အမြန်ပြန်ခြင်း
Vol. 153 Ch. 2136
သူမ ကြားပြီးသွားပြီဖြစ်ရာ ထပ်ပြီးဖုံးထား၍မရတော့သည်ကို ရှီမာယူယူ သိလိုက်သည်။ ပြောရလျှင် သူတို့ပြန်သွားလျှင်လည်း ပြောကိုပြောရမည်ဖြစ် သည်။
ထိုအကြောင်းများကြားပြီးနောက် ယွိခဲ့လော့သည် ဒေါသထွက်သွား သည်။ သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြောလေသည် “အရင် တစ်ခေါက် သူ လက်ထပ်ခွင့်တောင်ဖို့လာပြီးကတည်းက သူမက ရန်စဖို့ ကြိုးစားနေခဲ့တာပဲ.. နှစ်ပေါင်း ၁၀၀ ကျော်လောက် ရှောင်နေခဲ့တာတောင် ရန်ပွဲစရတဲ့ အကြောင်းအရင်းက ငါဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
သူမကို ကယ်တင်ရန်ကြောင့်သာမဟုတ်လျှင် ရှီမာယူယူသည် လေးမျက် နှာ အံ့ဖွယ်ချိပ်စည်းကို စုရန်မလိုသလို၊ ချင်းဟွမ်လည်း တပ်ဖြန့်ရန် အကြောင်း ပြချက်ရသွားမည်မဟုတ်ပေ။ ထို့ကြောင့် ယခုလိုဖြစ်သွားသည့်အတွက် သူမ ကိုယ်သူမ အပြစ်တင်ကာ အပြစ်မကင်းသလိုခံစားရသည်။
“အမေ ဒီကိစ္စက သမီးတို့ကြောင့် ဖြစ်လာတယ်ဆိုပေမဲ့ ချင်းဟွမ်က ရည်မှန်းချက်အရမ်းကြီးတယ် အကုန်လုံးကို တစ်ယောက်တည်း အပြစ်မခံစား နေပါနဲ့” ရှီမာယူယူသည် သူမကို နှစ်သိမ့်ပေးလေသည် “သူတို့က သမီးကို လို ချင်နေတာမလား.. သူ့တပ်ဖြန့်ဖို့အတွက် ဘယ်လိုအကြောင်းပြချက်သုံးမလဲ ဆိုတာ သမီးကြည့်ချင်သေးတယ်”
“မရဘူး သမီးပြန်သွားလို့မဖြစ်ဘူး” ယွိခဲ့လော့သည် သူမ၏လက်ကို ဆုပ်ကိုင်လေသည် “သူက သမီးကို အကြောင်းပြချက်အနေနဲ့သုံးချင်တာ.. သမီး ပြန်သွားလိုက်ရင် အရှင်ထားမှာမဟုတ်ဘူး.. တစ္ဆေလောကကလူတွေက တစ်ကိုယ်ကောင်းဆန်ကြတယ်.. အဲဒါကို သမီးထက်အမေပိုသိတယ်.. သူတို့ တွေက သူတို့အကျိုးအတွက် သမီးရဲ့အသက်ကိုစတေးခိုင်းလိမ့်မယ်.. အဲဒီအခါ ကျရင်…”
“အမေ..” ရှီမာယူယူသည် သူမ၏လက်များကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေး သည် “သမီးကို သတ်နိုင်တဲ့လူက မပေါ်လာသေးပါဘူး”
“သမီး သန်မာတယ်ဆိုတာ အမေသိပါတယ် ဒါပေမဲ့ ဒါကနယ်မြေနှစ်ခုက စစ်တပ်ကြီးလေ.. အမေတို့အားနဲ့ သူတို့ကို မနိုင်နိုင်ဘူး” ယွိခဲ့လော့ ပြောလိုက် သည်။
သူမသည် လွှမ်းမိုးနိုင်ခဲ့ဖူးသည်။ သို့သော် ငယ်စဉ်ကတည်းကပင် သူမ သည် တစ္ဆေလောကတွင် နေထိုင်ထဲ့သည်။ ထို့ကြောင့် စစ်တပ်၏အင်အားကို သူမ သိသည်။ ထိုကဲ့သို့ အားမျိုးသည် လူတစ်ယောက် နှစ်ယောက်နှင့် တားနိုင် သည့်အရာမဟုတ်ပေ။
