အံ့ဩမှု
Vol. 153 Ch. 2142
ထိုအရာမှာ မီးတောက်လုံးလေးမျှသာဖြစ်သော်လည်း ဝိညာဉ်နယ်မြေ၏ စစ်တပ်တစ်ခုလုံးကို လောင်ကျွမ်းအောင်ပြုလုပ်နိုင်သည်။ မီးမြှိုက်ခံရသူများ သည် အော်ဟစ်ရန် အခွင့်အရေးမရလိုက်ဘဲ မီးခိုးမည်းများအဖြစ်ပြောင်းသွား ကာ ပျောက်ကွယ်သွားလေသည်။
သူ၏ မီးတောက်စွမ်းအားသည် ဟင်္သပဒါးငှက်၏ မီးတောက်ထက် မနိမ့် ပေ။
အားလုံးထိတ်လန့်တုန်လှုပ်ကုန်သည်။ အဲဒီပစ္စည်းလေးရဲ့ ဇစ်မြစ်ကဘာ လဲ။ သူမဘေးမှာ အင်အားကောင်းတဲ့ မီးတောက်တွေ ဘာလို့ ဒီလောက်များနေ တာလဲ။
သူတို့ သတိပြန်မဝင်လာခင်တွင် ခရမ်းလေး လုပ်ငန်းစတင်တော့သည်။
ခရမ်းလေးသည် လက်တစ်ဖက်ကို အသာလှုပ်ယမ်းရုံသာလုပ်ရသည်။ သူ ၏ လက်ကလေးလှုပ်ရှားချိန်တွင် မိုးကြိုးသွားအနည်းငယ်ကျလာသည်။ မိုးကြိုးအပစ်ခံရသူများသည် ပျောက်ကွယ်သွားကြလေသည်။
ခရမ်းလေးသည် ပုံမှန်ဆိုလျှင် သူမ၏ စကားများကို နားမထောင်ကာ အဖက်မလုပ်ဘဲနေသော်လည်း ရှီမာယူယူ အနိုင်ကျင့်ခံရလျှင် အမြစ်မှဆွဲနှုတ် မည်ဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တစ္ဆေမျိုးနွယ်မှလူများသည် ရှီမာယူယူ ယန်းမြို့ အပြင်တွင်လုပ်ခဲ့သည့်အရာများကို ပြန်မှတ်မိသွားသည်။ အခု သူမက မိုးကြိုး ဘေးဒုက္ခကို ဆွဲခေါ်နေတယ်ဆိုတော့ သူတို့တွေအကုန်လုံးကို ရှင်းထုတ်မလို့ မလား။
ကံကောင်းစွာပင် သူတို့၏အသက်နှင့် သူမကိုလဲလှယ်မည်ဟု မပြောမိ လိုက်သည်က ကံကောင်းသွားသည်။ မဟုတ်လျှင် မိုးကြိုးနှင့်လျှပ်စီးများသည် ထိုလူများဆီမဟုတ်ဘဲ သူတို့ဆီသို့ရောက်လာမည်ဖြစ်သည်။
ရှီမာယူယူသည် သူတို့၏အံ့အားသင့်နေမှုများကို လျစ်လျူရှုပြီး အမည်း လေးကို မြေပေါ်သို့ခေါ်ထုတ်လိုက်သည်။ သူမသည် သူ့ခေါင်းကိုပွတ်သပ်ပေး ပြီး ရှောင်ဟော်ကိုညွှန်ပြကာ ပြောလိုက်သည် “အမည်းလေး အလယ်က တစ် ယောက်ကိုမြင်လား.. သူ့ကို သေတဲ့အထိကိုက်ပေး”
“ဝုတ် ဝုတ်…” အမည်းလေးသည် နားလည်သည်ဆိုသည့် အဓိပ္ပာယ်နှင့် နှစ်ကြိမ်မျှ ဟောင်သည်။
သူမ ခေါ်ထုတ်လိုက်သော စာချုပ်သားရဲများကြောင့် သူ့လူများ အသတ်ခံ ရသည်ကို ရှောင်ဟော်မြင်သောအခါ ဒေါသထွက်လေသည်။ ထိုကိစ္စတစ်ခု တည်းနှင့်တင် သူဒေါသထွက်နေပြီဖြစ်သည်။ ထို့အပြင် သူမသည် ဝိညာဉ်စွမ်း အားမရှိသည့် မရဏာခွေးတစ်ကောင်ထုတ်ကာ သူ့ကိုအရှက်ခွဲလာလိမ့်မည်ဟု ထင်မထားပေ။
