အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရား
Vol. 86 Ch. 1209
လီဖူချန်းက လင်းယွင်ခယ်လိုဏ်ဂူမှ ဆေးဖော်စပ်နည်းများစွာရရှိခဲ့ပြီး သူတို့အများစုက အသက်နယ်ပယ်ကိုတိုးစေတဲ့ဆေးဖော်စပ်နည်းတွေပါပဲ။
အရင်ကနဲ့မတူဘဲ ဒီတစ်ခါမှာတော့ လီဖူချန်းက ကြယ်လေးလုံးဆေးမီးပြင်းဖိုဖြစ်တဲ့ကူးရွှယ်ဆေးမီးပြင်းဖိုကို အသုံးပြုခဲ့တယ်။
ခရမ်းရောင်အလင်းက ထုတ်လွှတ်လာပြီး ဆေးမီးပြင်းဖိုရဲ့နှုတ်ခမ်းက ပွင့်လာတာကြောင့် နတ်ဘုရားဆေးမီးပြင်းဖိုတစ်ခုက လီဖူချန်းရဲ့မျက်လုံးတွေထဲမှာ ထွက်ပေါ်လာတယ်။
ဆေးလုံးမျက်နှာပြင်ပေါ်မှာ ဆေးအင်းကွက်စက်ဝိုင်းလေးခုရှိတဲ့ ခရမ်းရောင်ဆေးအိုးတစ်ခုပဲ။
"ကြယ်လေးလုံးဆေးမီးပြင်းဖိုဆိုတဲ့အတိုင်းပဲ၊ ငါ့ကို ကြယ်သုံးလုံးအဆင့်နိမ့်ပြီးပြည့်စုံခြင်းအရည်အသွေးနတ်ဘုရားဆေးကို သန့်စင်စေနိုင်ခဲ့တာပဲ"
လီဖူချန်းက ကူးရွှယ်ဆေးမီးပြင်ဖိုအပေါ် အလွန်ကျေနပ်မိတယ်။ ဒီဆေးမီးပြင်းဖိုနဲ့ဆိုရင် သူ့အတွက် နတ်ဘုရားဆေးတွေပြုလုပ်ရတာ အများကြီးပိုလွယ်ကူလာပါလိမ့်မယ်။
လီဖူချန်းသန့်စင်ထားတဲ့ခရမ်းရောင်ဆေးကို ကျီလင်ဟွာရွှယ်ဆေးလို့ ခေါ်တယ်။ ၎င်းက အသက်နယ်ပယ်ကို တိုးတက်စေနိုင်တဲ့ ကြယ်သုံးလုံးအဆင့်နိမ့်ဆေးဖြစ်တယ်။ ဆေးအညွှန်းမိတ်ဆက်အရ ကျီလင်ဟွာရွှယ်ဆေးအလုံးငါးထောင်ကို အသုံးပြုရင် အသက်နယ်ပယ်ကို အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ထိ မြှင့်တင်နိုင်လုနီးပါးဖြစ်ပေလိမ့်မယ်။
ကျီလင်ဟွာရွှယ်ဆေးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်သွင်းပြီးနောက် တစ်အောင့်လောက်ကြာတော့ သူ့ရဲ့အသက်နယ်ပယ်က အနည်းငယ်တိုးတက်လာတယ်လို့ လီဖူချန်းက ခံစားမိတယ်။
"ဟုတ်တယ်၊ သက်ရောက်မှုက ငွေရောင်ငှက်တောင်မွေးမြို့ထဲကနတ်ဘုရားဆေးတွေထက် အများကြီးပိုသန်မာတာပဲ"
ငွေရောင်ငှက်တောင်မွေးမြို့ထဲရှိနတ်ဘုရားဆေးတွေက ယေဘုယျအားဖြင့် သာမန်အရည်အသွေးနဲ့ပျမ်းမျှအရည်အသွေးရှိပြီး သူတို့က သူသန့်စင်ထားတဲ့ ပြီးပြည့်စုံခြင်းအရည်အသွေးရှိကျီလင်ဟွာရွှယ်ဆေးနဲ့ မယှဉ်နိုင်ပါဘူး။
သို့မဟုတ်ရင် သူက အသက်နယ်ပယ်ကိုတိုးစေတဲ့သာမန်ကြယ်သုံးလုံးဆေးအမြောက်အများကို ဝယ်ယူခဲ့ပြီးပါပြီ။
လီဖူချန်းက ကျီလင်ရွှယ်ဟွာဆေးအလုံးငါးထောင်ကို သန့်စင်ပြီးတဲ့အခါမှာ သူ့ရဲ့ဆေးတာအိုခွန်အားက အဆင့်သေးတစ်ခုတိုးလာခဲ့တယ်။
ယခု ကြယ်လေးလုံးကူးရွှယ်ဆေးမီးပြင်းဖိုကို မမှီခိုတော့ဘဲ သူက ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်သုံးလုံးအဆင့်နိမ့်ဆေးတွေကို ပြုလုပ်နိုင်ပါပြီ။
