← Chapters

ဓားမြစ်

Vol. 86 Ch. 1202

ဓားမြစ်

Vol. 86 Ch. 1202

" ဓားရွာနဲ့ မပူးပေါင်းချင်ရင် မင်းက ပထမဆုံးနှစ်တစ်ရာအတွက် နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံကို ပေးချေရမယ်၊ ဒုတိယမြောက်နှစ်တစ်ရာအတွက် ငါးဆယ်ဘီလီယံ၊ တတိယမြောက်နှစ်တစ်ရာအတွက် နှစ်ဆယ်ဘီလီယံ။ နောက်တစ်ဆင့်ကတော့ နှစ်တစ်ရာပြည့်တိုင်း တစ်ဆယ်ဘီလီယံပေးချေဖို့ပဲ။ ထပ်ပြောရရင် ရွာသားမဟုတ်သူတွေက ရွာသားမဲ့သက်သေခံကတ်ပြားကို ရမယ်၊ ဓားရွာမှာ သုံးစွဲမှုတွေအတွက် လျော့ဈေးဆိုတာ မရှိဘူး‌နော်........"

လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ဘယ်လိုနတ်ဘုရားရွာမှာမဆို အလွန်ကျော်ကြားတယ်။ ဓားရွာရဲ့တာဝန်ရှိသူတွေက လီဖူချန်းကို ဓားရွာနဲ့ ပူးပေါင်းဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။

လီဖူချန်းက တိုက်ရိုက်ငြင်းပယ်ခဲ့တယ်။

သူက ဘယ်နတ်ဘုရားရွာကိုမှ ပူးပေါင်းမှာမဟုတ်ပါဘူး။

ဓားရွာနဲ့ပူးပေါင်းတာက အညံ့စားနတ်ဘုရားကျောက်တုံးတွေကို လျော့ချနိုင်ပေမယ့် လီဖူချန်းက အညံ့စားနတ်ဘုရားကျောက်တုံးတွေ မကင်းမဲ့ပါဘူး။

ပြီးတော့ နတ်ဘုရားရွာတစ်ယောက်နဲ့ ပူးပေါင်းရင် ရွာသားစာချုပ်တစ်ခုကို ချုပ်ဆိုဖို့ လိုအပ်တယ်။

ရွာသားစာချုပ်ကို ချုပ်ဆိုထားတဲ့လူတွေအတွက်ကတော့ နတ်ဘုရားရွာတွေက မင်းနေထိုင်ဖို့အတွက် အိမ်တစ်လုံးကို အခကြေးငွေပေးစရာမလိုအောင် စီစဉ်ပေးလိမ့်မယ်၊ ပြီးတော့ မင်းအတွက် နတ်ဘုရားစိုက်ကွင်းတစ်ခုကို ခွဲဝေပေးလိမ့်မယ်။ ထပ်ပြောရရင် ပထမဆုံးနှစ်တစ်ရာအတွက် မင်းက ဆန်စပါးတွေကို ပေးဖို့ မလိုအပ်ပါဘူး၊ မင်းရိတ်သိမ်းသမျှ မင်း ပိုင်ဆိုင်ရပါမယ်။

ပြီးတော့ ရွာက မင်းကို လိုအပ်တဲ့အခါကျရင် မင်းက ပူးပေါင်းဆောင်ရွက်ပေးရမယ်။

သန်မာတဲ့သူတွေ ရောက်လာတဲ့အခါကျရင် မင်းက တိုက်ခိုက်ပေးဖို့ လိုအပ်တယ်။

အတိုချုပ်အားဖြင့် ရွာသားစာချုပ်ကို ချုပ်ဆိုပြီးနောက် မင်းက ဒီနတ်ဘုရားရွာရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး အရာအားလုံးက နတ်ဘုရားရွာကို ထိန်းသိမ်းဖို့အတွက် အလေးအနက်ထားရမယ်။