သို့သော် တစ်ခုခုလွဲမှားနေသည်ကို သူ မကြာမီသိလိုက်ရသည်။ အမည်း လေးသည် အလွန်လျင်မြန်စွာပြေးလာပြီး သူ့လူများကို တိုက်ခိုက်ချိန်တွင် ဘာ ကိုမှ မခံစားရသလိုပင်။
မဟုတ်သေးဘူး.. ချဲ့ကားပြောရရင် အဲဒီတိုက်ခိုက်မှုတွေကို ဘာမှမဖြစ် သလိုလုပ်သွားတာ။
အမည်းလေးသည် ရှောင်ဟော်၏ စီးတော်ယာဉ်ရှေ့သွားလိုက်ရာ သူ၏ သေးငယ်သောခန္ဓာကိုယ်သည် စီးတော်ယာဉ်၏ရှေ့တွင် အလွန်ပင် သနား စဖွယ်ဖြစ်နေသည်။ သူသည် ထိုသားရဲ၏ကျောပေါ်တွင်ထိုင်နေသော ရှောင်ဟော်ကို မှီပင်မမှီပေ။
“ဝုတ် ဝုတ်…” အဲလူတွေကလည်း အရပ်တွေရှည်လိုက်တာ၊ စိတ်တိုလာ ပြီ။
ထိုသားရဲသည် ဘာမှသတိမထားမိသော်လည်း ခြေထောက်ကိုဆန့်ထုတ် ကာ သူ့ကိုနင်းခြေလေသည်။
အမည်းလေးသည် ဒေါသတကြီးထခုန်လေသည်။ ဒီလိုဖြစ်လာမှာမဟုတ် ဘူး။
ခြေထောက်ကြီးသည် သူ့ဆီသို့တိုက်ရိုက်ကျလာကာ မြေကြီးထဲသို့ ဆောင့်ကျသွားသည်။
ဒီမရဏာခွေးက ထွက်လာရဲသေးရဲ့လား။
အမည်းလေးသည် လူအများ၏ အာရုံကိုဖမ်းစားလိုက်သည်။ သူ အနင်းခံ လိုက်ရသည်ကို အားလုံးမြင်လိုက်ပြီး ပြားပြီးသေလောက်ပြီဟု ခံစားမိလိုက်ကြ သည်။
“ဒီလိုမျိုး ဘာမဟုတ်တဲ့ကောင်ကို ထုတ်လာတာမရှက်ဘူးလား” ရှောင်ဟော်သည် တွင်းထဲသို့ငုံ့ကြည့်ကာ အထင်သေးစွာဖြင့် ပြောလိုက်သည်။
ရှီမာယူယူ၏ ကြောင်လေးသည် မီးတောက်ထုတ်နိုင်ပြီး သူတို့ကို ခြောက် လန့်နိုင်သည်။ သူတို့သည် ဘာမဟုတ်သည့်အရာကို ကြောက်မိခဲ့သည့်ပုံပင်။
ဒါက သာမန်မရဏာခွေးတစ်ကောင်ပဲ။
“ဝေါင်း…”
သားရဲသည် ရုတ်တရက် စူးရှစွာမာန်ဟိန်းပြီး သူ့ခန္ဓာကိုယ်ကို နောက်သို့ ပြန်ဆုတ်လေသည်။ သူ့ခြေထောက်သည် တွင်းထဲတွင်နစ်နေရာ အပေါ်သို့ဆွဲ အတင်းဆွဲထုတ်နေသည်။ သူ့ခြေထောက်ကြီးပေါ်မှ အသားများသည် ပျောက် ကွယ်သွားကာ အရိုးများသာကျန်တော့လေသည်။
သူ့အရိုးပေါ်တွင် တွဲလဲခိုနေသည်မှာ အမည်းရောင်မရဏာခွေးတစ် ကောင်ဖြစ်သည်။
အဲကောင်က မသေးဘူးလား။
အားလုံး မှင်တက်နေကြသည်။ အဲဒါက တကယ်ပဲမရဏာခွေးလား။ အနင်းခံရလို့ မသေရုံတင်မကဘဲ သားရဲရဲ့ခြေထောက်က အသားကိုတောင် စားလိုက်တာပေါ့။
အားလုံး အလန့်တကြားကြည့်နေတုန်းမှာပင် သားရဲကြီး၏ ခြေထောက် တစ်ဝက်သည် အစားခံလိုက်ရလေပြီ။ ဒီလောက်အမြန်နှုန်းနဲ့ အသားကို ဘယ်လိုဝါးသွားတာလဲ။
ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးက သူ့ထက်အဆပေါင်းများစွာ ကြီးတဲ့အကောင်ရဲ့အသားကို ဘယ်လိုစားလိုက်တာလဲ။
