← Chapters

ထာဝရတည်မြဲခြင်းဓားချီ

Vol. 86 Ch. 1203

ထာဝရတည်မြဲခြင်းဓားချီ

Vol. 86 Ch. 1203

"အကိုကြီး၊ မင်းရဲ့ဓားပညာက အရမ်းကောင်းတယ်လို့ သူများတွေပြောတာ ငါ ကြားတယ်။ မင်း ငါ့ကို ဓားကို ဘယ်လိုလေ့ကျင့်ရမလဲ သင်ကြားပေးနိုင်မလား။ ငါက ဓားတွေကို လေ့ကျင်ဖို့အတွက် ငယ်ရွယ်လွန်းတယ်လို့ ငါ့အမေက ငါ့ကို ပြောခဲ့တယ်"

ရွာဝင်ပေါက်မှာ ကလေးတစ်အုပ်က ကစားနေတယ်။ လီဖူချန်းပြန်လာတာကိုမြင်ပြီး အသက်သုံးနှစ်ဒါမှမဟုတ်လေးနှစ်ရှိတဲ့ကလေးမလေးတစ်ယောက်က ခုန်ပေါက်ပြေးလာခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်း လီဖူချန်းက ဓားရွာမှာရှိနေတာ နှစ်လကြာပါပြီ၊ ရွာသားတော်တော်များများနဲ့ တွေ့ခဲ့ပြီးပါပြီ။

ကလေးမလေးရဲ့နာမည်ကို ဝေ့ဝေ့လို့ခေါ်တယ်၊ ရွာသူအန်နျိုရဲ့အငယ်ဆုံးသမီးဖြစ်တယ်။ သူမက ဒီနှစ်မှာ သုံးနှစ်နဲ့ခြောက်လသာရှိပြီး သူမရဲ့အဆင့်က အလယ်ဆင့်နတ်ဘုရားဖြစ်တယ်။

ခရမ်းရောင်တိမ်နတ်ဘုရားရဲ့အလယ်ဆင့်နတ်ဘုရားတွေက ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်ဘုရားစွမ်းအားရှိကြပေမယ့် လက်တွေ့တိုက်ခိုက်ရေးအတွေ့အကြုံမရှိဘူး၊ အစစ်အမှန်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့က ပိုတောင်မဖြစ်နိုင်ဘူး။

အလယ်ဆင့်နတ်ဘုရားတွေအားလုံးက အသက်သုံးနှစ်မှာ ဓားပညာကို လေ့ကျင့်ခဲ့တဲ့၊ အသက်ခုနှစ်နှစ်မှာ အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့၊ အသက်ဆယ်နှစ်မှာ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့ဓားရွာခေါင်းဆောင်ရဲ့အငယ်ဆုံးသားရှီစုံလို မဟုတ်ဘူး။

နောက်ဆုံးအကြိမ် လီဖူချန်းက ဓားမြစ်ရဲ့ကမ်းပါးပေါ်မှာ ရှိခဲ့စဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဓားချီအရိပ်အဖြစ်အပျက်က ရက်အနည်းငယ်အတွင်း ဓားရွာအနှံ့ ပျံ့နှံ့သွားခဲ့တယ်။

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအများစုက လီဖူချန်းကို လာရောက်စိန်ခေါ်ခဲ့ကြတယ်။

ရလဒ်ကတော့ ဒီအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေက လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။

ဒီအချိန်အတောအတွင်း အလယ်ဆင့်နတ်ဘုရားအချို့ကတောင် လာရောက်ခဲ့တယ်၊ ဒါပေမယ့် ရလဒ်ကလဲ အတူတူပါပဲ။

ဒါကြောင့် လီဖူချန်းကို ဓားရွာထဲရှိနံပါတ်၁အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားလို့ သပ်မှတ်ထာားခဲ့ကြတယ်။

