နက်နဲလှတယ်
Vol. 86 Ch. 1205
"ဪ ဒါနဲ့ ဒီလူက ဘယ်နေရာမှာရှိလဲ" ကွမ်းလန်က ရုတ်တရက်ပြောလိုက်တယ်။
အိုလီဗီယာက ပြောလိုက်တယ်"ဓားရွာမှာ"
"ဓားရွာမှာလား။ ငါလဲ အဲနေရာကို မရောက်ဖူးသေးဘူးဆိုတော့၊ ဂျူနီယာညီမလေးကျင့်ယန်၊ ငါတို့ အဲကိုတစ်ချက်သွားကြည့်ကြမလား" ကျီချမ်က အကြုံပြုလိုက်တယ်။
"ကောင်းပြီလေ" ကျင့်ယန်က ငြင်းပယ်တာ ရှားပါတယ်။
ကျီချမ်က ပြုံးလိုက်တယ်"ဒိီလိုဆိုတော့ အခုပဲ သွားကြတာပေါ့။ မင်းတို့ရဲ့အမြင်ကရော ဘယ်လိုရှိလဲ"
"ငါတော့ ဘာအမြင်မှမရှ်ိဘူး၊ အဆင်ပြေတယ်"
"ငါက ဒီဓားနတ်ဘုရားကို အရမ်းစိတ်ဝင်စားတယ်၊ ဘယ်လိုဓားသမားမျိုးက ရှန့်ချမ်ကြွယ်ကို အနိုင်ယူနိုင်သလဲကို ငါ မြင်ချင်တယ်"
လူတိုင်းက သဘောတူညီကာ ခေါင်းညိတ်လိုက်ကြတယ်။
……
လီဖူချန်းရဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ သူက ဓားမြစ်အထဲမှာ မိုင်နှစ်ထောင့်ငါးရာထိပဲ ငုပ်နိုင်တယ်။ ထိုနေရာကို ရောက်ပြီးနောက် ဓားဆန္ဒက အေးလွန်းတာကြောင့် လီဖူချန်းရဲ့စိတ်ဝိညာဉ်ကတောင် မခံနိုင်တော့ပါဘူး။ ဆက်လက်ငုပ်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူး။ ပိုင်နက်ဓားနတ်ဘုရားရဲ့ဓားဆန္ဒက အားကောင်းလွန်းတယ်။ ဒီအားကောင်းတဲ့ဓားဆန္ဒအရှေ့မှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆတစ်ရာပိုနှေးကွေးလာတယ်။ အပြင်ဘက်မှာ မမြင်နိုင်တဲ့ဆီးနှင်းခဲအလွှာတစ်ခုက ဖုံးအုပ်ထားသလို ထင်ရတယ်၊ အတွေးကတောင် အေးခဲနေတယ်။
ဒါက ဆီးနှင်းခဲဓားဆန္ဒမဟုတ်ပေမယ့် ဓားဆန္ဒရဲ့ပုံရိပ်ယောင်က သေချာတဲ့အတိုင်းအတာတစ်ခုအထိ အားကောင်းတယ်။
ဓားတာအိုက လမ်းကြောင်းဖြစ်ပြီး ဓားတာအိုဥပဒေသက ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသဖြစ်တယ်။ လူအနည်းငယ်က ဓားတာအိုဥပဒေသကို အခြားသာမန်ဥပဒေသတွေနဲ့ ပေါင်းစပ်တယ်။
သူတို့က မပေါင်းစပ်ချင်ရင်တောင် သူတို့က ဓားတာအိုဥပဒေသကို အဆင့်မြင့်ဥပဒေသနဲ့ထိပ်တန်းအဆင့်ဥပဒေသတွေနဲ့တောင် ပေါင်းစပ်လိမ့်မယ်။
ဒါပေမယ့် ဒီနည်းလမ်းအတိုင်းသွားရင် လေ့ကျင့်မှုက ပိုပိုခက်ခဲလာမယ်။
တကယ်တော့ သန့်စင်တဲ့အဆင့်မြင့်ဥပဒေသနဲ့ထိပ်တန်းအဆင့်ဥပဒေသတွေက လေ့ကျင့်ဖို့ ပင်ကိုအားဖြင့် ခက်ခဲတယ်၊ ဓားတာအိုဥပဒေသနဲ့ ပေါင်းစပ်ရင် ဒုက္ခကို ရှာနေတာ မဟုတ်ဘူးလား။
