ဓားရွာ
Vol. 86 Ch. 1201
ရွာထဲမှာ လီဖူချန်းရဲ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ရွာရဲ့အခြားတစ်ဖက်မှာ ချက်ချင်းထွက်ပေါ်လာတယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်ရှိပြီးနောက် လီဖူချန်းက တည်နေရာရွှေ့ပြောင်းဖို့ မတတ်နိုင်ခဲ့ပါဘူး။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက ဖိနှိပ်လွန်းတယ်၊ နေရာလပ်-အချိန်ကလဲ အလွန်တည်ငြိမ်တယ်။
အဆင့်မြင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားက တည်နေရာမရွှေ့ပြောင်းနိုင်ပါဘူး။
ယခု လီဖူချန်းက အဆင့်နိမ့်နေရာလပ်-အချိန်စိတ်ဝိညာဉ်နတ်ဘုရားအဖြစ် မြင့်တက်ခဲ့တာကြောင့် သူက တည်နေရာရွှေ့ပြောင်းမှုကို လုပ်ဆောင်နိုင်ရုံမျှပဲ။
တည်နေရာရွှေ့ပြောင်းရေးအကွာအဝေးက အနည်းငယ်တိုပြီး နေရာလပ်-အချိန်စိတ်ဝိညာဉ်စွမ်းအားများစွာကို အသုံးပြုတယ်။
ဒါပေမယ့် ဒီလောက်ကတင် အတော်လေးမိုက်နေပါပြီ။
မင်းက တည်နေရာရွှေ့ပြောင်းနိုင်တယ်၊ အခြားသူတွေက တည်နေရာရွှေ့ပြောင်းမနိုင်ဘူး၊ ဒါကြောင့် မင်းကို ဘယ်လိုတိုက်ခိုက်မလဲ။ ဒါကြောင့် အဆင့်နိမ့်နေရာလပ်-အချိန်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က ပြိုင်ဘက်ကင်းအနေအထားတစ်ခုနဲ့ မွေးဖွားလာတယ်လို့ ပြောနိုင်တယ်။ မင်းက သွားချင်သလိုသွားကာ တိုက်ခိုက်နိုင်တယ်။
ထို့နောက် လီဖူချန်းက ချက်ချင်းတင်ပျဉ်ခွေထိုင်လိုက်ပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို စတင်လှည့်ပတ်လိုက်တယ်။
ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းဥပဒေသက အရမ်းအားကောင်းတယ်။
ထိပ်တန်းအဆင့်ဥပဒေသတွေမှာလဲ အဆင့်တွေရှိတယ်။ အချိန်ဥပဒေသ၊ နေရာလပ်ဥပဒေသ၊ လဥပဒေသ၊ အသက်(ရှင်ခြင်း)ဥပဒေသနဲ့ သေခြင်းဥပဒေသ စသဖြင့် သူတို့ကို ထိပ်တန်းအဆင့်ဥပဒေသတွေအဖြစ် သတ်မှတ်နိုင်ပေမယ့် သူတို့က သာမန်ထိပ်တန်းအဆင့်ဥပဒေသတွေဖြစ်တယ်။
သူတို့ရဲ့အထက်မှာ အစစ်အမှန်ထိပ်တန်းအဆင့်ဥပဒေသတွေရှိတယ်၊ နေရာလပ်-အချိန်ဥပဒေသ၊ ယင်နဲ့ယန်၊ သေခြင်းရှင်ခြင်း၊ ဒြပ်စင်ငါးခု၊ ကံကြမ္မာ၊ အကြောင်းအကျိုးတို့ပေါ့။
ဖျက်ဆီးခြင်းဥပဒေသကလဲ အစစ်အမှန်ထိပ်တန်းအဆင့်ဥပဒေသဆိုတာ သံသယရှိစရာမလိုပါဘူး၊ ၎င်းက နေရာလပ်-အချိန်ဥပဒေသအထက်မှာ ရှိတယ်။
နေရာလပ်-အချိန်ဥပဒေသရဲ့လက္ခဏာရပ်က နေရာလပ်-အချိန်ပြောင်းလဲမှုဆိုရင် ဖျက်ဆီးခြင်းဥပဒေသရဲ့လက္ခဏာရပ်က ဖျက်ဆီးခြင်းဖြစ်တယ်။
မင်းမှာ ဘာပြောင်းလဲမှုတွေပဲရှိရှိ၊ မင်းမှာ ဘာလက္ခဏာရပ်တွေပဲရှိရှိ၊ ငါက လက်သီးတစ်ချက်ပဲ သုံးပြီး မင်းကို ဖျက်ဆီးနိုင်လိမ့်မယ်။
အလွန်လွှမ်းမိုးနိုင်တယ်၊ နားမလည်နိုင်စရာပါပဲ။
ကောင်းကင်က အချို့နေရာမှာ မှောင်လာတယ်။
ဖျက်ဆီးခြင်းလေက တဖျပ်ဖျပ်တိုက်ခတ်နေတယ်။
ဒိအချိန်မှာ အနီးနားမှာ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရှိရင် ဖျက်ဆီးခြင်းချီက ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်ပြီး ချက်ချင်းလဲကျသွားဖို့ အခွင့်အလမ်းတစ်ခုရှိတယ်။
အုန်း.....
