← Chapters

လက်သည်းမိုးကြိုးနတ်ဘုရား

Vol. 86 Ch. 1211

လက်သည်းမိုးကြိုးနတ်ဘုရား

Vol. 86 Ch. 1211

"သုံးရာဘီလီယံရှိလာပြီးပေါ့"

ယခုဆိုရင် လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေရဲ့စုစုပေါင်းတန်ဖိုးက ဘီလီယံသုံးရာကို ရောက်ရှိလာတယ်၊ ဒါက ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုပဲ။ တကယ်တော့ လီဖူချန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတာလေ။ ဒီနှုန်းအဆိုရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံကို ရဖို့က အလွယ်လေပဲ။

ဒါပေမယ့် ဒါက လီဖူချန်းဖြစ်လို့ပဲ၊ သူ့နေရာမှာ တစ်ခြားဆိုရင် နတ်ဘုရားကျောက်တုံးတွေကို ရဖို့ ဒီလောက်လွယ်မှာမဟုတ်ဘူး။

ပထမ၊ လီဖူချန်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် သူ့ရဲ့အစစ်အမှန်ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်မှာရှိတယ်။

ဒုတိယ၊ ဖျက်ဆီးခြင်းဥပဒေသနဲ့ဆိုရင် စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရက သူ့ရဲ့အသက်အားကိူ ဝါးမျိုသွားမှာကို လီဖူချန်းက စိုးရိမ်စရာမလိုပါဘူး။

တတိယ၊ နေရာလပ်-အချိန်ဥပဒေသနဲ့အတူ လီဖူချန်းက ခရီးသွားတာ အရမ်းမြန်ပြီး သူက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေကို ပိုတွေ့နိုင်တယ်။

စတုတ္ထ၊ အရေးကြီးဆုံးကတော့ သူ့ရဲ့စိတ်ဝိညာဉ်အဆင့်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာရှိပြီး အန္တရာယ်ကို ကြိုတင်သတိပြုမိနိုင်တယ်။ ဒီမတိုင်ခင်တုန်းက သူက လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတစ်ယောက်ကို ကြိုတင်ရှောင်ရှားနိုင်ခဲ့တယ်။

ဒါတွေအရာအားလုံးနဲ့ဆိုရင် လီဖူချန်းက နတ်ဘုရားကျောက်တုံးတွေကို အလွန်လျင်မြန်စွာ ရရှိနိုင်ပြီး အန္တရာယ်လဲမရှိပါဘူး။

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရက ကြီးမားတယ်၊ လီဖူချန်းက ရက်ပေါင်းများစွာကြာတဲ့အထိ ပုံရိပ်တစ်ခုတစ်လေတောင် မမြင်တွေ့ခဲ့ရပါဘူး။

ဒီနေ့မှာတော့ လီဖူချန်းက တွေ့ရပါပြီ။

အရှေ့မိုင်ဒါဇင်လောက်မှာ ကြီးမားနက်ရှိုင်းတဲ့တွင်းတစ်ခုရှိတယ်။ ဒီတွင်းနက်က လူလုပ်ထားတာမဟုတ်ဘဲ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်လာခဲ့တာပဲ။

တွင်းနက်ရဲ့မျက်နှာပြင်ပေါ်မှာ မီးခိုးဝါရောင်ပုံဆောင်ခဲတစ်ခုရှိတယ်။ ဒါက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေမဟုတ်ဘဲ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရရဲ့နောက်ထပ်ထုတ်ကုန်ဖြစ်တဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲဖြစ်တယ်။

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့ယှဉ်ရင် စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲကို အဆင့်လေးဆင့်ခွဲခြားထားတယ်၊ အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်။

