သုံးလ
Vol. 153 Ch. 2138
“တစ္ဆေကြင်ယာတော်က ချင်းဟွမ်နဲ့ ပူးပေါင်းသွားတာကို ဘယ်လိုသိ တာလဲ” ဒိကျဲ့ မေးလိုက်သည်။
“မုလန် ပြောပြတာပါ” ရှီမာယူယူ ပြောလိုက်သည်။
“တစ္ဆေလောကနဲ့ အသူရာငရဲကြားက ကွန်ယက်က ငါတို့ထင်ထားတာ ထက်ကောင်းနေတာပဲ” ဒိကျဲ့ ပြောလိုက်သည် “ဒီသတင်းကို ရထားတာ သိပ် မကြာသေးဘူး၊ ဒါပေမဲ့ လက်ရှိအခြေအနေကြောင့် ထုတ်မပြကြတာ.. ပြီးတော့ ခိုင်မာတဲ့သက်သေလည်းမရှိဘူး”
“မုလန်က ဒီသတင်းကို အသာတကြည်ပဲ ပြောပြခဲ့တာ.. ပြီးတော့ ကျွန်မ ကို အချိန်သုံးလပေးပြီး ဒီအချိန်အတွင်း တစ္ဆေလောကကို ချင်းဟွမ် မတိုက်ခိုက် စေရပါဘူးဆိုပြီး ကတိပေးခဲ့လို့ ဒီလောက်ကြာအောင်ထိ တောင့်ခံနိုင်ခဲ့တာ.. အဲဒါကြောင့် အမေ့ကိုကယ်နိုင်ခဲ့တာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေ မဲ့ တစ္ဆေကြင်ယာတော်ရှိနေသေးတော့ ခက်နေတာ”
“အဲဒါကြောင့် ချင်းဟွမ်က သုံးလကျော်လောက် မတိုက်ခိုက်ဘဲ အပြင် ကနေ စောင့်ကြည့်နေတာကိုး.. သူ့လက်ထဲမှာ လှည့်ကွက်တွေရှိမယ်ထင်နေ တာ.. အဲလိုမျိုးကိစ္စရှိမယ်လို့ ထင်မထားဘူး” ဒိကျဲ့သည် နောက်ဆုံးတွင် ထူး ဆန်းသည့်ကိစ္စကို နားလည်သွားသည်။
“တစ္ဆေကြင်ယာတော်က ဒီကိစ္စကို မင်းအဘိုးကိုင်တွယ်အောင် ချန်ထား ပေးတာပဲ” မိုယွိ ပြောလိုက်သည်။
“ဒါဆိုလည်း သူမကို နောက်နှစ်ရက်လောက် အချိန်ထပ်ပေးလိုက်တာ ပေါ့” ရှီမာယူယူသည် ခံစားချက်မကောင်းစွာဖြင့် နှာမှုတ်လိုက်သည်။
“သခင် အဲလူတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ” ဒိကျဲ့သည် အပြင်မှ မေးလေသည်။
အစပိုင်းတွင် ဒိကျဲ့နှင့် မိုယွိတို့ သူတို့ကို သင်ခန်းစာပေးရန် စီစဉ်ထား၏။ သို့သော် ဝိညာဉ်နယ်မြေ၏ အကျိုးစီးပွားကို သက်ရောက်မှုကို မထိခိုက်စေနိုင် သောကြောင့် နှစ်ရက်အတွင်း လုပ်ဆောင်မည့်အရာများကို ရုတ်သိမ်းလိုက် သည်။ သို့သော် အစီအစဉ်အပြောင်းအလဲဖြစ်သွားသည်။ ယခုအချိန်တွင် သူ သတိပင်မေ့သွားတော့သည်။
အစီအစဉ်များချပြီးနောက် မင်းသားများအားလုံး ဝင်လာပြီး အိပ်ရာပေါ် တွင်လဲနေသော ဒိကျဲ့ကို သမားတော်နှင့် စမ်းသပ်ခိုင်းလေသည် “စစ်သူကြီးဒိ ဘယ်လိုနေလဲ”
“အရင်အတိုင်းပဲ ဟူး” သမားတော်သည် ခေါင်းခါကာ မတတ်သာသည့် ပုံစံပြသည်။
“သူနိုးလာအောင် လုပ်ဖို့တခြားနည်းလမ်းမရှိတော့ဘူးလား ငါတို့တွေ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး”
