ခရမ်းလေး
Vol. 153 Ch. 2135
တိမ်တိုက်ဝိညာဉ်သည် အသီးဝိုင်သောက်ရင်းရာမှ ရုတ်တရက် အဆွဲခံ လိုက်ရသဖြင့် ရှီမာယူယူကို ဒေါသတကြီး မိုးကြိုးလုံးပစ်လိုက်သည်။
မိုးကြိုးသွားသည် ရှီမာယူယူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိုင်းနေပြီး နောက် ပျောက်ကွယ်သွားလေသည်။
“ဟင်း” မပျော်ရွှင်သွားသော တိမ်တိုက်ဝိညာဉ်သည် သူမလက်မှ ရုန်း ထွက်ပြီး သူ၏ဝိုင်ကရားကိုဖက်ကာ ဆက်သောက်နေလေသည်။
“ဒါက.. ဒါက…” ချင်းချင်းတို့အားလုံး မှင်တက်ကုန်ကြသည်။
သူမက တကယ်ပဲ မိုးကြိုးကိုမကြောက်ဘူးပဲ။ မိုးကြိုးဘေးဒုက္ခနဲ့ ဒီလိုမျိုး ဆက်ဆံရေးတောင် ကောင်းနေသေးတယ်။ သူမ အကြိမ်ပေါင်းများစွာ အပစ်ခံ ရပြီးမှ တည်ဆောက်ထားတဲ့ ဆက်ဆံရေးလား။
တိမ်တိုက်ဝိညာဉ်သည် အသီးဝိုင်ပုလင်းကို ကုန်အောင်သောက်လိုက်၏။ နောက်ဆုံးတွင် ကျေနပ်သွားကာ ကရားကိုချပြီး ပြောလိုက်သည် “ဘေးဒုက္ခ စဖို့အချိန်ကျပြီ”
“မင်းကို ခုနကပြောပြီးပြီနော် အသာလုပ်ပေး” ရှီမာယူယူသည် ထပ်မံ ပူညံပူညံပြောလိုက်သည်။
“ငါသိပါတယ် ငါသိတယ်.. မင်းက စည်းကမ်းဖောက်ပြီးနေပြီ မကြောက် ဘူးလား” တိမ်တိုက်ဝိညာဉ်သည် ပြောပြီးသည်နှင့် မိုးကြိုးပစ်ချလိုက်သည်။
နိုင်ဟဲ့သည် ချင်းချင်းကိုကာကွယ်ပြီး မိုးကြိုးဘေးဒုက္ခကို သူကိုယ်တိုင် ရင်ဆိုင်သည်။
ရှီမာယူယူသည် ဘေးဒုက္ခတိမ်တိုက်ပေါ်တွင်ထိုင်ပြီး ပြောလိုက်သည် “မင်းတို့တွေ ဒီလိုလုပ်လို့မရဘူး.. သူမရဲ့ခန္ဓာကိုယ်မှာ ကောင်းကင်ဥပဒေရဲ့ ကန့်သက်ချက်ရှိနေတယ်.. အပြင်ထွက်ဖို့ဆိုရင် မိုးကြိုးဘေးဒုက္ခကိုတော့ ရင်ဆိုင်ရလိမ့်မယ်.. ဒါပေမဲ့ မင်းကကာပေးထားတာဆိုတော့ နောက်ပိုင်း အားကောင်းတဲ့ဟာတွေကျမှ သူမကို ကြုံစေချင်တာလား”
နိုင်ဟဲ့သည် နှုတ်ခမ်းတွန့်ပြီး ချင်းချင်းကို လွှတ်လိုက်သည်။
ချင်းချင်းသည် ဘေးဒုက္ခတိမ်တိုက်ကို ကြည့်လိုက်သည်။ သူမသည် ကြောက်ရွံ့နေသော်လည်း သတ္တိမွေးကာ မိုးကြိုးအပစ်ခံရန် ပြင်ဆင်လိုက် သည်။
တိမ်တိုက်ဝိညာဉ်သည် မိုးကြိုးသွားလွှတ်လိုက်သည်။ ချင်းချင်းသည် မိုးကြိုးကို ငြီးငွေ့နေပြီဖြစ်ကာ နာကျင်စွာဖြင့် ရှုံ့မဲ့လိုက်သည်။ သူမ၏ ခန္ဓာ ကိုယ်သည် ရပ်နိုင်ရုံမျှသာရှိတော့သည်။ သို့သော် ကံကောင်းသည်မှာ သူမ ခံနိုင် ရည်ရှိသေးသည်။