အဆင့်နိမ့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်သန်းထိုက်တန်တယ်၊ အလယ်ဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာထိုက်တန်တယ်၊ အဆင့်မြင့်က တစ်ဘီလီယံနဲ့ ထိပ်တန်းအဆင့်က တစ်ဆယ်ဘီလီယံရှိတယ်။ တွင်းနက်ထဲမှာရှိတဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေက ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို တူးဖော်နေတယ်။ ကံကောင်းစွာနဲ့ တွင်းက လုံလုံလောက်လောက်ကြီးမားပြီး သဲပုံဆောင်ခဲတွေ အလုံအလောက်ရှိတယ်။

လီဖူချန်းက တွင်းနက်သို့ ရောက်ရှိလာခဲ့တယ်။

"လာစမ်း"

ဘာအဆင့်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ လီဖူချန်းက လှုပ်ရှားခဲ့တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအကွာအဝေးအတွင်းမှာ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲအားလုံးက အလိုအလျောက်ထွက်လာပြီး လီဖူချန်းဆီ ပျံသန်းလာခဲ့တယ်။

"ဘယ်လိုတောင်အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားတစ်ခုလဲ"

ဒီမြင်ကွင်းကို သတိပြုမိတဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေက ထိတ်လန့်သွားကြတယ်။

တစ်ခဏကြာပြီးနောက် တွင်းနက်ထဲရှိစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတစ်ဝက်က ပျောက်ကွယ်သွားပြီး သူတို့အများစုက  လီဖူချန်းရဲ့အိတ်ထဲသို့ ရောက်သွားခဲ့တယ်၊ ဒါကို မြင်ပြီး အခြားစိတ်ဝိညာဉ်နတ်ဘုရားတွေက အလွန်အားကျနေခဲ့တယ်။

ဒါပေမယ့် သူတို့က ဒီလိုလဲ တွေးခဲ့ကြတယ်။ သူတို့ထင်တာ မမှားရင် လီဖူချန်းက အလွန်အားကောင်းတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ရမယ်၊ သူ့ရဲ့စိတိဝိညာဉ်နတ်ဘုရားစွမ်းအားက အနည်းဆုံးစတုတ္ထအဆင့်ကို ရောက်ရှိရမယ်။

ဒါပေမယ့် လက်သည်းမိုးကြိုးနတ်ဘုရားလို အဲလိုမတွေးတဲ့သူတွေလဲ ရှိတယ်။

လက်သည်းမိုးကြိုးနတ်ဘုရားက မိုးကြိုတာအိုကို အထူးပြုတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့မိုးကြိုးတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စတုတ္ထအဆင့်မှာ ရှိပေမယ့် သူ့ရဲ့အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားက အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာရှိပြီး အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား‌တွေထဲမှာတောင် သူက သန်မာတယ်လို့ ပြောလို့ရတယ်။

လျှပ်စီးလက်သွားပြီး လက်သည်းမိုးကြိုးနတ်ဘုရားက လီဖူချန်းဆီ ပျံသန်းလာခဲ့တယ်။

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို တူးရမှာထက်စာရင် လီဖူချန်းရဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို လုတာက ပိုအဆင်ပြေတယ်လေ။

"နေရာလပ်လက်စွပ်ကို လွှဲပေးလိုက်" လက်သည်းမိုးကြိုးနတ်ဘုရားက ပိုင်စိုးပိုင်နင်းလေသံနဲ့ ပြောလိုက်တယ်။

"အရူးပဲ"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ မူလအဆုံးစွန်းခုတ်ချက်က ထွက်ပေါ်လာပြီး အနက်ရောင်ဓားချီတစ်ခုက ရန်သူရှိရာသို့ ဝင်ရောက်သွားတယ်။

"သေချင်နေတာပဲ"

လီဖူချန်းက ဘာစကားတစ်ခွန်းမှမပြောဘဲ စတင်တိုက်ရိုက်တိုက်ခိုက်တာကို လက်သည်းမိုးကြိုးနတ်ဘုရားက မြင်ခဲ့တယ်။

အဆင့်မြင့်မိုးကြိုးတာအိုစိတ်တိညာဉ်နတ်ဘုရားအတတ်-မိုးကြိုးလက်သည်း။

ဝှစ်.........