နောက်အခိုက်အတန့်မှာ လီဖူချန်းက ချိုးဖြတ်သွားခဲ့တယ်။
နတ်ဘုရားအသက်အား(မူလချီ)ရောင်ခြည်တန်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့တယ်။
ဒါက ဓားတာအိုချိုးဖြတ်တုန်းကနဲ့ မတူညီမှန်း သိသာတယ်။
နတ်ဘုရားမူလချီရောင်ခြည်တန်းထဲမှပါဝင်တဲ့နတ်ဘုရားမူလချီက ကြီးမားပေမယ့် လီဖူချန်းက ဝါးမျိုဖို့အတွက် မလုံလောက်ပါဘူး။
အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအားလုံးကို ယူထုတ်ခဲ့တယ်။
ဆယ်သန်း၊ သန်းတစ်ရာ၊ တစ်ထရီလီယံ၊ တစ်ဆယ်ထရီလီယံ၊ ဆယ့်သုံးထရီလီယံ.......
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအားလုံးက ကုန်ဆုံးသွားပေမယ့် လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ပြောင်းလဲနေရာမှ မရပ်တန့်ခဲ့ပါဘူး။
နောက်ဆုံးအနေနဲ့ လီဖူချန်းက ရွေးချယ်စရာမရှိတော့ဘဲ အလယ်ဆင့်နတ်ဘုရားကျောက်တုံးကို ရထုတ်လိုက်ရတယ်။
အလယ်ဆင့်နတ်ဘုရားကျောက်တုံးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးပဲ။ ၎င်းအထဲမှာပါဝင်တဲ့စိတ်ဝိညာဉ်စွမ်းအင်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရဲ့အဆဒါဇင်ကျော်သာ ရှိပေမယ့် ၎င်းရဲ့သန့်စင်မှုကလဲ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရဲ့အဆဒါဇင်ကျော်ရှိတယ်။
အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်တုံးကို အသုံးပြုခြင်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးထက် ပိုထိရောက်အကျိုးရှိတာကို လီဖူချန်းက တွေ့ခဲ့တယ်။
ဒါက ဓားတာအိုရဲ့ဆန့်ကျင်ဘက်ပါပဲ။
"ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နတ်ဘုရားမူလချီ(အသက်အား)ရဲ့အရည်အသွေးပေါ်မှာ လိုအပ်ချက်မြင့်မားလွန်းတာပဲ" လီဖူချန်းက ရေရွတ်လိုက်တယ်။
သန်းတစ်ရာ၊ သန်းနှစ်ရာ။
အလယ်ဆင့်နတ်ဘုရားကျောက်တုံးသန်းနှစ်ရာခန့်ကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့ဖျက်ဆီးခြင်းစွမ်းအားက ပြောင်းလဲနေရာမှ နောက်ဆုံးမှာ ရပ်တန့်သွားခဲ့တယ်။
"နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းတစ်ရာခန့်ရှိတယ်။ ဒါက နေရာလပ်-အချိန်စွမ်းအားနဲ့ အတူတူဖြစ်ပေမယ့် နတ်ဘုရားစွမ်းအားခွန်အားကိုတော့ ငါ မသိဘူး "
လီဖူချန်းက နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ခန့်မှန်းနိုင်တယ်။
ဒါပေမယ့် လီဖူချန်းက နတ်ဘုရားစွမ်းအားခွန်အားကို မခန့်မှနိးနိုင်သလို မစမ်းသပ်နိုင်ပါဘူး။