ဒါပေမယ့် အရေးကြီးတဲ့အခိုက်အတန့်မှာ မင်းက စာချုပ်ကို ချိုးဖောက်နိုင်တယ်။

ဒီနည်းလမ်းအားဖြင့် မင်းရဲ့ကံက အမှောင်ထဲကို လျော့ကျသွားမယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက မင်းကို ဖယ်ကြဉ်လိမ့်မယ်။

ထပ်ပြောရရင် စာချုပ်ကို ဖောက်ဖျက်ခြင်းက မင်းရဲ့စိတ်ဝိညာဉ်ကို ထိခိုက်စေပြီး မင်းရဲ့လေ့ကျင့်မှုကို အန္တရာယ်ဖြစ်စေတယ်။

လီဖူချန်းက ရွာသားတွေရဲ့တာဝန်ကို မလုပ်ဆောင်ချင်ပါဘူး၊ ဒါကြောင့် သူက ဓားရွာနဲ့ ပူးပေါင်းလိမ့်မှာမဟုတ်ပါဘူး။

နတ်ဘုရားကျောက်တုံးသန်းတစ်ရာပေးချေပြီးနောက် လီဖူချန်းက ရွာသားမဲ့သက်သေခံကတ်ပြားကို ရရှိခဲ့တယ်။

ဒီသက်သေခံကတ်ပြားကို ပျောက်လို့မရပါဘူး၊ ပျောက်ရင် မင်းက အစားထိုးဖို့အတွက် နတ်ဘုရားကျောင်တုံးသန်းတစ်ရာပေးချေရမယ်၊ မင်းရဲ့နေထိုင်ခွင့်အချိန်ကိုလဲ အစကနေ ပြန်ရေတွက်ပါလိမ့်မယ်။

နတ်ဘုရားကျောက်တုံးသန်းတစ်ရာကို ပေးချေပြီးနောက် လီဖူချန်းက နေထိုင်ဖို့ နေရာတစ်ခုကို ရှာဖွေဖို့ လိုအပ်သေးတယ်။

ဓားရွာထဲမှာ ရေရှည်နေထိုင်ဖို့အတွက် နည်းလမ်းနှစ်ခုသာ ရှိတယ်။

ပထမ၊ အိမ်တစ်လုံးငှားဖို့။ ဒုတိယ၊ တည်းခိုခန်းမှာ နေထိုင်ဖို့။

အိမ်ငှားတာက ရွာသားတွေရဲ့အိမ်ကို ငှားနေတာပဲ၊  ဒီကိစ္စမှာဆိုရင် ဈေးနှုန်းက သက်သာတယ်။

တည်းခိုခန်းမှာနေထိုင်ခြင်းက ပိုဈေးကြီးတယ်။ ဓားရွာထဲရှိတည်းခိုခန်းတစ်ခုရဲ့ကုန်ကျစရိတ်က အမ်ရန်မြို့ထဲရှိအကောင်းဆုံးတည်းခိုခန်းထက် ပိုဈေးကြီးတယ်။ အဲဒါက တစ်နှစ်ကို သန်းရာချီ ကုန်ကျစေပြီး နှစ်တစ်ရာဆိုရင် ဆယ်ဘီလီယံကုန်ကျစေတယ်။

အားသာချက်ကတော့ မင်းအတွက် တစ်နေ့လျှင် ဟင်းသုံးမျိုးစီစဉ်ပေးတာပဲ၊ အစားအစာက သာမန်ရွာသားတွေထက် အများကြီးပိုကောင်းတယ်။

ဓားရွာထဲမှာ တည်းခိုခန်းတွေအများကြီးရှိပေမယ့် သူတို့အများစုက ပြည့်နေပါပြီ။

ယိုလိုင်တည်းခိုခန်း။

ဓားရွာထဲရှိ အဓိကတည်းခိုခန်းသုံးခုထဲကတစ်ခု။

လီဖူချန်းက နေထိုင်ဖို့ ပထမတန်းစားအခန်းတစ်ခန်းကို ရွေးချယ်ခဲ့တယ်။

ပထမတန်းစားအခန်းရဲ့ကျသင့်ငွေက တစ်နှစ်လျှင် နှစ်ဘီလီယံဖြစ်ပြီး စပေါ်ငွေက တစ်ဆယ်ဘီလီယံပါပဲ။

