← Chapters

နိဒါန်း

Vol. 153 Ch. 2137

နိဒါန်း

Vol. 153 Ch. 2137

ရှီမာယူယူသည် ထွက်လာသည့်လူကို ကြည့်လိုက်သည်။ ကံကောင်းစွာ ပင် သူမသည် သူ့ကိုမှတ်မိသည်။

“မင်းသမီးလေး” ဒိယိသည် ရှီမာယူယူကို နှုတ်ဆက်လိုက်ပြီးနောက် ထွက်လာသည်နှင့် ယွိခဲ့လော့ကို မြင်လိုက်ရာ အံ့ဩသွားလေသည်။

“ဒိယိ ဝမ်းကွဲအစ်ကို ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သခင်က အထဲမှာရှိပါတယ် သူ့အခြေအနေကအရမ်းမကောင်းပါဘူး.. ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ” ဒိယိ ဝင်သွားသည်နှင့် ရှီမာယူယူသည် နောက်မှ ကပ်လိုက်သွားသည်။ သည်တစ်ကြိမ်တွင် သူတို့ကို မည်သူမှမတားရဲတော့ပေ။

“ဝမ်းကွဲအစ်ကို ဘယ်လိုနေလဲ.. ဘယ်လိုဒဏ်ရာရသွားတာလဲ ဘာတွေ ဖြစ်ခဲ့တာလဲ” ရှီမာယူယူသည် လျှောက်ရင်းနှင့် မေးလေသည်။

“စိတ်မပူပါနဲ့ မင်းသမီးလေး သခင်ဘာမှမဖြစ်ပါဘူး” ဒိယိ ပြောလိုက် သည်။

“ဘာမှမဖြစ်ဘူးဟုတ်လား.. သူ အခြေအနေမကောင်းဘူးလို့ ခုနကပဲ ပြောလိုက်တာမဟုတ်ဘူးလား ပြီးတော့ အဲဒီအစောင့်တွေက…” ရှီမာယူယူ မေးလိုက်သည်။

“အဲဒါက အပြင်လူတွေကို ဟန်ပြထားတာပါ” ဒိယိ ဆက်ပြောလေသည် “အဲနေ့က အကုန်လုံးက သခင့်ကို မင်းသမီးလေးကိုထုတ်ပေးခိုင်းတာ၊ ပြီးတော့ သခင်ကတော့ ရွေးချယ်စရာမရှိတော့ဘဲ သခင်မိုယွိနဲ့ အကြံထုတ်လိုက်ရတာပဲ အဲလိုနဲ့ သူတို့နှောင့်ယှက်တာကို ရှောင်ဖို့ တခြားနေရာကိုအာရုံလွှဲလိုက်တာပါ”

“ဒါပေမဲ့ သူတို့တွေက တိုက်ခိုက်နေကြပြီလေ သူက လူလုံးထွက်မပြ သေးဘူးလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။

“ပြီးပြတ်အောင်တော့ မတိုက်ခိုက်ရသေးပါဘူး.. ဒီတိုက်ပွဲက မင်းသမီး လေးကို ထုတ်ပေးဖို့ပြောတဲ့လူတွေကြောင့် ဖြစ်လာတာပါ” ဒိယိ ဆက်ပြော လေသည် “အဲလူတွေက ထောင်လွှားပြီးတော့ ကျွန်တော်တို့ကို ဂရုမစိုက်ဘူး လို့ သခင်ပြောပါတယ်.. အခု တကယ်ကြီး တစ်ခုခုဖြစ်လာတော့ သူတို့ဘာသာ ပဲ ဖြေရှင်းခိုင်းလိုက်တော့တယ်”

“အလုပ်ဖြစ်သားပဲ” ရှီမာယူယူသည် သူ့စကားကိုကြားပြီးနောက် စိတ် ငြိမ်သွားသည်။

သူမသည် သူမကိုတခြားသူများ ထောက်ပံ့ခြင်းမျိုး အလိုမရှိသော်လည်း ဤကဲ့သို့လူမျိုးများ ယခုလိုလုပ်ရသည်ကို ဘယ်လိုမှမခံစားရပေ။

“ပြီးတော့ သခင်ကဒီလိုအခြေအနေဖြစ်နေတော့ မင်းသမီးလေးရဲ့ နေရာ ကိုလည်း သူတို့မမေးကြတော့ဘူး” ဒိယိ ပြောလေသည်။