ဖျက်ဆီးခြင်းစိတ်ဝိညာဥ်နတ်ဘုရားစွမ်းအားနဲ့ထိတွေ့ရင် စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားပုံဆောင်ခဲက ချက်ချင်း ဖျက်ဆီးခံလိုက်ရမယ်ဆိုတာ သူက သေချာတယ်။
"စတုတ္ထအဆင့်မှာ ရှိမယ်ဆိုတာ သေချာပေမယ့် စတုတ္ထအဆင့်ကိုပါ ရောက်ရှိနေမလားကိုတော့ ငါ မသိဘူး"
ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားရဲ့အရေးကြီးဆုံးအရာက နတ်ဘုရားစွမ်းအားခွန်အားပါပဲ၊ ဒါကြောင့် စဦးနတ်ဘုရားစွမ်းအားခွန်အားက ဓားတာအိုနတ်ဘုရားစွမ်းအားထက် ပိုမြင့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ဝှစ်......
အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်လျက် လီဖူချန်းရဲ့လက်က ၎င်းကို ထိတွေ့လိုက်တယ်၊ ပြီးနောက် ရုတ်တရက် မဖျက်ဆီးနိုင်ဘူးလို့ထင်နေရတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ချက်ချင်း ပျက်ဆီးသွားတော့တယ်။
ဖျက်ဆီးနတ်ဘုရားစွမ်းအားက ကြောက်စရာကောင်းလွန်းတယ်။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေအနေနဲ့ အဆင့်နိမ့်စိန်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးဖို့ ခက်ခဲပေမယ့် သူကတော့ လွယ်တကူဖျက်ဆီးနိုင်တယ်။ သူက သာမန်အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် ဖျက်ဆီးနိုင်မယ်လို့ လီဖူချန်းက စိတ်ထင်မိတယ်။
"အစက ငါ့ခန္ဓာကိုယ်ပေါ်ရှိနတ်ဘုရားကျောက်တုံးတွေက အချိန်အကြာကြီးခံမယ်လို့ ငါ တွေးထားခဲ့တာ၊ ဒါပေမယ့် အခု ကြည့်ရသလောက် ငါက ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားတွေကို လျေ့ာတွက်ခဲ့မိတာပဲ"
လီဖူချန်းက ခါသီးစွာ ပြုံးလိုက်မိတယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံကျော်၊ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက တစ်ဘီလီယံကိုပဲ အသုံးပြုတယ်၊ ဒါက လစ်လျူရှုနိုင်ပါတယ်လေ။
ဓားတာအိုနတ်ဘုရားစွမ်းအားက တစ်ထရီလီကျော် အသုံးပြုခဲ့တယ်၊ အဲဒါက လီဖူချန်းမျှော်မှန်းထားတာရဲ့အလွန်မှာရှိတယ်။
ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအတွက်က ဆယ်ထရီလီယံကျော်တယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးကလဲ သန်းနှစ်ရာကျော်ခဲ့တယ်၊ အဲဒါက လီဖူချန်းရဲ့မျှော်မှန်းချက်ထက် ပိုတောင်ကျော်လွန်နေတယ်။
……
