ဆေးတာအိုကို ပထမဆုံးသင်ယူခြင်း
Vol. 86 Ch. 1208
ဒိီပုံရိပ်လေးခုထဲမှာ ပုံရိပ်နှစ်ခုက ရှေ့က လျှောက်လာပြီး ပုံရိပ်နှစ်ခုက အနောက်က လျှောက်လာတယ်။ သူတို့က အမျိုးသမီးသုံးယောက်နဲ့အမျိုးသားတစ်ယောက်ပဲ။
အနောက်နေလိုက်လာတဲ့ပုံရိပ်နှစ်ခုက အိမ်ဖော်နှစ်ယောက်ဆိုတာ သိမြင်ဖို့ မခက်ခဲပါဘူး။
ဒါပေမယ့် တစ်ယောက်မှ ဒီအိမ်ဖော်နှစ်ယောက်ကို အထင်မသေးရဲပါဘူး။
ဘာလို့ဆို ဒီအိမ်ဖော်နှစ်ယောက်ရဲ့အဆင့်ကြောင့်ပဲ၊ သူတို့က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားလို့လေ။
ရှေ့ကလျှောက်နေတဲ့ပုံရိပ်နှစ်ခုကတော့ ပိုတောင်မြင့်တယ်။
ဘယ်ဘက်က ရွှေရောင်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းမလှတစ်ယောက်ပါပဲ၊ သူမရဲ့မျက်လုံးတွေက ရွှေရောင်ရှိတယ်။ သူမက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်။
ညာဘက်က ရွှေရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူအိုကြီးတစ်ယောက်ဖြစ်ပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ရှိတယ်။
ဒါပေမယ့် သူ့ရဲ့အဆင့်အတန်းက မိန်းမလှလောက် ကောင်းမှာမဟုတ်ပါဘူး။ သူ့ကိုကြည့်ရတာ ဘဏ္ဍာစိုးဒါမှမဟုတ်တစ်ခုခုဖြစ်ပုံရတယ်။
"ဒါ နန်ကုန်းဖှေးဖန်ပဲ။ တောင်ပံခြောက်ခုငွေငှက်မွေးလင်းယုန်က လှည်းယာဉ်ကို ဆွဲလာတာ အံ့ဩးရာမရှိဘူးပဲ"
"နန်ကုန်းဖှေးဖန်က ငွေငှက်မွေးဂိုဏ်းရဲ့နံပါတ်၁မိသားစုဖြစ်တဲ့နန်ကုန်းကလန်ကပဲ။ သူမက ငယ်ငယ်ရွယါရွယ်နဲ့ ဆန်းကြယ်နတ်ဘုရားဖြစ်နေပြီပဲ။ သူမရဲ့အကိုကတောင် သူမလောက်တော်မှာမဟုတ်ဘူး။ သူမ ငွေငှက်တောင်မွေးမြို့ကို ဘာအတွက် လာတာလဲမသိ"
"နတ်ဘုရားသားရဲလျှို့ဝှက်နယ်မြေတစ်ခုကြောင့်ဖြစ်မယ်"
"ပိုင်နက်နတ်ဘုရားသားရဲရှိတဲ့လျို့ဝှက်နယ်မြေလား"
"ဒါ ဟုတ်တယ်၊ နန်ကုန်းမိသားစုက ကျော်ကြားတဲ့ကြယ်ငါးလုံးသားရဲတော်ဝင်မိသားစုတစ်ခုပဲ။ ဒါပေမယ့် သွေးစွန်းတိုက်ကြီးထဲမှာ ကြယ်ငါးလုံးသားရဲတော်ဝင်မိသားစုက နန်ကုန်းမိသားစုတစ်စုထဲ ရှိတာမဟုတ်ပါဘူး။ နန်ကုန်းမိသားစုအပြင် နောက်ထပ်ကြယ်ငါးလုံးသားရဲတော်ဝင်မိသားစုတစ်ခုဖြစ်တဲ့ကုန်းယန်မိသားစုလဲရှိတယ်။ တော်ဝင်သားရဲမိသားစုတွေရဲ့အရေးကြီးဆုံးအရာကတော့ နတ်ဘုရားသားရဲတွေပါပဲ။ နန်ကုန်းမိသားစုမှာ နတ်ဘုရားသားရဲဆရာသခင်ရဲ့သွေးမျိုးဆက်ရှိရုံတင်မက သူတို့က ပိုင်နက်နတ်ဘုရားသားရဲနှစ်ကောင်ကို ကျွန်ပြုထားတယ်။ တစ်ကောင်က ခရမ်းမိုးကြိုးတာဖန်းငှက်ပဲ။ နောက်တစ်ကောင်က ရွှေရောင်ခေါင်းသုံးလုံးငှက်တို့ပဲ။ တတိယမြောက်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ကို ကျွန်ပြုနိုင်ရင် နန်ကုန်းမိသားစုက ခွန်အားအရရောအဆင့်အတန်းအရရော အကြီးအကျယ်တိုးလာမှာ"
"အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့နန်ကုန်းဖှေးဖန်က ပိုင်နက်နတ်ဘုရားသားရဲကို ကျွန်ပြုနိုင်ပါ့မလား " တစ်ယောက်ယောက်က မေးလိုက်တယ်။
"ပိုင်နက်နတ်ဘုရားသားရဲတွေကို ကျွန်ပြုဖို့က မလွယ်ဘူး။ ပိုင်နက်နတ်ဘုရားသားရဲဆရာသခင်တွေအတွက်တောင် ပိုင်နက်နတ်ဘုရားသားရဲတွေကို ကျွန်ပြုဖို့ ခက်ခဲတယ်။ ပုံမှန်အခြေအနေအောက်မှာ သူတို့က မရင့်ကျက်ခင် နတ်ဘုရားသားရဲတွေကို ကျွန်ပြုဖို့က အကောင်းဆုံးပဲ။ နတ်ဘုရားသားရဲတွေက ပိုငယ်လေ၊ ကျွန်ပြုဖို့က ပိုလွယ်လေပဲ။ မွေးကာစနတ်ဘုရားသားရဲဆိုရင် ပိုပြီးတော့တောင် ကျွန်ပြုရလွယ်တယ်။ ဒီပိုင်နက်နတ်ဘုရားလျှို့ဝှက်နယ်မြေက ပိုင်နက်နတ်ဘုရားတွေကို ကန့်သတ်ထားပြီး ပိုင်နက်နတ်ဘုရားအောက်သူတွေကပဲ ဝင်နိုင်တယ်"
"ဒါ အန္တရာယ်မများဘူးလား"
"တကယ်တော့ ဒီလျှို့ဝှက်နယ်မြေက လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ဘူး။ ကြယ်ငါးလုံးတော်ဝင်သားရဲမိသားစုသုံးခုနဲ့ကြယ်လေးလုံးတော်ဝင်သားရဲမိသားစုသုံးဆယ့်ရှစ်ခုက ပူးပေါင်းခဲ့ကြတယ်။ သူတို့က လျှို့ဝှက်နယ်မြေကို အကြိမ်များစွာ ရှာဖွေခဲ့ကြတယ်။ သေချာတာကတော့ အဲဒါက အထဲမှာ မရှိဘူးဆိုတာပဲ။ ဖြစ်နိုင်တာက ပိုင်နက်နတ်ဘုရားသားရဲက သေသွားတာပဲ၊ ဒါပေမယ့် အထဲမှာ ပိုင်နက်နတ်ဘုရားသားရဲရဲ့မျိုးဆက်တွေရှိတယ်၊ ပိုင်နက်နတ်ဘုရားသားရဲမျိုးဆက်ကို ကျွန်ပြုတာက အနာဂတ်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ကို ကျွန်ပြုတာနဲ့ ညီမျှတယ်"
"ဒီလိုလား"
လီဖူချန်းက နန်ကုန်းဖှေးဖန်ရဲ့ကိစ္စတွေကို စိတ်မဝင်စားပါဘူး။ သူက ငွေငှက်တောင်မွေးမြို့ကိုလာတာ အကောင်းဆုံးနတ်ဘုရားဆေးအတွက်ပါပဲ။
ငွေငှက်တောင်မွေးမြို့က တတိယအဆင့်နတ်ဘုရားမြို့တစ်ခုဖြစ်ဖို့ ထိုက်တန်တယ်၊ အပြင်ကမ္ဘာမှာမြင်ရခဲတဲ့အဆင့်မြင့်နတ်ဘုရားဆေးတွေရှိတယ်။ ကံမကောင်းစွာနဲ့ သူတို့မှာ အသက်နယ်ပယ်ကို တိုးတက်စေနိုင်တဲ့ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေ မပါပါဘူး။
"ဆေးပညာကို တကယ်ပဲ သင်ယူမှာလား"
Li Fuchen has a decision.