အမည်းလေးသည် သားရဲ၏ခြေထောက်ကိုကိုက်လိုက်သည်။ သားရဲ သည် မည်မျှပင် လှုပ်ခါစေကာမူ လုံးဝပင်ခါထုတ်မရပေ။ မကြာမီတွင် အမည်း လေးသည် သူ့ကျောပြင်ပေါ်သို့တက်ကာ ရှောင်ဟော်ကို ကိုက်ရန်ကြိုးစားလေ သည်။
ထိုအချိန်တွင် သူ့ကို မရဏာခွေးတစ်ကောင်ဟုသာ ရှောင်ဟော်တွေးနေ တုန်းဆိုလျှင် သူ၏ဂုဏ်သတင်းနှင့် မတန်တော့ပေ။ အမည်းလေး သူ့ဆီသို့ အပြေးဝင်လာချိန်တွင် သူသည် မရဏာခွေးမကိုက်နိုင်ရန် အောက်မှသားရဲကို ကန်ကာ မိုးပေါ်သို့ တက်သွားလိုက်သည်။
သူ့အလျင်နှင့် တုံ့ပြန်မှုသည် အလွန်မြန်ဆန်သော်လည်း အမည်းလေး ကိုက်သည်ကို ခံလိုက်ရတုန်းပင်။ သူ့ခြေသလုံးမှ အသားတစ်ပိုင်းအကိုက်ခံ လိုက်ရသည်။
ရှောင်ဟော်၏ နှလုံးသားများနာကျင်သွားသည်။ ဒီအသားကို သူ နည်း နည်းစီ ကျင့်ကြံပြီးမှရလာတာ။ အခု သားရဲတစ်ကောင် ကိုက်တာခံလိုက်ရ တယ်။
ရှောင်ဟော်သည် ဒေါသထွက်နေသည်။ သို့သော် အမည်းလေးသည် ပို ဒေါသထွက်သည်။ ဒီလူကြီးက သူဝိညာဉ်စွမ်းအားမရှိလို့ မပျံနိုင်တာကို လာ အနိုင်ကျင့်နေတယ်။ အခု သူက လေထဲကိုရောက်သွားတော့ ဘယ်လိုကိုက်နိုင် တော့မှာလဲ။
ယူယူက သူ့ကို သေတဲ့အထိကိုက်ခိုင်းတာ သူကခြေထောက်ကိုပဲ ကိုက် လိုက်နိုင်တယ်။ ဒါပေမဲ့ အဲလူက မိုးပေါ်ရောက်သွားပြီး သူက မြေပေါ်မှာပဲရှိ သေးတာ ဘယ်လိုလုပ်ကိုက်ရတော့မလဲ။
“ဝုတ် ဝုတ် ဝုတ်…”
အမည်းလေးသည် မြေပေါ်တွင် ပျာယာခတ်နေပြီး ရှောင်ဟော်ကို အော် ဟစ်လေသည်။
သူ မပျံနိုင်တာကို လာအနိုင်ကျင့်တာကို အမုန်းဆုံးပဲ။ ဝူး ဝူး ဝူး.. သူ ခုန် လိုက်သည်။ ငါလည်းပျံချင်တယ် ပျံရမယ်.. ပျံမယ်။
အမည်းလေးသည် မြေပေါ်တွင် ခုန်နေသည်။ သူ ခုန်လိုက်သည့် အကြိမ် တိုင်းတွင် အရင်ကထက်ပိုပိုမြင့်လာကာ လေထဲတွင် အချိန်ကြာအောင် နေနိုင် လေသည်။ ရှီမာယူယူ သတိထားမိသည့်အချိန်တွင် သူသည် လေပေါ်တွင် ပျံနေ ကာ ရှောင်ဟော်နောက်သို့ လိုက်နေပြီဖြစ်သည်။
အစက စိမ်းသက်သက်ဖြစ်နေသဖြင့် ဖြည်းဖြည်းချင်းပျံသန်းလေသည်။ ပျံသန်းသည်နှင့် အသားကျလာသောအခါ အရှိန်ကို တဖြည်းဖြည်းမြှင့်လိုက် သည်။
ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။
အမည်းလေးသည် ဒေါသကြောင့် ပျံသန်းနိုင်လိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။ သူ မိုးပေါ်တွင် ရှောင်ဟော်နောက်သို့ လိုက်နေသည်ကိုမြင်သော အခါ နားမလည်နိုင်စွာဖြင့် ရယ်မိသည်။