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာက ကျယ်ပြောတယ်၊ ပိုင်နက်နတ်ဘုရားတစ်ယောက်ဆိုရင်တောင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာက ဘယ်လောက်က ဘယ်လောက်ကျယ်သလဲကို ရှင်းရှင်းလင်းလင်းပြောပြဖို့ ခက်ခဲတယ်၊ အနည်းဆုံးသာမန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အဆတစ်ရာထရီလီယံရှိတယ်။
ဧရိယာအများစုက အန္တရာယ်များတဲ့သမုဒ္ဒရာတစ်ခုဖြစ်ပြီး တိုက်ကြီးခုနှစ်တိုက်က ဧကတစ်ရာ့တစ်ဆယ်ကျော်အောက်ကို ဖုံးလွှမ်းထားတယ်။
ဒါပေမယ့် ဒါကလဲ အလွန်ကြီးပါတယ်။ ဂိုဏ်းကြီးတစ်ခုအနေနဲ့ တိုက်ကြီးတစ်ခုကို အပြည့်အဝထိန်းချုပ်ဖို့က ခက်ခဲတယ်။ နတ်ဘုရားမြို့ကြီးကို တည်ဆောက်ပြီး နတ်ဘုရားမြို့ကြိီးကို ထိန်းချုပ်မှုသာ ပြုနိုင်တယ်။
လူသားနဲ့ပစ္စည်းအရင်းအမြစ်တွေအကြား ဆက်သွယ်မှုကြောင့် သွေးစွန်းတိုက်ကြီးပေါ်ရှိနတ်ဘုရားမြို့ကြီးအရေအတွက်က အလွန်ရှားတယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်အနေနဲ့ နတ်ဘုရားမြို့ကြီးတစ်မြို့မှနောက်တစ်မြို့ကို သွားဖို့အနည်းဆုံးနှစ်သောင်းချီကြာမယ်လို့ လူအချို့က တွက်ချက်ထားကြတယ်။
ဒါပေမယ့် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့အန္တရာယ်ကြောင့် ရက်အနည်းငယ်အတွင်းမှာ ဒီအစစ်အမှန်နတ်ဘုရားက ဓားပြတွေလက်ချက်နဲ့ အသတ်ခံရမှာကို ငါ ကြောက်ရွံ့မိတယ်။
နတ်ဘုရားမြို့ကြီးတွေနဲ့ယှဉ်ရင် နတ်ဘုရားမြို့အရေအတွက်က အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုတယ်၊ ဒါပေမယ့် အစစ်အမှန်နတ်ဘုရားတစ်ယောက်အတွက် နတ်ဘုရားမြို့တစ်မြို့မှနောက်တစ်မြို့ကို သွားဖို့ အနည်းဆုံးနှစ်တစ်ထောင်လိုအပ်တယ်။
ဒါကြောင့် အစစ်အမှန်နတ်ဘုရားကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်က သူတို့ရဲ့ဘဝတစ်လျှောက်မှာ သူတို့နေထိုင်ရာမြို့ကနေ ဘယ်တော့မှ မထွက်ခွာကြဘူး၊ အများဆုံး သူတို့က အနီးနားမှာပဲ လှည့်လည်နေတော့တယ်။
နတ်ဘုရားမြို့အောက်မှာ နတ်ဘုရားရွာရှိတယ်။
ရွာတွေကြားအကွာအဝေးက အလွန်နီးကပ်တယ်။
ဒါက အဓိကအားဖြင့် နတ်ဘုရားရွာတွေ များလွန်းတာကြောင့်ပဲ။
ဘယ်လောက်တောင်လဲ။
မိုင်တစ်ထောင်အတွင်းမှာ ကပ်လျက်နတ်ဘုရားရွာနှစ်ခုရှိတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။
မိုင်တစ်ထောင်အကွာအဝေးကိ အဆင့်မြင့်နတ်ဘုရားတစ်ယောက်က လဝက်အတွင်း ခရီးနှင်နိုင်တယ်။ အစစ်အမှန်နတ်ဘုရားသာ ဆိုရင် နေ့တစ်ဝက်တောင် မကြာပါဘူး။
"သွေးစွန်းတိုက်ကြီးတစ်ခုလုံးမှာ နတ်ဘုရားရွာတွေ ဘယ်လောက်တောင်ရှိသလဲ။ တစ်ရာဘီလီယံလား။ တစ်ထရီလီယံလား"
လီဖူချန်းက မခန့်မှန်းနိုင်ပါဘူး။