"မင်းက ဓားကို လေ့ကျင့်ချင်တာလား" လီဖူချန်းက ကလေးမလေးရဲ့မျက်နှာကို ပုတ်ပြီးနောက် သူ့ညာလက်နဲ့ စုပ်ယူလိုက်တယ်၊ သစ်ကိုင်း‌ခြောက်တစ်ခုက သူ့လက်ထဲရှိရောက်ရှိလာတယ်"ဒါကို ကြည့်ထား"

လီဖူချန်းက သစ်ကိုင်းခြောက်ကို မြှောက်လိုက်တယ်၊ လှိုင်းတစ်ခုနဲ့အတူ ဓားချီတစ်ခုက ပေါက်ကွဲထွက်လာပြီး ဓားအမှတ်အသားတစ်ခုကို မြေပြင်ပေါ်မှာ ချန်ထားခဲ့တယ်။

"မင်း ဒါကို လုပ်နိုင်တာနဲ့ ငါ မင်းကို ဓားလေ့ကျင့်ဖို့ သင်ကြားပေးမယ်"

တစ်ဖက်လူက သုံးနှစ်အရွယ်ကလေးတစ်ယောက်ပဲဆိုရင်တောင် အလယ်ဆင့်နတ်ဘုရားတစ်ယောက်အတွက် နတ်ဘုရားစွမ်းအားဓားစွမ်းအင်ကို နိုးဆွဖို့က မခက်ခဲလွန်းပါဘူး။

ဒါပေမယ့် သစ်ကိုင်းခြောက်ကို သုံးပြီး နတ်ဘုရားစွမ်းအားဓားစွမ်းအင်ကို နိုးဆွဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။

"ကောင်းပြီ၊ ကတိနော်" ဝေ့ဝေ့က ခေါင်းညိတ်ပြလိုက်တယ်။

ဓားရွာထဲရှိ အန်နျိုရဲ့ခြံဝင်းလေးထဲမှာ ဝေ့ဝေ့က သစ်ကိုင်းခြောက်ကို သုံးကာ နတ်ဘုရားစွမ်းအားဓားစွမ်းအင်ကို နိုးဆွဖို့ ကြိုးစားနေတယ်၊ အနျိုက သူမသမီးရဲ့ခိုင်မာတဲ့စိတ်ဆန္ဒအတွက် အတော်လေးအံ့အားသင့်နေမိတယ်။

လီဖူချန်းက ဝေ့ဝေရဲ့ကိစ္စကို အလေးအနက်မထားခဲ့ပါဘူး။ သူ့အတွေးအများစုက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ဖန်တီးခြင်းအပေါ်မှာ ရှိနေတယ်။

ဓားမြစ်ဘေးနားမှာ ဓားချီမြူက စုဝေးပျံ့နှံ့လာပြီး ရှေးခေတ်ရဲ့အငွေ့အသက်က ပြန့်ကျဲသွားတယ်။

"မင်းက လီဖူချန်းလား၊ ဓားနတ်ဘုရားလီဖူချန်းလား"

လီဖူချန်းရဲ့နာမည်က ပျံ့နှံ့နေတာကြာလှပြီ။ လူတစ်ချို့က လီဖူချန်းကို ဓားနတ်ဘုရားလို့တောင် အမည်ပေးထားခဲ့ပါပြီ။

အေးစက်တဲ့ဓားချီတစ်ခုက မြူကို တွန်းထုတ်လိုက်ပြီး လီဖူချန်းရဲ့ဘေးရှိမြေပြင်ပေါ်မှာ နက်ရှိုင်းတဲ့လက္ခဏာတစ်ခုကို ဖြတ်သွားကာ မီတာတစ်ရာအထိ ပျံ့နှံ့သွားတယ်။

"အဲ့တော့ ဘာဖြစ်လဲ" လီဖူချန်းက‌ မေးငေါ့လိုက်တယ်၊ သူ့မျက်လုံးတွေက အနည်းငယ်အေးစက်နေတယ်။

"အောင်းဟန်ဓားနတ်ဘုရားရှန့်ချမ်ကြွယ်"

