မထီလေးစားမှုပြုခြင်း
Vol. 153 Ch. 2140
“စစ်သူကြီး ပြန်နလန်ထူဖို့ကို တစ်ရက်နှစ်ရက်စောင့်ရဦးမှာမဟုတ်ဘူး လား” မင်းသားသည် အံ့ဩနေသည်။
“သခင်မိုယွိက လျှို့ဝှက်နည်းလမ်းသုံးလိုက်တာ” ဒိကျဲ့သည် ထိုမျှသာ ပြောသည်။ လျှို့ဝှက်နည်းလမ်းဆိုပါက မိုယွိကိုကိုယ်တိုင်သွားမေးရမည်ဖြစ်ရာ သူတို့မမေးရဲကြပေ။
သူသည် သားရဲကိုရှေ့မှမောင်းသွားပြီး ရှောင်ဟော်ကို ကြည့်လိုက်သည်။
ရှောင်ဟော်သည် သူပေါ်လာသည်ကိုမြင်သောအခါ ရယ်မောလေသည် “ဒိကျဲ့.. နောက်ဆုံးတော့ ပေါ်လာပြီပဲ.. မင်းရဲ့ ကျန်တဲ့တစ်ဘဝလုံး လိပ်လိုမျိုး အခွံထဲမှာပုန်းသွားတော့မယ်ထင်နေတာ”
“ပုန်းရမယ်ဟုတ်လား.. မင်းတို့လိုကောင်တွေဆီက ပုန်းဖို့လိုလို့လား” ဒိကျဲ့သည် သူ့ကို အထင်သေးစွာကြည့်လိုက်သည် “ငါ့ဝမ်းကွဲညီမက မင်းနဲ့ မင်းလက်အောက်ကနှစ်ယောက်ကို တစ်ယောက်တည်းဖမ်းပြီး အကျဉ်းချခဲ့ တာလေ ဒီမှာလာဟောင်နေတာ မရှက်ဘူးလား”
“ငါ မင်းကို အခုသတ်မယ် ပြီးရင် သူမကိုဖမ်းပြီးစားမယ်.. ပြောရရင် သူမ ဝိညာဉ်က တကယ်အရသာရှိမယ့်ပုံပဲ.. စားပြီးတော့ ငါ့စွမ်းအားတွေကို တိုး လာအောင်လုပ်ရမယ်” သူသည် နှုတ်ခမ်းသပ်ရင်း ရွံ့ရှာဖွယ်ပြောလေသည်။
“ဟင်း..ဒါနဲ့.. အိုး နေပါဦး မင်းတစ်ယောက်ပဲလား.. အရင်တစ်ခေါက်က ငါ့ ဝမ်းကွဲညီမက မင်းနဲ့မင်းရဲ့လက်အောက်ကနှစ်ယောက်ကို တစ်ယောက် တည်းဖမ်းပြီး ဝိညာဉ်ကျောက်ထဲထည့်ထားခဲ့တာကို မေ့သွားတဲ့ပုံပဲ” သူဒေါသ ထွက်လေလေ ဒီကျဲ့သည် အတိတ်ကအကြောင်းကို ပြောရသည်မှာ ပျော်လေ လေဖြစ်သည် “မင်းက သူမကိုစားချင်လို့လား.. စားလေ.. မင်းကပဲ သူမကို စားနိုင်မလား သူမကပဲ မင်းကိုထပ်နိုင်သွားမလားဆိုတာ.. ဒါပေမဲ့ ငါထင်တာ တော့ မင်းထပ်လုပ်ရင် မင်းဘဝနဲ့လဲဖို့ သူမလိုချင်တဲ့ရတနာက ချင်းဟွမ်မှာ မရှိလောက်တော့ဘူးထင်တယ်.. အဲတော့ ဒီတစ်ခါကျ မင်းအသက်ကို ကယ်နိုင် ဦးမှာလား”
“မင်းသမီးလေးက စွမ်းအားကြီးတယ်”
“မင်းသမီးလေးက စွမ်းအားကြီးတယ်”
သူတို့အရှေ့မှ အင်အားကြီးသည့်လူသည် အရင်က ရှီမာယူယူ အရိုက်ခံရ ပြီး အကျဉ်းချခြင်းကိုခံဖူးသည်ဟု ထိုတပ်သားများ ကြားသည်နှင့် စိတ်ဓာတ် များမြင့်တက်သွားပြီး တက်ကြွသည့်မျက်နှာထားများဖြစ်သွားကြသည်။