ဒါကြောင့် အခြေခံအားဖြင့် နတ်ဘုရားကမ္ဘာရှိဓားသမကိုးဆယ်ရာခိုင်နှုန်းကျော်က ဓားတာအိုကို သန့်စင်တဲ့ဓားတာအိုအဖြစ် လေ့ကျင့်ကြပြီး ဓားတာအိုဥပဒေသကို သန့်စင်တဲ့ဓားတာအိုဥပဒေသအဖြစ် လေ့ကျင့်ကြတယ်၊ အခြားအရာတွေနဲ့ မပေါင်းစပ်ပါဘူး။
ဒါပေမယ့် ဓားတာအိုက မူလကတည်းက ဖြစ်ပေါ်ခဲ့တာ။ ၎င်းတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေရှိတဲ့မွေးရာပါဥပဒေသတွေနဲ့မတူဘဲ ၎င်းမှာ လက္ခဏာတွေမရှိပါဘူး။ အခြားစကားဖြင့်ဆိုရရင် ၎င်းရဲ့လက္ခဏာတွေကို ၎င်းရဲ့လေ့ကျင့်သူတွေကပဲ ပေးထားတာပဲ။
၎င်းက မိုးနဲ့ တူနိုင်တယ်၊ လေနဲ့တူနိုင်တယ်၊ မီးနဲ့တူနိုင်တယ်၊ မိုးကြိုးနဲ့တူနိုင်တယ်၊ ရေခဲနဲတူနိုင်တယ်၊ နေနဲ့တူနိုင်တယ်၊ ကြယ်နဲ့တူနိုင်တယ်.......
ကမ္ဘာရှိအရာအားလုံးဖြစ်နိုင်တယ်။
ဥပမာအားဖြင့် ယုံယန်တိုက်ကြီးရှိယုံယန်ဓားတာအိုခန်းမရဲ့ပိုင်ရှင်ဖြစ်တဲ့ယုံယန်ဓားသမားရဲ့ဓားတာအိုက မိုးနဲ့တူတယ်၊ ဒါပေမယ့် အဲဒါက သေချာပေါက်မိုးမဟုတ်ပါဘူး။
ဒီဓားတာအိုပိုင်နက်နတ်ဘုရားရဲ့ဓားတာအိုက ရေခဲနဲ့တူမှန်း သိသာတယ်၊ ဒါကြောင့် သူ့ရဲ့ဓားဆန္ဒမှာ စိတ်ဝိညာဥ်ကို အေးခဲစေနိုင်တဲ့ ရေခဲလက္ခဏာတွေ ပါဝင်တယ်။
လီဖူချန်းက လက္ခဏာတစ်ရပ်ရပ်ပါတဲ့ဓားတာအိုကို မလိုက်စားဘူးဆိုပေမယ့် တစ်ဖက်လူရဲ့ဓားတာအိုအနှစ်သာရကို စုပ်ယူပြီး သူ့အတွက် အသုံးဝင်တဲ့အရာတွေအဖြစ် ပြောင်းလဲတာကိုတော့ မတားမြစ်ပါဘူး။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားတယ်၊ လီဖူချန်းရဲ့စိတ်ဝိညာဉ်က အနက်၂၅၀၀မိုင်ရှိဓားဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်လာတယ်။
ဆက်ငုပ်နေလေတယ်။
နှစ်ထောင်ရှစ်ရာမိုင်။
ဒီနေရာရှိရေက ဓားဆန္ဒအောက်ရှိသံအပိုင်းအစတစ်ခုနဲ့တူတယ်။
"ဓားတာအိုဥပဒေသကောင်းပဲ"
အလားတူပင် ဒီနေရာရှိဓားတာအိုရဲ့အဓိပ္ပါယ်မှာပါဝင်တဲ့ဓားတာအိုဥပဒေသကလဲ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်အထိ မြင့်တက်လာခဲ့တယ်။
ချက်ချင်းနီးပါးပဲ၊ လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းအခြေအနေမှ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအထွတ်အထိပ်အခြေအနေအထိ မြင့်တက်လာခဲ့တယ်။
ထို့နောက် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေအထိ တက်သွားခဲ့တယ်။
"ဆန်းကြယ်နတ်ဘုရားတွေကရော ဓားမြစ်ရဲ့အနက်ပိုင်းထဲရှိဆန်းကြယ်မှုကို ရှာတွေ့ခဲ့ကြပြီးလားမသိဘူး"
ဓားမြစ်က လီဖူချန်းအတွက် အလွန်အကူအညီပေးတယ်။