ရှန့်ချမ်ကြွယ်က လက်ထဲမှာ ပုံဆောင်ခဲဓားတစ်လက်ကို ကိုင်ထားလျက် ပြောလိုက်တယ်။

"ဒါ အောင်းဟန်ဓားနတ်ဘုရားရှန့်ချမ်ကြွယ်ပဲ၊ အခုတော့ ပျော်စရာတွေ ဖြစ်လာပြီ"

"နန်ရှန်ဂိုဏ်းရဲ့အစစ်အမှန်တပည့်တစ်‌ယောက်အနေနဲ့ ရှန့်ချမ်ကြွယ်က ဘယ်လောက်တောင်မာနကြီးသလဲ၊ ဓားနတ်ဘုရားလီဖူချန်းရဲ့နာမည်က သူ့ထက် ပိုကျော်ကြားလာတော့ သူ့ရဲ့မာနကို နိုးဆော်ပေးလိုက်တာပဲဖြစ်မှာပေါ့"

"ဘယ်သူက ပိုသန်မာမလဲ"

"ငါ ထင်တာတော့ ရှန့်ချမ်ကြွယ်ပဲဖြစ်မယ်။ တကယ်တော့ သူက နန်ရှန်ဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်တစ်ယောက်လေ။ သူက နန်ရှန်ဓားဂိုဏ်းရဲ့နတ်ဘုရားအတတ်များစွာကို လေ့ကျင့်ထားမှာပဲလေ"

"ငါလဲ အဲလိုပြထင်တယ်။ ကြယ်လေးလုံးဂိုဏ်းတစ်ခုရဲ့အမွေအနှစ်က ထင်သလောက် မရိုးရှင်းဘူး"

နှိုင်းယှဉ်ပြောရင်း လူတိုင်းက ရှန့်ချမ်ကြွယ်ကို ပိုအကောင်းမြင်ထားကြတယ်။

"ကောင်းပြီ၊ ဓားကို လက်ခံလိုက်"

ရှန့်ချမ်ကြွယ်က အလွန်လွှမ်းမိုးနိုင်တယ်။ ပုံဆောင်ခဲဓားကို ဝှေ့ယမ်းလိုက်ရာ ရေတွေ စင်ထွက်ပက်ဖျန်းလာတယ်၊ ဓားအလင်းက မိုးပမာ ဖြစ်နေပြီး ရေခဲက အရိးခိုက်မတတ်အေးစက်နေတယ်။

ရှန့်ချမ်ကြွယ်၊ နန်ရှန်ဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်တစ်ယောက်အနေနဲ့ သူ့မှာ သူ့ရဲ့ယုံကြည်ချက်ရှိတယ်။ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အနေနဲ့ ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းတစ်ရာလောက်မြင့်တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့ဓားမိုးကို ဖန်တီးခဲ့တယ်။

"ပြန်သွားစမ်း"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ ဓားမိုးအားလုံးကို နောက်သို့ ပြန်ရောက်သွားစေတယ်။

ရယ်စရာကောင်းတဲ့မြင်ကွင်းလား၊ အံ့အားသင့်စရာပါပဲ။

သူတို့ရဲ့ကိုယ်ပိုင်မျက်စိနဲ့ မမြင်ရရင် ဓားမိုးကို လီဖူချန်းက လီဖူချန်းက ပြန်ပို့လွှတ်မယ်ဆိုတာ သူတို့က ဘယ်လိုလုပ်တွေးမိမှာလဲ။

"ဒါ ဘယ်လိုနတ်ဘုရားအတတ်မျိုးလဲ" ရှန့်ချမ်ကြွယ်က မျက်မှောင်ကြုတ်လိုက်တယ်၊ ပုံဆောင်ခဲဓားကို ထပ်မံဝှေ့ယမ်းလိုက်ပြီး ဓားကန့်လန့်ကာတစ်ခုက ဓားမိုးကို ခုခံခဲ့တယ်။

ကံမကောင်းစွာနဲ့ သူက ဓားမိုးရဲ့စွမ်းအားကို လျော့တွက်ခဲ့မိတာပဲ။

ဓားမိုးကို သူက ပို့လွှတ်ခဲ့ပေမယ့် ပြန်ရောက်လာတဲ့ဓားမိုးရဲ့စွမ်းအားက ကမ္ဘာတုန်မတတ်ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့တယ်။

ဖူး......