လီဖူချန်းက ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။
He couldn’t possibly waste his time improving his life.
သူက သူ့ရဲ့အသက်နယ်ပယ်ကို တိုးဖို့ သူ့ရဲ့အချိန်ကို မဖြုန်းနိုင်ပါဘူး။
Yes, he has a very high level of rules and is very strong, and he can easily leapfrog and fight.
ဟုတ်ပါတယ်၊ သူ့မှာ အလွန်အဆင့်မြင့်မားတဲ့ဥပဒေသတစ်ခုရှိပြီး သူက အလွယ်တကူတိုက်ခိုက်နိုင်တယ်။
ဒါပေမယ့် ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်ရရင်တော့ သေဖို့သာ ရှိတယ်။
ဒီတော့ အသက်နယ်ပယ်ကို တိုးတက်ဖို့ ထိပ်တန်းအဆင့်ဆေးကို ရရှိဖို့ ခက်ခဲမှတော့ သူက ကိုယ်တိုင်သန့်စင်ဖို့ ကြိုးစားရမှာပေါ့။
တကယ်တော့ ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေသန့်စင်ဖို့က မခက်ပါဘူး။ ရှားရတဲ့အကြောင်းကတော့ အဓိကပါဝင်ပစ္စည်းတွေက ရှားပါးလို့လေ။ အဓိကပါဝင်ပစ္စည်းအချို့က မျိုးသုန်းပျောက်ကွယ်ခဲ့ပြီလေ။
လီဖူချန်းက လင်းယွင်ခယ်လိုဏ်ဂူမှာ ဆေးပညာသုတများစွာကို ရရှိခဲ့တယ်။ ဒီဆေးပညာသုတတွေနဲ့ဆိုရင် လီဖူချန်းက အလုပ်သင်ဖြစ်ဖို့ မလိုပါဘူး၊ သူက နတ်ဘုရားဆေးတွေကို စတင်သန့်စင်ခဲ့တယ်။
……
"ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်ခုကို သန့်စင်ရတာ အတော်လေးလွယ်တာပဲ"
နန်နင်လမ်းသွယ်၊ ငွေငှက်တောင်မွေးမြို့ရဲ့မြောက်ပိုင်း။
ဒါက ငွေငှက်တောင်မွေးမြို့ရဲ့အတိတ်ဆိတ်ဆုံးအဆင့်မြင့်နေထိုင်ရာဧရိယာတစ်ခုဖြစ်တယ်။
နန်နင်လမ်းသွယ်ရဲ့အဆုံးမှာ ကြီးမားတဲ့ခြံဝင်းတစ်ခုအထဲရှိအဂ္ဂိရတ်အခန်းထဲမှာ လီဖူချန်းက သူ့ရှေ့ရှိ နတ်ဘုရားဆေးအိုးကို ပြုံးကာ ကြည့်လိုက်တယ်။
သူ့အနေနဲ့ ဆေးပညာကို ဘယ်တော့မှ မလေ့ကျင့်ဖူးတဲ့လူတစ်ယောက်ကနေ ဆေးဆရာအလုပ်သင်တစ်ယောက်ဖြစ်ဖို့ နေ့တစ်ဝက်ပဲ ကြာခဲ့တယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆေးပညာအလုပ်သင်ရဲ့စံသတ်မှတ်ချက်က ကြယ်တစ်လုံးဆေးမီးပြင်းဖိုကို အသုံးပြုကာ သာမန်အရည်အသွေးရှိကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်နိုင်တာဖြစ်ပြီး ပျမ်းမျှအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်နိုင်ရင် တရားဝင်ကြယ်တစ်လုံးအဆင့်နိမ့်ဆေးဆရာတစ်ယောက်ဖြစ်တယ်။
"ဆက်သွားကြတာပေါ့"
လီဖူချန်းက ဆေးပညာကို ဆက်လက်ဖော်စပ်နေတော့တယ်။
နောက်ထပ်တစ်နာရီကြာပြီးနောက် လီဖူချန်းက ဒုတိယမြောက်ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ခဲ့တယ်။
ဒီတစ်ခါမှာတော့ ၎င်းက ပျမ်းမျှအရည်အသွေးရှိတယ်။