ဓားမြစ်မရှိရင် သူ့အနေနဲ့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဒိီလောက်လျင်မြန်စွာ ရောက်ရှိဖို့က မဖြစ်နိုင်ပါဘူး။
လီဖူချန်းမသိတာကတော့ ဓားမြစ်ရဲ့အနက်ပိုင်းက အနီးနားရှိဆန်းကြယ်နတ်ဘုရားတွေအတွက် လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူးဆိုတာ လီဖူချန်းက မသိဘူးပဲ။
အနည်းဆုံးတော့ နန်ရှန်ဓားဂိုဏ်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေအားလုံးက ဓားတာအိုရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး သင်ယူဖို့ ဓားမြစ်ကို လာကြပါတယ်။
ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေကို ရောက်ရှိပြီးနောက် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းရှစ်ရာမှ ၁.၂ဘီလီယံအထိ တိုးလာတယ်။
စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက တစ်ဆင့်တိုးလာပြီး တတိယအဆင့်မှ စတုတ္ထအဆင့်ထိ ရောက်ရှိလာတယ်။
ဒါကြောင့် စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းပဲဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားပဲဖြစ်ဖြစ် လီဖူချန်းက သာမန်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို ကျော်လွန်သွားပါပြီ။
"စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက ကျင့်ကြံခြင်းအဆင့်နဲ့ဥပဒေသနယ်ပယ်နဲ့ နီးကပ်စွာ ဆက်စပ်တယ်။ ငါ့ရဲ့ဓားတာအိုဥပဒသနယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်တဲ့အခါ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက တစ်ဆင့်တိုးပြီး ပဉ္စမအဆင့်ကို ရောက်ရှိနေမယ်လို့ ခန့်မှန်းရတယ်"
စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားကို တိုးဖို့ နည်းလမ်းတွေအများကြီးရှိတယ်။
ကျင့်ကြံခြင်းအဆင့်မြှင်တင်ခြင်းက တစ်ခုဖြစ်တယ်။
လီဖူချန်းက ယခုအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ပဲ၊ သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ရောက်တဲ့အခါ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အက အလိုအလျောက် တစ်ဆင့်တိုးပါလိမ့်မယ်။
ဥပဒေသနယ်ပယ်က အခြားတစ်ခုပေါ့။
ဥပဒေသနယ်ပယ်ပိုမြင့်လေ၊ ဥပဒေသစွမ်းအားက ပိုသန့်စင်လေပဲ။
လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေကို ရောက်ရှိထားပြီး ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အလွန်အမင်းသန့်စင်တာ သဘာဝပါပဲ။
........