မိုးကြိုးလက်သည်းက ပျက်ဆီးသွားပြီး အနက်ရောင်ဓားချီက လက်သည်းမိုးကြိုးနတ်ဘုရားကို တိုက်ရိုက်ရိုက်ခတ်သွားတယ်။

"အား၊ ငါ့ကို ခွင့်လွှတ်ပေးပါ......."

လက်သည်းမိုးကြိုးနတ်ဘုရားက ကြောက်လန့်တကြားအော်လိုက်တယ်။ သူက သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့မိုးကြိုးအရှင်သခင်ကို ထုတ်ဖော်ထားခဲ့ပေမယ့် အနက်ရောင်ဓားချီရဲ့ရိုက်ခတ်မှုအောက်မှာ သူ့ခန္ဓာကိုယ်ထဲရှိမိုးကြိုးတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အရူးအမူးချေမှုန်းခံလိုက်ရတော့တယ်။

အချိန်က ကြာတယ်ထင်ရပေမယ့် တကယ်တမ်းတော့ အသက်တစ်ခါရှုချိန်မျှပဲ။ လက်သည်းမိုးကြိုးနတ်ဘုရားက အနက်ရောင်ဓားချီကြောင့် ဗလာနတ္ထိဖြစ်သွားပြီး နေရာလပ်လက်စွပ်တစ်ခုကို ချန်ထားခဲ့ရတော့တယ်။

တစ်ဖက်လူရဲ့နေရာလပ်လက်စွပ်ကို ယူပြီးနောက် လီဖူချန်းက ဖွင့်ကြည့်လိုက်တယ်။

တကယ်ကောင်းတဲ့ကောင်ပဲ၊ လက်သည်းမိုးကြိုးနတ်ဘုရားက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲအမြောက်အများကို စုဆောင်းထားခဲ့တာပဲ။ စုစုပေါင်းတန်ဖိုးက တစ်ထရီလီယံကျော်ကို ရောက်ရှိထားတယ်။ တစ်ဖက်လူက စိတ်ဝိညာဉ်နတ်ဘုရားတော်တော်များများကို သတ်ခဲ့မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။ သို့မဟုတ်ရင်  ဒီလောက်များတဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေ သူ့မှာ မရှိနိုင်ပါဘူး။

ဒါပေမယ့် အခု လီဖူချန်းအတွက် ဖြစ်သွားပြီပေါ့။

လီဖူချန်းက လက်သည်းမိုးကြိုးနတ်ဘုရားကို အလွယ်တကူသတ်ဖြတ်နိုင်တာကို မြင်ပြီး ကျန်ရှိနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေက လီဖူချန်းကို ရန်မစရဲကြတော့ပါဘူး။

လီဖူချန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို အလွန်လျင်မြန်စွာ စုဆောင်းခဲ့တယ်။ တွင်းနက်ထဲရှိစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို စုဆောင်းဖို့ သိပ်မကြာလိုက်ပါဘူး။

လီဖူချန်းက ဟိုဟိုသည်သည်ပတ်ကြည့်လိုက်တယ်၊ ရုတ်တရက် သူက တွင်းနက်ရဲ့အောက်ခြေမှာ အပေါက်တစ်ခုကို တွေ့ခဲ့တယ်။ ဒီအပေါက်က မထွက်ပေါ်လာသေးပါဘူး။ ၎င်းကို ထူထပ်တဲ့မြေအလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတယ်။

အုန်း......

လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားချီက ထွက်ပေါ်လာပြီး မြေကြီးကို ထိုးဖောက်ကာ နက်နဲတဲ့အပေါက်တစ်ခုက ထွက်ပေါ်လာတယ်။

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အထဲသို့ ဝင်သွားတယ်။

"စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေအများကြီးပဲ"

လီဖူချန်းက နောက်သို့ ဆုတ်မိသွားရတယ်။ အပေါက်ထဲမှာ နေရာလပ်တွေအများကြီးရှိပြီး အတွင်းမှာ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေရှိတယ်၊ အရည်အသွေးက ပိုကောင်းတယ်။

ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက အထဲသို့ ဝင်ရောက်သွားတယ်။

ဝိုး ဝိုး ဝိုး......