သို့သော် သူမကို အနားယူချိန်ပင်မပေးဘဲ တိမ်တိုက်ဝိညာဉ်သည် မိုးကြိုး သွားနှစ်လုံးလွှတ်လိုက်ရာ တိုက်ရိုက်မှန်သွားသဖြင့် မည်းနက်သွားလေသည်။
ရှီမာယူယူသည် မိုးကြိုးတိမ်တိုက်မှ ပျံဆင်းလာပြီး ချင်းချင်းဘေးသို့ ဆင်း သက်လိုက်သည်။ သူမသည် ဆေးတစ်လုံးထုတ်ပြီးကျွေးပြီး ပါးစပ်မှရေရွတ် လိုက်သည် “ဆေးစားထားပါလို့ ခုနကပြောတာကို မင်းကနားမှမထောင်တာ.. အခု အားတွေကို တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တဲ့ အချိုစကားတွေပဲ ပြောတဲ့နေရာမှသုံးလိုက်ပြီ… အခု ဘယ်လောက်နာလဲသိပြီမလား”
ချင်းချင်းသည် နာကျင်လွန်းသဖြင့် စကားပင်မပြောနိုင်ပေ။ သူမသည် ရှီမာယူယူကိုကြည့်ပြီး မျက်လုံးဖြင့် သူမ၏စကားများကို ငြင်းဆန်နေလေ သည်။
သူတို့နှစ်ယောက်အကြားတွင် ချိုသာသောစကားများမပြောလျှင် သူတို့ အကြား၌ ဘာမှဖြစ်လာမည်မဟုတ်ပေ။
သို့သော် ဆေးစားပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်မှာ ပို၍သက်တောင့် သက်သာဖြစ်လာသည်။
“မင်းက ငါ့ကိုကြည့်နေသေးတယ်.. အဲတော့ မင်းအခြေအနေကအရမ်း မဆိုးတဲ့ပုံပဲ နောက်ထပ်နှစ်ချက်လောက်တော့ တောင့်ခံနိုင်သေးတယ်” ရှီမာယူ ယူသည် သူမ၏တူးခြစ်နေသည့်ခန္ဓာကိုယ်ကို ပုတ်ပြီး နောက်ဆုံးတွင် တခြား သူများ သူမကိုကြည့်သည့် ခံစားချက်ကိုနားလည်သွားသည်။
ရုပ်ဆိုးလိုက်တာ။ သူမရဲ့ အရင်ပုံစံနဲ့လုံးဝကိုမတူတော့ဘူး။
သူမသည် မတ်တတ်ရပ်ကာ နိုင်ဟဲ့ကို ဆေးပေးလိုက်သည်။ သူ့ကို ဆေး ကျွေးပြီးနောက် ဘေးဒုက္ခတိမ်တိုက်ဆီသို့ ပျံတက်သွားပြန်သည်။
နောက်ပိုင်းဘေးဒုက္ခမိုးကြိုးများတွင် နိုင်ဟဲ့သည် ချင်းချင်းခံယူရမည့် မိုးကြိုးသွား အသေးနှစ်ချက်ကို ဝင်ခံပေးသည်။ ဤနည်းဖြင့် ချင်းချင်း၏ ဝင် သက်ထွက်သက်သည် အားနည်းနေဆဲဖြစ်ပြီး ရှုသွင်းသည်ထက် ရှုထုတ်သည် ကပိုများနေသည်။ ထပ်မံအပစ်ခံရပါက သူမ သေသွားနိုင်သည်။
သို့သော် မိုးကြိုးဘေးဒုက္ခစွမ်းအားသည် အလွန်အားကောင်းလှသည်။ နိုင်ဟဲ့သည် အချက်အနည်းငယ် ထပ်ခံယူပြီးနောက် လမ်းလျှောက်လိုက်သည်။ ထို့နောက် သူသည် ချင်းချင်း၏ဘေးတွင် လဲကျသွားလေသည်။
သူတို့နှစ်ယောက်သည် မြေပေါ်တွင် လှဲနေကြသည်။ သူတို့၏ ဦးခေါင်း အထက်တွင် မည်းမှောင်ပြီးထူထဲသော ဘေးဒုက္ခတိမ်တိုက်များရှိနေတုန်းပင်။ ထိုအတိုင်းသာဆက်သွားလျှင် သူတို့နှစ်ယောက် ထပ်မခံနိုင်တော့မှာကိုပင် ကြောက်ရသည်။
ဘေးဒုက္ခတိမ်တိုက် ပျောက်ကွယ်သွားရင်တော့..
