ဒိကျဲ့နိုးလာခြင်း
Vol. 153 Ch. 2139
အဲဒီတော့ လူကြီးမင်းက ကျေးဇူးပြန်ဆပ်ချင်လို့ တောင်းဆိုချက်ကို သဘောတူလိုက်တာမဟုတ်ဘဲ အနာဂတ်အစီအစဉ်အတွက်ကြောင့်ကိုး။ အသူ ရာငရဲကို တပ်များလွှတ်မည်ဟု တွေးလိုက်သည်နှင့် အနစ်နာခံလိုက်လျှင် တောင် တန်သည်။
ထိုသို့တွေးလိုက်သည်နှင့် စစ်ဦးစီးအချို့သည် ခံစားချက်ကောင်းသွားကြ သည်။
“ပြီးတော့ ဒီလိုလုပ်နေတာ တစ်လလောက်ရှိပြီ.. အဲလူတွေက ကျုပ်တို့ အသုံးချတာခံနေရတာ.. ပြီးတော့ တကယ်စစ်တပ်လွှတ်တဲ့အချိန်မှ သူတို့ကို ရုတ်တရက်သတ်လို့ရမယ်” ရှောင်ဟော်ပြောလေသည် “အလေ့အကျင့်က ကြောက်ဖို့အကောင်းဆုံးပဲ.. ဘာလို့လဲဆိုတော့ သူတို့ကိုထုံထိုင်းသွားစေပြီး အရေးပေါ်အာရုံတွေကို လွတ်သွားစေနိုင်တယ်”
“ဒါပေမဲ့ လူကြီးမင်း မုလန်က ဘာလို့စစ်တပ်ကို သုံးလအချိန်ဆွဲခိုင်းတာ လဲ” စစ်ဦးစီးလော့ မေးလေသည် “ထောင်ချောက်များရှိနေမလား.. အသူရာငရဲ က တစ္ဆေလောကနဲ့ လက်တွဲလိုက်တာလား”
“မဟုတ်ဘူး.. သူက တစ္ဆေလောကနဲ့ မပူးပေါင်းဖို့ကို ကတိပေးပြီးပြီ.. သူ ပြောခဲ့တာကို ဆန့်ကျင်မှာတော့မဟုတ်ဘူး” ချင်းဟွမ် ပြောလိုက်သည် “ဘာလို့ သုံးလတောင်းဆိုတာလဲဆိုတော့ ရှီမာယူယူပြန်လာကိုစောင့်မလို့ဖြစ်မယ်”
“အဲမိန်းမက အသူရာငရဲမှာလား” ချင်းဟွမ်သည် ရှီမာယူယူအကြောင်း ပြောလိုက်ချိန်တွင် လက်သီးကို အလိုလိုတင်းကျပ်အောင် ဆုပ်မိသည်။ သူ့ရင် ထဲမှ အမုန်းတရားသည် ပိုကြီးလာသည်။
အရာအားလုံးသည် သူမကြောင့်ပင်။ သူမသည် သူ့ဘဝတွင် အကြီးမား ဆုံးအရှက်ကိုပေးခဲ့ကာ ဝိညာဉ်နယ်မြေတွင် လှောင်ရယ်ခံရအောင်လုပ်ခဲ့ပြီး အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကိုပင် ဆုံးရှုံးစေခဲ့သည်။ သူမကို ဖမ်းမိပါက သူမ၏ ‘ကြင်နာမှု’ ကိုပြန်ပေးဆပ်ခိုင်းရမည်။
“အဲဒီရှီမာယူယူ ပြန်လာပြီလို့ ဆိုလိုတာမဟုတ်ဘူးလား” ဟွာဝူရှန့်သည် ရှီမာယူယူအကြောင်းပြောရာတွင် အမုန်းတရားများဖြစ်ပေါ်လာပြန်သည်။
သူမကြောင့်သာမဟုတ်လျှင် သူ့အခြေအနေမှာ ဤမျှဆိုးသွားမည်လား။