ကျီလင်ဟွာရွှယ်ဆေးအားလုံးကို သန့်စင်ပြီးဆိုတော့ လီဖူချန်းက သူတို့ကို တစ်လုံးပြီးတစ်လုံး ဝါးမျိုလာခဲ့တယ်။
တစ်ဆယ်၊ ငါးဆယ်၊ တစ်ရာ၊......
ဝါးမျိုတဲ့ကျီလင်ဟွာရွှယ်ဆေးရဲ့အရေအတွက်က တိုးလာတာနဲ့အမျှ သက်ရောက်မှုက စတင်အားနည်းလာတယ်လို့ လီဖူချန်းက ရှင်းရှင်းလင်းလင်းသတိပြုမိခဲ့တယ်။
တစ်ထောင်ကျော်ပြီးနောက် သက်ရောက်မှုက တစ်ဝက်လျော့ကျလာတယ်။
"အသက်နယ်ပယ်ကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအထိ ချိုးဖြတ်ဖို့ ကျီလင်ရွှယ်ဟွာဆေးအလုံးသုံးထောင်အနည်းဆုံးလိုအပ်တယ်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းက ခါးသီးစွာ ပြုံးရင်း ကျီလင်ဟွာရွှယ်ဆေးကို ဝါးမျိုရာမှ ရပ်တန့်ခဲ့တယ်။
သူက အသက်နယ်ပယ်ကိုတိုးစေတဲ့နောက်ထပ်ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးကို သန့်စင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျီလင်ဟွာရွှယ်ဆေးကို ဆက်လက်ဝါးမျိုရင် အသက်နယ်ပယ်ကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ တိုးစေနိုင်ပေမယ့် အဲဒါက အနာမီးတွေအများကြီး ဖြစ်စေပါလိမ့်မယ်။
လီဖူချန်းသန့်စင်ခဲ့တဲ့ဒုတိယမြောက်နတ်ဘုရားဆေးကို ယန်ကျင့်နယ်ယွမ်ဆေးလို့ ခေါ်တယ်။
ယန်ကျင့်နယ်ယွမ်ဆေးအလုံးတစ်ထောင်ကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိလာခဲ့တယ်။
သူက တတိယမြောက်နတ်ဘုရားဆေးကို မသန့်စင်ခဲ့ပါဘူး၊ အကြောင်းကတော့ လီဖူချန်းမှာ ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်းအဆင့်ဆေးဖြစ်တဲ့စိတ်ဝိညာဉ်ခြင်ဆီဆေးရှိသေးလို့ပါပဲ။
တစ်လုံး၊ နှစ်လုံး။
စိတ်ဝိညာဉ်ခြင်ဆီးဆေးသုံးလုံးကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရုတ်တရက်ခြေချသွားခဲ့တယ်။
အခု လီဖူချန်းက ဆန္ဒရှိနေသရွေ့ သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ဘယ်အချိန်မဆို တက်ရောက်နိုင်နေပြီ။
ဒါပေမယ့် သူက အဲလိုမလုပ်ခဲ့ပါဘူး။ သူ့ရဲ့ချိုးဖြတ်ခြင်းအခိုက်အတန့်က ကြီးမားလွန်းတယ်၊ ဆန်းကြယ်နတ်ဘုရားတွေကို ဆွဲဆောင်သွားစေဖို့ လွယ်ကူပါတယ်။
ဒီအချိန်မှာ သူက ဆန်းကြယ်နတ်ဘုရားတွေနဲ့ ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးပါဘူး။
ဒါ့အပြင် သူ့ရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက မလုံလောက်ပါဘူး။
သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဖြစ်တဲ့အချိန်မှာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို သူအောင်မြင်နိုင်တဲ့အကန့်အသတ်အထိ မမြှင့်တင်ခဲ့ပါဘူး။ အခု သူက အလယ်ဆင်စိတ်ဝိညာဉ်နတ်ဘုရားအထိ မြင့်တက်လာပြီးဆိုတော့ နတ်ဘုရားကျောက်တုံးတွေရဲ့ကွာဟချက်က ဆယ်ဆပိုတိုးလာရတာပေါ့။
"ဒါပေမယ့် ဘယ်နေရာကနေ ငါ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို ရနိုင်မလဲ"
လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအဆင့်နိမ့်နတ်ဘုရားကျောက်တုံးအရေအတွက်က တစ်ဒါမှမဟုတ်နှစ်ဘီလီယံမျှသာရှိတော့တယ်။ သူက ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းကို သူအောင်မြင်နိုင်တဲ့အကန့်အသတ်အထိ မြှင့်တင်ချင်တယ်ဆိုရင် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအထိ မြှင့်တင်ဖို့အတွက် ဆယ်ထရီလီယံခန့်လိုမယ်လို့ သူက ခန့်မှန်းထားတယ်။
သူ့ခန္ဓာကိုယ်ပေါ်မှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ အမြောက်အများရှိပေမယ့် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာနဲ့ပဲ ရောင်းချနိုင်တယ်၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဆယ်ဘီလီယံနဲ့ ရောင်းချနိုင်တယ်၊ သူက အားလုံးကို ရောင်းချရင် တစ်ဒါမှမဟုတ်နှစ်ထရီလီယံလောက်ပဲ စုဆောင်းနိုင်မှာပါ၊ ဒါက မလုံလောက်ပါဘူး။
"ဘာပဲဖြစ်ဖြစ် အရင်ချိုးဖြတ်ကြည့်ကြတာပေါ့"
လီဖူချန်းက ငှက်တောင်မွေးမြို့မှ ထွက်ပြီးနောက် ကျတ်တီးနေရာတစ်ခုကို ရှာဖွေခဲ့တယ်။
အသက်ကို ပြင်းပြင်းရှုသွင်းလျက် လီဖူချန်းက အသက်ဥပဒေသနဲ့ဓားတာအိုဥပဒေသတို့ကို နိုးဆွလိုက်တော့တယ်။
နောက်အခိုက်အတန့်မှာ ကြောက်စရာကောင်းတဲ့နတ်ဘုရားချီ(အသက်အား)ရောင်ခြည်တန်းက ကောင်းကင်မှ ဆင်းသက်လာတယ်။
နတ်ဘုရားချီ(အသက်အား)ရောင်ခြည်တန်းမှာပါဝင်တဲ့နတ်ဘုရားချီ(အသက်အား)က များလွန်းတယ်၊ သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေအတွက် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဖို့ လုံလောက်ပေမယ့် လီဖူချန်းအတွက်တော့ ရေငတ်ပြေစေဖို့ အဆိပ်ကို သောက်သုံးရသလိုပါပဲ။
လုံလောက်တာပဲဖြစ်ဖြစ်၊ မလုံလောက်တာပဲဖြစ်ဖြစ်၊ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအမြောက်အများကို ယူထုတ်ခဲ့ပါသေးတယ်။
စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို ရောင်းချပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိအဆင့်နိမ့်နတ်ဘုရားကျောက်တုံးအရေအတွက်က တစ်ထရီလီယံကို ရောက်ရှိလာတယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို သုံးစွဲမှုနဲ့အတူ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကျင့်ကြံခြင်းအခြေခံက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ လုံးဝအခြေခိုင်လာခဲ့တယ်။