ဓားမြစ်ရဲ့ကမ်းပါးပေါ်မှာ လူတွေက နေ့တိုင်း တင်ပျဉ်ခွေထိုင်လျက် ဓားတာအိုရဲ့အဓိပ္ပါယ်ကို နားလည်နေခဲ့တယ်။
ဒီနေ့မှာတော့ လူရွယ်ဓားသမားတစ်ဖွဲ့က ပျံသန်းလာတယ်။
"ဘယ်လိုတောင်အားကောင်းတဲ့အရှိန်အဟုန်တစ်ခုလဲ"
"သူတို့ရဲ့ဦးတည်ဘက်ကို ကြည့်စမ်း၊ သူတို့က ဓားနတ်ဘုရားလီဖူချန်းရှိရာကို ဦးတည်နေတာပဲ"
"လူတွေအများကြီးဆိုတော့၊ ဓားနတ်ဘုရားလီဖူချန်းက အလုပ်များတော့မှာပဲ"
"ဟေး၊ အဲဒါ အိုလီဗီယာမဟုတ်ဘူးလား၊ နန်ရှန်ဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်လေ"
"သူက ဒီနေရာကို ရှန့်ချမ်ကြွယ်အတွက် လက်စားချေဖို့ လာတာများလား"
"မဟုတ်လောက်ဘူး။ ဓားနတ်ဘုရားလီဖူချန်းက အောင်းဟန်ဓားနတ်ဘုရားကို မျှမျှတတတအနိုင်ယူခဲ့တာပဲ။ အိုလီဗီယာမှာ လက်စားချေဖို့ ဘာအကြောင်းပြချက်ရှိမှာလဲ။ ဒါ့ပြင် အိုလီဗီယာက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုကားတစ်ယောက်ဖြစ်နေပြီ။ သူက လီဖူချန်းကို တိုက်ခိုက်ရင် နန်ရှန်ဓားဂိုဏ်းရဲ့ဂုဏ်သတင်းကို ထိခိုက်စေတာနဲ့ အတူတူပဲ"
"ဒါ ဟုတ်တယ်"
ဓားမြစ်ရှိ လူတော်တော်များများက ကျင့်ကြံနေရာမှ နိုးထလာပြီး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးပြောဆိုနေကြတော့တယ်။
လီဖူချန်းက မျက်မှောင်ကြုတ်ကာ အဝေးမှ ပျံသန်းလာနေတဲ့အိုလီဗီယာနဲ့အခြားသူတွေကို ကြည့်လိုက်တယ်။
ရွှေရောင်ဆံပင်ရှိတဲ့အိုလီဗီယာကို ကြည့်ရတာ နေနတ်ဘုရားတစ်ယောက်နဲ့တူတယ်။
"မင်းက လီဖူချန်း၊ ဓားနတ်ဘုရားလီဖူချန်းမလား။ ငါက နန်ရှန်ဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်အိုလီဗီယာပါ၊ သူတို့တွေက အနီးနားကဓားဂိုဏ်းတွေရဲ့အစစ်အမှန်တပည့်တွေပဲ" အိုလီဗီယာက လီဖူချန်းကို ဂရုတစိုက်ကြည့်လိုက်တယ်။
အရိပ်ပုံဆောင်ခဲက အရိပ်ပုံဆောင်ခဲပါပဲ၊ လူအစစ်လောက်တော့ ဘယ်တူမလဲ။
"ကြည့်ရတာ သူ့ရဲ့ဂုဏ်သတင်းက တကယ်မှန်ပုံရတယ်" အိုလီဗီယာရဲ့မျက်လုံးတွေက မဆိုးပါဘူး။ လီဖူချန်းကို ကြည့်ရတာ သာမန်လို့ထင်ရပေမယ့် ထိုနေရာမှာ ထိုင်နေရုံနဲ့ ကျယ်ပြောတဲ့သမုဒ္ဒရာတစ်ခုလို လူတွေကို နက်နဲတဲ့အရိပ်အယောင်ကို ပေးတယ်။ ဒီအရိပ်အယောင်အရ လီဖူချန်းက ကြယ်ငါးလုံးဂိုဏ်းမှ အစစ်အမှန်တပည့်တစ်ယောက်လို့တောင် ခံစားမိစေတယ်။
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့၊ မင်းက ရှန့်ချမ်ကြွယ်ကို ဘယ်လိုအနိုင်ယူခဲ့သလဲ ငါ မြင်ချင်တယ်"
တိမ်နက်ဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်ဖြစ်တဲ့ကွမ်လန်က ဓားတစ်လက်ကို ဆွဲထုတ်ကာ လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။
