← Chapters

ရှီမာယူယူကို ထုတ်ပေး

Vol. 153 Ch. 2141

ရှီမာယူယူကို ထုတ်ပေး

Vol. 153 Ch. 2141

“ဟား”

သူမ၏ လွှမ်းမိုးနိုင်သောစကားများကြောင့် လူအများရယ်မောလိုက်ကြ သည်။

အကျဉ်းသားတစ်ယောက်အနေနှင့် ရှောင်ဟော်သည် သူမ ရှေ့ထွက်လာ ရန် မထိုက်တန်ပေ။ ယခု ဝိညာဉ်နယ်မြေ၏ အုပ်စိုးသူကိုယ်တိုင်ထွက်လာရာ သူမ ထွက်လာရန် ထိုက်တန်သည်။ မင်းသမီးလေးသည် ဝိညာဉ်နယ်မြေ၏ အုပ်စိုးသူနှင့် ညီမျှနေပြီဖြစ်သည်။ ဒီလိုဆိုရင် ဝိညာဉ်နယ်မြေက တစ္ဆေလောက ထက် ပိုနိမ့်တာမဟုတ်ဘူးလား။

“လျှာစောင်းထက်တာကလွဲပြီး မင်းက တခြားဘာများတော်သေးလို့လဲ” ချင်းဟွမ်သည် ဒေါသမထွက်ဘဲ စိတ်တိုသည့်အကြည့်ဖြင့်သာကြည့်သည်။

“အများကြီးပဲလေ.. ရှင်တို့ တစ္ဆေလောကကို အရှုံးပေးလိုက်မယ်ဆိုရင် ဖြည်းဖြည်းချင်း ပြောပြမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အိပ်မက်မက်လို့ရတုန်း မက်ထားပေါ့” ချင်းဟွမ် ပြောလိုက်သည်။ သူ သည် ယွိခဲ့လော့ကို ကြည့်ပြီးပြောလိုက်သည် “ခဲ့လော့ ငါတို့တွေ နောက်ဆုံး တွေ့ခဲ့တုန်းကတည်းက မတွေ့တာတော်တော်ကြာပြီပဲ”

“ဟုတ်လား အဲလိုမထင်ပါဘူး နောက်တစ်ခါ ပြန်မတွေ့ရလေ ကောင်း လေပဲ” ယွိခဲ့လော့သည် ပြုံးပြီးပြောလေသည်။

“နှစ်တွေ အများကြီးကြာပြီးသွားတာတောင် မင်းက ငါ့အပေါ် နှလုံးသား မဲ့နေတုန်းပဲ” ချင်းဟွမ်သည် ဝမ်းနည်းစွာပြောလေသည်။ သို့သော် သူ အမှန် တကယ် ဝမ်းနည်းရဲ့လားဆိုသည်ကိုတော့ မည်သူမှမသိနိုင်ပေ။ သူသည် ရှီမာ လျူရွှမ်ကို ကြည့်ပြီးပြောလေသည် “ဒါက မင်းရွေးလိုက်တဲ့လူလား…လူသား မျိုးနွယ်က အထင်ကြီးစရာဘာမှမရှိဘူးပဲ”

“သူက ဘာမှမဟုတ်ဘူးလို့ ဘယ်သူပြောလဲ” ယွိခဲ့လော့ ပြောလိုက်သည် “ရှင့်မှာ သူ့လိုအစွမ်းသတ္တိမရှိဘူး အရေးကြီးဆုံးက သူ့မှာ ကျွန်မရှိတယ် ရှင့်မှာ မရှိဘူးလေ”

ယခုအခြေအနေသာမဟုတ်လျှင် သူမသည် မိခင်ဖြစ်သူကို သေချာပေါက် ချီးကျူးမိမည်ဖြစ်သည်။ သူမသည် လွှမ်းမိုးနိုင်လွန်းသည်။

“အမေပြောတာမှန်တယ်.. အဖေ့ဆီမှာ အမေရှိတာတင်မဟုတ်ဘူး သမီး လည်းရှိတယ်.. အဖေ့မှာ ဒီလိုမျိုးပါရမီရှင်သမီးရှိနေတာ ဘာလိုဦးမှာလဲ” ရှီမာ ယူယူ သဘောတူလိုက်သည် “အိုး မဟုတ်သေးဘူး ရှင့်မှာက စစ်သူကြီးရှိတာပဲ ဒါပေမဲ့ ကံမကောင်းတာက သူက ကျွန်မရဲ့အကျဉ်းသားဖြစ်နေတာပဲ”

နိုင့်ထက်စီးနင်းရှိလှသည်။ သူ၏လူသည် သူမ လှောင်ပြောင်ခြင်းကိုခံနေ ရသည်။

ရှီမာလျူရွှမ်သည် စိတ်ထဲတွင် နွေးထွေးသွားသည်။ သူ၏ဇနီးနှင့် သမီး ဖြစ်သူသည် သူ့ကို အလွန်ကာကွယ်ပေးလှသည်။ သူ့တွင် ဘာမှမရှိတော့လျှင် တောင် သူတို့ရှိနေသေးသည်။