ခြံဝင်းထဲမှာ ကြွေကျလာတဲ့သစ်ရွက်တွေက လွင့်မျောနေတော့တယ်၊ လီဖူချန်းက သစ်ပင်အောက်မှာ ရပ်ကာ သူ့ရာသူပြောလိုက်တယ်"နောက်ထပ် ဓားရွာမှာ တစ်ခဏလောက် နေကြတာပေါ့"

"ဧည့်သည်၊ မင်းရဲ့နေ့လည်စာရောက်လာပြီ"

ခြံဝင်းတံခါးအပြင်ဘက်မှာ ဆိုင်အကူရဲ့အသံက ထွက်လာတယ်။

"ဝင်လာ၊ တံခါးမပိတ်ထားဘူး" လီဖူချန်းက ပြောလိုက်တယ်။

……

ဓားမြစ်က မိုင်ထောင်ချီရှည်တဲ့မြစ်တစ်စင်းဖြစ်တယ်။

ဓားမြစ်နဲ့မနီးကပ်ခင် လီဖူချန်းက ဓားမြစ်ထဲမှာ စီးဆင်းနေတဲ့ ဓားစွမ်းအင်ကို ခံစားမိတယ်။

ဓားမြစ်ကမ်းပါးပေါ်မှာ ပုံရိပ်တော်တော်များများက တင်ပျဉ်ခွေကာ ထိုင်နေတယ်။

လူတိုင်းက ဓားမြစ်ထဲရှိဓားတာအိုဥပဒေသကို နားလည်နေတာပါပဲ။

နေရာတစ်ခုကို ရှာလျက် လီဖူချန်းကလဲ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။

"ဒါက ဓားတာအိုနတ်ဘုရားရဲ့စွမ်းအားလား"

ဓားမြစ်ထဲမှာ ပါဝင်တဲ့ ဓားစွမ်းအင်က မသိပ်သည်းပါဘူး၊ အလွန်ပါးလွှာတယ်။

ဓားမြစ်က တည်ရှိလာတာ နှစ်တစ်သောင်းရှိပြီလို့ ပြောကြတယ်။

နှစ်တစ်သောင်းရှိပြီးဆိုတော့၊ ဒီဓားတာအိုပိုင်နက်နတ်ဘုရားပ ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူ ချန်ထားခဲ့တဲ့ဓားအမှတ်အသားက စွမ်းအားအများကြီးပါဝင်ဖို့က မဖြစ်နိုင်ပါဘူး၊ စွမ်းအားအရိပ်အ‌ယောင်တစ်ခုရှိတာကတင်အလွန်ကောင်းနေပြီ။

ဒါပေမယ့် ဒီစွမ်းအားအရိပ်အယောင်မျှနဲ့တောင် လီဖူချန်းက ဖိအားကို ခံစားရတယ်။

သူက ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ယောက်ကို မြင်နေပုံရတယ်၊ ဓားတစ်လက်က သူ့ဆီ ခုတ်ပိုင်းလာသလိုပဲ၊ ဓားစွမ်းအင်က မတိုင်းတာနိုင်တဲ့စွမ်းအားနဲ့အတူ ကမ္ဘာကို ထိုးဖောက်လာခဲ့တယ်။

ဓားတာအိုဥပဒေသ၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပျမ်းမျှနယ်ပယ်။

ဒါက ကိစ္စတစ်ခုဆိုပေမယ့် လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်သေးတစ်ခုကို ချက်ချင်း မြင့်တက်သွားခဲ့တယ်။

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက သန်မာလွန်းတယ်၊ ဒါက ဓားမြစ်ကို မြင်တာ သူ့ရဲ့ပထမဆုံးအကြိမ်ပဲ။

တစ်လ။

တစ်လတိတိ လီဖူချန်းက မရွေ့လျားဘဲ ထိုင်နေခဲ့တယ်။

ဝုန်း......

