← Chapters

ဖွင့်ပြောခြင်း

Vol. 153 Ch. 2134

ဖွင့်ပြောခြင်း

Vol. 153 Ch. 2134

နိုင်ဟဲ့သည် ရှီမာယူယူအနောက်မှ အော်ပြောနေသည်ကိုပင် မကြားနိုင် တော့ပေ။ ‘ဤမျှအားကောင်းသော မိုးကြိုးဖြစ်လိမ့်မည်မထင်ဘူး၊ သူမ တောင့် နိုင်ခံမည်မဟုတ်’ ဟုသူမပြောခဲ့သည့်စကားများကိုပင် သူ၏စိတ်ထဲတွင်သာ တွေးနေမိသည်။

ချင်းချင်းသာ အကူအညီမယူဘူးဆိုရင် ဒီဘေးဒုက္ခကို ကျော်လွှားနိုင်ပါ့ မလား။

သူ မိုးကြိုးဘေးဒုက္ခစက်ဝန်းအတွင်းသို့ ပြေးဝင်သွားသည်နှင့် မိုးကြိုး ဘေးဒုက္ခလည်း တစ်စုံတစ်ယောက်ဝင်လာသည်ကို ခံစားမိပြီး စတင်အား ကောင်းလာသည်။ ထူထဲမည်းမှောင်သော တိမ်တိုက်များသည် ပြိုကျလာတော့ မလိုပင်။ ကောင်းကင်ကြီးတစ်ခုလုံးသည် မည်းနက်နေသည်။

ယွိခဲ့လော့နှင့် ရှီမာလျူရွှမ်တို့သည်လည်း ရောက်လာကြပြီး အခြေအနေ ကို အဝေးမှစောင့်ကြည့်နေကြသည်။ ရှီမာယူယူသည် သူတို့ကို တည်းခိုဆောင် တွင် နားနေခိုင်းသော်လည်း စိတ်ချလက်ချနားမနေနိုင်ပေ။

မိုးကြိုးဘေးဒုက္ခကိုကြည့်ပြီး ယွိခဲ့လော့သည် ထိတ်လန့်သွားကာ ရှီမာ လျူရွှမ်၏ လက်ကိုကိုင်ပြီးပြောလိုက်သည် “ဒီလောက် အားကောင်းတဲ့ မိုးကြိုး ဘေးဒုက္ခကနေ သူမ ကျော်လွှားနိုင်ပါ့မလား”

“စိတ်ချပါ ဒီမိုးကြိုးဘေးဒုက္ခက ယူအာအတွက်တော့ မဖြစ်စလောက် လေးရယ်.. ဘယ်လောက်အားကောင်းတဲ့ မိုးကြိုးဘေးဒုက္ခတွေကို သူမ ကျော်ဖြတ်ခဲ့လဲဆိုတာ မင်းမသိလို့” ရှီမာလျူရွှမ် ပြောလိုက်သည်။

“ရှင့်လေသံက ဘယ်လိုလဲ” ယွိခဲ့လော့သည် မပျော်တော့ကာ သူ့လက်ကို တွန်းဖယ်လိုက်သည် “ကျွန်မတို့သမီးက ဒီ့ထက်အားကောင်းတာကို ဖြတ်ကျော် ရတယ်ဆိုရင် သူမ ဘယ်လောက်တောင် ခံစားလိုက်ရမလဲ.. အဲဒါကို ရှင်က ပျော်နေတာလား.. ရှင့်သမီးအတွက် ရင်မနာဘူးလား”

“ရင်မနာဘူးလို့ ဘယ်သူပြောလို့လဲ နာတာပေါ့.. ကိုယ်တို့သမီးက အရမ်း တော်လို့ တခြားသူတွေမလုပ်နိုင်တာကို လုပ်နိုင်တယ်.. ဥပမာဆိုရင် မိုးကြိုး ဘေးဒုက္ခနဲ့သူငယ်ချင်းဖြစ်မလား.. ကောင်းကင်နဲ့မြေကြီးမှာ သူမတစ်ယောက် ပဲဖြစ်နိုင်တယ်.. ဟုတ်ပြီ ကလေး စိတ်မဆိုးနဲ့တော့ ယူအာ ဘယ်လိုကိုင်တွယ် မလဲဆိုတာ ကြည့်ရအောင်”