နောက်ထပ်တစ်နာရီကြာပြီးနောက် လီဖူချန်းက ထူးကဲအရည်အသွေးရှိကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ခဲ့တယ်။
" ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ဖို့ဆိုတာ ကြယ်တစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးဆရာတွေထက်တောင် ခက်ခဲတယ်။ ငါရောလုပ်နိုင်ပါ့မလားမသိ" လီဖူချန်းက ဒါကို စဉ်းစားပြီး တစ်ချက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်။
ဆေးမီးပြင်းဖိုထဲမှာ မီးလျှံက ညီညီညာညာလောင်ကျွမ်းလာတယ်။ လီဖူချန်းရဲ့မီးတာအိုဥပဒေသနဲ့ဆိုရင် ကြယ်တစ်လုံးနတ်ဘုရားဆေးကို သန့်စင်ဖို့ မီးလျှံကို ထိန်းချုပ်ရတာ အလွန်လွယ်ပါတယ်။
တစ်နာရီကြာပြီးနောက် နောက်ထပ်ထူးကဲအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ခဲ့တယ်။
"ကြည့်ရသလောက် ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ရတာ မလွယ်ဘူးပဲ"
လီဖူချန်းက မကျေမနပ်တော့ မဖြစ်ပါဘူး။
လီဖူချန်းက ထူးကဲအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးခြောက်လုံးကို သန့်စင်ပြီးနောက် ခုနှစ်ခါမြောက်အသုတ်မှာတော့ ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်လုံးက နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့တယ်။
ဒီအခိုက်မှာ လီဖူချန်းကို အကြိုဆေးနတ်ဘုရားလို့ သတ်မှတ်နိုင်ပြီ။ သူက ပြီးပြည့်စုံခြင်းအရည်အသွေးနတ်ဘုရားဆေးကို သန့်စင်နိုင်ရင် သူ့ကို အစစ်အမှန်နတ်ဘုရားဆေးဆရာတစ်ယောက်လို့ သတ်မှတ်နိုင်ပါပြီ။
ရှစ်ကြိမ်မြောက်အသုတ်မှာ ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးသုံးလုံးက ထွက်ပေါ်လာတယ်။
ကိုးကြိမ်မြောက်အသုတ်မှာ ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးငါးလုံးက ထွက်ပေါ်လာတယ်။
……
ဆယ့်ငါးကြိမ်မြောက်အသုတ်မှာ ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးသာမက အဆုံးစွန်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်လုံးတောင် ပါတယ်။
ဒီအချိန်မှာ လီဖူချန်းက ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်ရုံသာမက ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတွေမှာ အလွန်အားကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။
သာမန်ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတွေက ပြီးပြည့်စံခြင်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်ဆေးတွေကိုပဲ သန့်စင်နိုင်ပြီး အဆုံးစွန်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို သန့်စင်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ပါဘူး။