“ဒီအချိန်တွေမှာ ဒုက္ခပေးမိတဲ့အတွက် ဝမ်းကွဲအစ်ကိုကို အားနာပါတယ်” ဤမျှများပြားလှသောကိစ္စများကို ဒိကျဲ့ကူညီပေးသည့်အတွက် ပြန်ဆပ်နိုင်ရန် မဖြစ်နိုင်တော့ဟု ရှီမာယူယူ ခံစားရသည်။

“မင်းသမီးလေး ဘေးကင်းကိုပဲ သခင်ကမျှော်လင့်တာပါ.. မင်းသမီးလေး လုံခြုံရင် သူပျော်နေတာပါ” ဒိကျဲ့သည် သခင်ဖြစ်သူအတွက် မည်သို့ပြောပေးရ မည်ကိုသိသည်။

ရှီမာယူယူ ပြုံးလိုက်သည်။

“မိုယွိလည်း ဒီမှာရှိလား” ယွိခဲ့လော့ မေးလိုက်သည်။

“ရှိပါတယ် မင်းသမီး” ဒိယိသည် ရှီမာယူယူနှင့် ရင်းနှီးပုံပေါ်သော်လည်း ယွိခဲ့လော့ကိုတော့ ပို၍လေးစားသည်။ “အဲလူတွေ တိုက်ခိုက်တာလည်း အကန့် အသတ်တစ်ခုရောက်လာမှာပဲလို့ သခင်ပြောပါတယ်.. ပြီးတော့ သူတို့က တစ္ဆေ လောကကို ချင်းဟွမ်လက်ထဲမထည့်နိုင်ပါဘူး.. အဲဒါကြောင့် သခင်မိုယွိနဲ့ ဆွေးနွေးနေကြတာပါ.. မကြာခင်ပြီးပါတော့မယ်”

ရှီမာယူယူနှင့်တခြားသူများ လမ်းလျှောက်ရင်းစကားပြောကြရာ ဒိယိကို မြင်သည်နှင့် မည်သူမှမတားရဲကြပေ။ သည်လိုနှင့် သူတို့သည် ဒိကျဲ့ရှိသည့် နေရာသို့သွားကြသည်။

အထဲတွင် တစ်စုံတစ်ခုပြုတ်ကျသည့်အသံကြားရပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။  အပြင်တွင်ရပ်လိုက်ချိန်တွင် ခံစားချက်များ ချုပ်တည်း ထားရသည်ကို ခံစားမိကြသည်။

“မင်းသမီး မင်းသမီးလေး ဝင်ပါ” ဒိယိ တံခါးဖွင့်ပေးရာ ယွိခဲ့လော့နှင့် ရှီမာယူယူတို့ဝင်သွားကြပြီး တခြားသူများသည် အပြင်တွင်နေခဲ့ကြသည်။

အခန်းထဲတွင် ဒိကျဲ့သည် အိပ်ရာပေါ်တွင် ညဝတ်ဝတ်စုံဖြင့် ထိုင်နေပြီး အိပ်ရာ၏မနီးမဝေးတွင် ရေတစ်ခွက်မှောက်ကျနေသည်။ မိုယွိသည် ခုံတွင်ထိုင် ကာ လက်ထဲတွင် လက်ဖက်ရည်ပန်းကန်လုံးကိုကိုင်ထားပြီး သူတို့ကိုကြည့်နေ သည်။

ပြီးနောက် ဒိကျဲ့သည် ယွိခဲ့လော့ကိုမြင်သည်နှင့် ငေးငိုင်သွားရသည်။

“ဒေါ်လေး” ဒိကျဲ့သည် တိုးညင်းစွာခေါ်လိုက်သည်။ ပုံမှန်ကြမ်းတမ်းနေ သော သူ၏မျက်လုံးများသည် နီရဲလာသည်။

“ကျဲ့လေး” ယွိခဲ့လော့သည် ခါတိုင်းကဲ့သို့ သူ၏ပါးပြင်ကိုဆိတ်ပြီး ပြော လိုက်သည် “မင်း ပိန်သွားတာပဲ”

“ဒေါ်လေး နောက်ဆုံးတော့ ထွက်လာပြီပဲ ကျွန်တော်…” ဒိကျဲ့သည် ဘေးမှလူများ သူ့ကိုကြည့်နေကြသည်ကို သတိထားမိပြီး ရပ်လိုက်သည်။