“အမေ သမီးတစ်ယောက်တည်းမဟုတ်ပါဘူး” ရှီမာယူယူဆက်ပြောလေ သည် “အမေ့ကို သူတို့ကိုပြပေးမယ်”
သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဟွမ်၊ အရိပ်မည်းနှင့် ချန်ကျိုတို့ ပေါ် လာကြသည်။ သူတို့နှစ်ယောက်ကို ယွိခဲ့လော့မသိသော်လည်း ချန်ကျိုကိုတော့ အရင်ကမြင်ဖူးသည်။
“မင်းက ပြန်သွားပြီမဟုတ်ဘူးလား” ယွိခဲ့လော့ မေးလိုက်သည်။ တကယ် တော့ သူမသည် အဖြေကိုသိသည်။ ချန်ကျိုကဲ့သို့ အဆင့်အတန်းမြင့်သူသည် သူမူကိုကာကွယ်ပေးနေသည်မှာ သူမ မပြန်လျှင် သူလည်းပြန်မည်မဟုတ်ပေ။
“အာ.. သမီး အဘွားကို တွေ့ပြီးသွားပြီ တချို့ကိစ္စတွေကြောင့် သမီးက အခု နဝမမရဏာလောကရဲ့ ဘုရင်မလေးဖြစ်နေပြီ” ရှီမာယူယူ ပြန်ဖေလိုက် သည် “သူတို့နှစ်ယောက်က မရဏာဘုရင်ရဲ့ တမန်တော်တွေဖြစ်တဲ့ ဟွမ်နဲ့ အရိပ်မည်းပါ”
“မရဏာလောက” ယွိခဲ့လော့နှင့် ချင်းချင်းတို့ အော်မိလိုက်ကြသည်။ ဒဏ္ဍာရီလာ မရဏာလောကသည် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူတို့ ထင် မထားကြပေ။
ရှီမာယူယူသည် သူတို့သတင်းကို အစာကြေသည်အထိစောင့်ပြီးမှ ဟွမ်ဘက်သို့ နောက်လှည့်ကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံး အခြေ အနေကိုသိနေကြတာပဲ.. ငါ မျိုးနွယ်ရဲ့ ကောင်းချီးရနိုင်မလား”
“နဝမမရဏာမျိုးနွယ်က တစ္ဆေလောကကို တစ်လအတွင်း ဘယ်နေရာ ကိုမဆိုသွားနိုင်တယ်” ချန်ကျို ဆက်ပြောလေသည် “ငါ သတင်းပို့လိုက်မယ်”
“ဟုတ်ပြီ သူတို့ကို ကောင်းကောင်းပုန်းခိုင်းထားလိုက်.. ငါ အန္တရာယ်မရှိ ရင် ထွက်လာဖို့မလိုဘူး” ရှီမာယူယူ ပြောလိုက်သည်။
ချန်ကျိုသည် ခေါင်းညိတ်ပြီး သတင်းပို့ရန် ထွက်သွားသည်။
နဝမမရဏာမျိုးနွယ်သည် အေးချမ်းစွာနေထိုင်လိုကြသည်ဟု နာမည် ကျော်ကြားသည်။ တစ်နေရာရာတွင် သူတို့ပေါ်လာပါက တစ္ဆေလောကတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားနိုင်သည်။
ရှီမာယူယူသည် ဟွမ်နှင့်အရိပ်မည်းကို ကြည့်လိုက်သည်။
“ကျွန်တော်တို့အတွက် အလွယ်လေးပါ သခင်သိပါတယ်” အရိပ်မည်း ဆက်ပြောလေသည် “ဒါပေမဲ့ သတင်းအရင်ပို့လိုက်ဦးမယ် အဲဒါမှ သူတို့ ပြင်ဆင်လို့ရမှာ”
သူသည် ရှီမာယူယူ ပြန်အဖြေကိုပင် မစောင့်ဘဲ ထိုစကားများပြောပြီး သည်နှင့် မရဏာလောကကို ဆက်သွယ်ရန်ထွက်သွားလေသည်။