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲအမြောက်အများကို စုဆောင်းခဲ့ပြီးနောက် လီဖူချန်းရဲ့ကြွယ်ဝမှုက တိုးလာခဲ့တယ်။

လီဖူချန်းက ရင်ဆိုင်ရတာ မလွယ်ပေမယ့် ကြွယ်ဝမှုကို ရှာဖွေဖို့အတွက် သူ့နောက်ကနေလိုက်လာတဲ့သူတွေ အများကြီးရှိသေးတယ်။

"ဒီလောက်များတဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲ‌တွေ"

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို မြင်ပြီး ဒီစိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့မျက်လုံးက နီရဲသွားတယ်။ သူတို့တွေ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရကို လာတာ ဘာအတွက်လဲ။ နတ်ဘုရားကျောက်တုံးတွေရရှိဖို့အတွက်ပဲမလား။ အခု မရေမတွက်နိုင်တဲ့နတ်ဘုရားကျောက်တုံးတွေက သူတို့အရှေ့မှာ ရှိနေပြီ၊ သူတို့က အဲဒါ‌တွေကို ဘာလို့ မစုဆောင်းရမှာလဲ။

တကယ်တော့ လီဖူချန်းက နိုင်လိုမင်းထက်ပြုတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ဒီစိတ်ဝိညာဉ်နတ်ဘုရားတွေ သူ့နောက်လိုက်လာတာကို မြင်ပေမယ့် သူက ဂရုမစိုက်ပါဘူး။

ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ ဒီစိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲစုဆောင်းတဲ့အရှိန်က နှေးလွန်းလို့လေ။

ဒါကြောင့် သူတို့ကို နတ်ဘုရားကျောက်တုံးအနည်းငယ်ပေးလိုက်ပါမယ်လေ။

လီဖူချန်းက သူတို့ကို မမောင်းထုတ်တာကို မြင်ပြီး ဒီစိတ်ဝိညာဉ်နတ်ဘုရားတွေက စိတ်သက်သာရာရသွားကြပြီး စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေက်ု တစ်ယောက်ပြီးတစ်ယောက် စုဆောင်းလာကြတော့တယ်။

မြင်ကွင်းထဲရှိစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို စုဆောင်းပြီးတာကြောင့် လီဖူချန်းက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ခဲ့တယ်။

"ရှိသေးတာပဲ"

လီဖူချန်းက မြေပြင်ပေါ်မှာ နောက်ထပ်အပေါက်တစ်ခုကို တွေ့ခဲ့တယ်။ အပေါက်ကို ကျောက်တုံးတွေနဲ့ ဖုံးထားတယ်။ စိတ်ဝိညာဉ်စွမ်းအားမရှိရင် သူက လုံးဝမတွေ့နိုင်ဘူး။

ဓားချီက ကျောက်တုံးကို ထိုးဖောက်သွားပြီး လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဝင်ရောက်သွားတယ်။

"ဒိအထပ်မှာ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေအများကြီးရှိတာပဲ"

ကိစ္စတွေက အနည်းငယ်ထူးဆန်းသလို လီဖူချန်းက ခံစားရတယ်။ ဒီနေရာမှာ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေအများကြီးရှိတယ်၊ ဒါက ထိတ်လန့်ဖွယ်ရာပါပဲ။

ဘာပဲဖြစ်ဖြစ်လေ။

သူ့အနေနဲ့ လက်လျော့ဖို့က မဖြစ်နိုင်ဘူး၊ ဒါကြောင့် တစ်ခဏတုံ့ဆိုင်းပြီးနောက် လီဖူချန်းက အပေါက်ထဲသို့ ဝင်ရောက်ခဲ့တယ်။

All Chapters