“မင်းသား ထပ်ပြီးတောင့်မခံနိုင်တော့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ.. ချင်းဟွမ်က ကနဦးကာကွယ်ရေးကို ချိုးဖောက်လာပြီလို့ ပြောလိုက်တာလား” မိုယွိသည် ငေးမောစွာမေးလေသည်။
“ဒါက.. မဖောက်နိုင်သေးပါဘူး ဒါပေမဲ့ ဖောက်လို့ရတော့မယ်” မင်းသား ပြောလေသည်။
“စစ်သူကြီးက ဘယ်တော့နိုးမှာလဲ”
“အစောကပဲ ဒိကျဲ့က အသုံးမဝင်ဘူးလို့ ပြောခဲ့တာမလား.. သူရှိရှိ မရှိရှိ ဘာမှကွာခြားမှုမရှိဘူးလို့ ပြောခဲ့တယ်လေ.. သူကို နိုးလာစေချင်ရအောင် ရုတ်တရက်ကြီး ဘာလို့စိတ်တွေပြောင်းသွားတာလဲ” မိုယွိသည် လှောင်ပြောင် လေသည်။
“သခင်မိုယွိ ကျုပ်တို့ကို စမနေပါနဲ့တော့” မင်းသားသည် ဒေါသ မထွက် ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် စိတ်ရှည်ရှည်ဖြင့် ဆက်ပြောလေ သည် “အစောပိုင်းကတော့ စစ်သူကြီးဒိက ဒီလောက်အရေးကြီးမယ်လို့ ထင် မထားဘူး.. အဲဒါကြောင့် သူ့ကိုမယုံခဲ့ကြဘူး အခုကျုပ်တို့တွေ သိနေပါပြီ”
“တကယ်လား”
“ဒါပေါ့”
“ဒါဆိုရင် တစ်ခါလောက် ယုံပေးရမှာပေါ့” မိုယွိသည် ပြောပြီးသည်နှင့် ဒိကျဲ့ဘေးသို့သွားကာ သူ့ကိုဆေးတစ်လုံးတိုက်ပြီး ပြောလိုက်သည် “ဒီဆေးကို အခုလေးတင်ရထားတာ စမ်းမကြည့်ရသေးဘူး.. ဒါသောက်ပြီးတော့ သူနိုးလာ ရင် နှစ်ရက်အတွင်းလှုပ်ရှားလို့ရတယ်.. နိုးမလာဘူးဆိုရင်တော့ သူမရှိတော့ဘူး လို့ သဘောထားလိုက်ရုံပေါ့”
မင်းသားများသည် ဒိကျဲ့ကို စိုက်ကြည့်နေပြီး သူ့စကားများကို မည်သူမှ သံသယမဝင်မိကြပေ။ မိုယွိသည် ဒေါသကြီးပြီး ထူးဆန်းသည့်စရိုက်ရှိသည်ကို သူတို့သိကြသဖြင့် မလိမ်နိုင်သည်ကိုလည်း သိသည်။
သူတကယ်ပဲ သူတို့ကို လိမ်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ။
သူတို့သည် ဒိကျဲ့ သတိပြန်လည်လာမလားဆိုသည်ကို သိချင်နေသဖြင့် ဒိကျဲ့ကိုသာ အာရုံစိုက်ထားကြသည်။
ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး သတိရမှဖြစ်မယ်။
သို့သော် တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်အထိ ဒိကျဲ့မှာ မလှုပ်မယှက် ပင်။ နေ့တစ်ဝက်ကုန်ဆုံးပြီးနောက် သူတို့လက်လျော့တော့မည်အလုပ်တွင် ဒိကျဲ့၏ လက်ချောင်းမှာ အနည်းငယ်လှုပ်လာသည်။ မင်းသားများသည် တစ် ချိန်လုံး စောင့်ကြည့်နေကြသဖြင့် အနည်းငယ်ပြောင်းလဲမှုလေးကိုပင် သတိ ထားမိကြသည်။
“သူလှုပ်သွားတယ်”