‘ကလေး’ ဆိုသည့်စကားကိုကြားသည်နှင့် ယွိခဲ့လော့၏ ဒေါသပြေသွား သည်။ သို့သော် မျက်နှာမှာတော့ ပုပ်သိုးနေတုန်းပင်။

ရှီမာယူယူသည် တစ်စုံတစ်ယောက် လာသည်ကို ခံစားမိသည်။ သူမ လှည့်ကြည့်ရာ အဝေးမှ လူနှစ်ယောက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် သူတို့ကို လက်ဝှေ့ယမ်းပြပြီးနောက် ချင်းချင်းနှင့်နိုင်ဟဲ့ကို ဆက် ကြည့်နေလိုက်သည်။

“ဒီကလေးကတော့လေ.. သူမရဲ့ အာရုံခံနိုင်စွမ်းကတော်တော်ကောင်း တာပဲ” ယွိခဲ့လော့သည် ရယ်မောရင်းပြောလေသည်။ သူမ၏ စကားလုံးများ သည် ကျေနပ်မှုအပြည့်နှင့်ပင်။

မိုးကြိုးဘေးဒုက္ခအောက်တွင် ချင်းချင်းသည် ရှုပ်ထွေးသော မျက်နှာထား ဖြင့် နိုင်ဟဲ့ပြေးဝင်လာသည်ကို ကြည့်နေသည် “ဘာလို့ဝင်လာတာလဲ”

“ငါ…” ဒီလိုအချိန်ကြီးမှာ နိုင်ဟဲ့က ပြေးလာရတဲ့အကြောင်းအရင်းကို ပြောရမှာလား။

ချင်းချင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားက သူ့ကို ခပ် ကြမ်းကြမ်းတွန်းပြီး အော်လိုက်သည် “ထွက်သွား အခုသွားတော့.. မဟုတ်ရင် မိုးကြိုးဘေးဒုက္ခက ရှင့်ကိုပါ ထည့်တွက်သွားလိမ့်မယ်”

“အုန်း..” မိုးကြိုးပစ်သံသည် မိုးပေါ်မှထွက်လာရာ နေရာတစ်ခုလုံး တင်းမာမှုနှင့် ကြောက်ရွံ့မှုများပြည့်သွားသည်။

ချင်းချင်းသည် မိုးကြိုးသံကိုကြားလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အလိုလိုတုန်ယင်သွားသည်။ နိုင်ဟဲ့သည် သူမ၏တုံ့ပြန်မှုကိုမြင်သည်နှင့် လက်ကိုဆန့်ထုတ်ကာ သူမကိုပွေ့ဖက်လိုက်သည်။

ချင်းချင်းသည် အေးခဲသွားကာ ထိုအခိုက်အတန့်ကို မည်သို့တုံ့ပြန်ရမည် ကို မေ့သွားလေသည်။ ဒါက သူမ အချိန်အကြာကြီး တောင့်တနေခဲ့ရတဲ့ ပွေ့ဖက်မှုပဲ။ ဒါပေမဲ့ လက်တွေ့မဆန်သလိုခံစားရစေတယ်။

“ရှင်…” သူမသည် ခက်ခက်ခဲခဲ စကားတစ်လုံးကို ရေရွတ်လိုက်သည်။ သူမကြည့်လိုက်ရာ သူ၏နူးညံ့သောအကြည့်များကိုမြင်သောအခါ စကားကိုပင် ဆုံးအောင်မပြောနိုင်ပေ။