ကံမကောင်းစွာပင် ကိစ္စများသည် ထင်သလောက်မကောင်းခဲ့ပေ။ သူတို့ သည် ဦးခေါင်းအထက်ရှိ ဘေးဒုက္ခတိမ်တိုက်ကိုကြည့်လိုက်ရာ ကြီးမားသော ဘေးဒုက္ခမိုးကြိုးကြီးကို ပြင်ဆင်နေသည်ဟု ခံစားရသည်။ အကြောင်းမှာ ဘေး ဒုက္ခတိမ်တိုက်၏အလယ်တွင် အနည်းငယ်နီရဲနေသောကြောင့်ပင်။ ပြီးနောက် ထိုသို့ဖြစ်ပါက ပိုမိုကြီးမားသောမိုးကြိုးဘေးဒုက္ခကြီးလာတော့မည်ဖြစ်သည်။
သူတို့နှစ်ယောက်လုံးသည် နောင်တရသွားကာ စိတ်ထဲမှ တစ်ချိန်တည်း လိုလိုပင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိကြသည်။ သူတို့သာ အစကတည်းက သိခဲ့ရင် စောစောလေး ဖွင့်ပြောခဲ့ပါတယ်။ ဘာလို့ ဒီလောက်ပြဿနာများနေ တာလဲ။ နောက်ဘဝမှာတော့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပါ့မယ်။
“ရွှီး”
မိုးကြိုးဘေးဒုက္ခသည် ထူထဲစွာ လေထဲမှကျလာသည်။ သူတို့၏ ခန္ဓာ ကိုယ်ကို မထိန်းချုပ်နိုင်တော့သဖြင့် နှစ်ယောက်လုံးသည် မျက်လုံးပင်မပိတ်နိုင် တော့ဘဲ လျင်မြန်စွာကျလာသည့် မိုးကြိုးကို ကြည့်ရုံသာတတ်နိုင်တော့သည်။
ပြီးသွားပြီ.. ဒီတစ်ခေါက်တော့ သူတို့တကယ်ပြီးပြီပဲ။
“မြောင်”
ထိုအချိန်တွင် ကြောင်တစ်ကောင်၏ အသံတစ်သံမှာ ထင်ရှားစွာ ထွက် ပေါ်လာသည်။ ထင်ပေါ်သည့်အချက်မှာ ထူထဲသောမိုးကြိုးဘေးဒုက္ခသည် မြေ ပြင်သို့မရောက်ခင်တွင် ပျောက်သွားလေသည်။ ထိုအစား ခရမ်းရောင်ကြောင် တစ်ကောင်သည် အားလုံး၏ မျက်စိရှေ့တွင်ပေါ်လာသည်။
“ကြောင်.. ကြောင်လေးလား” ယွိခဲ့လော့သည် ခရမ်းလေးအား တအံ့တ ဩ ကြည့်လေသည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ် ကြောင်ပေါ်လာတာ လဲ။ ထူးဆန်းလိုက်တာ။
ဘေးဒုက္ခပြီးသည်နှင့် ချင်းချင်းနှင့် နိုင်ဟဲ့တို့သည် မပျော်နိုင်သေးဘဲ ခရမ်းလေးဘက်သို့ ကြည့်လိုက်ကြသည်။
အဲဒါက တကယ်ပဲ ဘာကြီးလဲ။
ခရမ်းလေးသည် သူတို့၏ခံစားချက်များကို ဂရုမစိုက်ပေ။ သူသည် ခေါင်း မော့ပြီး တိမ်တိုက်ဝိညာဉ်ကို မြောင်ဟုအသံပြုပြီး နောက်မိုးကြိုးသွား မလွှတ် သည့်အတွက် အပြစ်တင်နေသေးသည်။