“သူ တကယ်လှုပ်သွားတယ်”
“လှုပ်သွားတယ်”
“ကောင်းလိုက်တာ”
မင်းသားများသည် ပျော်သွားကြသည်။ သူနိုးလာရင် မျှော်လင့်ချက်ရှိပြီ လေ။
ဒိကျဲ့သည် သူရောက်နေသည့် နေရာကိုပင် မသိသကဲ့သို့ မျက်လုံးများကို လေးလံစွာဖွင့်လာသည်။
“စစ်သူကြီး…”
“မင်းသား စစ်သူကြီးက တာဝန်ယူတတ်တဲ့လူပါ.. အခု သူနိုးလာပြီဆို တော့ တစ္ဆေလောကရဲ့ အကျဉ်းအကြပ်ကို လျစ်လျူရှုမှာမဟုတ်ဘူး.. သူက နေကောင်းသေးတာမဟုတ်ဘူး.. အဲဒါကြောင့် သူ့ကိုနှစ်ရက်လောက်တော့ အေးအေးချမ်းချမ်းနားခွင့်ပေးလိုက်တာ ကောင်းမယ်” မိုယွိသည် ‘အေးအေး ချမ်းချမ်း’ ဆိုသည့်စကားကို ပေါ်လွင်အောင်ပြောလိုက်သည်။
မင်းသားများသည် သူဆိုလိုချင်သည်ကို နားလည်ကြသည်။ သို့သော် သူ ပြောသည်မှာမှန်သည်။ ယခုအချိန်တွင် ဒိကျဲ့သည် ထပင်မထနိုင်ပေ။
“ဒါဆို အခုပြန်လိုက်ဦးမယ် စစ်သူကြီး မကြာခင်ပြန်ကောင်းလာပါစေလို့ မျှော်လင့်ပါတယ်.. ကျုပ်တို့ နောက်နှစ်ရက်တော့ တောင့်မခံနိုင်တော့ဘူး” မင်းသားသည် ပြောပြီးနောက် ထွက်သွားလေသည်။
သူတို့ထွက်သွားပြီးနောက် ဒိကျဲ့သည် ထိုင်းမှိုင်းနေသောမျက်နှာဖြင့် အိပ်ရာပေါ်မှ လွှဲဆင်းလိုက်သည်။ သူတို့ သူ့ကိုအချိန်ကြာရှည်စွာ စိုက်ကြည့်နေ သည်မှာ ဒေါသထွက်စရာပင်။
“သူတို့ကို ထပ်စောင့်အောင်လုပ်ဦးမယ်ထင်နေတာ” မိုယွိသည် ခပ်တိုးတိုးပြောလေသည်။
“မင်း မကြိုက်တာကိုလုပ်ကြည့်လေ.. ဒီလောက်တောင် အကြာကြီး စိုက် ကြည့်နေကြတာ” ဒိကျဲ့သည် မပျော်မရွှင်နှင့် ညည်းညူလေသည်။
ထိုလူများသည် ရန်သူအစစ်အမှန်မဟုတ်ပေ။ သူတို့သည် တစ္ဆေကြင်ယာ တော်၏လူများမဟုတ်သလို ချင်းဟွမ်၏လူများလည်းမဟုတ်ပေ။ ထို့ကြောင့် သူ အပြစ်ပေးရန်မလိုပေ။ ထို့အပြင် သူ သတိမေ့ရာမှ နိုးထရန်အချိန်လည်း ရောက်ပြီဖြစ်သည်။
“ဒီရက်တွေမှာ သူတို့တောင့်ခံနိုင်မလားကြည့်ကြတာပေါ့” မိုယွိသည် ထို လူများကို မျှော်လင့်ချက်မထားသင့်ဟု ခံစားမိသည်။
“ကြည့်ကြတာပေါ့.. ငါ ဒေါ်လေးကို သွားရှာလိုက်ဦးမယ်” ဒိကျဲ့သည် အဝတ်များလဲပြီးနောက် ယွိခဲ့လော့ကို သွားရှာသည်။ သူသည် သူတို့နေထိုင် သည့်နေရာကိုသွားရာ ခြံဝန်းရှိအဆောင်ငယ်ထဲတွင် စကားပြောနေကြသည့် သုံးယောက်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ပြုံးပျော်ရယ်မောနေကြ သည်။
ဝူရှန့်မြို့အပြင်တွင် နေ့စဉ်နေ့တိုင်းတိုက်ခိုက်နေကြကာ နောက်ဆုံးတွင် အေးချမ်းသွားလေသည်။