ရှီမာယူယူသည် ဟွမ်ကိုကြည့်လိုက်သည်။ သူမ စကားတောင် ဆုံးအောင် မပြောရသေးဘူးလေ။
ဟွမ်သည် သူမကို ပြောစရာပင်မလိုဟုဆိုသည့် အဓိပ္ပာယ်နှင့်ပြန်ကြည့် သည်။
ပြောစရာလိုသေးလို့လား။ သူမကို အပြစ်ပုံချချင်တဲ့လူတော့ သေဖို့ပြင် ထားပေတော့ပဲ။ မရဏာလောကရဲ့သခင်မလေးကို ဒီအင်အားမရှိတဲ့ဟာတွေ က ဘယ်လိုတောင်အနိုင်ကျင့်ရဲတာလဲ။ သူတို့ သေချင်နေတာပဲ။
ရှီမာယူယူသည် သူ့မျက်လုံးကို ဖတ်နိုင်သဖြင့် မပြုံးဘဲမနေနိုင်ပေ။
ဟွမ်နှင့် အရိပ်မည်းတို့သည် ထိုအရာအပေါ်တွင် တာဝန်မရှိပေ။ မရဏာ ဘုရင်သည် သူတို့ကိုအရင်ကပြောဖူးသည်။ မရဏာလောကကို လူမသိကြ သဖြင့် တစ္ဆေလောက၏အဖွဲ့ဝင်များကို အရင်မတိုက်ခိုက်ပေ။ သို့သော် သူတို့ ကို ရန်လာစကြပါက အညှာတာမဲ့သည့်အတွက် မည်သူမှအပြစ်တင်၍မရပေ။
သိပ်မကြာခင်တွင် အရိပ်မည်းနှင့်ချန်ကျိုတို့ ပြန်လာကြသည်။ ယွိခဲ့လော့ နှင့် ချင်းချင်းတို့သည် ထိုသတင်းကို ကြေညက်နေပြီဖြစ်သည်။ သူတို့ ဆုံးဖြတ် ချက်ချပြီးသဖြင့် အမြန်ပြန်ရတော့မည်။
နှစ်လကြာသည်အထိ သူမ မပြန်ရသေးပေ။ နေရာကျယ်နေသည်မှာ မကောင်းသည့်အရာပင်ဟု သူမ ပထမဆုံးအကြိမ်တွေးမိသည်။ သူမသည် မုလန်နှင့် သဘောတူထားသည့်အချိန်ပြည့်တော့မည်ကို တွေးပြီး ပူပန်မိသည်။
“ဒီနားကမြို့မှာ လှုပ်ရှားတော့မယ့် လက္ခာတွေရှိနေပြီ၊ ဆိုလိုတာက နောက်ဆုံးတိုက်ပွဲစတော့မှာပဲ” ယွိခဲ့လော့ ဆက်ပြောလေသည် “ရက်နည်း နည်းကျန်ရင်ကောင်းမယ်”
“အဲလိုပဲ မျှော်လင့်ရတာပဲ” ရှီမာယူယူသည် တိုက်ပွဲများကို သဘောမကျ ပေ။
ပြီးခဲ့သည့်တစ်ခေါက် သူမ မိုယွိနှင့်တွေ့စဉ်က မိုယွိသည် တစ္ဆေလောကရှိ အရှုပ်အထွေးများကို မြင်ခဲ့ပြီး သူမကြောင့်စတင်ခဲ့သည်ဟုပင် ပြောခဲ့သည်။ ထို့ကြောင့်ပင် ဤကိစ္စကြီး ကြီးကျယ်သွားမည်ကို သူမ အစိုးရိမ်ဆုံးဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် ဝူရှန့်မြို့သို့ရောက်လာသည်။ ထိုနေရာတွင် သူမ မမြင်ချင်သည့်မြင်ကွင်းများကို မြင်လိုက်ရသည်။
တိုက်ပွဲမှာ ဖြစ်ပြီးသွားလေပြီ။
မြို့၏ ဖြတ်လမ်းဝင်္ကပါမှထွက်လာသည်နှင့် တိုက်ပွဲမီးတောက်များကို နေရာတိုင်းတွေ မြင်နေရသည်။
ဝူရှန့်မြို့တွင် ကာကွယ်ရေးအစီအရင်ရှိနေသဖြင့် လုံခြုံသည်။ သို့သော် ပတ်ပတ်လည်ဧရိယာမှာ လှုပ်ယမ်းနေသည်။ မြို့တစ်ခုလုံးပင် လှုပ်ခါနေသည်။