“အန္တရာယ်အရမ်းများတယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ ဒီမှာ မင်းကို တစ် ယောက်တည်းထားမသွားနိုင်ဘူး” နိုင်ဟဲ့သည် သူမ၏နားနားသို့ လေသံဖြင့် ပြောလေသည် “မင်း ထွက်သွားတာကို ငါ ကြည့်နိုင်တယ်.. ဒါပေမဲ့ ငါ့မျက်စိရှေ့ မှာ သေသွားတာကို မကြည့်နိုင်ဘူး.. ဒီမိုးကြိုးဘေးဒုက္ခကို ငါတို့မကျော်ဖြတ် နိုင်ဘူးဆိုရင် အတူသေကြမယ်”

ချင်းချင်း၏မျက်ရည်များ ရုတ်တရက်ကျလာသည်။ သူမသည် သူမ ကြား လိုက်ရသည့် စကားကိုပင် မယုံနိုင်ပေ။

သူက သူမနဲ့အတူ လိုက်သေဖို့ ဆန္ဒရှိတာလား။

“ရှင် ဒီလိုလုပ်ရင် သူဌေးကတော်က…”

“ရှူး” နိုင်ဟဲ့သည် သူမ၏နှုတ်ခမ်းပေါ်သို့ လက်ချောင်းတင်လိုက်ပြီး စကားကို ဆုံးအောင်ပြောခွင့်မပေးပေ “ဒီမှာသူဌေးကတော်ဆိုတာမရှိဘူး အစ ကနေ အဆုံးထိ သူဌေးကတော်ဆိုတာမရှိဘူး”

“ဒါဆိုမို့ယွီကရော”

“သူမကို ငါနဲ့သရုပ်ဆောင်ဖို့ ခန့်ထားတာ ငါတို့ကြားမှာဘာမှမရှိဘူး”

“ဒါဆိုရင် ရှင့်ရဲ့အရင်လူယုံကရော”

“ငါ့လူယုံက အစကနေအဆုံးထိ မင်းတစ်ယောက်ပဲ.. တခြားလူမရှိဘူး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ” နိုင်ဟဲ့သည် သူမကို ဖက်လိုက်သည် “ငါ မို့ယွီကိုခန့်တယ်ဆိုတာက မင်းခံစားချက်ကို ပြောလာစေဖို့ပဲ ငါ့ကိုလျစ်လျူရှုဖို့ မဟုတ်ဘူး၊ ဒီအချိန်ကျမှ ဆရာဦးလေးရောက်လာမယ်လို့ ဘယ်သူထင်ထားမှာ လဲ၊ မင်း အသူရာငရဲကနေထွက်သွားချင်တယ်ဆိုတာ ငါသိတယ် အဲဒါကြောင့် ငါ ဆက်သရုပ်ဆောင်နေရင် မင်းထွက်သွားတော့မဘ်ဆိုတာ သိတယ်.. ဒီ ကြောက်စရာကောင်းတဲ့ မိုးကြိုးဘေးဒုက္ခကြောင့်သာမဟုတ်ရင် ဒီစကားတွေ မင်းကို တစ်သက်လုံးပြောမိမယ်မထင်ဘူး”

“ရွှီး အုန်း” မိုးကြိုးဘေးဒုက္ခပစ်ချလိုက်ရာ နိုင်ဟဲ့သည် ချင်းချင်းကို ဖက်ပြီး လှည့်ကာသူမနေရာအစားဝင်ပြီး သူမကိုယ်စားမိုးကြိုးသွားကို ဝင်ခံ လိုက်သည်။

“အိုး…” နိုင်ဟဲ့သည် တစ္ဆေမျိုးနွယ်မှဖြစ်သဖြင့် မိုးကြိုးဘေးဒုက္ခကို တုန့်ပြန်သည်မှာ ကြီးမားသည်။ သူသည် ခံနိုင်ရည်ရှိနေဟန် ကြိုးစားနေသော် လည်း မည်မျှနာကျင်နေကြောင်း မြင်တွေ့နိုင်သည်။

ချင်းချင်းသည် သူ့ကိုကောင်းစွာနားလည်သည်။ သူ မျက်မှောင်ကြုတ် လိုက်သည်နှင့် မည်မျှနာကျင်နေကြောင်းကို သိသည်။