သူပြောနိုင်တာကတော့ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ယှဉ်ရင် အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာက သမုဒ္ဒရာထဲရှိရေစက်တစ်ခုပမာပါပဲ၊ ဖော်ပြဖို့ လုံးဝမထိုက်တန်ပါဘူး။
နတ်ဘုရားရွာဖန်တီးတာက အလွန်ရိုးရှင်းပါတယ်။ မင်းက ကြယ်သုံးလုံးနတ်ဘုရားအစီအရင်တစ်ခုကို စီစဉ်ဖို့ လိုအပ်တယ်၊ ပြီးရင် အိမ်အချို့ကို တည်ဆောက်ရမယ်။ နတ်ဘုရားရွာတစ်ခုပြီးသွားရင်တောင် နောက်ထပ်လုပ်ရမယ့်အရာကတော့ ရွာသားတွေကို ဆွဲဆောင်ဖို့ပါပဲ။
ဒါပေမယ့် မင်းရဲ့နတ်ဘုရားရွာက လုံလုံလောက်လောက်ဆွဲဆောင်မှုမရှိရင် ရွာသားတွေကို ဆွဲဆောင်နိုင်လိမ့်မှာမဟုတ်ပါဘူး။
နတ်ဘုရားရွာတစ်ခုက ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့ အခြေအနေသုံးရပ်ကို ပြီးပြည့်စုံရမယ်။
ပထမအခြေအနေကတော့ စိတ်ဝိညာဉ်နတ်ဘုရားအယောက်နှစ်ဆယ်ရှိရပါမယ်။
စိတ်ဝိညာဉ်နတ်ဘုရားတွေက နတ်ဘုရားရွာရဲ့ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှိတယ်။ နတ်ဘုရားရွာတစ်ခုသန်မာသလားဒါမှမဟုတ်မသန်မာသလားက စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့အရေအတွက်နဲ့အရည်အသွေးပေါ်မှာ မူတည်တယ်။
ဒုတိယအခြေအနေကတော့ အညံ့စားနတ်ဘုရားကျောက်တုံးကြောတစ်ခုရှိသလားဆိုတာပဲ။
နတ်ဘုရားရွာတစ်ခု၊ အညံ့စားနတ်ဘုရားကျောက်တုံးကြောက ပိုရှိလေလေ၊ ထိုရွာက ပိုကြွယ်ဝလေပဲ။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကြောကတော့ နတ်ဘုရားရွာမှာ ရှိသင့်တဲ့အရာမဟုတ်ပါဘူး။ နတ်ဘုရားရွာတစ်ရွာကမှ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကြောကို မထိန်းသိမ်းနိုင်ပါဘူး။
တတိယအခြေအနေကတော့ မင်းမှာ ခန်တာ(လယ်ကွင်း၊ စိုက်ကွင်း)လုံလုံလောက်ရှိသလားပဲ။
ဟုတ်ပါတယ်၊ ခန်တာပါ။
သာမန်နတ်ဘုရားတစ်ယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်အစစ်အမှန်နတ်ဘုရားတစ်ယောက်ပဲဖြစ်ဖြစ် ကျင့်ကြံခြင်းအပြင် သူက စားဖို့လဲ လ်ိုအပ်တယ်။
မင်းက စားချင်ရင် မင်းက သူတို့အားလုံးကို မဝယ်နိုင်ဘူး၊ မင်းကိုယ်တိုင်စိုက်ရမယ်။
ဒီအချိန်မှာ ခန်တာရှိတာမရှိတာက အရေးကြီးပါတယ်။
နတ်ဘုရားရွာရဲ့တည်နေရာက မကောင်းရင် ခန်တာအနည်းငယ်ပဲရှိမယ်ဒါမှမဟုတ်တစ်ခုတောင် ရှိမှာမဟုတ်ဘူး၊ ပြီးရင် ရိတ်သိမ်းမှုက နိမ့်ကျလိမ့်မယ်၊ ပြီးရင်တော့ လူတိုင်းက အစာပြတ်လိမ့်မယ် ဒါမှမဟုတ် အစာကို ဝယ်ဖို့ နတ်ဘုရားကျောက်တုံးတွေကို ထုတ်ရမယ်။
