာပြီး သူတို့ နှင့်အတူ စောင့်သည်။

ခဏအကြာတွင် အောက်မှ လှုပ်ရှားမှုများဖြစ်ပေါ်လာသဖြင့် သူတို့ သုံးယောက်မှာလည်း ပြုံးမိသွားကြသည်။

လျင်မြန်စွာပင် မီအာသည် ယွိခဲ့လော့ကို အလျင်စလိုခေါ်လာသည်။

ရှီမာလျူရွှမ်ရောက်လာကတည်းကပင် သူမသည် အလင်းကို အသားကျ နေပြီဖြစ်ရာ ယခုအခါ ထွက်လာချိန်တွင် အလင်းကိုကြည့်ရသည်မှာ ပြဿနာ မဖြစ်တော့ပေ။

“အမေ” ရှီမာယူယူ ပျံသွားပြီး ယွိခဲ့လော့ကို ဖက်လိုက်သည်။ နှစ်ပေါင်း များစွာ ကြိုးစားပြီးနောက်၊ များစွာသောအခက်အခဲများ ကြုံခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် ဤအခိုက်အတန့်သို့ရောက်လာပြီဖြစ်သည်။

စစ်မှန်သော အသားချင်းထိတွေ့မှု၊ နွေးထွေးသောခန္ဓာကိုယ်အပူချိန်များ သည် သူမ၏ မျက်လုံးများကို နီရဲသွားစေသည်။

“ကလေး ငါ့ကလေး” ယွိခဲ့လော့သည် ရှီမာယူယူကို ဖက်လိုက်သည်။ သူမ ဂုဏ်ယူသည်။ တစ်ချိန်တည်းမှာပင် ရင်များနာကျင်မိသည်။

“အမေ နောက်ဆုံးတော့ အမေ့ကိုကယ်နိုင်သွားပြီ.. သမီးတို့ မိသားစု နောက်ဆုံးတော့ ပြန်ဆုံနိုင်ပြီ” ရှီမာယူယူသည် ရှီမာလျူရွှမ်ရှိနေသေးသည်ကို အမှတ်ရသွားကာ ယွိခဲ့လော့ကို လွှတ်လိုက်သည်။ သူမသည် ရှီမာလျူရွှမ်ရှေ့ သို့ မိခင်ဖြစ်သူကိုဆွဲသွားလိုက်သည် “အဖေ အမေ ဘေးမှာ သွားစကားပြော လိုက်ကြပါဦး.. လင်းယူနဲ့ သမီး ဒီနေရာကိုရှင်းလိုက်ဦးမယ်”

ဤနေရာမှ မီးတောင်ဝသည် ဖိနှိပ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ချိပ်စည်းပွင့်သွားပြီဖြစ်ရာ ကိုင်တွယ်ရန် မလွယ်တော့ပေ။ တစ်ခဏ အတွင်း ပေါက်ကွဲနိုင်သည်။

သမီးဖြစ်သူသည် သူတို့ပြန်ဆုံရန်နေရာပေးလိုက်သည်ကို ရှီမာလျူရွှမ် သိသဖြင့် ယွိခဲ့လော့ကို အနီးနားရှိ တောင်အနောက်သို့ ဆွဲခေါ်သွားသည်။

သူတို့တောင်ထိပ်မှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှီမာယူယူသည် ခိုးရယ်မိသည်။

ဝူလင်းယူသည် သူမ၏ ကောက်ကျစ်သည့်အပြုံးကိုမြင်သောအခါ သူမ၏ နဖူးကိုတောက်ပြီး ရယ်လိုက်သည် “မင်းကတော့လေ”

ရှီမာယူယူသည် နာကျင်သွားသောနဖူးကို ကာပြီး ပျော်ရွှင်စွာ ပြောလိုက် သည် “ရှင်းလိုက်ရအောင်”

ဝူလင်းယူ ပြင်ဆင်ပြီးနောက် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို ပြန်ယူ လိုက်သည်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းမရှိတော့သည်နှင့် မီးတောင်တစ်ခု လုံးသည် တုန်ခါလာပြီး အောက်မှချော်ရည်ပူများ မြင့်တက်လာခဲ့သည်။