“ဒီနှစ်ရက်အတွင်း တစ်ခုခုဖြစ်လောက်မယ်.. သူမ ပြန်လာတယ်ဆိုရင် တော့ သူမကိုပါ တစ်ခါတည်းရှင်းလိုက်တာပေါ့.. ပြန်မလာဘူးဆိုလည်း တစ္ဆေ လောက ပျက်စီးသွားတဲ့အထိစောင့်ပြီး ရှင်းကြတာပေါ့” ချင်းဟွမ်သည် ရှီမာယူ ယူကို အလွတ်မပေးချင်ပေ။
သူမ၏မိခင်နှင့်ယှဉ်လှင် သူမကို ပိုသဘောမတွေ့ပေ။ ထိုမိန်းကလေး သည် ငယ်သော်လည်း အရည်အချင်းရှိသည်။ သူမသည် ခိုင်မာသည့် ကိုယ်ရည် ကိုယ်သွေးများရှိပြီး ရန်သူများအပါအဝင် ကိစ္စများလုပ်ဆောင်ရာတွင် ရဲရင့် သည်။ သူမ အရွယ်ရောက်လာလျှင် ဝိညာဉ်နယ်မြေအတွက် ပြဿနာတစ်ခု ဖြစ်နိုင်သည်။
ထို့ကြောင့် ဤအချိန်တွင် ရှီမာယူယူ ပြန်လာရန် သူအမှန်တယ် မျှော်လင့် မိသည်။ သူ သူမကိုရှင်းပြီးမှပင် စိတ်ချနိုင်မည်။
တစ်ခါတလေ ရှီမာယူယူကို သတိထားနေသည်မှာ လွန်သွားသလားဟု ခံစားရသည်။ သို့သော် သူမ လုပ်ခဲ့သည့်ကိစ္စများကို တွေးကြည့်လျှင် သူ လုပ် သည်များမှာ မလွန်လှဟု ထင်မိသည်။ သူ သူမကို အထင်သေးမိပါက ဒုက္ခ ရောက်မည့်သူမှာ သူဖြစ်သည်။
“လူကြီးမင်း မနက်ဖြန် ဆက်လုပ်ဖို့လိုသေးလား”
လူကြီးမင်း ဘာမှမပြောရသေးခင်မှာပင် အပြင်မှလူတစ်ယောက်ဝင်လာ ပြီး သတင်းပို့လာသည်။ ချင်းဟွမ်သည် သတင်းကိုမြင်ပြီးနောက် လက်ကို ဝှေ့ ယမ်းကာ ထိုလူကိုထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူ ချင်းဟွမ်ကို ပြော လိုက်သည် “မနက်ဖြန် တပ်တွေလွှတ်မယ်”
“ဘာဖြစ်တာလဲ”
“ဒိကျဲ့နိုးလာပြီ ပြန်ကောင်းလာဖို့ နှစ်ရက်လိုတယ်” ချင်းဟွမ် ပြောလိုက် သည် “ပြီးတော့ သုံးလလည်း ကျော်သွားပြီ”
ယခုအချိန်တွင် ဒိကျဲ့သည် သူတို့၏ အကြီးမားဆုံးရန်သူဖြစ်သည်။ တစ္ဆေ ကြင်ယာတော်၏ အတွင်းသတင်းအရ သူသည် တပ်စုကြီးတစ်ခုကို ကွပ်ကဲနေ ပြီး တစ္ဆေလောက၏ မငြိမ်မသက်မှုများကို တားဆီးရန်တာဝန်ယူထားသည်။ ယခု သူနိုးလာရာ သူ ပြန်ကောင်းမလာခင်တွင် တစ္ဆေလောကကို ဖျက်ဆီးပစ် ရမည်။