“ဘာလုပ်လိုက်တာလဲ” သူမသည် သူ့ကိုဖက်ထားကာ မျက်ရည်များ လည်း အဆက်မပြတ်ကျလာသည်။

နိုင်ဟဲ့သည် ဒူးတစ်ဖက်ကို မြေတွင်ထောက်ထားသည်။ သူမ၏ မျက်ရည် များသည် သူ့လက်ပေါ်သို့ကျလာသည်။ သူသည် လက်မြှောက်ကာ သူမကို မျက်ရည်များသုတ်ပေးပြီး နှစ်သိမ့်ပေးလေသည် “မငိုနဲ့ ငါအဆင်ပြေတယ်”

“ဘာလို့ ဒီလောက်တုံးရတာလဲ” ချင်းချင်းသည် နှုတ်ခမ်းကိုက်ပြီး သူ့ကို ကြည့်ကာ ဝမ်းနည်းပက်လက်အော်လေသည် “ဒါက မိုးကြိုးဘေးဒုက္ခဆိုတာ သိရဲ့လား”

“တခြားဘာလုပ်နိုင်ဦးမှာလဲ.. ငါချစ်တဲ့မိန်းကလေးက ငါ့ရှေ့မှာ ဒဏ်ရာရ တာကို ရပ်မကြည့်နိုင်ဘူး” နိုင်ဟဲ့၏ ရယ်သံသည် အနည်းငယ်ဒေါသသံပါသော် လည်း ချင်းချင်း၏ရင်ကိုနာကျင်သွားစေသည်။

သူတို့တွေ ဘာလို့ဒါတွေ ကြုံတွေ့နေရတာလဲ။ အရင်က ဘာလို့ ရှင်းအောင်မလုပ်ခဲ့မိတာလဲ။ အရင်ကသာ သေချာလေးစကားမပြောခဲ့ကြရင် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ကိုသိခဲ့ကြမှာပဲ။ ဒါမျိုးတွေ ဘာလို့ ခံစား နေရတာလဲ။

“အ,လိုက်တာ” သူမသည် လက်ဆန့်ထုတ်ပြီး သူ့ကိုဖက်လိုက်သည် “ကျွန်မတို့ အသက်ရှင်လျက်ထွက်သွားနိုင်ရင် ကျွန်မမသွားတော့ဘူး ရှင်နဲ့ အတူနေမယ်”

“မဟုတ်ဘူး မင်းသွားပါ မင်းရဲ့အိပ်မက်က ဒီကနေထွက်သွားဖို့ပဲလေ ဒီ အသူရာငရဲမှာပဲ ပိတ်မိမနေသင့်ဘူး” နိုင်ဟဲ့ ပြောလိုက်သည်။

“ရှင်… ရှင် ကျွန်မန့အတူမလိုက်ချင်ဘူးလား”

သူ အသူရာငရဲမှ ထွက်သွားရန်မဖြစ်နိုင်ပေ။ သူ သူမကိုဒေါသထွက်ပြီး အတူမရှိချင်လို့ သူမကိုလက်လွှတ်လိုက်တာလား။

ထိုအတိုင်းတွေးလိုက်သည်နှင့် သူမ၏ ရင်များနာကျင်မိသည်။

“မင်းနဲ့အတူရှိချင်တာပေါ့” နိုင်ဟဲ့သည် သူမမျက်နှာလေးကို ဆိတ်လိုက် သည် “အတွေးမလွန်နဲ့.. ငါ့ခံစားချက်တွေ ဖော်ပြဖို့ဆိုတာ ခက်တယ်.. မင်းကို ဘယ်လိုလုပ် ဒီလိုမျိုးလွှတ်နိုင်မှာလဲ”

“ဒါဆို အပြစ်သားပြခန်းနဲ့ လျှို့ဝှက်ဂိုဏ်းက…”