မီးတောင်ဝ၏ချိပ်စည်းသည် လုံးဝပျောက်ကွယ်မသွားသေးပေ။ ချိပ်စည်း သည် ချော်ရည်ပူများကို ကာထားသည်။ သို့သော် ချော်ရည်ပူများ ပိုပိုမြင့်တက် လာကာ မီးတောင်ဝမှ ဖိအားမှာလည်း များလာသည်။ ထိုအတိုင်းသာ ဆက် သွားလျှင် အောက်မှစွမ်းအားပေါက်ကွဲသည်နှင့် ဤနေရာသည် လုံးဝပျက်စီး သွားမည်ဖြစ်သည်။

တကယ်တော့ ထိုအခိုက်အတန့်တွင် သူတို့ဂရုစိုက်ရန်မလိုတော့ပေ။ ဤနေရာတွင် နေထိုင်သူများမရှိသလို သားရဲများလည်းမရှိပေ။ ပတ်ပတ်လည် မှာ ဟာလာဟင်းလင်းဖြစ်ကာ ပျက်စီးသွားလျှင်တောင် ပြဿနာမရှိပေ။ သို့သော် သူမ၏ ဖခင်နှင့်မိခင်ကို အချိန်ပေးချင်သည်။ သူတို့နှစ်ယောက် စကား ကောင်းကောင်းပြောပြီးမှ ခရီးဆက်တာကောင်းတယ်မလား။ သူမ ဘာမှမလုပ် လျှင် သူတို့စကားပြောရန် ရှက်နေဦးမည်။

ဝူလင်းယူ လုပ်ရန်ကျန်နေသည်မှာ ကျန်သည့်ချိပ်စည်းများကို ဖျက်စီးပြီး ချော်ရည်များ ထွက်အောင်လုပ်ရန်ဖြစ်သည်။ ရှီမာယူယူ၏ အချက်ပြမှုကြောင့် သူသည် နှေးကွေးစွာလှုပ်ရှားသည်။ နောက်ဆုံးအချိန်တွင် လုံးဝပင်ဖျက်ဆီး လိုက်နိုင်သည်။

ချော်ရည်ပူသည် နောက်ဆုံးတွင် လွတ်လပ်သွားကာ မီးတောင်ဝမှထွက် လာပြီး အပေါက်နှုတ်ခမ်းဝမှ ဆင်းကျပြီး အဝေးသို့စီးသွားလေသည်။

ချိပ်စည်းပျောက်ကွယ်သွားသဖြင့် အပြင်ပိုင်းခိုင်မာမှုလည်း ပျောက်ကွယ် သွားသည်။ ရှီမာယူယူ အရင်သွားနှင့်ပြီး တဒင်္ဂမျှ စောင့်ပြီးနောက် ရှီမာလျူရွှမ် နှင့် ယွိခဲ့လော့တို့ထွက်လာသည်။

သူတို့ ယွိခဲ့လော့ကို ကယ်ခဲ့သည်မှာ နှစ်နာရီ သုံးနာရီခန့်ကြာသွားပြီဖြစ် သည်။

“အဖေ အမေ မိတ်ဆက်ပေးရဦးမယ် ဒါက သမီးရဲ့သူငယ်ချင်း ချင်းချင်းပါ သူမက သမီးတို့နဲ့လိုက်ပြီး အတူထွက်မှာ.. ဒါကသူမရဲ့ သူဌေးနိုင်ဟဲ့နဲ့ သူမရဲ့ သူဌေးကတော်မို့ယွီပါ.. နိုင်ဟဲ့နဲ့သမီးက တစ်ဂိုဏ်းတည်းသားပါ”

“ဦးလေးနဲ့အဒေါ်ကို နှုတ်ဆက်ပါတယ်” သူတို့သုံးယောက်သည် ယွိခဲ့ လော့ကို ဦးညွှတ်ကြသည်။

ဤဒဏ္ဍာရီဝင်ဇာတ်ကောင်ဖြစ်သည့် သူမအကြောင်းကို အသူရာငရဲက ပင် ကြားဖူးသည်။ သူမ လုပ်ခဲ့သည့်အရာများကို သူတို့သိကြသည်။ သူတို့သည် သူမကိုလေးစားပြီး အမြဲတစေ သူမအကြောင်းကို သိချင်ခဲ့သည်။ ယခု သူမကို လက်တွေ့ဘဝတွင် တွေ့ရသဖြင့် သူတို့အားလုံး ပျော်ရွှင်မိသည်။