ဒီနေ့မှာတော့ လှိုင်းတစ်ခုက ရိုက်ခတ်လာပြီး ဓားစွမ်းအင်မှသိပ်သည်းထားတဲ့အရိပ်တစ်ခုက ဓားမြစ်မှ ထွက်လာကာ လီဖူချန်းဆီ ဓားတစ်လက်နဲ့အတူ ခုတ်ပိုင်းချလာတယ်။

"ဓားချီအရိပ်၊ သူက ဓားချီအရိပ်ကို တကယ်သိပ်သည်းနိုင်ခဲ့တာပဲ၊ ဒီလိုကြောက်စရာကောင်းတဲ့ဓားတာအိုပါရမီ"

ဓားမြစ်ရှိ လူ‌တော်တော်များများက ဒီမြင်ကွင်းကို သတိပြုမိခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်သွားခဲ့ကြတယ်။

ဓားချီအရိပ်၊ ဓားမြစ်ရဲ့ဓားတာအိုဥပဒေသပဲ့တင်ထပ်တဲ့အခါမှသာ တွေ့ရတဲ့ ဖြစ်ရပ်တစ်ခု။

အစတုန်းက ဓားမြစ်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်တဲ့ဓားရွာရဲ့ခေါင်းဆောင်က ဓားချီအရိပ်ကို ဖြစ်ပေါ်စေခဲ့တယ်။

‌ယနေ့မှာတော့ ဓားမြစ်စိတ်ဝိညာဉ်နတ်ဘုရားက အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်နေပြီ။

အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားကို အထင်မသေးပါနဲ့။

အဆင့်သုံးနတ်ဘုရားရွာခေါင်းဆောင်အများစုက သာမန်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေဒါမှမဟုတ်အဆင့်၃အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေပဲ  ဖြစ်ကြတာ။

အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအနေနဲ့ အဆင့်၂အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က ဓားစိတ်ဝိညာဉ်နတ်ဘုရားနဲ့ တွေ့ဆုံရင် သူက ဓားတောင် မကိုင်လိုက်ရဘဲ ချက်ချင်းအသတ်ခံလိုက်ရလိမ့်မယ်။

အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအထက်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရှိတယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အဆင့်သုံးနတ်ဘုရားမြို့တွေမှာ အရမ်းရှားတယ်၊ မင်းက သူတို့ကို တွေ့ချင်ရင်တောင် မတွေ့နိုင်ပါဘူး။

"လွန်ခဲ့တဲ့မကြာသေးမီက ဓားနတ်ဘုရားအောင်းဟန်လဲ ဓားအရိပ်တစ်ခုကို ဖြစ်စေခဲ့တာပဲ"

တစ်ယောက်ယောက်က ပြောလိုက်တယ်။

ဓားနတ်ဘုရားအောင်းဟန်က လီဖူချန်းလိုပဲ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ကြယ်လေးလုံးဂိုဏ်းဖြစ်တဲ့နန်ရှန်ဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်တယ်။ သူက ဓားတာအိုမှာ အလွန်အမင်းပါရမီရှိတယ်။

"ဓားနတ်ဘုရားအောင်းဟန်ဖြစ်ပေါ်စေခဲ့တဲ့ဓားချီအရိပ်က သူ့လောက် မရှင်းလင်းဘူး။ သူ့ရဲ့ဓားချီအရိပ်က ရှင်းလင်းလွန်းတယ်"

"တကယ်ပဲ၊ ဒီလူက ဘယ်နေရာက လာသလဲမသိ"

လူတိုင်းက ဆွေးနွေးနေစဉ်မှာ လီဖူချန်းက ဓားချီအရိပ်ကို တိုက်ခိုက်လိုက်တယ်။

ဒီဓားချီအရိပ်တွေက အခြားသူတွေအတွက် ဒုက္ခဖြစ်စေတယ်။ သူ့အတွက်ကတော့ သူတို့က ဓားမြစ်ဓားတာအိုဥပဒေသကို သိပ်သည်းထားခြင်းတစ်ခုဖြစ်ပြီး ဓားမြစ်ဓားချီရဲ့အမျှင်တန်းတစ်ခုဖြစ်တယ်၊ ဒါကြောင့် ဒါက ပြဿနာတစ်ခုမဟုတ်ပါဘူး။