ဓားကန့်လန့်ကာကို ထိုးဖောက်သွားတယ်၊ ထို့နောက် ရှန့်ချမ်ကြွယ်ရဲ့ခန္ဓာကိုယ်ကိုလဲ ထိုးဖောက်သွားခဲ့တယ်။

ရှန့်ချမ်ကြွယ်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းသန်းတစ်ရာက ချက်ချင်းကုန်ဆုံးသွားပြီး အရိပ်အယောင်တစ်ခုသာ ကျန်တော့တယ်။

ဒီအရိပ်အယောင်က လီဖူချန်းညှာတာမှုရဲ့ရလဒ်ပါပဲ။

လီဖူချန်းအတွက်ကတော့ သူက မူလအဆုံးစွန်းခုတ်ချက်ရဲ့အနည်းငယ်ကိုပဲ ထုတ်လွှတ်ရုံသာဖြစ်တယ်။

ရှန့်ချမ်ကြွယ်က ထိတ်လန့်သွားတယ်။ ထိုနေရာမှာ ရပ်နေရင်း သူ့လက်ထဲရှိပုံဆောင်ခဲဓားက မြေပြင်ပေါ်သို့ ကျသွားတယ်။

ဒိီတိုက်ပွဲက သူ့ကို ပြင်းပြင်းထန်ထန်ထိမှန်ခဲ့တာပဲ၊ သူ့အနေနဲ့ လက်ခံဖို့ ကြီးမားလွန်းတယ်။

သူက ကျရှုံးနိုင်မယ်လို့ တွေးထားခဲ့ပါတယ်။

တကယ်တော့ ဘယ်သူ့ကိုမှ လျော့တွက်လို့မရပါဘူး။ သူက ကြယ်လေးလုံးဂိုဏ်းရဲ့အစစ်အမှန်တပည့်တစ်ယောက်သာဖြစ်ပြီး ကြယ်ခြောက်လုံးဂိုဏ်းရဲ့အစစ်အမှန်တပည့်တစ်ယောက်မဟုတ်ဘူးလေ။

ဒါပေမယ့် ဒီလောက်ဆိုးဝါးစွာ ရှုံးနိမ့်မယ်လို့ သူက ဘယ်တော့မှ မတွေးခဲ့ပါဘူး။

ဓားတစ်ချက်ပဲ၊ ဓားတစ်ချက်နဲ့ နတ်ဘုရားစွမ်းအားအညွှန်းကိန်းသန်းတစ်ရာကို သုတ်သင်နိုင်ခဲ့တယ်။

"သန်မာလွန်းတယ်၊ အောင်းဟန်ဓားနတ်ဘုရားက ဓားတစ်ချက်တောင် မတားနိုင်ခဲ့ဘူး"

"ဒီလောက်က ဘာမှမဟုတ်သေးဘူး၊ ဓားနတ်ဘုရားလီဖူချန်းက သူ့ဓားကိုတောင် မဆွဲထုတ်တာကို သတိပြုမိလား၊ သူက သူ့လက်ကို ဝှေ့ယမ်းရုံမျှပဲ"

"ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်မျှပဲ၊ ဘာလို့ ကွာဟချက်က ဒီလောက်ကြီးမားတာလဲ"

လူတိုင်းက လေအေးကို ရှုရှိုက်နေမိတယ်၊ သူတို့က လီဖူချန်းကို မွန်းစတားတစ်ကောင်အလား ကြည့်နေမိတယ်။

"သာမန်ပါပဲ၊ စစ်ခုန်ကျိုက်ရှင်းထက်တောင် အများကြီးနိမ့်ကျတယ်"