သို့သော် သူ ဆေးဖက်ဝင်ပစ္စည်းများစွာ စားခဲ့သည်ကို သူမ ယခုမှပင် သတိရမိသည်။
တခြားသူများ အမည်းလေးကို မည်သို့ဖော်ပြရမည်မသိတော့ပေ။ ဒီလို အရာကြီးကို တစ်ခါမှမမြင်ဖူးဘူး။
“သွား စစ်သူကြီးကိုကယ်လိုက်” ရွှီယွိ အမိန့်ပေးလိုက်သည်။
စစ်သားများသည် အန္တရာယ်ရှိသည်ကိုသိသော်လည်း အမိန့်ကို လိုက်နာ ကြသည်။ ဒါဇင်မျှသောလူများသည် အမည်းလေးဆီသို့ ပျံသွားကာ ဝိုင်းလိုက် ကြသည်။ သို့သော် မည်သူမှ အနားကပ်မသွားရဲကြပေ။ သူတို့ တိုက်ခိုက်ရန် ကြိုးစားချိန်တိုင်းတွင် လျင်မြန်စွာ ရှောင်ရှားနိုင်လေသည်။
ထိုလူများ ဒေါသထွက်လာသည်။
ရှောင်ဟော် ထွက်ပြေးသွားသည်ကို အမည်းလေးမြင်သောအခါ အလော တကြီး နှစ်ကြိမ်ဟောင်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူ့စိတ်များ ဖြတ်ကနဲဖြစ်သွားသည်။ အဲလူကို သေအောင်ကိုက်လို့ ယူယူပြောလိုက်ပေမဲ့ အဲလူတွေကို မကိုက်နဲ့လို့မှ မပြော လိုက်တာ။
ခဏအကြာတွင် အရိပ်မည်းတစ်ခုသည် အော်သံများကြားမှထွက်လာ သည်ကိုမြင်လိုက်ရသည်။ ထို့နောက် ထိုအရိပ်မည်းသည် ရှောင်ဟော်အနောက် သို့ လိုက်သွားလေသည်။
အရမ်းကို.. မြန်တဲ့..အမြန်နှုန်းပဲ။
“ဆက်တိုက်ခိုက်ကြ အဲဒီသားရဲကိုသတ်နိုင်တဲ့သူက ၁၀ ယောက်မြောက် စစ်ဦးစီးဖြစ်မယ်” ရွှီယွိ အော်လိုက်သည်။
သူတို့သည် အကျပ်ကိုင်မှုနှင့် လာဘ်ထိုးမှုအောက်တွင် ရွေးချယ်စရာ မရှိ တော့ဘဲ အမည်းလေးကို တိုက်ခိုက်ကြသည်။ ရှောင်ဟော်သည် အသက်ရှုရန် အချိန်ပင်မရှိပေ။
“သေစမ်း ဒီလောက်လူအများကြီးက ငါတို့အမည်းလေးကို အနိုင်ကျင့် နေတာ ငါတို့သေပြီလို့များထင်နေကြတာလား” ရှောင်ချီသည် ဒေါသတကြီး အော်ဟစ်ကာ သူမ၏လက်သီးဖြင့် ထိုလူများကို တိုက်ခိုက်လေသည်။
“သူတို့တွေက ခန္ဓာကိုယ်မရှိတဲ့ ဝိညာဉ်တွေဖြစ်နေတာ နှမြောစရာပဲ၊ ဒါပေမဲ့ အလုပ်ဖြစ်မလားလို့ သူတို့ရဲ့ဝိညာဉ်စားကြည့်တာပေါ့” ပန်းလေး၏ ပန်းများသည် ပတ်ပတ်လည်တွင် ညင်သာစွာလွင့်နေကာ ဝိညာဉ်မျိုးနွယ်များ ဆီသို့ ပျံသွားလေသည်။
ယခုအချိန်တွင် ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကအကြားမှ စစ်ပွဲသည် တရားဝင်စပြီဖြစ်သည်။
ရှီမာယူယူသည်လည်း တိုက်ပွဲကို ဝင်ပါတော့မလိုပင်။ သို့သော် သူမ၏ ခေါင်းမှာရုတ်တရက် ကိုက်ခဲလာပြီး မဟူရာပေါ်မှ ကျလုနီးပါးဖြစ်သွားသည်။
***