ဒိီဓားက အလွန်အမင်းခမ်းနားထည်ဝါတယ်၊ အဆုံးမဲ့အနက်ရောင်ကြယ်ပျံတွေက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ လီဖူချန်းထံ ပြေးဝင်လာနေသလိုပဲ။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-ပျံသန်းကြယ်ဓားအက။
"ဂျူနီယာညီလေးကွမ်လန်၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ "
အိုလီဗီယာက ပြောပေမယ့် သူက မတားခဲ့ပါဘူး။
သို့မဟုတ်ရင် သူ့ရဲ့ခွန်အားအရ သူက ကွမ်လန်ရဲ့ဓားကို အလွယ်တကူရပ်တန့်နိုင်ပါတယ်။
သူလဲပဲ လီဖူချန်းက ဘယ်လိုပြန်တိုက်ခိုက်မလဲကို သိချင်ခဲ့တယ်။
ပုံရိပ်ပုံဆောင်ခဲမှာလိုလား၊ ပြိုင်ဘက်ကင်းသောတန်ပြန်တိုက်ခိုက်မှုလေ။
"ဘယ်လိုတောင် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလဲ"
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အဆုံးမဲ့အနက်ရောင်ကြယ်ပျံတွေက နောက်ပြန်ကန်လာပြီး ကွမ်လန်ရဲ့ခန္ဓာကိုယ်ကို ချက်ချင်းထိုးဖောက်သွားတယ်။
၎င်းရဲ့အရှိန်နဲ့စွမ်းအားက တစ်ခါတည်းနဲ့ ဆယ်ဆတိုးသွားတယ်။
ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားစွမ်းအားနောက်ဆုံးအရိပ်အယောင်မျှပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ကွမ်လန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို ထုတ်လွှတ်ထားပြီဖြစ်တယ်၊ ၎င်းက ဘယ်အချိန်မဆို ကြေမွပျက်ဆီးတော့မလိုပဲ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကွမ်လန်ရဲ့အမူအရာက ရှမ့်ချမ်ကြွယ်ရဲ့အမူအရာအတိုင်းပါပဲ။
"အတူလာကြ၊ ငါ့မှာ မင်းတို့နဲ့ဖြုန်းစရာအချိန်မရှိဘူး" လီဖူချန်းက အိုလီဗီယာနဲ့အခြားသူတွေကို ပြောလိုက်တယ်။
အိုလီဗီယာက ပြောလိုက်တယ်"ညီကိုလီဖူချန်းက နားလည်မှုလွဲနေပြီ။ ငါတို့ ဒီနေရာကိုလာတာ ဂျူနီယာညီလေးရှန့်အတွက် မဟုတ်ဘူး။ ငါတို့က ညီကိုဖူချန်းကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ရုံပဲ။ ငါတို့တွေ လက်ဖက်ရည်အတူတူသောက်ပြီး ဓားအတတ်တွေ ဆွေးနွေးကြတာပေါ့"
ရှန့်ချမ်ကြွယ်အတွက်မျှသာဆိုရင် အိုလီဗီယာက မလာပါဘူး။
"ငါ စိတ်မဝင်စားဘူး" လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။
"ကြည့်ရတာ ညီကိုလီဖူချန်းက ငါတို့ကို အထင်သေးနေပုံပဲ"အဲဒါက ငွေမြွေဓားဂိုဏ်းရဲ့အစစ်အမှန်တပည့်ဖြစ်တဲ့တိုင်ဆန်ပါပဲ။
ငွေမြွေဓားဂိုဏ်းက အဆင့်မြင့်ကြယ်လေးလုံးဂိုဏ်းတစ်ခုဖြစ်တယ်။ ဂိုဏ်းထဲမှာ ဆန်းကြယ်နတ်ဘုရားတွေဒါဇင်ကျော်ရှိပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားငါးယောက်ရှိတယ်။ လက်ရှိဓားဂိုဏ်းတွေထဲမှာ ၎င်းရဲ့ခွန်အားက အစစ်အမှန်ဓားဂိုဏ်းနောက် ဒုတိယလိုက်တယ်။
"ငါ အထင်သေးတော့ရော ဘာလုပ်ချင်လဲ"
ဒီတစ်ကြိမ်မှာ ဒီလူတွေကို ချိုးနှိမ်ရမှာကို လီဖူချန်းက သိတယ်။ အဲဒါမှ သူတို့က သူ့ကို နောက်ကျရင် ပြဿနာလာမရှာတော့မှာလေ။