“ယူအာဆီကကြားတယ်.. ငါ့ကိုကယ်ဖို့ အများကြီးလုပ်ပေးခဲ့ရတာပဲ ဒီနှစ်တွေမှာ အများကြီးဒုက္ခခံခဲ့ရလို့ တောင်းပန်ပါတယ်” ယွိခဲ့လော့သည် ရင်နာစွာဖြင့် ပြောလေသည်။

“ဒေါ်လေးကို ကယ်နိုင်ရင် အကုန်လုံးက လုပ်ရတာတန်ပါတယ်” ဒိကျဲ့ သည် ရှီမာယူယူကိုကြည့်လိုက်သည် “ကျွန်တော်တို့ ဒေါ်လေးကို ကယ်ထုတ် နိုင်တာ သူမကျေးဇူးကြောင့်ပါပဲ”

“မင်းအကူအညီမပါရင် သူမလည်း အောင်မြင်မှာမဟုတ်ပါဘူး.. ဒီကျေးဇူးကို ငါ့စိတ်ထဲမှာမှတ်ထားပါမယ်” ယွိခဲ့လော့ ပြောလိုက်သည်။

သူမသည် မိုယွိဘေးတွင်ထိုင်လိုက်သည်။ မိုယွိသည် လက်ဖက်ရည် ပန်းကန်လုံးကို စားပွဲပေါ်ချပြီး မျက်လုံးဖြင့်ဖော်ပြကာ ပြုံးပြသည် “အားကောင်းလိုက်တာ”

“ဒါပေါ့” ရှီမာယူယူသည် မေးကို ဂုဏ်ယူစွာဖြင့် မော့လိုက်သည်။ သူမ လုပ်ချင်သည့်အရာဆိုလျှင်  အမှန်တကယ်တည်ရှိနေသရွေ့ မည်မျှပင် ခက်ခဲ၊ ကြမ်းတမ်းသည့်ခရီးဖြစ်ပါစေ သေချာပေါက် လုပ်မည်ဖြစ်သည်။

“ကြွားလိုက်တာ”

“ကြွားတယ်လေ”

“ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားပြီးပြီလား” မိုယွိ မေး လိုက်သည်။

“သူတို့က ကျွန်မအသက်ကို လိုချင်နေတာမဟုတ်ဘူးလား.. ဒါဆိုလည်း သူတို့ ဘာလုပ်နိုင်မလဲကြည့်ကြတာပေါ့” ရှီမာယူယူ နှာမှုတ်လေသည် “သူတို့ က တစ္ဆေလောကကို ပေါင်းစည်းနိုင်မယ့် အရည်အချင်းရှိတယ်လို့ သူတို့ကိုယ် သူတို့ထင်ထားကြတာ.. သူတို့ရဲ့အိပ်မက်တွေ ရှေ့မှာတင်ပဲ ဖျက်ဆီးခံလိုက်ရ ရင် ဘယ်လိုခံစားချက်ဖြစ်သွားမလဲဆိုတာမသိဘူး”

“ရက်စက်လိုက်တာ” မိုယွိသည် သူမကို အထင်သေးထားသည်။

ရှီမာယူယူ ရယ်မောလိုက်သည် “ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်”

“အဲလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာလား၊ ငါတို့ကို ဘာလို့သဲလွန်စမပေးတာလဲ”

“နေဦး”

“နေဦးဟုတ်လား ဘာစောင့်နေတာလဲ”

“နှစ်ရက်နေရင်သိလိမ့်မယ်”

“အဲတော့ နှစ်ရက်နေရင် ရလဒ်ကိုမြင်ရမယ်လို့ပြောတာလား”

“ကျွန်မ ဒီကိုရောက်တာနဲ့ သတင်းစုဖို့ နီရဲပျားတွေလွှတ်ထားတယ်.. မနက်ဖြန်ဆိုရင် ချင်းဟွမ်ကတိုက်ပွဲအကြီးအကျယ်စမယ်လို့ မှန်းထားတယ်.. နှစ်ရက်လောက်ပဲ အချိန်ဆွဲထားဖို့လိုတယ်”

“မင်းပြောတာက.. တစ္ဆေဘုရင်လား.. တစ္ဆေဘုရင်က တရားကျင့်ရာက နေ ထွက်လာတော့မှာလား” မိုယွိသည် ပျော်ရွှင်သွားကာ သူ၏စကားလုံးများ သည် ပြောလက်စကားများမှ တခြားကိုအာရုံရောက်သွားစေသည်။