ချင်းဟွမ်သည် စစ်တန်းလျားတွင် ရှောင်ဟော်နှင့် စစ်ဦးစီးတချို့နှင့် ထိုင် နေသည်။
“လူကြီးမင်း ဒီလိုနေနေတာ တစ်လရှိပြီ.. ဆွဲဆိတ်တာလောက်ပဲရှိတယ် ပျင်းစရာပြီး.. သူတို့ကို တကယ်ကြီး ဘယ်တော့တိုက်ခိုက်မှာလဲ” မုတ်ဆိတ် အပြည့်၊ အရပ်ရှည်ရှည်နှင့်လူထွားကြီးသည် စိတ်မရှည်စွာ မေးလိုက်သည်။
ထိုလူသည် နဝမစစ်ဦးစီးလော့ဖြစ်သည်။ သူသည် စရိုက်အကြမ်းဆုံးဖြစ် ပြီး စစ်မက်များကို နှစ်သက်ကာ ရှေ့ဆုံးတွင်နေလေ့ရှိသူဖြစ်သည်။
သူသည် စစ်မှန်သည့်စစ်ပွဲများကိုသာ နှစ်သက်ကာ ယခုလို ရန်ပွဲများကို သဘောမကျလှပေ။ ထို့ကြောင့်ပင် ချင်းဟွမ်သည် သူ့ကို စစ်တပ်ငယ်များကို ဦးစီးတိုက်ခိုက်ခွင့်ပေးပြီး သူ သည်းခံနေခြင်းဖြစ်သည်။
“ဟုတ်တယ် လူကြီးမင်း ကျုပ်တို့တွေ ဒီမှာစောင့်နေတာ နှစ်လရှိပြီ ဘာ ကိုဆက်စောင့်နေတာလဲ” တခြားသူများလည်း မေးကြသည်။
“လူကြီးမင်းနဲ့ မုလန်က အရင်ကဆွေးနွေးခဲ့ကြတယ်.. သူက လူကြီးမင်း ကို ဒီမှာ သုံးလစောင့်ပေးဖို့ ကတိပေးထားတယ်” ရှောင်ဟော် ပြောလိုက်သည်။
“ဘာလဲ.. မုလန်က ကျုပ်တို့ ပြဿနာမှာဝင်ပါရအောင် ဘယ်သူမို့လို့လဲ.. လူကြီးမင်း သူ့ကိုဘာလို့ကတိပေးလိုက်တာလဲ” စစ်ဦးစီးလော့သည် မပျော်ရွှင် စွာဖြင့် အော်ကာ ရှောင်ဟော်၏ အပြစ်တင်မှုကို တမင်ရှာလိုက်သည်။
“စစ်ဦးစီးလော့ စကားကိုသတိထားပါ” ရှောင်ဟော် မျက်မှောင်ကြုတ် လေသည်။
ရှောင်ဟော် ဒေါသထွက်သည်ကိုမြင်သည်နှင့် စစ်ဦးစီးလော့သည် သူ့ကို အပြစ်မရှာရဲပေ။ သို့သော် မပျော်မရွှင်ဖြစ်နေတုန်းပင်။
“လူကြီးမင်းမှာလည်း သူ့အကြောင်းအရင်းနဲ့သူရှိမှာပါ” ဟွာဝူရှန့်သည် အေးဆေးနိုင်သေးသည်။
ချင်းဟွမ်သည် အတွင်းပိုင်းတွင် မည်သည့်ပြဿနာမှမဖြစ်စေချင်သလို စိတ်ဓာတ်လည်းမကျစေချင်ပေ “မုလန်က အရင်က ငါ့အသက်ကိုကယ်ဖူးတယ် သူ့တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးမယ်လို့ ကတိပေးဖူးတယ်”
“သူက လူကြီးမင်းကို သုံးလစောင့်ပေးပါလို့ တောင်းဆိုတာလား” စစ်ဦး စီးလော့ မေးလိုက်သည်။
“ဟုတ်တယ်”
“ဒါပေမဲ့ ဒီသုံးလက ကျုပ်တို့အတွက် တန်ဖိုးရှိတယ်လေ.. ဒီစစ်တိုက်မယ့် အခွင့်အရေးလွတ်သွားရင်…”
ချင်းဟွမ်သည် ခေါင်းခါလေသည် “ဒီအခွင့်အရေးမှာ သူ့ကျေးဇူးပြန်ဆပ် ချင်တယ်.. ပြီးမှ အသူရာငရဲကို တပ်လွှတ်ရမယ်၊ ငါ့တပ်တွေထွက်ပြီးမှ သူပြန်ဆုတ်ခိုင်းရင် ပိုပြီးအခက်မတွေ့ပေဘူးလား”
***