ရှီမာယူယူသည် ခေါင်းမော့ကြည့်လိုက်ရာ မရဏာစွမ်းအင်များနှင့် အလောင်းများ ပျံနေသည်ကို မြင်လိုက်ရသည်။ ကာကွယ်ရေးအစီအရင်သည် ပြိုလဲမတတ်ဖြစ်နေသည်။
“တိုက်ပွဲစနေပြီ” ယွိခဲ့လော့ ဆက်ပြောလေသည် “ငါတို့တွေ ချင်းဟွမ်ကို ရှာြပီး စစ်ပွဲရပ်ဖို့ သူတို့ကိုဖမ်းရမယ်”
“မြို့စားအိမ်တော်ကို သွားကြည့်ရအောင်” ရှီမာယူယူ ဆက်ပြောလေ သည် “သူတို့တွေက ဝမ်းကွဲအစ်ကိုရဲ့လူတွေပဲ ဒါပေမဲ့ သူတစ်ယောက်ပဲ အားပေးလို့ရမှာ.. ဒါပေမဲ့ ထွက်သွားလိုက်ပြန်ရင်လည်း အန္တရာယ်တွင်းထဲ ဆင်းသလိုဖြစ်ပြီး အကူအညီဖြစ်မှာမဟုတ်ဘူး”
သူမ ပြောသည်မှာမှန်သည်။ ယခုအချိန် သွားလိုက်လျှင်လည်း အကူအညီမဖြစ်ဘဲ အန္တရာယ်အတွင်း ဝင်သလိုဖြစ်သွားမည်။
ဝူရှန့်မြို့သည် ရှုပ်ထွေးနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည်မြို့စား အိမ်တော်ကို သွားကြသည်။ အပြင်ဘက်တွင် ရှုပ်ထွေးနေသော်လည်း မြို့စား အိမ်တော်ကိုတော့ အစောင့်များတင်းကြပ်ထားသည်။ အစောင့်အရေအတွက် ကို ပြီးခဲ့သည့်တစ်ခေါက် လာခဲ့သည်ထက် နှစ်ဆတိုးထားသည်။
ရှီမာယူယူသည် ထိုပုံမှန်မဟုတ်သည့် မြင်ကွင်းကိုမြင်သောအခါ စိတ် လေးလံသွားသည်။ ဤမျှသိသာနေသည်မှာ အကြောင်းအရင်းတစ်ခုသာရျိ သည်။ ဒိကျဲ့သည် အထဲတွင်ရှိနေပြီး သူ့အသက်မှာလည်း အန္တရာယ်ရှိနိုင်သည်။
ထိုအတွေးနှင့် သူမ စိတ်ပူလာသည်။ သူမသည် ဝင်သွားချင်သော်လည်း အစောင့်တပ်သားအသစ်သည် သူမကိုတားလိုက်သည်။
“ရပ်လိုက် ဒါကမြို့စားအိမ်တော်ပဲ အပြင်လူဝင်လို့မရဘူး”
“ငါ ဒိကျဲ့ကိုတွေ့ချင်တယ်.. ငါ…” ရှီမာယူယူ ပြောလိုက်သည်။
သူမ စကားမဆုံးခင်မှာပင် တပ်သားတစ်စုသည် အမြန်ပြေးထွက်လာပြီး သူမကို ဝိုင်းလိုက်ကြသည်။
“ဘာလုပ်ကြတာလဲ” ရှီမာယူယူသည် တိုးညင်းသောအသံဖြင့် မေးလိုက် သည်။
သူတို့သည် ပြန်မဖြေဘဲ လက်ကိုဝှေ့ယမ်းလိုက်သည် “သူတို့ကို ဖမ်းလိုက်”
သူတို့ နီးကပ်လာသည်နှင့် ရှီမာယူယူသည် သူတို့ကိုရီုက်လိုက်သည်။
သို့သော် သူမ စကားမပြောနိုင်ခင်မှာင် အထဲမှလူများ ထွက်လာပြီး သူတို့ ကို မပြောမဆိုဖြင့် ဖမ်းဆီးလိုက်လေသည်။
ရှီမာယူယူသည် နောက်ဆုံးလူကိုရိုက်ပီဲး ပြောလိုက်သည် “မင်းတို့ ထပ် လာမယ်ဆို ငါ မညှာတော့ဘူးနော်”
“သူလျှိုကို ဖမ်းလိုက်”
ပြေးထွက်လာသောလူများသည် သူမကိုဖမ်းတော့မည်အပြုတွင် ရွှင်ပြ သောအသံတစ်သံသည် အထဲမှရုတ်တရက် ထွက်လာသည် “ရပ်လိုက်”
***