ဒီအချိန်မှာ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁ဘီလီယံမှ၁.၂ဘီလီယံအထိ တိုးလာခဲ့တယ်။
"နည်းလွန်းတယ်"
လီဖူချန်းက အကူအညီမဲ့ဖြစ်နေတယ်။
သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်စဉ်တုန်းက သူ့မှာ နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်ရှိရင် သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ၁.၅ဘီလီယံဒါမှမဟုတ်၂ဘီလီယံကျော်အထိ ရောက်ရှိနိုင်တယ်။ အခု သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ခဲ့ပြီးဆိုတော့ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးဘီလီယံအထက်ကို ရောက်ရှိသင့်တယ်။
ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံကို ရရှိဖို့က မလွယ်ပါဘူး။
အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ မြှင်တက်ပြီးနောက် လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက တစ်ဆင့်တိုးသွားပြီး ပဉ္စမအဆင့်မှ ဆဌမအဆင့်ထိ တိုးလာခဲ့တယ်။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအများစုရဲ့စိတ်ဝိညာဉ်စွမ်းအားက ဆဌမအဆင့်မှာပဲ ဆိုတာ သိရမယ်။
"အကို၊ အခု အကိုက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်လာပြီးဆိုတော့ ငါတို့တွေ တိုက်ခိုက်လို့ရပြီ"
မိုမိုက ပျံသန်းထွက်လာတယ်။
လက်ရှိအချိန်မှာ သူက ကြယ်သုံးလုံးအလယ်ဆင့်ပုံရိပ်ယောင်သက်ရှိပဲ ရှိပါသေးတယ်။
ဒါပေမယ့် ၎င်းရဲ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအောက် လုံးဝမနိမ့်ကျပါဘူး။
"ကောင်းပြီလေ" လီဖူချန်းကလဲ သူ့ခွန်အားက ဘယ်လိုရှိသလဲကို စမ်းသပ်ချင်ခဲ့တယ်။
"ဂရုစိုက်ပါ၊ အကိုကြီး"
နတ်ဘုရားအတတ်ကို အသက်သွင်းလိုက်တယ်၊ မိုမိုက လီဖူချန်းဆီ ချက်ချင်း ရောက်လာခဲ့ပြီး အလင်းတန်းတစ်ခုက လီဖူချန်းဆီ တိုက်ခိုက်လာခဲ့တယ်။
ဒါက ရိုးရှင်းတဲ့တိုက်ခိုက်မှုတစ်ခုပါပဲ၊ ဘာမှ ဆန်းကြယ်တာ မရှိပါဘူး။
"ကောင်းပြီ"
လီဖူချန်းက တိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ဖို့ သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဒါပေမယ့် သူလဲ စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အသုံးမပြုခဲ့ပါဘူး။
သူ့ရဲ့သန့်စင်တဲ့စွမ်းအားက ဘယ်လိုရှိမလဲဆိုတာ သူက မြင်ချင်ခဲ့တယ်။
အုန်း......