ဆွဲမြဲတဲ့အားထုတ်မှုနဲ့အတူ လီဖူချန်းက ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို ဆက်လက်သန့်စင်ခဲ့တယ်။ ဘယ်လိုပဲပြောပြော၊ သူ့မှာ ပစ္စည်းတွေအမြောက်အများရှိတယ်၊ ဒီအတိုင်းသိမ်းထားတာက ဖြုန်းတီးမှုတစ်ခုပဲလေ။
အတွေ့အကြုံတွေများလာတာနဲ့အမျှ လီဖူချန်းက အဆုံးစွန်းအရည်အသွေးကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို ပိုပိုပြီးသန့်စင်နိုင်လာခဲ့တယ်။
သန္ဓေပြောင်းဆေးကို သန့်စင်ဖို့ မကြိုစားတော့ဘဲ လီဖူချန်းက ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးကို သန့်စင်ဖို့ စတင်သင်ယူခဲ့တယ်။
တစ်ရက်ကြာပြီးနောက် လီဖူချန်းက ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်လာပြီး သူက ထူးကဲအရည်အသွေးကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားဆေးတစ်ဆယ်ရာခိုင်နှုန်းလောက်ကို သန့်စင်နိုင်ခဲ့တယ်။
သုံးရက်ကြာပြီးနောက် လီဖူချန်းက ကြယ်တစ်လုံးအဆင့်မြင့်ဆေးဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။
တစ်ပတ်အတွင်းမှာ လီဖူချန်းက ကြယ်နှစ်လုံးအဆင့်နိမ့်ဆေးဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။
နောက်တော့ ကြယ်နှစ်လုံးအလယ်ဆင့်ဆေးဆရာနဲ့ကြယ်နှစ်လုံးအဆင့်မြင့်ဆေးဆရာပေါ့။
အနာဂတ်သို့ သွားလေလေ၊ လီဖူချန်းရဲ့ဆေးပညာပါရမီက ပေါ်လွင်လာလေပဲ။ သူ့အတွက် ဆေးဆရာတစ်ယောက်ဖြစ်ဖို့က စားတာသောက်တာထက်တောင် လွယ်ပါအုံးမယ်။
ဒါက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အဆင့်နဲ့ ဆက်စပ်တယ်လို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။
ဆန်းကြယ်နတ်ဘုရားတစ်ယောက်အတွက် ကြယ်တစ်လုံးနဲ့ကြယ်နှစ်လုံးဆေးဆရာဖြစ်ဖို့က သာမန်လူတွေထက် ပိုလွယ်ကူပါတယ်။
တကယ်တော့ စိတ်ဝိညာဉ်အဆင့်က ပိုမြင့်လေ၊ ဆေးသန့်စင်တဲ့အခါမှာ အမှားတွေပြုလုပ်မိဖို့က ပိုနည်းလေပဲလေ။
ထပ်ပြောရရင် လက်ရှိလီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာရှိပေမယ့် သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ဒါမှမဟုတ်အကြိုပိုင်နက်နတ်ဘုရားအဆင့်ထိ ရောက်ရှိထားတယ်လို့တောင် ခန့်မှန်းထားတယ်။
ဒါကြောင့် အထက်ပါထိုးထွင်းသိမြင်မှုတွေအရ ဆေးပညာကို သင်ယူရတာ သာမန်လူတွေထက် အဆတစ်ရာပိုလွယ်တာ သဘာဝပါပဲ။
ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေက အောင်မြင်ဖို့ လွယ်ကူတယ်၊ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေက အောင်မြင်ဖို့ ခက်ခဲတယ်။ မင်းမှာ ဆေးတာအိုပါရမီမရှိရင် ပိုင်နက်နတ်ဘုရားတွေကတောင် ကြယ်သုံးလုံးဆေးဆရာဖြစ်ဖို့ ခက်ခဲတယ်။
ဒုတိယမြောက်လမှာ လီဖူချန်းက ပျမ်းမျှအရည်အသွေးကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးကို သန့်စင်နိုင်တဲ့ ကြယ်သုံးလုံးအဆင့်နိမ့်ဆေးဆရာတစ်ယောက်ဖြစ်လာတယ်။
တတိယမြောက်လမှာ လီဖူချန်းက ထူးကဲအရည်အသွေးကြယ်သုံးလုံးအဆင့်နိမ့်ဆေးကိိုသန့်စင်နိုင်လာတယ်။
ဒီတစ်ခါမှာတော့ သူက ကြယ်သုံးလုံးအဆင့်နိမ့်ဆေးဆရာတစ်ယောက်ဖြစ်ဖို့ မမျှော်လင့်ထားခဲ့ပါဘူး၊ သူက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးကို စတင်သန့်စင်ခဲ့တယ်။
"ဒါ ပိုခက်ခဲလာတာပဲ"
စတုတ္ထမြောက်လမှာ လီဖူချန်းက သာမန်အရည်အသွေးကြယ်သုံးလုံးအလယ်ဆင့်ဆေးကို သန့်စင်နိုင်တဲ့ ကြယ်သုံးလုံးအလယ်ဆင့်ဆေးဆရာတစ်ယောက်ဖြစ်လာတယ်။
ပဉ္စမလနဲ့ဆဌမလမှာ လီဖူချန်းက ပျမ်းမျှအရည်အသွေးကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတစ်သုတ်ကို သန့်စင်ဖို့ ကျဆုံးခဲ့တယ်၊ ရံဖန်ရံခါမှာ သူက တစ်လုံးနှစ်လုံးပဲ သန့်စင်နိုင်ခဲ့တယ်။
"ငါ့ရဲ့လက်ရှိဆေးတာအိုခွန်အားအရ ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်းအရည်အသွေးဆေးနဲ့ကြယ်သုံးလုံးအလယ်ဆင့်ထိပ်တန်းအရည်အသွေးဆေးကို သန့်စင်နိုင်မလား"
လူထောင်ပေါင်းများစွာက လေးစားအားကျရတဲ့အားကောင်းတဲ့ဆေးတာအိုတစ်ယောက်ဖြစ်လာဖို့ လီဖူချန်းက မလိုချင်ခဲ့ပါဘူး၊ သူက သူ့ရဲ့အသက််ပယ်ကို တိုးတက်စေဖို့အတွက် ထိပ်တန်းအရည်အသွေးဆေးတွေကို သန့်စင်ချင်ရုံမျှပါပဲ။
သူ့မှာ ကြယ်သုံးလုံးအဆင့်နိမ့်အလယ်ဆင့်ဆေးကို သန့်စင်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတွေရှိရင် လီဖူချန်းက အဆင့်မြင့်ဆေးကို စတင်သန့်စင်ဖို့ သေချာပေါက်ကြိုးစားရမှာပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူ့မှာ မရှိပါဘူး။
တကယ်တော့ သူ့မှာ စိတ်ဝိညာဉ်ခြင်ဆီဆေးလေးလုံး ရှိပါသေးတယ်။
ယေဘုယျပြောရရင် စိတ်ဝိညာဉ်ခြင်ဆီဆေးဆယ်လုံးက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုငားတစ်ယောက်ဖြစ်စေနိုင်တယ်။
"အသက်နယ်ပယ်ကို တိုးတက်စေနိုင်တဲ့ သာမန်ဆေးတွေကိုပဲ အရင်သန့်စင်ကြတာပေါ့"
ထိပ်တန်းအဆင့်ဆေးတွေနဲ့ယှဉ်ရင် သာမန်ဆေးတွေင ထိရောက်မှုအဆတစ်ထောင်နည်းရုံသာမက အနာမီးကိုလဲ ဖြစ်စေတယ်။ အနာဂတ်မှာ အနာမီးကနေ သက်သာရရဖို့က ခက်ခဲပေမယ့် လီဖူချန်းမှာ ဖျက်ဆီးခြင်းဥပဒေသတစ်ခုရှိတာကြောင့် ပြဿနာတစ်ခုမဟုတ်ပါဘူး။