“ဟုတ်ပြီ မနက်ဖြန် တပ်လွှတ်လိုက်တော့မယ်” စစ်ဦးစီးလော့သည် အပျော်ရွှင်ဆုံးဖြစ်သည်။ ကြာရှည်စွာ သည်းခံလာပြီးနောက် နောက်ဆုံးတွင် ကောင်းကောင်းကြီးတိုက်ခိုက်ရတော့မည်။
ချင်းဟွမ်သည် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို မြင်သောအခါ ပြုံးလိုက်သည် “သွား ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ကြ”
နောက်နေ့မနက်အစောတွင် စစ်တပ်ကြီးတစ်ခု နီးကပ်လာသည်ကို ဝူရှန့် မြို့မှ အစောင့်များ သတိထားမိကြသည်။ သူတို့သည် မှောင်ထုကြီးကိုမြင်လိုက် ရပြီး ရန်သူများကို စောင့်ကြည့်နေသူများလည်း မှင်တက်သွားကြသည်။ သူတို့ သည် အတန်ကြာမှင်တက်ပြီးနောက် အောက်မှလူများကို ပြောလိုက်သည် “မြန်မြန် ဝိညာဉ်နယ်မြေက စနေပြီလို့ သတင်းပို့လိုက်”
သည်တစ်ကြိမ်တွင် တိုက်ပွဲအသေးစားမဟုတ်ပေ။ တကယ့်စစ်တပ်ကြီး လာနေပြီဖြစ်သည်။
ဝူရှန့်မြို့မှလူများသည် ပျာယာခတ်ကုန်ကြသည်။ အားလုံးသည် မင်းသား များကို သွားရှာကြသည်။ မင်းသားများသည် အရင်က ဤကဲ့သို့ တစ်ခါမှ မကြုံ ဖူးပေ။ အရင်က တိုင်းပြည်နှစ်ခုကြားမှ တိုက်ပွဲအသေးစားများသာ ဖြစ်ဖူးခဲ့ သည်။ ဤကဲ့သို့ တစ္ဆေလောက၏ အနာဂတ်ကို ရှုပ်ထွေးစေသည့် တိုက်ပွဲ အကြီးအကျယ်တစ်ခုကို ကြုံတွေ့ရာ အားလုံးရုန့်ရင်းဆန်ခတ်ဖြစ်သွားကြ၏။
ခေါင်းမွေးမထောင်ဘဲ နေမလား။ ချင်းဟွမ် တစ္ဆေလောကကို သိမ်းပိုက် လိုက်ရင် သူတို့ ဘယ်လိုဖြစ်သွားမှာလဲ။
“အဲဒီမှာရပ်မနေကြနဲ့ စစ်တပ်ကို မြန်မြန်လွှတ်ပြီး တိုက်ခိုက်ကြလေ” မင်းသားများ အော်လေသည် “ဝူရှန့်မြို့ကို ကာကွယ်ရမယ်လို့ သူတို့ကိုပြော လိုက်၊ မြို့ရှိနေသေးရင် လူလည်းရှိနိုင်မယ်… မြို့မရှိရင် ငါတို့လည်းရှိနိုင်တော့ မှာမဟုတ်ဘူး”
ထိုအခါမှပင် ထိုလူများ တုံ့ပြန်ကြသည်။ စစ်ပွဲစတော့မယ်။
ဒိကျဲ့သည် သတင်းကြားလိုက်ရချိန်တွင် မတုန်လှုပ်ပေ။ အကြောင်းမှာ သူသည် ခန့်မှန်းမိပြီးသားဖြစ်သည်။
သူသည် ထိုနေရာတွင် သူလျှိုများထည့်ထားပြီးဖြစ်သလို သူတို့လည်း သူ့ စခန်းတွင် သူလျှိုများထည့်ထားနိုင်သည်။ ထို့ကြောင့်ပင် သူ နိုးလာသည့် သတင်းသည် လျှို့ဝှက်ထား၍မရနိုင်ပေ။ သူနိုးလာသည်ကို ထိုလူများသိသည် နှင့် သေချာပေါက် လှုပ်ရှားမည်ဖြစ်သည်။