သည်လိုနှင့် တိမ်တိုက်ဝိညာဉ်သည် မိုးကြိုးသွားနှစ်လုံးထပ်လွှတ်လိုက် ရာ သူ အားလုံးကိုစုပ်ယူလိုက်သည်။ သူသည် တိမ်တိုက်ဝိညာဉ်၏ အရှိန်ကို အထင်သေးသည့်ပုံပင်၊ တိမ်တိုက်ဝိညာဉ်ဆီသို့ လက်သည်းများထုတ်ပြီး ကုတ် နေသေးသည်။
ရှီမာယူယူသည် တိမ်တိုက်အပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ ဒီကောင်လေးရဲ့ လက်ချောင်းတွေသာ ရှည်နေရင် မခန့်လေးစားအပြုအမူဖြစ် သွားမှာပဲ။
သို့သော် တိမ်တိုက်ဝိညာဉ်သည် နားလည်သဖြင့် ဒေါသထွက်သွားသည်။ မိုးကြိုးဘေးဒုက္ခများ အဆက်မပြတ် ပစ်လွှတ်လိုက်ရာ ခရမ်းလေးသည် အလွန် ပင် ပျော်ရွှင်နေလေသည်။
ရှီမာယူယူသည် တိမ်တိုက်ဝိညာည်ကိုဖက်ပြီး နှစ်သိမ့်ပေးလိုက်သည် “စိတ်မဆိုးပါနဲ့ သူက မင်းနဲ့ကစားပေးရုံတင်လေ.. ငါ မင်းအတွက် အသီးဝိုင် ပြင်လာပေးတယ် သောက်လိုက်နော် သူ့ကိုလျစ်လျူရှုလိုက်”
ခရမ်းလေးသည် ရှီမာယူယူ၏ အမိန့်ရပြီးနောက် တိမ်တိုက်ဝိညာဉ်ကို ရန်မစတော့ဘဲ လေထဲတွင် တွဲလောင်းခိုနေသည်။
တိမ်တိုက်ဝိညာဉ်ကို ဒေါသပြေအောင် ချော့ရသည်မှာ မလွယ်ပေ။ သို့သော် အသီးဝိုင်နှင့်ဆိုလျှင် သူ ဘာမှမပြောပေ။ ရှီမာယူယူသည် အသီးဝိုင်နှင့် အမူးပြေဆေးထုတ်ပေးလိုက်သည်။ ထို့နောက် သူမကိုနှင်ထုတ်ပြီး သူ့တင်ပါး ကို ခါထုတ်ကာ ထွက်သွားလေသည်။
ဘေးဒုက္ခတိမ်တိုက်ထွက်သွားသည်နှင့် ကောင်းကင်ကြီး လင်းသွား သည်။
ရှီမာယူယူသည် ခရမ်းလေးဘေးသို့ပျံသွားကာ ဖက်လိုက်သည်။ သူ့ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “တိမ်တိုက်ဝိညာဉ်ကို အနိုင်မကျင့်ရဘူးလေ”
ခရမ်းလေးသည် ခန္ဓာကိုယ်ကိုလှည့်ပြီး ဖင်ပေးလိုက်သည်။ သူ၏ ရှည်လျားသောအမြီးကို မြှောက်ပြီးလှုပ်ယမ်းလိုက်သည်။ တကယ်ကို အရိုက်ခံ ရသင့်တယ်။
သို့သော် ယနေ့အတွက် သူရဲကောင်းဖြစ်နေသဖြင့် ရှီမာယူယူသည် သူ၏ တင်ပါးကိုအသာထိပြီး ဝိညာဉ်စေတီအတွင်းသို့ ထည့်လို်ကသည်။ သူမသည် မြေပေါ်သို့ ဆင်းပြီး သူတို့ဘေးသို့သွားလိုက်သည်။
“အခု မင်းတို့နှစ်ယောက်က တကယ်လိုက်ဖက်ညီတဲ့အတွဲဖြစ်နေပြီ” သူမ ဆောင့်ကြောင့်ထိုင်ပြီး သူတို့၏ခန္ဓာကိုယ်များကို စစ်ဆေးလိုက်သည် “ကောင်းသေးတယ် မင်းတို့နှစ်ယောက်လုံး အသက်ရှုနိုင်သေးတယ်”