ချင်းဟွမ်၏ မျက်နှာမှာ မည်းနက်သွားသည်။ ကောင်းလိုက်တဲ့ သားအမိ ပဲ။

ချင်းဟွမ်နှင့်ရှောင်ဟော်တို့ မျက်နှာကြီး မည်းသွားသည်ကို မြင်သည်နှင့် ဒိကျဲ့သည် ခံစားချက်ကောင်းသွားသည်။

သူများရဲ့ ချို့ယွင်းချက်ကိုပဲ ထောက်ပြနေတာ.. ဒါပေမဲ့ ကိုယ်ပဲပြန်ထိ သွားတယ်။

သို့သော် ဝမ်းမြောက်ပြီးနောက် စိတ်ပူလာပြန်သည်။ ရှီမာယူယူတို့သည် သက်တောင့်သက်သာခံစားရသော်လည်း ချင်းဟွမ်သည် ဒေါသထွက်နေသည်။ သူသာ လှုပ်ရှားလိုက်ရင် ဘယ်သူက သူ့ကိုတားနိုင်ဦးမှာလဲ။

ချင်းဟွမ်၏ လူသတ်မည့်အကြည့်သည် ဖုံးကွယ်၍မရတော့ပေ။ သူသည် ရှီမာယူယူကိုကြည့်ပြီး ပြောလိုက်သည် “ငါ့ရည်ရွယ်ချက်က အစကနေအဆုံး ထိ ရှင်းပါတယ်.. ဒိကျဲ့ မင်းရှီမာယူယူကို ထုတ်ပေးမယ်ဆိုရင် ဒီနေ့ ငါ့တပ်ကို ဆုတ်ပေးမယ်..မဟုတ်ရင် ဒီနေ့မင်းတို့အကုန်သေရမယ်”

တချို့လူများသည် သွေးဆောင်ခံလိုက်ရလေပြီ။ ရှီမာယူယူ၏ အသက်ကို လူအများ၏အသက်နှင့် လဲလှယ်နိုင်ပါက တန်သည်။

အထူးသဖြင့် မင်းသားအိုကြီးများသည် အရင်ကတည်းက ထိုအတွေး တွေးဖူးကြသည်။ ယနေ့မနက် တိုက်ပွဲအပြီး ရှီမာယူယူပေါ်လာမှုနှင့် ချင်းဟွမ် ၏ စကားများသည် သူတို့အတွေးများကို ယိမ်းယိုင်စေသည်။

သူတို့သည် ဒိကျဲ့ကို သဘောတူစေချင်ကြသည်။ သို့သော် ဒိကျဲ့သာ ဤ ကိစ္စကို လျစ်လျူရှုလိုက်လျှင် သူတို့သည် ချင်းဟွမ်၏ တိုက်ခိုက်မှုကြောင့် သေ သွားနိုင်သည်။

အဓိကအကြောင်းရင်းမှာ ချင်းဟွမ်သည် ယုံကြည်စရာမကောင်းပေ။ ယနေ့ သူ့တပ်များကို ဆုတ်သွားလျှင်တောင် ကတိမတည်ဘဲ မနက်ဖြန် ပြန် လာနိုင်သည်။

“ဘာလို့…”

စစ်တပ်ထဲမှ လူတစ်ယောက်သည် သဘောတူရန် စကားစလိုက်သည်။ သို့သော် သူ စကားမဆုံးခင်မှာပင် ဘေးမှတပ်သားမှ သတိမေ့အောင်ရိုက်လိုက် သည်။

မင်းသမီးလေးကို လက်လျော့ဖို့ တွေးရဲတဲ့သူကို သူတို့မိဘတွေတောင် မမှတ်မိလောက်အောင် ရိုက်ပစ်လိုက်မယ်။ ဟင်း…

ထိုတပ်သားသည် သူ့ကိုရိုက်နှက်ပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ့ အင်္ကျီကို ဆွဲဆန့်လိုက်သည်။ မြေပေါ်မှလဲနေသော လူကို လာခေါ်မည့်လူပင် မရှိပေ။

ထိုနေရာတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို တခြားသူများ မြင်သော အခါ မျက်လုံးများဖြင့် ပြုံးလိုက်သည်။ တခြားအတွေးများကို မျိုသိပ်ထားသူ များသည် စကားပင်မပြောရဲတော့ပေ။