သူတို့၏ ရာထူးမြင့်စစ်သူကြီးသည် တစ်ဖက်မှ မင်းသမီးဖမ်းဆီးခြင်းကို ခံရဖူးသည်ဟု တစ်ဖက်မှလူများကြားသည်နှင့် ရှောင်ဟော်ကို အလန့်တကြား ကြည့်မိကြသည်။ နှစ်ဖက်မှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသည်။
ထိုအချိန်တွင် သူသည် တည်ငြိမ်နေဆဲဖြစ်ကာ နှာမှုတ်လေသည် “အဲဒါ က သူမရဲ့လှည့်ကွက်အောင်မြင်သွားလို့ပဲလေ.. မင်းတို့ အခုပျော်နေလည်း ဘာ အသုံးဝင်မှာလဲ.. ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ သူမကို မုန်းတောင်မုန်းရဦးမယ် ဘာလို့လဲဆိုတော့ သူမကြောင့်ပဲ ဒီစစ်ပွဲဖြစ်လာတာပဲ.. သူမက မင်းတို့ရဲ့ ကျေးဇူးရှင်မဟုတ်ဘူး.. မင်းတို့မျိုးနွယ်တစ်ခုလုံးရဲ့ အပြစ်သားပဲ.. သူမကြောင့် ပဲ မင်းတို့က မသေရင်တောင် တစ်သက်လုံးအကျဉ်းသားဖြစ်သွားကြတော့မှာ ဟားဟားဟား..”
အရိုင်းဆန်ပြီး ပေါ့ပျက်သည့်ရယ်သံသည် တစ္ဆေလောကမှလူများကို ငြိမ် သက်သွားစေသည်။ ဝိညာဉ်တပ်သားများ ရေက်လာပြီး ရှီမာယူယူကို တောင်း သည့်အဖြစ်ကို သူတို့ပြန်တွေးမိသွားကြသည်။ ဒီမတိုင်ခင်က ဝိညာဉ်နယ်မြေ က ရှီမာယူယူ့ကို ဒီလောက်မုန်းအောင် သူမဘယ်လိုလုပ်ခဲ့လဲလို့ သိချင်နေခဲ့ကြ တာ။ ဒါကြောင့်ဖြစ်နေတာကိုး။
“ဟေး မင်းတို့ရဲ့ ညစ်ပတ်တဲ့ပါးစပ်ကြီးတွေကို ဆေးလိုက်တာကောင်း မယ်.. ပါးစပ်နဲ့လာပြီး အီးပေါက်မနေနဲ့” ဒိလျိုသည် ဒိကျဲ့အနောက်မှ အော်လေ သည် “မင်းတို့ဝိညာဉ်နယ်မြေက ငါတို့တစ္ဆေလောကကို အမြဲတမ်းတိုက်ခိုက် ချင်နေတာ နှစ်ရာချီရှိနေပြီ.. အစတုန်းက မင်းတို့က အမှောင်မင်းသမီးကို ဆင် ခြေအဖြစ်သုံးခဲ့တယ်.. ဒါပေမဲ့ ရလဒ်ကတော့ မင်းသမီးက မင်းတို့ဖြစ်ချင်တဲ့ အတိုင်း အကျဉ်းချခံခဲ့တယ်.. အခု နောက်တစ်ခါကျ မင်းသမီးလေးကို ဆင်ခြေ ပေးပြန်ရော.. ဝိညာဉ်မျိုးနွယ်က ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ”
“မင်းသမီးလေး ဝိညာဉ်နယ်မြေကိုသွားကတည်းကဆို ၁ နှစ်ကျော်နေပြီ မင်းတို့ ဝိညာဉ်နယ်မြေက ၁ နှစ်ကျော်လောက်လေးနဲ့ ဒီလောက်တပ်သား အများကြီးစုမိတာလား” ဒိယိသည် အော်လေသည် “ခွေးသားတွေ သူများကို အကြောင်းပြမနေနဲ့”