“အပြစ်သားပြခန်းက ငါတို့တွေမရှိလည်း လည်ပတ်နိုင်နေတာပဲ.. လျှို့ဝှက်ဂိုဏ်းကတော့ ငါ နှစ်တွေအများကြီးလုပ်ပေးခဲ့ပြီးပြီ.. သူတို့လည်း ဒီကိစ္စတွေကို လက်လွှဲဖို့လူရှာသင့်ပြီ”

ချင်းချင်းသည် သူ့စကားများကို နားမလည်နိုင် သေးသလို မှိုင်တွေစွာ ကြည့်နေသည်။

နိုင်ဟဲ့သည် သူမ၏ခေါင်းကိုပုတ်ပြီး သူမ၏ နှေးကွေးသောတုံ့ပြန်မှုကို ရယ်မောကာ ပြောလေသည် “မင်းက အပြင်ထွက်ပြီးကြည့်ချင်တယ်.. ငါက လည်း မင်းနဲ့အချိန်တွေ မဖြုန်းချင်တော့ဘူး.. သေချာပေါက် မင်းနောက်ကို လိုက်ပြီးအတူသွားချင်တာပေါ့.. ငါတို့တွေအတူထွက်သွားပြီး အပြင်လောကကို ကြည့်ကြမယ်.. ငအ,မလေး မင်းကို ဘာလို့မလိုချင်ရမှာလဲ”

“ရှင်သာ ငအ,ကြီး” သူသည် သူမအတွက် အရာအားလုံးစွန့်လွှတ်ပြီး ဝင် လာကာ မိုးကြိုးဘေးဒုက္ခကို အတူရင်ဆိုင်ခဲ့သည်။ သူတို့သည် သူတို့၏ သေရေးရှင်ရေးကိုပင် မထိန်းချုပ်နိုင်ပေ။

ဒါနဲ့ မိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်မယ်လို့ပြောတော့မှ.. မိုးကြိုးဘေး ဒုက္ခက စနေပြီမဟုတ်ဘူးလား။ မိုးကြိုးဘေးဒုက္ခကျပြီးတော့ ဒီလောက်ကြာ အောင်စကားပြောနေတာကို ဘာလို့ နောက်တစ်ချက်မပစ်သေးတာလဲ။ ဒီလောက်ကြီးတဲ့ မိုးတိမ်တိုက်တွေရှိနေတယ်ဆိုရင် မိုးကြိုးဘေးဒုက္ခက ဆက် ဖြစ်နေမှာလေ။ ဒီလောက်ကြာပြီးတာတောင် ဘယ်လိုဖြစ်လို့ မိုးကြိုးဆက်မပစ် တော့တာလဲ။

သူတို့နှစ်ယောက်ကြည့်လိုက်ရာ မထင်မှတ်သည့်မြင်ကွင်းကိုမြင်လိုက်ရ သည်။ ရှီမာယူယူသည် မိုးကြိုးတိမ်တိုက်ပေါ်တွင်ထိုင်ပြီး သူတို့ကို ပြုံးစိစိဖြင့် ကြည့်နေသည်။

“ဟေး မင်းတို့ စကားပြောပြီးကြပြီလား.. အခုမိုးကြိုးဘေးဒုက္ခကို ဖြတ် ကျော်ကြတော့မလား” ရှီမာယူယူ မေးလိုက်သည်။

“သေစမ်း မင်းက ဘာလို့အဲဒီကိုတက်သွားတာလဲ.. မင်းက မိုးကြိုးဘေး ဒုက္ခလား” ချင်းချင်းသည် တအံ့တဩမေးလေသည်။

“ငါသာ မိုးကြိုးဘေးဒုက္ခဖြစ်ရင် မင်းတို့ မိုးကြိုးဘေးဒုက္ခကိုတောင် ကျော် ဖြတ်ဖို့မလိုတော့ဘူး.. မိုးကြိုးဘေးဒုက္ခကိုထိန်းချုပ်နေတာက ဒီကောင်လေ..” ရှီမာယူယူသည် ပြောရင်းနှင့် ဝိုင်ကရားကိုင်ထားသည့် တိမ်တိုက်ဝိညာဉ်ကို ကောက်ဆွဲလိုက်သည်။

***

All Chapters