“သူတို့တွေနှစ်ရက်လောက် တောင့်ခံနိုင်မယ်လို့ထင်လား” ရှီမာယူယူ မေးလိုက်သည်။
“နှစ်ရက်လား.. နေ့တစ်ဝက်တောင့်ခံနိုင်ရင်ကို တော်လှပြီ” ဒိကျဲ့ ပြော လေသည် “သူတို့ကို အရမ်းအထင်ကြီးမနေနဲ့”
“တကယ်ကို နေ့တစ်ဝက်ထိန်းနိုင်ရင်ကို တော်တော်ကောင်းနေပြီ.. ပြီး တော့ မင်းကို ပြန်ဆွဲထားမယ့်တစ္ဆေကြင်ယာတော်လိုလူမျိုးမရှိဘူး” ယွိခဲ့လော့ ပြောလိုက်သည်။
“ဟုတ်တယ်” ဒိကျဲ့ ပြန်ဖြေလိုက်သည် “ကျွန်တော် သွားပြင်ဆင်လိုက်ဦး မယ်”
“ဟုတ်ပြီ ဂရုစိုက်ပါ” ယွိခဲ့လော့ သတိပေးလိုက်သည်။
“ကျွန်တော် သိပါတယ် ဒေါ်လေး”
တစ္ဆေလောကသည် သူ၏ကာကွယ်မှုကို လိုအပ်နေသည်။ သူသည် မိုယွိ နှင့် အချိန်ကြာရှည်စွာ အစီအစဉ်ဆွဲထားသော်လည်း အကျပ်အတည်းဖြစ်လာ ချိန်တွင် သူကိုယ်တိုင် ကိုင်တွယ်ရန်လိုသေးသည်။
“အမေ ဝမ်းကွဲအစ်ကိုက အဘိုးတရားကျင့်တာကနေ ထွက်လာတဲ့အထိ အချိန်မဆွဲနိုင်မှာစိုးတယ်.. အဲအချိန်ကျရင် သမီးတို့လည်း ချင်းဟွမ်နဲ့သွားတွေ့ ရမယ်” ရှီမာယူယူ၏ ရယ်သံသည် အနည်းငယ် ယုတ်ညံ့နေသည်။
“ဟုတ်ပြီလေ.. အဲတုန်းက သူက အမေ့ချိပ်စည်းကို ပြောင်းခဲတယ်.. သမီး ကိုလည်း အလှည့်အပြောင်းတွေကို ဖြတ်စေခဲ့တယ်.. အမေတို့ပြန်လာပြီဆိုတာ သူ့ကို အသိပေးရမှာပေါ့” ယွိခဲ့လော့သည် လေးနက်စွာပြောလေသည်။
ရှီမာလျူရွှမ်သည် သားအမိနှစ်ယောက် ရုပ်ရည်တူ၊ အကျင့်စရိုက်တူနေ သည်ကိုကြည့်ပြီး ကျေနပ်သလိုခံစားရသည်။
နေ့တစ်ဝက်ကြာပြီးနောက် မင်းသားတချို့သည် တောင့်မခံနိုင်တော့ပေ။ ဝိညာဉ်နယ်မြေ၏ တိုက်ခိုက်မှုသည် သူတို့ထင်ထားသည်ထက် သာလွန်နေ သည်။ အနည်းဆုံးတော့ တစ်ရက်မျှခံနိုင်လိမ့်မည်ဟု သူတို့ ထင်ထားသော် လည်း ယခုပုံစံကိုကြည့်ရသည်မှာ သူတို့ခန္ဓာကိုယ် အကောင်းအတိုင်း လွတ် မြောက်နိုင်လျှင်တောင် ကံကောင်းမည်ပင်။