အနည်းငယ်တွေဝေသွားသောလူများအားလုံး နောက်ဆုံးတွင် သတိဝင် လာကြသည်။ ဒိယိပြောသည်မှာမှန်သည်။ သူတို့သာ မပြင်ဆင်ထားခဲ့ဘူးဆိုရင် ဒီလိုအချိန်တိုအတွင်းမှာ ဘယ်လိုလုပ်စုလာနိုင်မှာလဲ။
“စစ်ဦးစီးဒိယိ ပြောတာမှန်တယ်.. မင်းသမီးလေးမဟုတ်ရင်တောင် မင်း တို့က တခြားဆင်ခြေရှာပြီးစစ်တပ်လွှတ်မှာပဲ.. အဲလိုဆိုရင် မင်းတို့ကို မင်းသမီး လေးကို ဘာလို့မဖမ်းခိုင်းရမှာလဲ” တပ်သားတစ်ယောက် အော်လေသည်။
“ဟုတ်တယ် သဘောထားကွဲအောင် လာမလုပ်နဲ့”
“အကျဉ်းသားက အကျဉ်းသားပဲ.. လုပ်သမျှတွေက အရှက်မဲ့လိုက်တာ”
စစ်သားများ၏စိတ်ဓာတ်မှာ ပိုမြင့်လာပြီး ရှောင်ဟော်၏ မှတ်ချက် ကြောင့် ထိတ်လန့်သွားခြင်းမရှိတော့ပေ။
ဒိကျဲ့သည် ရှောင်ဟော်ကိုကြည့်ကာ ဂုဏ်ယူစွာပြုံးလိုက်သည်။
“ဟေး တစ္ဆေလောကက ငါ့တပ်သားတွေက အကုန်အမြင်ရှိတယ်.. ငါတို့ ကို ဒီလိုမျိုး ရန်စတာ အသုံးမဝင်ဘူး”
“အသုံးဝင်လိမ့်မယ်လို့ အစကတည်းက ထင်မထားပါဘူး” ရှောင်ဟော် သည် အလောမကြီးပေ “မင်းက ဒီလောက်သေးတာ ဘယ်လောက်ပဲအော်နေပါ စေ.. မင်း ဒီနေ့ပျက်စီးမယ်ဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းလဲပစ်လို့မရဘူး”
ရှောင်ဟော်၏အသံမဆုံးခင်တွင် လူအများပြေးလာကြသည်။ လူအရေ အတွက်ကို အကဲဖြတ်ကြည့်ရာတွင် နှစ်ဖက်မှကွာခြားချက်သည် ၁၀ ပုံ ၁ ပုံမျှ ပင်ရှိသည်။ ထိုမျှသာမကဘဲ ချင်းဟွမ်သည်လည်း တပ်၏ရှေ့ဆုံးတွင် ပေါ်လာ သည်။
ချင်းဟွမ်ကိုမြင်သောအခါ ဒိကျဲ့၏ မျက်နှာထားသည် တည်တံ့သွား သည်။ သူကိုယ်တိုင်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။ သူ ပေါ်လာသည် နှင့် ကွာခြားချက်သည် မကြီးနိုင်တော့ပေ။
ဝိညာဉ်နယ်မြေမှလူများအားလုံး တက်ကြွနေကြကာ ပြင်းပြစွာအော်ဟစ် နေကြသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ချင်းဟွမ်နှင့် တစ္ဆေဘုရင်တို့သည် အားအဆင့် တူညီသည်။ သူကိုယ်တိုင် ထွက်လာခဲ့သည်။ တစ္ဆေဘုရင်သာမရှိပါက ယနေ့တိုက်ပွဲတွင် တစ္ဆေလော အနိုင်ယူရန် မဖြစ်နိုင်ပေ။
အမှောင်ထဲတွင်ပုန်းနေသည့် ရှီမာယူယူနှင့် တခြားသူများသည် ချင်းဟွမ် ထွက်လာသည်ကို မြင်သောအခါ အံ့ဩကြသည်။ သူရုတ်တရက်ပေါ်လာခြင်း ကြောင့် ဒိကျဲ့သည် မနက်ဖြန်အထိ အချိန်ဆွဲရန်မလွယ်ကူနိုင်ပေ။
“အား..”