“ယူအာကို အဖော်ပြုပေးကြလို့ ကျေးဇူးတင်ပါတယ်” ယွိခဲ့လော့သည် သူတို့ကို ပြုံးပြရင်း ပြောလိုက်သည်။

“အဒေါ်က ကြင်နာလွန်းနေပါပြီ”

“အမေ.. အမေကအထဲမှာအကြာကြီး နေခဲ့ရတော့ ရက်နည်းနည်း လောက် နားဖို့နေရာတစ်ခုရှာသင့်တယ်.. ပြီးတာနဲ့ အမြန်ပြန်သွားရမယ်” ရှီမာ ယူယူ ပြောလိုက်သည်။

“တစ်ခုခုဖြစ်လို့လား” ယွိခဲ့လော့ မေးလိုက်သည်။

“ကိစ္စလေးတစ်ခုဖြစ်လို့.. အဲဒါက သမီးကြောင့်ဖြစ်တာပါ အဲဒါကြောင့် အမြန်ပြန်ပြီး ကိုင်တွယ်ရမယ်” ရှီမာယူယူသည် ထိုအကြောင်းအရင်းကို မပြော ပေ။ မဟုတ်လျှင် သူမသည် နားတော့မည်မဟုတ်ပေ။

သူတို့ပြန်သွားကြပြီး တစ္ဆေလောကနှင့် အသူရာငရဲတို့ ဆက်စပ်နေသည့် မြို့ဆီသို့ သွားကြသည်။ ဤမြို့ကိုဖြတ်ကျော်လိုက်သည်နှင့် တစ္ဆေလောကကို ရောက်မည်ဖြစ်သည်။

ရှီမာယူယူသည် ရှီမာလျူရွှမ်ကို ယွိခဲ့လော့ကို အဖော်ပြုပြီး တည်းခို ဆောင်တွင်နေခိုင်းခဲ့သည်။ သူတို့သည် မိုးကြိုးဘေးဒုက္ခရင်ဆိုင်ရန် သွားကြ၏။

ပြီးနောက် သူတို့သည် နယ်စပ်ဆီသို့ သွားကြသည်။

နယ်စပ်သို့ရောက်သည်နှင့် ရှီမာယူယူသည် ခုခံမှုမဖြစ်စလောက်ကို ခံစား လိုက်ရသော်လည်း ချင်းချင်းသည် သူမကိုရှေ့ဆက်မတိုးရန် တားဆီးထား သည့် အင်အားကြီးတစ်ခုကို ခံစားမိလိုက်သည်။

နိုင်ဟဲ့နှင့် မို့ယွီတို့သည် အဝေးမှကြည့်နေကြသည်။ ပြီးနောက် သူ့လက် ချောင်းများသည် လက်ဖဝါးကိုထိုးဖောက်မည့်အလား လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားသည်။

မို့ယွီသည် လက်များကိုရင်ဘတ်ပေါ်တင်ပြီး တိုးညင်းစွာပြောလေသည် “ရှင် တကယ်ပဲ သူမထွက်သွားတာကို ကြည့်ချင်တာလား”

နိုင်ဟဲ့သည် ဘာမှမပြောပေ။ ထွက်သွားလိုသည်မှာ သူမ၏ အိပ်မက်ဖြစ် ခဲ့သည်။ သူ သူမကို မည်သို့တားရမည်နည်း။

“ကျွတ် ရှင်က ထိန်းနေရတာပဲ” မို့ယွီသည် သူ့ကို အော့နှလုံးနာစွာကြည့် လိုက်သည်။ ပြီးနောက် မိုးပေါ်တွင် စုစည်းလာသော တိမ်တိုက်များကိုကြည့် ပြီးအော်လိုက်သည် “ဘေးဒုက္ခတိမ်တိုက်တွေစုတာ အရင်မြင်ဖူးတာတွေထက် တောင် မြန်နေသေးတယ်.. ကြည့်လိုက်တာနဲ့တင် မိုးကြိုးဘေးဒုက္ခရင်ဆိုင်ရမှာ ပိုခက်လောက်တယ်”

နိုင်ဟဲ့သည် ဘေးဒုက္ခတိမ်တိုက်များကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်း များတွန့်သွားပြီး ပြုံးလိုက်သည်။ သို့သော် သူမလှုပ်ပေ။