သူတို့သည် စကားမပြောချင်၍မဟုတ်ဘဲ စကားပြောရန် နေရာမရှိသည် ကို သိလိုက်ရခြင်းကြောင့်ပင်။ သူတို့အော်လျှင်တောင် အသုံးမဝင်ပေ။ ပြော လိုက်လျှင် ဒိကျဲ့ မကျေမနပ်ဖြစ်သွားနိုင်ကာ အနာဂတ်တွင် သူတို့ကို အခက် တွေ့အောင်လုပ်နိုင်သည်။

“မင်းတို့ ယူယူကိုဖမ်းချင်ရင် ရတယ်လေ.. ငါ့အလောင်းကို နင်းသွားပြီးမှ ပြောကြပေါ့” ဒိကျဲ့သည် ခိုင်မာစွာပင်ပြောလေသည်။

“ဒိကျဲ့ မင်းက တစ္ဆေလောကရဲ့ စစ်ကြီးဖြစ်လို့ အားကောင်းနေပြီလို့ မထင်လိုက်နဲ့.. မင်းရဲ့အားတွေအကုန်ထုတ်ရင်တောင် မင်းကို အလွယ်လေး သတ်လိုက်လို့ရတယ်” ချင်းဟွမ် ပြောလိုက်သည်။

“ငါသိပါတယ် ဒါပေမဲ့ ငါအသက်ရှင်နေသရွေ့တော့ သူမကိုထိခွင့်မပြုနိုင် ဘူး” ဒိကျဲ့သည် ငြင်းဆန်လေသည်။ သူ့တွင် အင်အားလုံလောက်စွာမရှိလျှင် တောင် သူ၏အရှိန်အဟုန်ကိုတော့ အရှုံးမပေးနိုင်ပေ။

“ဒါဆိုလည်း မင်းကိုအရင်ရှင်းရတာပေါ့” ချင်းဟွမ် ပြောလိုက်သည်။ သူ ပျောက်သွားပြီး ဒိကျဲ့ရှေ့တွင် ပြန်ပေါ်လာသည်။

“စစ်သူကြီး”

“သခင်”

အောက်မျလူများသည် ထိုမြင်ကွင်းကိုမြင်သောအခါ အော်ကြလေသည်။

“အားမတူဘူးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာကို ပြပေးလိုက်မယ်”

ဒိကျဲ့သည် သူ့မျက်နှာဆီသို့ အားတစ်ခုနီးကပ်လာသည်ကို ခံစားမိပြီး အနည်းငယ် လန့်သွားသည်။ သူသည် တုံ့ပြန်မည်အပြုတွင် ခန္ဓာကိုယ်မှာ လှုပ် မရသည်ကို သိလိုက်ရသည်။ သူသည် ကောင်းကင်မျှအင်အားကြီးသည့် ဝိညာဉ် တိုက်ကွက်များ ကျလာသည်ကို မတတ်သာဘဲ ကြည့်နေရတော့သည်။

သူ သေတော့မှာလား။ သူ မသေချင်သေးဘူး။ ပြီးတော့ သူ လွတ်လွတ် ကင်းကင်း ထိုးဖောက်ချင်တယ်။ ဒါပေမဲ့ အလဟဿဖြစ်သွားပြီ။

သူသည် မျက်လုံးမှိတ်ပြီး သေခြင်းတရားကိုမစောင့်ချင်သဖြင့် ချင်းဟွမ် ကို စိုက်ကြည့်နေလိုက်သည်။ ချင်းဟွမ်၏ လက်မှာ သူနှင့်စင်တီမီတာ ဒါဇင် အနည်းငယ်အဝေးသို့ရောက်သောအခါ လက်တစ်ဖက်သည် သူ့လက်ကို လာ ဆုပ်ကိုင်လေသည်။ သူ လှုပ်မရတော့သည်ကို သတိထားမိလိုက်သည်။ သို့သော် မတုံ့ပြန်နိုင်ခင်မှာပင် ဆွဲယူခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် သူ့ဘေးတွင်ပေါ်လာပြီး ဒိကျဲ့၏လက်ကို အသာဖမ်းလိုက် သည်။

“ကျေးဇူးပဲ” ဒိကျဲ့ ပြောလိုက်သည်။ ပြီးနောက် ဝူလင်းယူကို ကျေးဇူးတင် စွာဖြင့် ကြည့်လိုက်သည်။

ဝူလင်းယူသည် အသာခေါင်းညိတ်လိုက်သည်။ ထို့နောက် ချင်းဟွမ်ကို ကြည့်လေသည်။

ချင်းဟွမ်သည် ရုတ်တရက်ပေါ်လာသော ဝူလင်းယူကြောင့် ဒေါသထွက် သွားသည်။ ပြီးခဲ့သည့်တစ်ခေါက် သူတို့တွေ့စဉ်က သူသည် မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် သူ့အင်အားကိုမသိခဲ့ရပေ။ သူသည် အားကောင်းသော ပြိုင်ဘက် ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