“မင်းသား ထပ်ပြီးတောင့်မခံနိုင်တော့ဘူး” တပ်သားတစ်ယောက် ပြေး လာပြီး အနောက်တွင်ရပ်နေသော သခင်တစ်ယောက်ကို ပြောလိုက်သည် “မြန်မြန်ပြန်သွားလိုက်တော့”
ထိုမင်းသားများသည် ကိုယ်တိုင်မသွားဘဲ အတွင်းအပြင် အလွှာသုံးလွှာ ဖြင့် အကာအကွယ်ကြားတွင်နေနေကြသည်။ ယခု သူတို့တောင့်မခံနိုင်တော့ လျှင် ဝူရှန့်မြို့ကို လက်လွှတ်လိုက်ပြီး ဖြတ်လမ်းဝင်္ကပါသုံးပြီး ထွက်ပြေးသည် မှာ အကောင်းဆုံးဖြစ်မည်။
“ဒိကျဲ့ရဲ့လူတွေက ငါတို့အမိန့်ကို နားမထောင်ကြဘူး.. မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုဖြစ်မှာလဲ”
“မြန်မြန်ထွက်သွားကြမယ် မဟုတ်ရင် ငါတို့အသက်တွေ ဒီမှာစတေးရ လိမ့်မယ်”
“မဖြစ်နိုင်ဘူး ငါတို့ နောက်ဆုတ်လို့မရဘူး နောက်ဆုတ်လိုက်တာနဲ့ ငါတို့အနောက်ကလူတွေ အန္တရာယ်ဖြစ်လိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံ ရမယ်”
“ဒါပေမဲ့…”
“ဒါပေမဲ့ဆိုတာတွေမရှိဘူး.. ဘယ်သူမှ ဒီနေရာကနေ ထွက်မသွားရဘူး.. ငါတို့ပြန်ရင်တောင် ဘယ်နေရာကိုပြေးမှာလဲ”
“မင်း… အာ ဒါဆိုလည်း တိုက်ခိုက်ကြမယ်.. တခြားနေရာတွေလည်း တောင့်ခံနိုင်ဖို့ မျှော်လင့်ရမှာပဲ”
ထိုသို့ပြောပြီးနောက် အဘိုးကြီးတချို့သည် တပ်သားများကို တိုက်ခိုက် ခိုင်းကြပြီး သူတို့ပါဝင်ပါကြသည်။
သူတို့ တောင့်မခံနိုင်တော့သည့်အချိန်တွင် ဝူရှန့်မြို့မှလူများသည် တံခါး ဖွင့်လာကြသည်။ မင်းသားသည် အနောက်မှ လှုပ်ရှားမှုများကို ခံစားမိသည်။ သူ လှည့်ကြည့်ပြီး ရှုပ်ယှက်ခတ်အောင်လုပ်သောလူများကို အပြစ်တင်မည်ပြု သည်။ သို့သော် သူ မပြောခင်မှာပင် မရဏာသားရဲစီးလာသည့် ဒိကျဲ့ ပေါ်လာသည်ကိုမြင်လိုက်ရသည်။ သူသည် မျက်ရည်များပင် ကျလာလုနီးပါး ပင်ဖြစ်သွားသည်။
သူ့အနောက်တွင် ဝူရှန့်မြို့တွင် စစ်တပ်များ ဝိုင်းလိုက်ကြသည်။
ရှောင်ဟော်သည် အပြင်မှလူများကိုမြင်သောအခါ မျက်လုံးများကို ကျဉ်း မြောင်းလိုက်သည်။
အပြင်ဘက်ကလူတွေက ဒိကျဲ့လူတွေဖြစ်လိမ့်မယ်လို့ သူ့လူတွေ သတိ မထားမိကြဘူးပဲ။ ကြည့်ရတာ အဲလူတွေက ကိုင်တွယ်ဖို့တော့ မလွယ်ဘူးပဲ။
***