ခန်တာကို ကြယ်တစ်လုံးခန်တာ၊ ကြယ်နှစ်လုံးခန်တာ၊ ကြယ်သုံးလုံးခန်တာ စသဖြင့် ခွဲခြားထားတယ်။
ကြယ်တစ်လုံးနတ်ဘုရားခန်တာ(စိုက်ကွင်း)က ကြယ်တစ်လုံးအစားအစာကို စိုက်ပျိုးနိုင်တယ်။ သာမန်နတ်ဘုရားတွေကို တစ်နေ့တာခန္ဓာကိုယ်လိုအပ်ချက်ကို ထိန်းသိမ်းဖို့ ကြယ်တစ်လုံးအစားအစာရဲ့သေးငယ်တဲ့ပမာဏတစ်ခုကို စားသောက်ဖို့ လိုအပ်တယ်။ အစစ်အမှန်နတ်ဘုရားတွေအတွက် သူတို့က ကြယ်တစ်လုံးအစားအစာအမြောက်အများကို စားသောက်ဖို့ လိုအပ်တယ်။
ကြယ်နှစ်လုံးခန်တာ(စိုက်ကွင်း)က ကြယ်နှစ်လုံးအစားအစာကို စိုက်ပျိုးနိုင်တယ်၊ ဒါပေမယ့် ပုံမှန်အားဖြင့် အဆင့်သုံးနတ်ဘုရားရွာတွေမှာပဲ ကြယ်နှစ်လုံးစိုက်ကွင်းရှိတာ။
ဓားရွာ၊ မိုင်တစ်သောင်းအချင်းဝက်ရှိပြီး အားကောင်းဆုံးအဆင့်သုံးနတ်ဘုရားရွာတစ်ခုဖြစ်တယ်။
ဓားရွာမှာ လူဦးရေသုံးသိန်းကျော်ရှိပြီး စိတ်ဝိညာဉ်နတ်ဘုရားတစ်ရာရှိတယ်။
လီဖူချန်းက ဓားရွာကို လာတာ လဝက်ခန်ရှိပြီ။
"ဒါက နေရာကောင်းတစ်ခုပဲ၊ ဓားချီတွေ ရှိနေတာပဲ"
ဓားရွာပတ်ပတ်လည်ကို ကြည့်ပြီးနောက်
လီဖူချန်းက ဒီနေရာမှာ တစ်ခဏနေဖို့ ဆုံးဖြတ်ခဲ့တယ်။
သူက လမ်းတစ်လျှောက်မှာ ဓားရွာနဲ့ပတ်သက်ပြီး တစ်ခုခုကို သိခဲ့တယ်။
ဓားရွာက ဓားမြစ်အတွက် ကျော်ကြားတယ်။
ဒီဓားမြစ်ကို ဓားတာအိုနတ်ဘုရားတစ်ယောက်က ရေးဆွဲထားတယ်လို့ ပြောကြတယ်၊ ၎င်းမှာ ဓားတာအိုနတ်ဘုရားရဲ့ဓားစွမ်းအင်တွေ ပါဝင်နေတယ်။
ဓားမြစ်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိဓားနတ်ဘုရားတွေအားလုံးက ဒီနေရာကို မကြာခဏလာကြတယ်၊ ဓားမြစ်မှဓားတာအိုရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ဖို့ မျှော်လင့်ထားကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ဓားရွာက ပိုပိုကျော်ကြားလာတယ်။
ဓားရွာရဲ့ရွာသားဆယ်ယောက်ထဲမှာ အနည်းဆုံးငါးယောက်က ဓားသမားတွေဖြစ်တယ်။
လီဖူချန်းရဲ့မူလအဆုံးစွန်းခုတ်ချက်နဲ့စပ်ကြောင်းမဲ့ခုတ်ချက်တို့က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေဖြစ်နေပါပြီ။ သူတို့ကို အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်အဖြစ် တွန်းပို့ဖို့ စွမ်းအင်အမြောက်အများလိုအပ်တယ်။ ဒီဓားရွာက ဓားတာအိုနတ်ဘုရားအတတ်တွေကို လေ့ကျင့်ဖို့နေရာမှန်ပဲ။
ထပ်ပြောရရင် လီဖူချန်းက ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုနဲ့ဓားတာအိုနတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုတို့ကိုလဲ ဖန်တီးချင်ခဲ့တယ်။