ဓားချီအရိပ်ကို ဖယ်ရှားပြီးနောက် ဓားမြစ်ဓားတာအိုဥပဒေသအရိပ်ယောင်က ရုတ်တရက် ရွေ့လျားလာပြီး လီဖူချန်းက ဆုပ်ကိုင်ခဲ့တယ်။

ဓားတာအိုဥပဒေသ၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်။

ဓားတာအိုဥပဒေသနယ်ပယ်က နယ်ပယ်အသေးတစ်ခုကို ထပ်မံချိုးဖြတ်ခဲ့တာကြောင့် မူလအဆုံးစွန်းခုတ်ချက်ရဲ့ဆန်းကြယ်မှုက သူ့နှလုံးသားထဲမှာ နိုးထလာပြီး ပိုအားကောင်းတဲ့ဓားဆန္ဒတစ်ခုကို မွေးဖွားစေခဲ့တယ်။

"သွားစမ်း"

လီဖူချန်းရဲ့ခြေထောက်အောက်ရှိမြေကြီးက ကြီးမားတဲ့အတုံးတစ်ခုတစ်ခုကို ရုတ်တရက်ဆုံးရှုံးသွားပြီး အဝါရောင်ဓားချီတစ်ခုကို ပစ်လွှတ်လိုက်ကာ ဓားမြစ်ရဲ့မျက်နှာပြင်ပေါ်မှာ နက်ရှိုင်းတဲ့ဓားအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။

"ဘာ၊ ဓားအမှတ်သားကို ဓားမြစ်ရဲ့မျက်နှာပြင်ပေါ်မှာ ချန်ထားတာလား"

လူတိုင်းက ပိုတောင်အံ့အားသင့်သွားတယ်။

ယေဘုယျပြောရရင် အလယ်ဆင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားတွေအတွက် ဓားအမှတ်အသားကို ဓားမြစ်ရဲ့မျက်နှာပြင်ပေါ်မှာ ချန်ထားဖို့က ခက်ခဲတယ်။

ဓားမြစ်ပေါ်မှာ မမြင်နိုင်တဲ့ဓားတာအိုဥပဒေသက မင်းရဲ့ဓားချီကို နှောင့်ယှက်ပေလိမ့်မယ်။

"ချက်ချင်းပဲ မြေကြိီးရဲ့ဥပဒေသက ငါ့ရဲ့ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ။ ဒါက အဆင့်မြင့်စိတ်ဝိညာဥ်နတ်ဘုရားဓားပညာရဲ့စွမ်းအားလား"

စောစောကဓားက မူလအဆုံးစွန်းခုတ်ချက်ဖြစ်တယ်။

ဒါပေမယ့် ဒီအချိန်မှာ မူလအဆုံးစွန်းခုတ်ချက်က အလယ်ဆင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုမဟုတ်တော့ဘဲ အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

ဓားဆန္ဒက ပြောင်းလဲသွားပြီး လီဖူချန်းက သူ့နောက်ကျောရှိဓားကို ဝှေ့ယမ်းလိုက်တယ်။

ဒီဓားက အသံမရှိဘူး၊ ဓားအလင်းမရှိဘူး၊ ဓားစွမ်းအင်မရှိဘူး၊ ပုံစံမရှိဘူး၊ ဖော်ပြချက်မရှိဘူး။

ဓားမြစ်ရဲ့မျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုမရှိပါဘူး။

ဒါက အံ့အားသင့်စရာမဟုတ်ပါဘူး။

ဓားမြစ်ရဲ့မျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုမရှိပုံရတာကို လီဖူချန်းကပဲ သိတယ်။ ဓားမြစ်ရဲ့အနက်ပိုင်းထဲမှာ ကြီးမားတဲ့ဓားအမှတ်အသားတစ်ခုက မွေးဖွားလာတယ်။