မြေပြင်က အက်ကွဲသွားပြီး ကြီးမားတဲ့တွင်းချိုင့်တစ်ခုက ထွက်ပေါ်လာတယ်။
တွင်းချိုင့်ရဲ့အထက်မှာ လီဖူချန်းနဲ့မိုမိုတို့ရှိတယ်။
တွင်းချိုင့်နဲ့ယှဉ်ရင် သူတို့နှစ်ယောက်က ဖုန်မှုန့်လေးတွေလိုပဲ၊ မသိသာပါဘူး။
ဒါပေမယ့် တွင်းချိုင့်ကို သူတို့နှစ်ယောက်က ဖြစ်ပေါ်စေခဲ့တာနော်။
"အကို၊ မင်းက ငါ့စွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကို တားဆီးခဲ့တာပဲ" မိုမိုက အလွန်အံ့အားသင့်သလို လေးစားခဲ့ရတယ်။
"မင်းရဲ့ခွန်အားအကုန်လုံးထုတ်လိုက်စမ်းပါ"
လီဖူချန်းက အော်လိုက်တယ်။
သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ဖြစ်တဲ့ဆဌမအဆင့်ကို ရောက်ရှိထားပြီလေ။
"ကောင်းတယ်"
မိုမိုရဲ့ခန္ဓာကိုယ်က စွမ်းအားတွေ လိမ့်တက်လာပြီး ပြင်းထန်တဲ့အလင်းတစ်ခုက နေပမာ မြင့်တက်လာတယ်။
အုန်း......
နောက်အခိုက်အတန့်မှာ မိုမိုက လီဖူချန်းကို တစ်ဟုန်ထိုးတိုက်ခိုက်လာခဲ့တယ်။
အုန်း အုန်း အုန်း......
မိုမိုရဲ့ခွန်အားက လီဖူချန်းထက် အဆအနည်းငယ်ပိုသန်မာမှန်းသိသာတယ်။ တိုက်ခိုက်မှုအနည်းငယ်ပြီးနောက် လီဖူချန်းက ရှုံးနိမ့်သွားပြီး သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လျင်မြန်စွာလျော့ကျသွားခဲ့တယ်။
"မိုမိုရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၈ဘီလီယံကျော်ဖြစ်မယ်"
မိုမိုရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက လီဖူချန်းထက် အဆအနည်းငယ် နည်းတယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၈ဘီလီယံကျော်နဲ့ ၂.၄ဘီလီယံအောက်ရှိမယ်လို့ လီဖူချန်းက တွက်ချက်ထားတယ်။
"ငါ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက အကန့်အသတ်မရောက်သေးတာ ကံမကောင်းတာပဲ"
သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အကန့်အသတ်ကို ရောက်ရှိရင် သုံးဘီလီယံကျော်ရှိပြီး မိုမိုထက် နှစ်ဆနီးပါးဖြစ်လာမှာပဲ။ ထိုအချိန်မှာ သူ့ခွန်အားက မိုမိုထက် အဆအနည်းငယ်ပိုသန်မာမှာပဲ။
"အကို၊ ငါ သွေးမျိုးဆက်နတ်ဘုရားအတတ်ကို သုံးတော့မယ်" မိုမိုရဲ့အကြီးမားဆုံးစွမ်းရည်က သူ့ရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်ဖြစ်တဲ့ငါးရောင်စုံနတ်ဘုရားအလင်းပါပဲ။
"လာစမ်းပါ"
လီဖူချန်းက မငြင်းပယ်ခဲ့ပါဘူး၊ သူက မိုမိုကို မူလအဆုံးစွန်းခုတ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ်။
အနက်ရောင်ဓားချီက သူ့ပတ်လည်ရှိကမ္ဘာဥပဒေသအားလုံးကို ဓားတာအိုဥပေဒေသအဖြစ် ပြောင်းလဲစေခဲ့ပြီး မိုမိုကို တိုက်ခိုက်လာခဲ့တယ်။
"ချိုးဖြတ်စမ်း"
ရောင်စုံအလင်းတစ်ခုက မိုမိုရဲ့ခန္ဓာကိုယ်မှ ပြေးထွက်လာတယ်။
ဝှစ်......