သူသည် ရုတ်တရက် တိုက်ကွက်ထုတ်ပြီး ရှီမာယူယူကို တိုက်ခိုက်လေ သည်။ ဝူလင်းယူသည် ဒေါသတကြီးဖြင့် သူ့နောက်မှလိုက်သည်။ သူသည် လျှပ်တပြက်ဖြင့် သူ့ရှေ့သို့ ထွက်ပြီး ရှီမာယူယူကို မတိုက်ခိုက်ခင် သူ့ကိုတိုက် ခိုက်လိုက်သည်။

သူတို့နှစ်ယောက် တိုက်ခိုက်ကြရာတွင် သူတို့၏လှုပ်ရှားမှုများသည် အလွန်မြန်ဆန်လွန်းသဖြင့် အားလုံး၏မျက်လုံးများပင် ကျိန်းသွားလေသည်။

မိုးပေါ်မှ မိုးစက်များကျလာသည်။ မိုးရွာလာတာလား။

ရှီမာယူယူ၏ စိတ်များမအေးနိုင်တော့ပေ။ ဝူလင်းယူ၏ လက်ရှိအားသည် ချင်းဟွမ်နှင့်မယှဉ်နိုင်ပေ။ သူတို့သာ ဆက်တိုက်ခိုက်နေပါက တောင့်ခံနိုင်မည် မဟုတ်ပေ။

“ဟွမ် အရိပ်မည်း လင်းယူကို သွားကာကွယ်လိုက်ကြဦး” သူမသည် လူ နှစ်ယောက်ကို ခေါ်ထုတ်ပြီး ဝူလင်းယူကို ကယ်ခိုင်းလိုက်သည်။

ဝူလင်းယူသည် ချင်းဟွမ်၏ တိုက်ကွက်ထိသွားသည်နှင့် အရိပ်မည်းသည် သူ့ကို သွားတွဲလိုက်ပြီး ဟွမ်သည် ချင်းဟွမ်ကို တိုက်ခိုက်လေသည်။

“လင်းယူ ဘယ်လိုနေလဲ” ရှီမာယူယူ ပျံလာပြီး ဝူလင်းယူကို တွဲလိုက် သည်။ သူ့မျက်နှာမှာဖြူဖျော့်နေပြီး ခန္ဓာကိုယ်မှာလည်း မတည်ငြိမ်ဘဲ အေးစက်နေသည်ကို မြင်လိုက်ရသည်။

သူမသည် သူ့ကို ယွိခဲ့လော့၏ မရဏာသားရဲပေါ်တင်ပေးလိုက်ပြီး သူနှင့် ယွိခဲ့လော့တို့ကို ကာကွယ်ပေးရန် အရိပ်မည်းကို တာဝန်ပေးလိုက်သည်။ သူမ သည် မဟူရာကိုခေါ်ထုတ်ပြီး သူ့ကျောပြင်ပေါ်သို့ တက်လိုက်သည်။

“ချင်းဟွမ်.. ရှင်က အမေ့ကို လွန်ခဲ့တဲ့အနှစ် ၁၀၀ ကထိခိုက်အောင်လုပ်ခဲ့ တယ်.. အခု ကျွန်မအချစ်ဆုံးလူကို ထိခိုက်အောင်လုပ်ပြီး တစ္ဆေနယ်မြေကို သိမ်းပိုက်ချင်နေတယ်.. ဒီအကြောင်းအရင်းတွေကြောင့်မို့လို့ကို ရှင့်ကို ဒီနေ့ အလွတ်မပေးဘူး” လေပြင်းတစ်ချက်သည် သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကို ဝှေ့တိုက်သွားသည်။ သူမသည် သားရဲများအားလုံးကို တစ် ကောင်ပြီးတစ်ကောင် ခေါ်ထုတ်သည်။ သူတို့သည် သူမ၏အနောက်တွင် ကြယ်နှင့်လများကဲ့သို့ ပေါ်လာသည်။

သူမ၏ သားရဲများကို နောက်ဆုံးတစ်ကြိမ်ခေါ်ထုတ်ခဲ့သည်မှာ အရှေ့ မျှတမှုမြို့တွင်ဖြစ်သည်။ ထိုစဉ်က အားလုံးကို ထိတ်လန့်စေခဲ့ပြီး ယခုလည်း ထို့နည်းတူစွာပင်။

ငှက်ပေါက်စသည် မီးတောက်ဟင်္သပဒါးငှက်အဖြစ်ပြောင်းသွားပြီး သူမ ပတ်ပတ်လည်တွင် ပျံသန်းနေသည်။ သူသည် ပါးစပ်မှမီးလုံးများ ထုတ်ပြီး လက်ဖြင့် ပွတ်သပ်ကာ ဝိညာဉ်နယ်မြေမှလူများဆီသို့ ပစ်ပေါက်လိုက်သည်…

***

All Chapters