“အဘိုးက တရားကျင့်တာကနေ ထွက်လာတော့မှာလား” ဒိကျဲ့ မေးလိုက်သည်။

“မှန်းကြည့်ရုံတင်ပါ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ အသိစိတ် ပင်လယ်ထဲက အဘိုးရဲ့ဝိညာဉ်ပုံတူက ဒီနှစ်ရက်အတွင်းမှာ အတက်အကျ များ လို့ သူ တရားကျင့်တာထွက်လာတော့မယ်လို့ မှန်းကြည့်တာ”

“ဒါပေမဲ့ ချင်းဟွမ်ရဲ့ စွမ်းအားက မင်းအဘိုးရဲ့စွမ်းအားနဲ့အတူတူလောက် ပဲ၊ သူထွက်လာရင်တောင် မင်းပြောသလို ချင်းဟွမ်ကို စုတ်ဖြဲပစ်မယ့်ဟာမျိုး ဖြစ်လာမှာမဟုတ်ဘူး” မိုယွိ ပြောလိုက်သည်။

“အဘိုးထွက်လာပြီးရင် သူ့စွမ်းအားက ချင်းဟွမ်နဲ့အတူတူဖြစ်မယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူသည် ဂုဏ်ယူစွာဖြင့် ပြောလေသည် “လုံးဝကွဲသွား လိမ့်မယ်”

“သူက အဆင့်တက်နိုင်သေးတယ်လို့ ပြောလိုက်တာလား” သူမသည် ယုံကြည်ချက်ရှိလွန်းသည်ဟု မိုယွိ ခံစားရသည်။

“အဘိုး ကျင့်ကြံရာကနေထွက်လာမှကြည့်ရမှာပဲ” ရှီမာယူယူသည် သူတို့ နှင့် မငြင်းခုံချင်ပေ။

“အကောင်းမြင်စိတ်နဲ့ကြည့်ရင်တော့ ဟုတ်တာပေါ့.. ဘုရင်ကြီးက တရား ကျင့်တာကနေ ထွက်မလာရင် ဘယ်လိုလုပ်မလဲ.. ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ” မိုယွိ မေးလိုက်သည်။

“ဒါဆို ဖြေရှင်းမယ့်လူကိုရှာမယ်” ရှီမာယူယူ ဆက်ပြောလေသည် “ချင်းဟွမ်က ကျွန်မကိုလိုချင်တာမဟုတ်ဘူးလား.. သူ ဘယ်လိုလုပ်မလဲလို့ ကြည့်တာပေါ့”

ရှီမာယူယူ၏ ကောက်ကျစ်သောအပြုံးကိုမြင်သောအခါ သည်တစ်ခါ ချင်းဟွမ်၏ အစီအစဉ်များ ပြာကျပြီဟု မိုယွိတွေးလိုက်မိသည်။ အင်အားကြီး သော တပ်များအားလုံးသည် အသက်ရှင်လျက်ပြန်မသွားနိုင်သလို သူလည်း သူ့ နေရာသို့ အသက်ရှင်လျက်ပြန်သွားနိုင်မည်မဟုတ်ပေ။

သူ၏အိပ်မက်မှာ မျက်စိရှေ့တွင် ပြိုလဲသွားမည်ဖြစ်ပြီး တခြားသူများ လည်း သေသွားလျှင် တခြားဘာကိုမှမလုပ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့ အတွက် အလွန်ရက်စက်လွန်းသည်။

“သခင် သူတို့တွေရောက်လာပြန်ပြီ” ဒိယိသည် အပြင်မှပြောလေသည်။

အစောက ပြုံးနေသော ဒိကျဲ့သည် ထိုစကားကြားသည်နှ့င် ချက်ချင်းပင် မျက်နှာတည်သွားသည်။

“သူတို့က ကျွန်မကိုထုတ်ပေးဖို့ ပြောနေတုန်းလား တစ္ဆေကြင်ယာတော် ရဲ့လူတွေလား” ရှီမာယူယူသည် ပထမဆုံးခန့်မှန်းချက်နှင့်ပင် မှန်အောင်မှန်းနိုင် သည်။

“ဟုတ်တယ်”

“တစ္ဆေကြင်ယာတော်က ချင်းဟွမ်နဲ့ ပူးပေါင်းလိုက်တယ်လို့ မပြောဘူး လား.. သူမက ဘာလို့အသက်ရှင်နေသေးတာလဲ.. သူမကိုသတ်ဖို့ နည်းလမ်း မစဉ်းစားဘူးလား”

***

All Chapters