ပျံလာသော လူသုံးယောက်မှာ သူမ၏ စကားများကိုကြားသောအခါ ပါးစပ်များတွန့်မိသည်။
“သူတို့ကို တည်းခိုဆောင်ကို အရင်ခေါ်သွားကြမလား” ယွိခဲ့လော့ ပြော လိုက်သည်။
သည်လိုနှင့် ရှီမာယူယူသည် ထမ်းစင်နှစ်ခုထုတ်ပြီး သူတို့လေးယောက် သည် ထိုနှစ်ယောက်ကို တည်းခိုဆောင်သို့ အတူပြန်ခေါ်သွားကြသည်။
မိုးကြိုးဘေးဒုက္ခကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သဖြင့် သူတို့၏ ခန္ဓာ ကိုယ်မှာ တုံ့ပြန်မှုကြီးမားသည်။ ကံကောင်းစွာပင် သူတို့နှစ်ယောက်တွင် အားကောင်းသော စွမ်းရည်ရှိသဖြင့် ဆေးသောက်ပြီး ရက်အနည်းငယ်ကြာပြီး နောက် အိပ်ရာအတွင်းမှထွက်နိုင်ကြသည်။
ထိုရက်များကို အခွင့်အရေးကိုလက်လွတ်မခံဘဲ ရှီမာယူယူသည် ယွိခဲ့ လော့၏ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပေးသည်။
နန်းတော်မှ တစ်လကြာ ထွက်လာပြီးနောက် ရှီမာယူယူသည် ပြန်ရန် ပြင် ဆင်တော့သည်။
အသူရာငရဲမှမထွက်ခင်တွင် မုလန်သည် တစ္ဆေလောကနှင့် ပတ်သက် သည့်သတင်းကို လူလွှတ်ပြီးပြောလာသည်။ စာထဲတွင် ‘ဝူရှန့်မြို့ ပျောက်ကွယ် တော့မယ်’ ဆိုသည့် စာလုံးအနည်းငယ်သာပါသည်။
ထိုစကားလုံးမှာတိုတောင်းသော်လည်း တပ်နှစ်ဖွဲ့ မျက်နှာချင်းဆိုင်သည့် အရေးကြီးသောနေရာကို ရှီမာယူယူသိသွားသည်။ သို့သော် ဒိကျဲ့မည်သို့ လုပ် နေသည်ကို သူမ မသိသေးပေ။ သို့သော် နှစ်လပင်မကြာလိုက်သည့်အချိန်တွင် သူတို့ ဝူရှန့်မြို့သို့ရောက်ကြသည်။ တကယ်တော့ နှစ်လအတွင်းရောက်ရန်မှာ အလွန်ခက်ခဲသည်။
သူမသည် ချင်းချင်းနှင့် နိုင်ဟဲ့ကို ဆက်နေခဲ့ပြီး ပြန်ကုစားပြီးမှ သူတို့ကို လာရှာစေချင်သည်။ သို့သော် ချင်းချင်းသည် လက်ရှိအခြေအနေကိုသိပြီး သူမ နှင့်လိုက်ရန်ကိုသာ ခေါင်းမာနေခဲ့သည်။ “နှစ်လရှိပြီဆိုတော့ ငါ့ခန္ဓာကိုယ် လည်း ပြန်ကောင်းနေပါပြီ.. ဝိညာဉ်န်မြေကလူတွေကို ငါ မောင်းမထုတ်နိုင်ပေ မဲ့ မင်းသေရင် မင်းအလောင်းကို ငါ ကောက်ပေးနိုင်ပါတယ်”
ယွိခဲ့လော့သည် ရောက်လာကာ သူတို့ပြောနေသော စကားများကို ကြား သွားသည်။ သူမသည် တည်တံ့စွာမေးလိုက်သည် “ဘာပြောလိုက်တာလဲ ဝိညာဉ်နယ်မြေနဲ့ တစ္ဆေလောကကဘာဖြစ်တာလဲ”
***