မူလအဆုံးစွန်းခုတ်ချက်နောက်မှ စပ်ကြောင်းမဲ့ခုတ်ချက်က အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိလာခဲ့တယ်။

အဆက်မပြတ်ခုတ်ချက်၊ တည်ရှိမှုထဲသို့ မရပ်မနားဝင်ရောက်လာနေတယ်၊ အားနည်းချက်ဆိုတာ မရှိ။

မူလအဆုံးစွန်းခုတ်ချက်က ၎င်းပတ်လည်ရှိအရာအားလုံးကို ၎င်းရဲ့ကိုယ်ပိုင်ဓားအဖြစ်သို့ ပြောင်းလဲနိုင်ရင် စပ်ကြောင်းမဲ့ခုတ်ချက်က ဆန့်ကျင်ဘက်ပဲ၊ ၎င်းကိုယ်တိုင်က ကမ္ဘာရှိအရာအားလုံးအဖြစ် ပြောင်းလဲကာ ရန်သူကို သတ်ဖို့ မြင်နိုင်တဲ့ဓားစွမ်းအင်အမျှင်တန်းတစ်ခုကိုသာ ချန်ထားတယ်။

ဒီမမြင်နိုင်တဲ့ဓားစွမ်းအင်က တကယ်ကို မမြင်နိုင်ဘူး။

မူလအဆုံးစွန်းခုတ်ချက်ဓားဆန္ဒနဲ့စပ်ကြောင်းမဲ့ခုတ်ချက်ဓားဆန္ဒတို့က ဆက်တိုက်ပြောင်းလဲခဲ့ပေမယ့် လီဖူချန်းရဲ့ဈာန်ဝင်စားမှုက မပျောက်သွားခဲ့ဘဲ ပိအားကောင်းတဲ့ဓားဆန္ဒတစ်ခုက ရုတ်တရက်မွေးဖွားလာတယ်။

ဒီဓားဆန္ဒအမျှင်တန်းက ဓားမြစ်ထဲရှိဓားဆန္ဒနဲ့အတော်ကလေးတူပြီး ထာဝရတည်မြဲတဲ့ဓားတာအိုရဲ့စစ်မှန်တဲ့အဓိပ္ပါယ်အရိပ်အယောင်တစ်ခုပါဝင်တယ်။

ဒီဓားဆန္ဒမွေးဖွားလာမှုနဲ့အတူ လီဖူချန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားချီက မြူပမာ မြင့်တက်လာတယ်။

ခဏအတွင်းမှာ ဓားချီမြူက ကြီးမားတဲ့နေရာလပ်တစ်ခုကို အပြည့်အဝဖုံးအုပ်သွားပြီး လူတိုင်းက လီဖူချန်းရဲ့ပုံရိပ်ကို မြင်ရနိုင်တယ်။

မြူထဲမှာ မိုမိုက အိတ်ထဲမှ ထွက်လာတယ်။

"အကိုရဲ့ခွန်အားက ပိုပိုသန်မာလာတာပဲ၊ ဘယအချိန်ကျမှ အကိုနဲ့ငါ တိုက်ခိုက်လို့ရမလဲ"

မိုမိုရဲ့ခွန်အားက ကြယ်သုံးလုံးနတ်ဘုရားပုံရိပ်ယောင်သတ္တဝါအများစုထက် ပိုသန်မာတယ်။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ယှဉ်ရင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်တည်ရှိမှုတစ်ခုဆိုတာ အံ့ဩစရာမရှိပါဘူး။ ဒါကြောင့် လီဖူချန်းအတွက် မိုမိုအတွက် ပြိုင်ဘက်မဟုတ်သေးပါဘူး။

တစ်ခဏကစားပြီးနောက် မိုမိုက အိတ်ထဲသို့ ပြန်ဝင်ကာ အိပ်ပျော်သွားခဲ့တော့တယ်။

All Chapters