လူတိုင်းရဲ့မျက်လုံးတွေကို လစ်လျူရှုလျက် လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ ဓားအတတ်အသစ်ကို ဆက်လက်နားလည်နေခဲ့တယ်။

"ဒီနေ့ရဲ့အရှက်ရမှုအတွက် ငါ၊ ရှန့်ချမ်ကြွယ်က တစ်နေ့မှာ မင်းကို ငါ့ရဲ့လက်နဲ့ ငါကိုယ်တိုင်အနိုင်ယူပြမယ်" ပြောပြီးနောက် ရှန့်ချမ်ကြွယ်က မြေပြင်ပေါ်မှာကျနေတဲ့ပုံဆောင်ခဲဓားကို ကောက်ကာ ထွက်ခွာသွားတော့တယ်။

အောင်းဟန်ဓားနတ်ဘုရားကို အနိုင်ယူပြီးနောက် လီဖူချန်းရဲ့ဂုဏ်သတင်းက ပိုပိုကြီးမားလာတယ်။ မိုင်တစ်သိန်းအချင်းဝက်ပတ်လည်အတွင်းမှာ လီဖူချန်းရဲ့အမည်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေထဲမှာ နံပါတ်တစ်ဖြစ်တယ်၊ လူတိုင်းက ဒါကို သိတယ်.....

"အကိုကြီး၊ ငါ နတ်ဘုရားစွမ်းအားဓားစွမ်းအင်ကို နိုးဆွနိုင်ခဲ့ပြီ"

ဒီနေ့မှာ ရွာဝင်ပေါက်မှာ ဝေ့ဝေ့က လီဖူချန်းပြန်အလာကို စောင့်နေတယ်။

နောက်ဆုံးမှာ လီဖူချန်းက ပြန်ရောက်လာပြီး ဝေ့ဝေ့က သူမကို အလောတကြီးနှုတ်ဆက်ကာ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တော့တယ်။

"တကယ်လား။ ငါ ကြည့်ရတာပေါ့ " လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။

အသက်သုံးနှစ်နဲ့ခြောက်လအရွယ်ကလေးတစ်ယောက်က သစ်ကိုင်ခြောက်တွေကို သုံးကာ နတ်ဘုရားစွမ်းအားဓားစွမ်းအင်ကို နိုးဆွနိုင်တဲ့အပေါ် လီဖူချန်းက အံ့အားသင့်လွန်ခြင်းမဖြစ်ပါဘူး၊ တကယ်တော့ ဒါက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာလေ။

ဒါပေမယ့် နတ်ဘုရားရွာမှ ကလေးလေးတစ်ယောက်က ဒါကို လုပ်နိုင်တဲ့အပေါ် လီဖူချန်းက အတော်လေးအံ့အားသင့်မိတယ်။ ဒါက တစ်ဖက်လူက ဓားကို တကယ်ချစ်တယ်ဆိုတာ၊ သာမန်လူတွေမှာမရှိတဲ့ဓားတာအိုဆန္ဒရှိတယ်။

"အကိုကြီး၊ ကြည့်ကြည့်"

ဝေ့ဝေ့က သူမလက်ထဲရှိသစ်ကိုင်းခြောက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တယ်။

ဓားစွမ်းအင်က နိုးထလာတယ်။

"‌ကောင်းတယ်၊ ဒီနေ့က စကြတာပေါ့၊ ဓားအတတ်ကို သင်ကြားဖို့ မင်းရဲ့အိမ်ကို သွားရအောင်၊ ဒါပေမယ့် ငါ့မှာ အချိန်အများကြီးမရှိဘူး၊ တစ်လမှာ ရက်အနည်းငယ်ပဲရမှာ"

လီဖူချန်းက ဝေ့ဝေ့ကို ပြောလိုက်တယ်။

လီဖူချန်းက သူ့သမီးလေးကို ဓားပညာသင်ကြားပေးတဲ့အတွက် အန်နျိုက လှိုက်လှိုက်လဲလဲသဘောတူပါတယ်။