ချင်းချင်းသည် ဘေးဒုက္ခတိမ်တိုက်များ စုဝေးလာသည့် အမြန်နှုန်းကို မြင် သောအခါ မျက်နှာများဖြူဖျော့လာသည်။ သူမသည် တံတွေးကိုမျိုချပြီး ပြော လိုက်သည် “သူငယ်ချင်း ဒီဘေးဒုက္ခတိမ်တိုက်တွေက နည်းနည်းကြမ်းလိုက် တာ.. အဲဒါတွေကို ခံနိုင်မှာသေချာရဲ့လား.. ငါ့ကို လာမမှန်ဘူးမလား”

သူမသည် အရင်က ထွက်သွားရန်ကြိုးစားဖူးသည်။ သို့သော် မိုးကြိုး ဘေးဒုက္ခမှာ ဤမျှအားမကောင်းခဲ့ပေ။ ဒီတစ်ခေါက်က သူမတကယ်ထွက်သွား တော့မယ်ဆိုတာ သိလို့ ဒီလိုအကြမ်းကြီးလုပ်တာလား။

သေချာသည်မှာတော့ အရင်က သူမသည် မိုးကြိုးဘေးဒုက္ခကို ရင်မဆိုင်ရဲ သဖြင့် မိုးကြိုးဘေးဒုက္ခပေါ်လာသည်နှင့် အမြဲတမ်းထွက်ပြေးခဲ့ချည်းသာ။

ရှီမာယူယူသည် သူမကြောက်ရွံ့နေသည်ကို မြင်သောအခါ ပြောလိုက် သည် “စိတ်မပူနဲ့ မင်းတစ်ယောက်တည်း မဖြတ်ကျော်ရဘူး.. ငါအရင်ပြန်နှင့် လိုက်မယ်”

“ဟေး တစ်ယောက်တည်း မဖြတ်ကျော်ရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းက ထွက်ပြေးချင်တာလား.. မင်းက လူလိမ်ကြီးလား” ချင်းချင်း အော်လေ သည်။

သူမသည် ဘေးဒုက္ခတိမ်တိုက်များကို ကြည့်ပြီး အရင်ကကဲ့သို့ ထွက်ပြေး ချင်မိသည်။ သို့သော် ထိုအခိုက်တွင် တိမ်တိုက်များဖြစ်ပေါ်နေပြီဖြစ်ကာ သူမကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ သူမ ထွက်ပြေးလျှင်တောင် ဘေးဒုက္ခတိမ်တိုက်များသည် သူမအနောက်သို့ လိုက်လာမည်ဖြစ်သည်။

နိုင်ဟဲ့သည် ရှီမာယူယူပြန်လာသည်ကိုမြင်သောအခါ ပြောလေသည် “ဆရာဦးလေး ဘာလို့ပြန်လာတာလဲ.. ဒီဘေးဒုက္ခကို သူမ ကျော်လွှားနိုင် အောင် ကူညီပေးဖို့ နည်းလမ်းရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”

“ငါ သူမကိုဆေးတွေနဲ့ ဝိညာဉ်လက်နက်တွေအများကြီးပေးထားတာပဲ.. အဲဒါတွေက ဘေးဒုက္ခကျော်လွှားဖို့ ကူညီပေးနိုင်မှာပါ” ရှီမာယူယူသည် ရိုးသား စွာပင် ပြောလေသည်။

“ဒါပေမဲ့ အဲဒီပစ္စည်းတွေက မိုးကြိုးဘေးဒုက္ခကို တားနိုင်လို့လား” နိုင်ဟဲ့ သည် မသေမချာပင် မေးလိုက်သည်။

မိုးကြိုးဘေးဒုက္ခသည် အလွန်သန်မာသည့်ပုံပင်။

“မိုးကြိုးဘေးဒုက္ခက ဒီလောက်ကြီးလိမ့်မယ်လို့ထင်မထားဘူး.. အဲဒီ ပစ္စည်းတွေက.. အသုံးမဝင်တာလည်းဖြစ်နိုင်တယ်.. ဟေး မသွားနဲ့လေ မင်းကို ပါ ပစ်သွားလိမ့်မယ်”

***

All Chapters