ရှီမာယူယူသည် ခေါင်းထဲမှ နာကျင်မှုကိုခံစားရသဖြင့် အလိုလိုလက်ဆန့် ကာ ခေါင်းကိုထိကိုင်မိသည်။
“ယူအာ ဘာဖြစ်တာလဲ” ယွိခဲ့လော့သည် သူမ၏လက်ကိုကိုင်ပြီး စိုးရိမ် တကြီးမေးလေသည်။
“အဘိုးရဲ့ ဝိညာဉ်ပုံတူက အတက်အကျဖြစ်နေတော့ သမီးရဲ့အသိစိတ် ပင်လယ်ထဲမှာ လှုပ်ခါနေတာ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးက အဆင့် တက်တော့မယ့် အဝကိုရောက်နေပြီထင်တယ်”
“အဖေ အဆင့်တက်နိုင်မယ်လို့ ထင်မထားဘူး” သူမ အဆင်ပြေသည်ကို သိသည်နှင့် ယွိခဲ့လော့သည် ဖခင်ဖြစ်သူကို စတင်ပူပန်တော့သည်။
“ဒီအချိန်ကြီးမှာ အတက်အကျဖြစ်တာကိုကြည့်ရင်တော့ ပြဿနာမဖြစ် နိုင်လောက်ပါဘူး” ရှီမာယူယူသည် စိုးရိမ်လှသည်မဟုတ်ပေ။ သူမသည် နောက်ဖြစ်လာမည့်ကိစ္စကိုသာ စိတ်ပူသည်။
ရှီမာလျူရွှမ်သည်လည်း စဉ်းစားပြီးနောက် ပြောလိုက်သည် “သူသာ အဆင့်တက်တာအောင်မြင်သွားရင် ကောင်းကင်ကိုဆန့်ကျင်တယ်လို့ ပြောလို့ ရတယ်.. အဲအချိန်ကျရင် ကောင်းကင်ကဘာလုပ်မလဲမသိဘူး”
“မိုးကြိုးဘေးဒုက္ခဆိုရင်တော်သေးတယ် တခြားဟာတွေဖြစ်မှာကို ကြောက်တာ” ယွိခဲ့လော့ ပြောလိုက်သည်။
ရှီမာယူယူသည် စိတ်ထဲမှ အသာသက်ပြင်းချမိသည်။ မိုးကြိုးဘေးဒုက္ခ ဆိုလျှင်တောင် မလွယ်မည်ကို ကြောက်မိသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် တိမ်တိုက်ဝိညာဉ်သည် သူ့ကို သက်ညှာရဲမည်မဟုတ်ပေ။
သို့သော် ယခုသည် ထိုကိစ္စကိုစိတ်ပူနေရမည့်အချိန်မဟုတ်ပေ။ ချင်းဟွမ် သည် သူမကို ရန်လာစနေခြင်းကြောင့်ဖြစ်သည်။
“ရှီမာယူယူ မင်း ဘယ်လောက်ကြာအောင် ပုန်းနေနိုင်မှာလဲ.. ဒီလူတွေ မင်းကြောင့် သေမှာကိုကြည့်နေတော့မှာလား” ချင်းဟွမ်သည် ငရဲအနက်ထဲမှ တက်ကသကဲ့သို့ သူ၏အသံသည် အေးစက်နေသည်။
သူသည် သူတို့ကို တွေ့နေရသည့်အလား သူတို့ရှိသည့်ဘက်သို့ ကြည့် လိုက်သည်။
လူများသည် ဤအဆင့်ထိ ဒေါသထွက်နေပြီဖြစ်သော်လည်း သူမသည် ပေါ်မလာသေးပေ။ ဒါက သူလိုချင်တာပဲမဟုတ်ဘူးလား။
သူတို့သည် လေဟာနယ်ထဲမှထွက်ပြီး မိသားစုလိုက် သုံးယောက်သား တိုက်ပွဲတွင် ဝင်ပါမည့်ပုံစံမရှိဘဲ ရပ်လိုက်ကြသည်။
ချင်းဟွမ် ထိုသို့ပြောလိုက်ချိန်တွင် ခန့်မှန်းချက်သက်သက်သာဖြစ်လိမ့် မည်ဟု အားလုံးထင်ထားကြသော်လည်း သူတို့ဤနေရာသို့ ရောက်နေလိမ့်မည် ဟု ထင်မထားပေ။ အထူးသဖြင့် ရှီမာယူယူဘေးတွင်ရှိနေသော ယွိခဲ့လော့ကို မြင်သောအခါ အားလုံးသည် ပိုအံ့အားသင့်ကြသည်။
ထိုစဉ်က ယွိခဲ့လော့သည် တစ္ဆေလောကတွင် အလွန်ကျော်ကြားသည်။ အထူးသဖြင့် တစ္ဆေလောကတွင် သူမသည် လေးစားခံရပြီး အချစ်ခံခဲ့ရသည်။
သူမသည် လူသားမျိုးနွယ်ကို ရွေးချယ်ခဲ့ခြင်းကြောင့် အားလုံးမှ လျစ်လျူ ရှုခဲ့ကြခြင်းသာဖြစ်သည်။
“ပုန်းတယ်ဟုတ်လား” ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ဒါက ပုန်းတာမဟုတ်ဘူး ကျွန်မအရင်က ဖမ်းခဲ့ဖူးတဲ့လူတွေနဲ့ တိုက်ခိုက်ရမှာ မတန် လို့ပဲ.. အခု ရှင်ထွက်လာတာတော့ မဆိုးပါဘူး”
***