အန်နျိုရဲ့ခြံဝင်း။

"သတိရပါ၊ ဓားတာအိုက မတည်မြဲတဲ့အခြေခံတစ်ခု ဘယ်တော့မှမရှိသင့်ဘူး။ ဒီရက်တွေအတွက် မင်းကို အခြေခံဓားပညာသင်ကြားပေးထားမယ်။ တစ်ကွက်ကို အကြိမ်တစ်သောင်းလေ့ကျင့်ပါ၊ မင်းရဲ့တိုးတက်မှုကို စစ်ဆေးဖို့ ငါ ဘယ်အချိန်မဆို ရောက်လာလိမ့်မယ်" အခြေခံဓားပညာကို ဝေ့ဝေ့ကို သင်ကြားပေးပြီးနောက် လီဖူချန်းက ထွက်ခွာလာခဲ့တယ်။

............

အချိန်တွေက ဓားမြစ်ရဲ့ရေပမာ စီးဆင်းသွားတယ်။ မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ဓားရွာကို ရောက်ရှိလာတာ သုံးလကျော်ပါပြီ။

ဒီနေ့မှာတော့။

မြစ်ကမ်းနားမှာ။

ဝိုး.....

လီဖူချန်းရဲ့ခန္ဓာကိုယ်က ရုတ်တရက်ဖြန့်ကြက်သွားပြီး အဆုံးမဲ့ဓားချီတွေအဖြစ် ပြောင်းလဲကာ ချက်ချင်း စုဝေးလာခဲ့တယ်။

"နှစ်လကျော်အတွင်းမှာ ငါက တတိယမြောက်အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားကို နောက်ဆုံးမှာ ဖန်တီးနိုင်ခဲ့ပြီ"

လီဖူချန်းရဲ့မျက်လုံးတွေက စုဆုံသွားတော့တယ်။

ဒီဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်က နတ်ဘုရားခန္ဓာကိုယ်အတတ်တစ်ခုဖြစ်တယ်။

နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေက အရမ်းရှားတယ်။ ဖန်တီးမှုအခက်အခဲနဲ့သက်ရောက်မှုအရ ပိုင်နက်နတ်ဘုရားအတတ်နောက် ဒုတိယလိုက်တယ်။

"ထာတရတည်မြဲခြင်းဓားချီလို့ခေါ်ကြတာပေါ့"

လီဖူချန်းက ဒီနတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထာဝရတည်မြဲခြင်းဓားချီလို့ အမည်ပေးခဲ့တယ်။

ထာဝရတည်မြဲခြင်းဓားချီနဲ့ဆိုရင် ရန်သူက သူ့ထက် ဆယ်ဆပိုသန်မာရင်တောင် သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအကုန်လုံးကို တစ်ချက်တည်းနဲ့ သုတ်သင်ဖို့က မဖြစ်နိုင်ပါဘူး။

ဒိီအချိန်မှာ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က စုဝေးနိုင်တာဒါမှမဟုတ်ပျံ့နှံ့နိုင်တာကြောင့် ပြောင်းလွယ်ပြင်လွယ်ဖြစ်တယ်။ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က အဆုံးမဲ့ဓားချီတွေအဖြစ် ပျံ့နှံ့သွားတာနဲ့ ရန်သူက ဓားချီရဲ့အစိတ်အပိုင်းကိုပဲ ချေမှုန်းနိုင်လိမ့်မယ်၊ သူ့ကို လုံးဝနာကျင်စေနိုင်လိမ့်မှာမဟုတ်ဘူး။

ပြီးတော့ သူက ဒါကို ဘယ်အချိန်မဆို ပြုလုပ်နိုင်တယ်၊ ကမ္ဘာရှိအရာအားလုံးရဲ့အနှစ်သာရကို လုယူပြီး ၎င်းတို့ကို သူကိုယ်တိုင်အားဖြည့်ဖို့ ဓားစွမ်းအင်အဖြစ် ပြောင်းလဲနိုင်တယ်။

All Chapters