အနက်ရောင်ဓားချီက ပျက်ဆီးသွားတယ်။
ရောင်စုံအလင်းကလဲ အတော်လေးမှိန်ဖျော့သွားခဲ့တယ်။
"ဒီလောက်တောင် အားကောင်းတာလား"
သူက ငါးရောင်စုံနတ်ဘုရားအလင်းကိူ အထင်သေးမိတယ်လို့ လီဖူချန်းက ဝန်ခံရမှာပဲ။ ငါးရောင်စုံကောင်းကင်ခွဲလိပ်ပြာရဲ့အခြေခံအကျဆုံးသွေးမျိုးဆက်အနေနဲ့ ငါးရောင်စုံနတ်ဘုရားအလင်းက ချိုးဖြတ်နိုင်တဲ့အရာမရှိတဲ့အထိ အားကောင်းလှတယ်။
အနက်ရောင်ဓားချီသုံးခုက တစ်တန်းတည်းပေါက်ကွဲထွက်သွားပြီး လီဖူချန်းက ငါးရောင်စုံနတ်ဘုရားအလင်းကို ဖယ်ရှားခဲ့တယ်။
"အကို ဒါက အစပဲ ရှိသေးတာ"
မိုမိုက ငါးရောင်စုံနတ်ဘုရားအလင်းတွေကို ပိုပိုထုတ်လွှတ်လာတယ်။
လီဖုချန်းရဲ့အမူအရာက တည်ကြည်သွားတယ်၊ သူ့လက်ထဲရှိဓားက အကြိမ်ကြိမ်ကခုန်နေပြီး အနက်ရောင်ဓားချီက ပျံ့နှံ့သွားတယ်။
ဖူး......
လေထဲရှိမြင်ကွင်းက ခမ်းနားကာ လှပတယ်။ ငါးရောင်စုံအလင်းက ပြန့်ကျဲသွားပြီး အနက်ရောင်ဓားချီက ချေမှုန်းခံလိုက်ရတယ်။ ခမ်းနားထည်ဝါတဲ့အရောင်တွေက တလက်လက်တောက်ပနေတယ်။
အုန်း......
အသက်ရှုချိန်အနည်းငယ်ပြီးနောက် လီဖူချန်းကို ငါးရောင်ခြယ်နတ်ဘုရားအလင်းတစ်ခုက နောက်ဆုံးမှာ ထိမှန်သွားတော့တယ်။
နောက်မှာတော့ ငါးရောင်စုံနတ်ဘုရားအလင်းက ထပ်ခါထပ်ခါရောက်ရှိလာပြီး လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လျင်မြန်စွာ ပျက်သုန်းသွားတော့တယ်။
"အကို၊ ငါ နိုင်ပြီ" မိုမိုက မြူးကြွနေတော့တယ်။
"ဟုတ်တယ်၊ မင်းနိုင်ပါတယ်"
"ဒါပေမယ့် ငါ ကြိုးစားအားထုတ်ရမယ်။ အကို့ရဲ့တိုးတက်မှုက မြန်ဆန်လွန်းတယ်။ အကိုက ပြင်ဆင်မှုကင်းမဲ့တာကြောင့်မဟုတ်ရင် ဒီတစ်ကြိမ်ရှုံးမယ့်လူက ငါ ဖြစ်သွားနိုင်တယ်" လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အစစ်အမှန်စွမ်းအားအဆင့်ကို မရောက်ရှိသေးဘူးဆိုတာ မိုမိုကလဲ သိတယ်။ အကန့်အသတ်ပဲ၊ လီဖူချန်းက အကန့်အသတ်ကို ရောက်ရှိထားရင် ခွန်အားက အမြောက်အများတိုးသွားပေလိမ့်မယ်"